23/05/2024
ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေ၊ Business Page Admin တွေက ကိုယ့်လုပ်ငန်းကို အားပေးနေတဲ့ ဝယ်သူ၊ ဖောက်သည်တွေအကြောင်းကို အကြမ်းဖျင်းတော့သိကြလေ့ရှိပါတယ်။
လုပ်ငန်းတိုးချဲ့ဖို့ဖြစ်စေ၊ ပိုပြီးရောင်းအားတက်ချင်လို့ပဲဖြစ်စေ ကိုယ့်လုပ်ငန်းကိုနောက်တစ်ဆင့်တက်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Customer/ Client တွေအကြောင်းကို အရင်ကထက်ပိုလေ့လာ၊ ပိုသိအောင်လုပ်ဖို့ လိုအပ်လာပါပြီ။
ဒီလိုသိရှိလာရဖို့အတွက် တိကျတဲ့ Buyer Persona ဖော်ထုတ်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်(၆)ချက်ကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်ရှင့်။
✅ Age & Gender
ကိုယ့်ရဲ့ product / service က ဘယ်အသက်အရွယ်အပိုင်းအခြားလောက်ကသူတွေအတွက်လဲဆိုတာ သိဖို့လိုပါတယ်။ ဘယ်အရွယ်လောက်လဲဆိုတာသိမှသာ သူတို့နဲ့ရင်းနှီးတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ အပြင်အဆင်တွေ၊ သူတို့အကြိုက်တွေနဲ့ ထိထိမိမိထိုးဖောက်နိုင်မှာဖြစ်ပါတယ်။
ဥပမာ- ကိုယ်က Bar တစ်ခုဖွင့်ထားပြီး အသက် ၃၀ ဝန်းကျင်ကလူတွေကိုအဓိကထားပြီး လာစေချင်တယ်ဆိုရင် ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်က သီချင်းအေးအေးလေးတွေ၊ ဆိုင်အပြင်အဆင်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ လူလတ်ပိုင်းတွေမျက်စိကျစေမယ့် ဒီဇိုင်းလေးတွေနဲ့ ပြင်ဆင်ထားတာမျိုးပါ။
✅ တည်နေရာ / Location
ကိုယ့်ပစ္စည်း၊ product တွေကို အဓိကဝယ်ယူအားပေးနေသူတွေက ဘယ်မြို့နယ်၊ ဘယ်နေရာကလဲဆိုတာလည်းသိဖို့လိုအပ်ပါတယ်။ ရန်ကုန်လား၊ မန္တလေးလား၊ ရှမ်းပြည်လား စတဲ့ location ကိုသေချာသိရပြီဆိုမှ ကိုယ့် customer တွေအများစုရှိတဲ့နေရာတွေမှာ ဘယ်လိုမျိုးတွေ ခေတ်စားနေလဲ၊ ဘာတွေ Trend ဖြစ်နေလဲ ၊ Facebook မှာ Boost လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ Give away တွေပေးတဲ့အခါမှာပဲဖြစ်ဖြစ် တိတိကျကျ customer တွေကို ကိုယ်စားပြုတဲ့ message တွေဖန်တီးနိုင်မှာဖြစ်ပါတယ်။
✅Buying power / Income
ကိုယ့်ကိုအားပေးနေတဲ့သူတွေရဲ့ buying power ကိုသိဖို့ကလည်းတော်တော်အရေးပါပါတယ်။ ကိုယ့် Customer တွေရဲ့ ဝယ်နိုင်အားကိုသိမှသာ ကိုယ့်ဝန်ဆောင်မူ၊ ထုတ်ကုန်တွေကို မှန်ကန်တဲ့စျေးသတ်မှတ်နိုင်မှာဖြစ်ပြီး၊ customer တွေလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။
ဥပမာ- ကိုယ်ရောင်းမယ့် ပစ္စည်း/ ဝန်ဆောင်မူက Manager တွေအတွက်လား၊ ရိုးရိုး ရုံးဝန်ထမ်းအတွက်လား၊ အိမ်ရှင်မတွေအတွက်လား၊ CEO/ Director တွေလားဆိုတာကိုသေချာသိမှ ကိုယ်လုပ်ငန်းကို Marketing လုပ်တဲ့အခါမှာလည်း ထိရောက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။
✅ Problem / Pain
ကိုယ့် Customer တွေရဲ့ အခက်ခဲနဲ့ သူတို့ဘာတွေကိုစိုးရိမ်နေလည်းဆိုတာလည်းသိဖို့အရေးကြီးပါတယ်။
ဥပမာ- ကိုယ်က Skin Care တွေရောင်းပြီး ကိုယ့် customer က မိန်းကလေးအရွယ်ငယ်ငယ်လေးတွေဆိုရင် သူတို့စိုးရိမ်မယ့်အရာတွေက (၁) ဝက်ခြံတွေ ဆက်ထွက်နေမှာလား? (၂) အမာရွတ်တွေရော ကျန်ခဲ့မှာလား? (၃) ဝက်ခြံတွေ တကယ်ရော သက်သာလာမှာလား? စတာတွေကိုသိဖို့လိုအပ်ပါတယ်။
✅ Needs, Wants, Goals
Customer တွေက ကိုယ့်ရဲ့ ဝန်ဆောင်မှု/ ကုန်ပစ္စည်းတွေကိုကြိုက်လို့ဝယ်ကြတာမဟုတ်ပဲ ကိုယ့် Product ကိုသုံးလိုက်လို့ရလာမယ့် Results / Benefits အကျိုးကျေးဇူးတွေကြောင့်သာဝယ်တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မူတွေက သူတို့ရဲ့လိုအပ်ချက်/ Goals တွေကိုရယူနိုင်အောင်အထောက်ကူပြုနေဖို့လိုအပ်ပါတယ်။
✅ Daily Life
နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့် Customer တွေရဲ့ နေ့စဉ်ဘဝကို ပုံဖော်ကြည့်ဖို့လိုအပ်ပါတယ်။ သူတို့မနက်မိုးလင်းကနေ ညမအိပ်ခင်ထိ ထိတွေဆက်ဆံရတဲ့လူတွေ၊ ကြုံတွေ့ခဲ့ရတာတွေကို အတက်နိုင်ဆုံး ပုံဖော်တွေးကြည့်လိုက်ခြင်းအားဖြင့် Customer တွေ နေ့စဉ် ဘာကိုစိတ်မရှည်ဖြစ်နေကြလဲ၊ ဘာတွေစိုးရိမ်ပြီး ဘာတွေလိုချငိကြလဲဆိုတဲ့အချက်ကို သိလာမှာပဲဖြစ်ပါတယ်။
နောက်ပိုစ့်တွေမှာလည်း မိတ်တွေတို့လုပ်ငန်းအတွက် သိထားသင့်တဲ့၊ အထောက်ကူပြုစေမယ့် အကြောင်းအရာလေးတွေတင်ပေးမှာမလို့ Page လေးကို Follow ထားပါဦးနော်…💕