17/08/2026
“သင့်ကို ဘယ်သူမှ မပြောပြတဲ့ Branding လုပ်တဲ့အခါ မှားတတ်တဲ့ အမှား ၃ ခု”
Branding လုပ်တယ်ဆိုတာ
Logo လှလှလေးတစ်ခုလုပ်ပြီး၊ Color လှလှလေးရွေးထားရုံနဲ့ Brand တစ်ခုဖြစ်သွားတာ မဟုတ်ပါဘူး။
တကယ်တော့ Branding မှာ Brand က လှနေရုံ၊ ကြည့်ကောင်းနေရုံနဲ့တော့မရပါဘူး။
တကယ်အရေးကြီးတာကတော့ Customer က “ဒီ Brand ကို ဘယ်လိုမြင်လဲ” ဆိုတာပါပဲ။
ဒါပေမယ့် Branding လုပ်တဲ့အခါ လုပ်ငန်းရှင်တော်တော်များများက ဒီအချက်တွေကို မကြာခဏမှားမိတတ်ကြပါတယ်။
1️⃣ Customer ထက် ကိုယ်ကြိုက်တာကို ဦးစားပေးခြင်း
“ဒီ Color ကို ငါကြိုက်တယ်”
“ဒီ Logo က လှတယ်” ဆိုတာနဲ့ Brand တစ်ခုလုံးကို ဆုံးဖြတ်လိုက်တာမျိုးပါ။
Branding ဆိုတာ ကိုယ်ကြိုက်တာထက် Customer က ဘယ်လိုမြင်စေချင်လဲ ဆိုတာကို အခြေခံရပါတယ်။
ဒါကြောင့် ကျွန်တော်တို့အကြိုက်ထက် Customer တွေရဲ့ အမြင်ကိုပိုဦးစားပေး ရွေးချယ်သင့်ပါတယ်။
2️⃣ Brand ရဲ့ Message မရှင်းခြင်း
Content တစ်ခုမှာ တစ်မျိုးပြော၊
နောက် Content တစ်ခုမှာ တစ်မျိုးပြောနေမယ်ဆိုရင် Customer တွေရဲ့စိတ်ထဲမှာ
“ဒီ Brand က ဘာအတွက်လဲ?”
ဆိုတာကို သေချာမသိတော့ပါဘူး။
ဒါကြောင့်မို့လို့ Brand တစ်ခုမှာ ကိုယ့်ရဲ့ Message + Positioning က ရှင်းနေဖို့လိုပါတယ်။
3️⃣ Consistency မရှိခြင်း
ဒီနေ့ Navy & Orange သုံးပြီး
နောက်နေ့ အရောင်တွေပြောင်း၊
Font တွေပြောင်း၊
Content Tone တွေပြောင်းနေမယ်ဆိုရင် Brand Identity က တဖြည်းဖြည်းပျောက်သွားပါတယ်။
Customer က Brand ကို မြင်တာနဲ့ မှတ်မိနေဖို့ဆိုရင် Consistency ရှိဖို့ကလည်း အဓိကလိုအပ်ပါတယ်နော်။
ဒါကြောင့် Brandingတစ်ခုလုပ်တော့မယ်ဆိုရင် Clear Positioning,
Right Customer,Consistent Identity ဆိုပြီး စတဲ့အဓိကလိုအပ်တဲ့ Formula တွေပါမှာသာ Strong Brandတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Branding ဆိုတာ လှအောင်လုပ်တာထက် မှတ်မိအောင်၊ ယုံကြည်အောင်နဲ့ ရွေးချယ်ချင်အောင် တည်ဆောက်တာ ဖြစ်ပါတယ်။
ဒီလိုအကျိုးရှိတဲ့
Marketing, Branding နဲ့ Business အတွက် လက်တွေ့အသုံးချလို့ရတဲ့ Knowledge တွေ ဆက်ပြီးမျှဝေပေးမှာမို့ Marketingနဲ့ ပတ်သက်ပြီး လက်တွေ့ လေ့လာအသုံးချချင်တယ်ဆိုရင်တော့ One&Only ကိုသာ Follow လုပ်ထားတော့နော်။