01/07/2024
မြို့ပြနှင့်ဆင်ခြေဖုံး
ရှေးခေတ်က ဘုရင်တွေဟာ စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်။
အကယ်၍ အဲ့ဒီဆင်က ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး။
ဒီတော့ ဆင်ရဲ့ ခြေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်သည်တော်တွေထားတယ်။အဲ့ဒါကို ဆင်ခြေဖုံး စစ်သည်တော်လို့ ခေါ်ကြတယ်။
သူတို့တွေက ဆင်အတွက်တော့ အလွန် အရေးပါကြတယ်။
နောက်တော့ မြို့တွေတည်လာတဲ့အခါ မြို့ရဲ့ ဘေးနားက ဝန်းရံတဲ့ ရပ်ကွက်တွေကို မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ ခေါ်တယ်။
လက်လုပ်လက်စား လူတန်းစားတွေ အလုပ်ကြမ်း လုပ်တဲ့သူတွေ အခြေခံလူတန်းစားတွေ နေကြတာများတယ်။ သူတို့လဲ သူနေရာနဲ့သူ အရေးပါတယ်။
လောကကြီးမှာ အလုပ်ကြမ်းလုပ်တဲ့သူက အရမ်းအရေးကြီးတယ်။အဲ့လိုလူတွေ ဘဝတွေပျက်ပြီး အလုပ်လက်မဲ့ဖြစ်ကုန်ရင် စာရိတ္တတွေ ပျက်ပြီး ခိုးဆိုးလုနိူက်လုယက် ဘဝတွေရောက်သွားရင် မြို့ပူပြီ။
မြို့ပူရင် နိူင်ငံဆူပြီ။
ဆင်ခြေမလုံရင် စစ်ရူံးနိူင်သလို ဆင်ခြေဖုံးရပ်ကွက်က အခြေခံလူတန်းစားတွေကို ကရုမစိုက်မိရင် တိုင်းပြည်အထိနာမယ်။
တိုင်းပြည်တစ်ခု ထူထောင်ဖို့က အခြေခံလူတန်းစားက အဓိက ကျတယ်
Original writer
photo internet