Voice of Shan Ni People

Voice of Shan Ni People Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Voice of Shan Ni People, Social Media Agency, ဟုမ္မလင်း, Yangon.

16/08/2026

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ရှမ်းနီမျိုးနွယ်စုများနေထိုင်ရာဒေသစေတီဆိပ်ကျေးရွာ၊ဘုံစံခမ်ကျေးရွာ၊ကွေ့ပေကျေးရွာ၊တုံမဲမောကျေးရွာစသည့်ကျေးရွာများတွင်ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျေးရွာချင်းဆက်လမ်းများအား ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချော့မွေ့စေရန် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာကး၊(၉၇၂)၊မိန်းဟော်တိုင်းနိုင်းမှ သွားရောက်၍ ပြုပြင်မွမ်းမံနေကြောင်း

Of Shanni People

06/08/2026

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ ဘုရားဝင်းတွင်း သန်းရှင်းရေးနှင့် မြေသယ်ယူဖို့ဆောင်မှုများဆောင်ရွက်

Of Shanni People

31/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA) #တပ်မဟာ (၉၇၂) မှ #ဝါဆိုသင်္ကန်း၊ #ဆွမ်းနှင့် #နဝကမ္မအလှူငွေများ #လှူဒါန်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ တပ်ဖွဲ့ဝင်များသည် ထိန်ကုန်းအုပ်စု၊ ထိန်ကုန်းကျေးရွာရှိ ရန်ကင်းကျောင်းတိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းများနှင့် ဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ဝါဆိုသင်္ကန်းနှင့် ဆွမ်းများ ကပ်လှူခြင်းအပြင် ကျောင်းတိုက်၏ လိုအပ်ချက်များအတွက် အသုံးပြုနိုင်ရန် နဝကမ္မအလှူငွေ ကျပ်သိန်း (၁၀၀) တိတိကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာ လှူဒါန်းမှုများသည် သံဃာတော်များအား လေးစားကြည်ညိုစွာဖြင့် ပူဇော်ခြင်းနှင့် ကျောင်းတိုက်များ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ ဘာသာရေး၊ သာသနာရေးနှင့် လူမှုအကျိုးပြုကဏ္ဍများတွင် လိုအပ်သည့်နေရာများ၌ တတ်နိုင်သမျှ ပါဝင်ကူညီလှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

Of Shanni People

 #ရှမ်းနီအမျိုးသားများတပ်မတော် (SNA)  #တပ်မဟာ (၉၇၂) မှ  #ဝါဆိုသင်္ကန်း၊  #ဆွမ်းနှင့်  #နဝကမ္မအလှူငွေများ  #လှူဒါန်း၂၀၂၆ ...
31/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA) #တပ်မဟာ (၉၇၂) မှ #ဝါဆိုသင်္ကန်း၊ #ဆွမ်းနှင့် #နဝကမ္မအလှူငွေများ #လှူဒါန်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ တပ်ဖွဲ့ဝင်များသည် ထိန်ကုန်းအုပ်စု၊ ထိန်ကုန်းကျေးရွာရှိ ရန်ကင်းကျောင်းတိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းများနှင့် ဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ဝါဆိုသင်္ကန်းနှင့် ဆွမ်းများ ကပ်လှူခြင်းအပြင် ကျောင်းတိုက်၏ လိုအပ်ချက်များအတွက် အသုံးပြုနိုင်ရန် နဝကမ္မအလှူငွေ ကျပ်သိန်း (၁၀၀) တိတိကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာ လှူဒါန်းမှုများသည် သံဃာတော်များအား လေးစားကြည်ညိုစွာဖြင့် ပူဇော်ခြင်းနှင့် ကျောင်းတိုက်များ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ ဘာသာရေး၊ သာသနာရေးနှင့် လူမှုအကျိုးပြုကဏ္ဍများတွင် လိုအပ်သည့်နေရာများ၌ တတ်နိုင်သမျှ ပါဝင်ကူညီလှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

Of Shanni People

31/07/2026

ရှမ်းနီလူမျိုးတို့ရဲ ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက တည်ထားကိုးကွယ်ခဲ့ကြသော ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများအား ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ သန့်ရှင်းရေးဆောင်ရွက်နေ

Of Shanni People

31/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ(၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ ဘုန်းတော်ကြီးကျောင်း သန့်ရှင်းရေများ ဆောင်ရွက်

Of Shanni People

30/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ(၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ #ဘုန်းတော်ကြီးကျောင်းတိုင်ထူ သွားရောက်ကူညီ

29/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊တပ်မဟာ (၉၇၂)၊ မိန်းဟော်တိုင်းနိုင်းမှ ဘုန်းတော်ကြီကျောင်း သန့်ရှင်းရေများဆောင်ရွက်

Of Shanni People

18/07/2026

"ရှမ်းနီအတွက် ရှမ်းနီရှိတယ်" လှုပ်ရှားမှု ရှမ်းနီမျိုးချစ်လူငယ်တွေ ပြုလုပ်။
ဇူလှိုင် (၁၇) ရက်၊ ၂၀၂၆ခုနှစ်။

ကချင်တပ်KIA ဖမ်းဆီးသွားတဲ့ အင်းတော်ကြီးဒေသ ရှမ်းနီလူမျိုးများအားလုံး ပြန်လွှတ်ပေးရန် ရှမ်းနီမျိုးချစ်လူငယ်တွေနှင့် ဒေသအသီးသီးက ရှမ်းနီလူမျိုးများက "ရှမ်းနီအတွက် ရှမ်းနီရှိတယ်" ဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကချင်KIA ရဲ့ လူမျိုးရေး ဖိနှိပ်မှုများအားလုံးကိုလည်း ရှုတ်ချတယ်လို့ အသိပေးလာပါတယ်။
Credit shanni empire
#ရှမ်းနီဒေသ #အင်းတော်ကြီး

Of Shanni People

05/07/2026

#ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ (၃၇) #နှစ်မြောက် #တပ်မတော်နေ့ #အခမ်းအနား #ယနေ့ #အောင်မြင်စွာ #ကျင်းပပြီးစီး

​ဇူလိုင် ၅၊ ၂၀၂၆

​ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တည်ထောင်ခြင်း (၃၇) နှစ်ပြည့်မြောက်သည့် တပ်မတော်နေ့ နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ထူးခြားစည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၃၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့မှ တာဝန်ရှိသူများ ကြီးမှူး၍ "တပ်မဟာ (၉၇၂) မိန်းဟော်တိုင်းနိုင်းခန်းမ" တွင် သတ်မှတ်အစီအစဉ်များအတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

​၁၉၈၉ ခုနှစ် ဇူလိုင်လ(၅)ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် မိမိတို့အဖွဲ့အစည်း၏ အခြေခံမူဝါဒကြီး (၅) ရပ်ဖြစ်သော

​(၁) ရှမ်းနီအမျိုးသားများပြည်နယ် ရရှိရေး၊
​(၂) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊
​(၃) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊
​(၄) မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ ပြည်သူလူထုများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊
​(၅) ရှမ်းမျိုးနွယ်စုများအားလုံး သွေးစည်းညီညွတ်ရေး၊
စသည့် ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် လျှောက်လှမ်းလျက်ရှိသည်။

​ယနေ့ ကျင်းပပြုလုပ်သည့် (၃၇) နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ ဆရာတော်၊သံဃာတော်များ၊ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးပိုင်းနှင့် စစ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံစုံလင်လင်ဖြင့် အဆင်ပြေချောမွေ့စွာ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Of Shanni People

Address

ဟုမ္မလင်း
Yangon

Website

Alerts

Be the first to know and let us send you an email when Voice of Shan Ni People posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share