13/08/2022
အခုခေတ် စီးပွားရေးမှာ အရေးပါနေတဲ့ Digital Marketing ဆိုတာဘာလဲ။...?
===========================
ယနေ့ခေတ် လူတွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေနဲ့မကင်းကြတော့သလို အသုံးပြုမှုဟာလည်း လူတစ်ယောက်ကို ပျမ်းမျှ ၂-၆ နာရီနှုန်းနဲ့ လူကြီးလူငယ် အသက်အရွယ်အစုံ လူသန်းပေါင်းများစွာဟာ အင်တာနက်ကို ကြည့်ရှု အသုံးပြုနေကြပါတယ်။
ဒီလိုအသုံးပြုမှုတွေကြောင့် ကိုယ့်ရဲ့ စီးပွားရေးကို အွန်လိုင်းပေါ်ကနေ လူတွေရှာဖွေပြီး အလွယ်တကူ ဝယ်ယူလို့ရအောင်၊ ရှာလိုက်တာနဲ့တွေ့အောင်၊ ကိုယ့်ရဲ့ပစ္စည်းတွေကို လူပိုသိများအောင်လုပ်နိုင်တာ စတဲ့အရာတွေ လုပ်နိုင်တာဟာ Digital Marketing ပါပဲ။
ဒါကြောင့် အရင်လို တီဗွီ၊ ရေဒီယို၊ ဆိုင်းဘုတ်၊ လက်ကမ်းစာစောင် စတာတွေထက် အွန်လိုင်းပေါ်မှာ ကိုယ်တိုင် ကြော်ငြာပြီး ဈေးနှုန်းလည်း အနိမ့်ဆုံးကနေရသလို သေချာတိကျတဲ့ ရလာဒ်အဖြေမျိုးစုံနဲ့ ထိရောက်မှုပိုရှိတဲ့ ဒစ်ဂျစ်တယ် မားကတ်တင်းကို မိတ်ဆွေတို့ စီးပွားရေးမှာ ခေတ်နောက်မကျအောင် အသုံးပြုသင့်ပါတယ်။
=========================
အလုပ်ရှင်တွေနဲ့ HR တွေအများစု သတ်မှတ်ထားတဲ့ Digital Marketing ဆိုတာဟာ
page မှာ
Page message reply, comment reply
Boosting
Content writing
Graphic Design
Motion Graphic Design
စတာတွေ ပါပဲလို့ မြင်နေကြတာမို့ပါ။
အလုပ်ခေါ်တဲ့နေရာမှာ Digital Marketing Executive position အနေနဲ့ ခေါ်ကြပြီး တစ်လကို ၂၅၀,၀၀ - ၄၀၀,၀၀၀ ကျပ်ပေးကြတယ်။ Graphic Design နဲ့ Motion Graphic Design နှစ်ခုမပါရင်ကို Digital Marketing position ဆိုပြီး ခေါ်ကြတာ များပါတယ်။
အဲ့နေရာမှာ Digital Marketing community က လူတွေဟာ position ၄-၅ ခု လောက်ကို တစ်ယောက်ထဲ ဝိုင်းခေါ်ကြတယ်ဆိုပြီး ပြောကြရီကြမယ် ဒါဟာ ဖြစ်သင့်ပါတယ်။
တကယ်တမ်းက အဲ့ဒါဟာ Social Media Marketing, Content Marketing, Graphic Designer, Video editor စတဲ့ position တွေပါ။
အပေါ်ကဟာတွေက Digital Marketing မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ Digital Marketing ထဲက အစိတ်အပိုင်းလေး တစ်ခုပါ။
Digital Marketing ဟာအမှန်တော့ ဒီထပ်ကျယ်ပြန့်ပါတယ်။ Online Marketing နဲ့ Digital Marketing နဲ့လည်း မတူပြန်ပါဘူး။
Digital Marketing ထဲမှာ...
🔰Email Marketing
🔰Content Marketing
🔰Search Engine Optimization
🔰Google Pay-Per-Click ( PPC) (Search Engine Marketing)
🔰Affiliate Marketing
🔰Paid Ads Marketing
🔰Social Media Marketing
🔰Video Marketing
စတဲ့အရာတွေကို Digital Marketing အစိတ်အပိုင်းထဲမှာပါတယ်လို့ မှတ်ယူထားလို့ ရနိုင်ပါတယ်။
Marketing လောကဖြစ်တဲ့အတွက် အခြား Marketing Strategy တွေကိုလည်း လေ့လာသိထားဖို့ လိုပါတယ်။
Affilate Marketing
Inbound Marketing
Guerilla Marketing
Influencer Marketing
Digital Branding
Media Buying
Buzz Marketing
Niche Marketing
Outbound Marketing
Push and Pull Strategy
Global Marketing Strategy
ဒါတွေက အခုခေတ်မှာအသုံးများတဲ့ compnay ကြီးတွေရဲ့ Marketing အမျိုးအစားအချို့ဖြစ်ပြီး Digital Marketer နယ်ပယ်ထဲက သူတွေဆိုရင် တစ်ချို့တစ်ဝက်ကို လေ့လာထားသင့်ပါတယ်။ ဒါမှ career တစ်ဆင့်ထပ်မြှင့်တာကို ပြောင်းလဲတဲ့အခါအထောက် အကူဖြစ်စေမှာပါ။
⚜️အခုတလော သင်တန်းအချို့ကလည်း Digital Marketing ဆိုပြီး Facebook Marketing နဲ့ Content Marketing ကို အဓိက သင်ပေးကြတာများပါတယ်။ မြန်မာနိုင်ငံမှာလည်း Digital Marketing Service အစုံ ပေးတဲ့ Agency တွေဟာ လက်ချိုးရေလို့ရပါတယ်။
⚜️ဒါတွေဟာလည်း ဘာလို့ဆို လုပ်ငန်းအတွက် အလုပ်ရှင်တွေရဲ့ လိုချင်မှုနဲ့ လိုအပ်မှုအရ မို့ Digital Marketing ဆိုတဲ့အရာဟာ ပုံစံပြောင်းနေတာပါ။
⚜️Digital Marketer တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာနေတဲ့အတွက် Digital Marketing ဆိုတာထက် မြန်မာ့နည်း မြန်မာ့ဟန် Marketing တွေ အကြောင်းကိုလည်းလေ့လာသိရှိထားဖို့လည်း လိုအပ်ပါတယ်။ ဘာလို့ဆို Digital Marketing ဟာ မြန်မာနိုင်ငံမှာ မကျယ်ပြန့်သေးလို့ပါ။
မိတ်ဆွေတို့ လိုအပ်တဲ့ Digital Marketing ဝန်ဆောင်မှုမျိုးကို လစဉ် ၁၅၀,၀၀၀ ကျပ်နှင့်သာ ရယူနိုင်ဖို့ နှင့်ဆက်သွယ်လိုက်ပါ။
ိုတာဘာလဲ