18/11/2022
Ecommerceအတွက် ဘာကြောင့် Wordpress ကိုမသုံးသင့်တော့သလဲ❓
Hello!အားလုံးပဲ မင်္ဂလာပါ။ Zee Kwet Web Design Agency Knowledge Sharing Program မှကြိုဆိုပါတယ်။ ဒီ programနဲ့ ကျွန်တော်တို့က pageလေးမှာ Online Business နဲ့ Web Designဆိုင်ရာ postတွေကို အပါတ်စဉ် တပါတ်မှာ နှစ်ကြိမ်၊ တင်္နလာနေ့နဲ့ သောကြာနေ့တွေမှာ သိမှတ်စရာအနေနဲ့ရော ဗဟုသုတအနေနဲ့ ပါ တင်ပေးသွားမှာဖြစ်လို့ pageလေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ထားဖို့ မမေ့လိုက်ကြပါနဲ့ဗျာ။ 💁💁♂
Wifi downနေလို့ postတင်တာ နောက်ကျသွားတယ်ဆိုပေမယ့် စောင့်ဖတ်နေကြတဲ့ followerများအတွက် Zee Kwet Web Design Agencyရဲ့ Knowledge Sharing programလေးဟာ ဇွဲမလျှော့ပဲ အရောက်လာခဲ့ပါပြီ။✨
ကဲ..wordpressအကြောင်းကို အရင်postတုန်းကလို စာမရှည်ပဲထိထိရောက်ရောက်ရှင်းပြပေးမှာမို့ ဒါလေးကိုတော့ အဆုံးထိဖတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 🙏
Week-1: 5 Reasons why you shouldn't use Wordpress starting from 2022✍
စစချင်းက ဘယ်လိုစဖြစ်တာလည်းဆိုတော့...
👤: ဘာလို့လည်း? Wordpressက free ရနေတာပဲကို?
👤: အေးလေ သူတို့မရောင်းရမှာ စိုးလို့ freeရနေတာကို လိုက်ပုတ််ခတ်နေတာ နေမှာပေါ့။
👤: အင်တာနက်ပေါ်မှာ wordpressနဲ့လုပ်တဲ့ websiteတွေချည်းပဲ 30%လောက်ရှိတယ်။
👤: Wordpressနဲ့ websiteလုပ်ရင် အရမ်းမြန်တယ်။
ဟုတ်ကဲ့ပါ။ ဒီနေ့မှာတော့ Wordpressကို 2022ကနေစပြီး ဘာကြောင့် မသုံးသင့်တော့လဲ ဆိုတဲ့ အချက်ငါးချက်ကို (စာမရှည်ပဲ) ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
✨ 🎉🎉🎉
သင်က Website အသစ်တစ်ခုကို ဈေးနည်းနည်းနဲ့ မြန်မြန်ဆန်ဆန် လုပ်ဖို့စဉ်းစားနေတယ် ဆိုရင် အင်တာနက်ပေါ်က လူတော်တော်များများကတော့ wordpressကို recommend ပေးနေတာကိုတွေ့ရပါလိမ့်မယ်။🧐
အဲ့တာဆိုရင်တော့ သင်ဟာပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ လူတော်တော်များများက ပထမအဆင့်မှာ wordpressနဲ့ တွေ့တာများပါတယ်။ 😐👍
လူအများစုက WPကို personalအတွက်ရော businessအတွက်ရောပါ
အသုံးပြုရလွယ်တယ်၊ customizableဖြစ်တယ်၊ flexibleဖြစ်တယ်ဆိုပြီး ပြောတာကို တွေ့ဖူးမြင်ဖူးကြမှာပါ။ 😮🔥🔥
WPက SEO friendly ဖြစ်တယ်၊ သိသိသာသာ safe ဖြစ်တယ်၊ media type မျိုးစုံကို လက်ခံနိုင်တယ် ဆိုပြီးတော့ ကြားဖူးသိဖူးကြမယ်လို့လည်း ထင်ပါတယ်။ 📚📚
အဲ့လိုသတင်းစကားတွေကြောင့် WPက လွန်ခဲ့တဲ့နှစ်တွေမှာ အတော်လေးကို နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးက ထင်သလောက် မရိုးရှင်းပါဘူး။ 🔍
ဘာလို့လဲဆိုတော့...
(1)Appearance🖼
သင့် siteရဲ့ designနဲ့ layoutကို ပြင်ဆင်တဲ့နေရာမှာတော့ WPနဲ့ အသုံးပြုရတာ အလွန်လွယ်ကူပါတယ်။ ဒီနေရာမှာတော့ WPက အင်တာနက်ပေါ်မှာ ရှိတဲ့ Website တွေရဲ့ 30%လောက်ကို power ပေးနေရပြီး CMS system အသုံးပြုထားသော Website များရဲ့ 62%လောက်ကို တာ၀န်ယူ တည်ဆောက်ပေးနေတာပါ။📉📉📉
ဆိုလိုတာက တဖြည်းဖြည်းနဲ့ သင့် Websiteဟာ originality မရှိဖို့များပါတယ်။ WP အသုံးပြုထားသော Website တွေက feature အကုန်အတူတူပဲမို့ content တွေက unique ဖြစ်နေရင်တောင် ကြည့်ရတာ အလွန်ဆိုးပါတယ်။ 💀💀💀
(2)Malware 🤖
အင်တာနက်ရဲ့ ကြီးမားသော အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အလျောက် WPဟာ online threat တွေ၊ Malware တွေနဲ့ ခနခန နားပန်းလုံးနေရပါတယ်။ 70%သော WP Website တွေက နည်းပညာတိုက်ခိုက်မှုတွေကို (အလွန်) အားနည်းပါတယ်။🔓❌
ပြောချင်တာက တက်သစ်စhackerတွေ လက်ကမြင်းတဲ့ Hackerစားကျက်ဆိုရင် အတော်လေးကို နားလည်သဘောပေါက်မယ်လို့ ယူဆပါတယ်။🌟🌟🌟
Anti-virus plugin တွေ၊ software တွေကိုအသုံးပြုပြီး ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လျော့ချနိုင်တယ် ဆိုပေမယ့် သင့် file နဲ့ Database တွေကို ပြည့်ပြည့်၀၀ မကာကွယ်နိုင်ပါ။🚫
(3) Compatibility and Credibility of Plugins📃
လူတော်တော်များများက content အသစ်တွေကို ဖန်တီးရာမှာ development အတွက် ပိုက်ဆံသက်သာစေရန် plugins တွေကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ အဲ့ plugin ကို ဘယ်ပုဂ္ဂိုလ်က ပြုလုပ်ဖန်တီးတယ် ဆိုတာကို မသိနိုင်ပါဘူး။ 👽
အဆိုးဆုံးဖြစ်နိုင်ချေအရ ထိုပုဂ္ဂိုလ်က hackerတစ်ဦး ဖြစ်နေနိုင်ပြီး secret function တွေကို built-in လုပ်ထားကာ email တွေ password တွေကို ခိုးခံရနိုင်ပါတယ်။🫵
Plugin က credible ဖြစ်နေရင်တောင်မှ အခြားသော pluginများနဲ့ လိုက်လျောညီထွေမဖြစ်တာ၊ အခြား wordpress အစိတ်အပိုင်းတခုခုနဲ့ ညှိပြီး မRunတာတွေဖြစ်နိုင်ပါတယ်။ အတော် ဒုက္ခ သုက္ခ များတာပါ။ 🤦♂
(4) Limited functionality 🤡
WPက အကုန်အလကားမရပါဘူး။ သင်အသုံးပြုနိုင်သော plugin အရေအတွက်ကို ကြီးကြီးမားမား ကန့်သက်ထားပါတယ်။ ကုန်ကုန်ပြောရရင် WP ရဲ့ အဓိကရည်ရွယ်ချက်က blog အတွက်သာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးမ၀င်ပါဘူး။🚫
သင်က custom feature တစ်ခုခုကို လိုချင်တယ် ဆိုရင် ပိုက်ဆံတော်တော် ပေးပြီး ၀ယ်ရပါတယ်။ စနစ်ကျတဲ့ Custom websiteတစ်ခုလောက်တော့ ဘယ်တော့မှ ပိုကောင်းမလာနိုင်ပါဘူး။💯💯
(5)Speed ⚡⚡⚡
Websiteတစ်ခု ရဲ့ အသက်က loading speed ပါ။ WPက သင့်ရဲ့ သတ်သတ်မှတ်မှတ် website အတွက် မလိုအပ်တဲ့ codeတွေ အလွန်များပါတယ်။ ထိုမလိုအပ်သော code များက သင့် website ကို နှေးကွေးလေးလံအောင် လုပ်မယ့် all-in-one နတ်ဆိုးတစ်ကောင် ဖြစ်ပါတယ်။😈👺
နှေးကွေးတဲ့ Websiteတစ်ခုက အသုံးပြုသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသာမက Google ranking ကိုပါ ထိခိုက်စေပါတယ်။ ပိုက်ဆံမရမယ့်အပြင် အသုံးပြုသူတွေရဲ့ Bad reviews ကိုပါ ရနိုင်တာကြောင့် WPသုံးမယ့်သူကတော့ အတော်လေးကို သတ္တိရှိတယ်လို့တောင် တင်စားလို့ရနေပါပြီ။ 🙏🙏
ဒါကြောင့် Bloggingအတွက်ကလွဲလို့ အခြား Ecommerce အတွက်၊ စီးပွားရေးအတွက်သုံးမယ်ဆိုပါက WPဆိုရင် အတတ်နိုင်ဆုံး ဝေးဝေးမှရှောင်သင့်ကြောင်း၊ သုံးမည်ဆိုပါကလည်း သေချာစွာ လေ့လာသုံးသပ်ပြီးမှ အသုံးပြုသင့်ကြောင့်အကြံပေးရင်း နောက်တပါတ် တနင်္လာနေ့မှ ပြန်တွေ့ကြပါစို့။ 👋👋👋
လုပ်ငန်းရှင်အားလုံးပဲ... ကျန်းမာချမ်းသာ၍ Wordpressရန်မှ ကင်းဝေးကြပါစေဗျာ။🙏🙏❤️❤️❤️