Naing Delivery service

Naing Delivery service ငွေကြိုမရှင်းနိုင်ပါ

မိုင်တစ်ထောင် ခရီးဟာခြေတစ်လှမ်းက စတင်ခဲ့တာပါဘာဖြစ်ဖြစ် တစ်လှမ်းလောက်လျှောက်လှမ်း ကြည့်ပါ
28/02/2022

မိုင်တစ်ထောင် ခရီးဟာ
ခြေတစ်လှမ်းက စတင်ခဲ့တာပါ
ဘာဖြစ်ဖြစ် တစ်လှမ်းလောက်
လျှောက်လှမ်း ကြည့်ပါ

28/02/2022

Skin barrier ကောင်းမှ healthy skin ရမယ် healthy skinရမှ glow / galss skin ဖြစ်မှာပါ

Skin barrier ဆိုတာအိမ်တစ်အိမ်ရဲ့ foundation လိုပါပဲ အရမ်းအရေးကြီးတယ် ဒီနေ့မှာတော့ Han က skin barrier ကောင်းဖို့အတွက်လုပ်ရမဲ့ အချက်တွေရယ် မှားလေ့မှားထရှိတဲ့အချက်တွေရယ်ကိုပြောပြသွားမှာပါ skin barrier ကောင်းဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ် steroid ထိလို့ skin barrier damaged ဖြစ်သွားပြီဆိုရင် ကိုယ့်ဘာသာကိုယ်ထက် ဆရာဝန်နဲ့တိုင်ပင်ပြီးကုသတာကပိုကောင်းတယ် ဒါတောင်မှ ချက်ချင်းမပျောက်ဘူးနော် လနဲ့ချီပြီး တစ်ချို့ဆိုနှစ်နဲ့တောင်ချီကြာပါတယ်

(1) cleansing ကိုသေချာလုပ်ရမယ်

Foam / facial cleanser တွေကို မျက်နှာပေါ်တိုက်ရိုက်မတင်ပဲနဲ့ လက်ထဲမှာအရင် ထည့်ပွတ်ပြီးမှ မျက်နှာပေါ်သစ်သင့်တယ် မျက်နှာကိုပီးစလွယ်သစ်တာမျိုးမဟုတ်ပဲနဲ့ 30 seconds လောက်သေချာလေး အသာအယာပွတ်ရမယ်(အကြာကြီးဆိုရင်လည်းမကောင်းဘူးနော်) မျက်နှာသစ်ဆေးကိုရွေးချယ်ရာမှာလည်း ကိုယ်က dry skin ဆိုရင် strip လုပ်တဲ့ facial foam တို့ကိုရှောင်ရမယ်

(2) Double Cleansing လုပ်ရမယ်

Han အမြဲပြောလေ့ရှိပါတယ် Double Cleansing လုပ်ဖို့ ။ Double cleansing ဆိုတာ ညပဲလုပ်ရတာနော် (ခနခနပြောတယ် အဲ့တာလဲအမြဲမေးတယ်🥲)Chemical sunscreen လောက်ထိပဲလိမ်းတဲ့သူက deep cleansing ဖြစ်တဲ့ facial cleanser နဲ့ဆိုရင် double cleansing မလုပ်ရင်တောင်အဆင်ပြေနိုင်ပါသေးတယ် physical sunscreen လိမ်းတဲ့သူ မော်စကော် on (make-up လိမ်း) တဲ့သူတွေဆိုရင် လုပ်ကိုလုပ်ရမယ် မလုပ်ရင်ကော ဘာဖြစ်မလဲ ? Pores clogged ဖြစ်ပြီး အဆီဖု / whiteheads (closed comedones) နဲ့ နောက်ဆက်တွဲပြသာနာတွေဖြစ်တဲ့ inflammatory acnes တွေဖြစ်နိုင်တယ်

(3) Exfoliate ကိုပုံမှန်လေးလုပ်ပါ

မျက်နှာပေါ်မှာရှိတဲ့ dead cells တွေကိုမဖယ်ပဲ စကွင်းချည် စွတ်ကဲနေရင် မျက်နှာကအသားရည်တော့ကောင်းတယ် ညစ်ညစ် ကြီးဖြစ်နေတာပေါ့ ဘာလိုလို့ လိုနေမှန်းမသိဘူး exfoliators ကတော့ကိုယ့်အသားရည်ရဲ့ အခြေနေပေါ်မှာ လိုက်ပြီး wash off mask သုံးသင့်လား hydroxy acids တွေသုံးရမှာလား peeling gel သုံးရမှာလား စဉ်းစားနိုင်တယ် wash off mask မှာမှ clay mask ကတော့ dry skin နဲ့မအပ်စပ်ဘူးဆိုပေမဲ့ တစ်ချို့ သုံးလို့ရတဲ့ဟာတွေရှိတယ်(Clay mask review တစ်ခါမှမတင်ရသေးပါဘူး လာမယ်နော်😉)

(4) Over Cleansing / Over Exfoliate မလုပ်ပါနဲ့

အိုဗာတင်းကို ကြိုက်ရင်ဖျော်သောက်ပါ မလုပ်ပါနဲ့ Double Cleansing ဆိုတာ မျက်နှာကိုနှစ်ခါသစ်တာလားတဲ့ Noနော် အဲ့တာ over cleansing ပါ Double Cleansing အကြောင်းဖတ်ချင်ရင် https://www.facebook.com/106589041702329/posts/147482510946315/?d=n နောက်တစ်ခုက over exfoliate ။ ကိုယ်အသားရည်က peeling gel တို့ peeling solution တို့ သုံးပြီးသွားရင် မျက်နှာလေးက အိစက်ပြီးပြောင်တင်းနေတာပဲလေ ဟုတ်တယ်မလား အဲ့တော့ ကြိုက်တော့ ရက်ဆက်တိုက်တွေချရော ။ ကိုယ့်အသားရည်က မခံနိုင်တဲ့အခါမှာ ပါးလာမယ် ဘာလိမ်းလိမ်း irritated ဖြစ်နိုင်တယ်

(5) Moisturizer သေချာလိမ်းရမယ်

Han တို့ရဲ့ အသားရည်က strengthens ဖြစ်ဖို့ဆိုရင် moisturizer ကလိုကိုလိုအပ် တယ် Han အရင်က ဥပမာ ပေးခဲ့သလိုမျိုးပေါ့ ပက်ကြားအက်နေတဲ့မြေကြီးလိုပဲ စိတ်ကူးပေါက်မှ တစ်ခါသွားလောင်း ၊ အဲ့လိုမရဘူး ပုံမှန်လေးလောင်းသွားမှ moist ဖြစ်လာမယ် အသားရည်လည်းအဲ့လိုပဲ moisture သေချာလိမ်းမှ ကိုယ့်ရဲ့ skin က moist ဖြစ်လာမယ် အဲ့အခါမှကြမှ အသားမညီတာတွေက even skin ဖြစ်လာမယ် moisturizer က wrinkles တွေလည်းသက်သာတယ်နော်

(6) Sunscreen လိမ်းကိုလိမ်းရမယ်

Sunscreen က One of the important steps နော် အမြဲပြောတယ် လိမ်းဖို့ ။ 12လရာသီအမြဲလိမ်းရပါမယ်ဆို တစ်ချို့က မိုးအုံ့ရင်ကော လိမ်းရမှာလား အိမ်ထဲမှာနေရင်ကော လိမ်းရမှာလားတဲ့ အရမ်းနော်ယူတို့က ကတ်သီးကတ်သတ်🥲 လိမ်းရမှာပါ တိမ်အုံ့နေလည်း Sun radiation တွေကရှိပါတယ်

(7) တစ်နေ့ကိုမျက်နှာနှစ်ခေါက်သစ်ပါ

ဒါကတော့ အားလုံးသိကြမှာပါ မနက်တစ်ခေါက် ညတစ်ခေါက်ပေါ့ တစ်ချို့ပျင်းတဲ့သူတွေက ညဖက်မသစ်ကြဘူး အပြင်က ပြန်လာရင် မော်စကော်တွေ မဖျက်ပဲ ထိုးအိပ်ကြ။ အဆီဖုတွေ ထွက်လာရင်တော့ ကိုယ့်အပြစ်ကိုယ်ခံပေါ့ :))

Genetics ကြောင့် စမ်းစမ်းတင့်တာ ဝက်ခြံတွေအများကြီးထွက်နေတာကတော့ ဘာမှလျှောက်မလုပ်ပါနဲ့ go to the ဆရာဝန်ပါ စိတ်ချရတဲ့ဆရာဝန်နဲ့သာပြပါလို့ပြောချင်ပါတယ်

အားလုံးပဲ ဘလင်းဘလင်းနဲ့ glow glass skin တွေပိုင်ဆိုင်နိုင်ကြပါစေ 💛

Address

Yangon

Telephone

+959951902045

Website

Alerts

Be the first to know and let us send you an email when Naing Delivery service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naing Delivery service:

Share