XCreative

XCreative What is XCreative? XCreative provides 360 Degree Marketing Services which is established by the tale

Marketing Funnel ဆို တာဘာလဲ 🤗Marketing Funnel ဆိုတာ မိတ်ဆွေတို့ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ပထမဆုံးလေ့လာခြင...
08/04/2024

Marketing Funnel ဆို တာဘာလဲ 🤗

Marketing Funnel ဆိုတာ
မိတ်ဆွေတို့ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ပထမဆုံးလေ့လာခြင်းမှ နောက်ဆုံးဝယ်ယူသူ
ဖြစ်သွားတဲ့ အထိသုံးစွဲသူများကို လမ်းညွှန်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

Marketing Funnel ထဲမှာပါဝင်တဲ့ AIDA Stage ဆို တာဘာလဲ?

📌 Awareness

မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် Awareness Stage က အလွန် အရေးပါပါတယ်။
ကိုယ့်ရဲ့ Product ကိုလူသိများစေဖို့အတွက် Marketing Channel တွေကဖြစ်စေ Influencer တွေနဲ့ဖြစ်စေ Billboard နဲ့ အခြားသော ကြော်ငြာကဏ္ဍတွေကနေတဆင့်လူသိများစေဖို့ အရင်ဆုံးပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

📌 Interest

ကိုယ့်လုပ်ငန်း အမှတ်တံဆိပ်နဲ့
ရင်းနှီးကျွမ်းဝင်လာတဲ့အခါ မိတ်ဆွေတို့ရဲ့ Brand ကို လူစိတ်ဝင်စားမှု စတင်လာမှာပဲ ဖြစ်ပါတယ်။

မိမိ Brand ကနေ ဝယ်ယူသူတွေအတွက် ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနေလဲဆိုတာကိုပါ ထည့်သွင်းဖော်ပြရပါမယ်။

ဒီလိုစိတ်ဝင်စားမှု များလာဖို့အတွက် ကိုယ့် Brand ကိုဘယ်လို Idea မျိုးတွေနဲ့ကြော်ငြာသင့်လဲဆိုတာကိုပါ
စဉ်းစားသင့်ပါတယ်။

📌Desire

Desire အဆင့် ( Consideration Stage) ဟာ မိမိထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို သုံးစွဲဖို့အတွက် လူအများက အကဲဖြတ်ထည့်သွင်းစဉ်းစားနေတဲ့ အဆင့်လည်းဖြစ်ပါတယ်။

ဒီအဆင့်မှာဆိုရင်တော့ ကိုယ့်ရဲ့ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုက သူတို့နဲ့ကိုက်ညီမှုရှိ/မရှိ ဝယ်ယူသင့်/မယူသင့်ကို ထည့်သွင်းစဉ်းစားနေပြီး မိမိရဲ့ ထုတ်ကုန်
ဒါမှမဟုတ်ဝန်ဆောင်မှုကို အခြားရွေးချယ်စရာများနဲ့ နှိုင်းယှဉ်ခြင်း၊ အကဲဖြတ်ခြင်း၊ Review များကို ဖတ်ရှု့ခြင်း၊ ဈေးနှုန်းများကိုလေ့လာခြင်းတွေကိုပြုလုပ်နေတဲ့အဆင့်ဖြစ်ပါတယ်။

📌 Action

ဒီ အဆင့်ကိုတော့ ပြောင်းလဲခြင်းအဆင့် ( Conversion Stage) လို့လည်းလူသိကြပါတယ်။ အပေါ် က အဆင့်တွေ ကိုဖြတ်ကျာ်လာပြီး မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေကို ဝယ်ယူမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တဲ့ အဆင့်လည်းဖြစ်ပါတယ်။

Marketing Funnel ကို သေချာသိရှိနားလည်ထားမယ်ဆိုရင် မိတ်ဆွေတို့ရဲ့လုပ်ငန်းအတွက်
အလွန်ပဲအထောက်အကူပြုမှာပဲဖြစ်ပါတယ်။
ထိရောက်သေချာတဲ့ marketing strategies များ
နဲ့ လူကြီးမင်းတို့ရဲ့ Social Media Marketing ကိုအရှိန်အဟုန်မြှင့်ဖို့အတွက် Xcreative အဖွဲ့သားများအသင့်ရှိနေပါပြီ ခင်ဗျာ။



Xcreative မိသားစုရဲ့ ပျော်ရွှင်ဖွယ် ခရီးစဥ်လေးတစ်ခု
23/06/2023

Xcreative မိသားစုရဲ့ ပျော်ရွှင်ဖွယ် ခရီးစဥ်လေးတစ်ခု


ကောင်းမွန် တိကျတဲ့ Content Marketing အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းတွေ တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်ပါပြီ ✅Cont...
12/05/2023

ကောင်းမွန် တိကျတဲ့ Content Marketing အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းတွေ တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်ပါပြီ ✅

Content Marking ကို ခုလို ဒီဂျစ်တယ် ခေတ်ကြီးမှာ လုပ်ငန်းတော်တော်များများ နယ်ပယ် တော်တော်များများမှာ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ 🎯ကိုယ် ပစ်မှတ်ထားတ့ Customer တွေ များများ သုံးလေ့ရှိတဲ့ Social Media ပလက်ဖောင်းတွေ ဖြစ်တဲ့ Facebook, Linkedin, Instagram စတာတွေမှာ အမြဲ တမ်း အရောင်းပို့စ်တွေ တင်နေတာမျိုး မဟုတ်ဘဲ ကိုယ့် Page မှာရှိတဲ့ Follower တွေအတွက် အကျိုးရှိစေမယ့် တစ်ခြား ပို့စ်တွေ၊ သတင်းတွေ၊ ဗဟုသုတရမယ့် ဗီဒီယို အတိုလေးတွေ၊ Motivation၊ Inspirational ပေးတဲ့ Quotes မျိုးတွေကို မျှဝေပေးရတာမျိုးတွေစလို့ Content Marketing ကို သေသေချာချာ ပြင်ဆင်ပြီး အသုံးပြုရတာပဲ ဖြစ်ပါတယ်။

🏆 Content is the king ဆိုတဲ့အတိုင်း Content ကောင်းကောင်းတွေ ဖန်တီးပေးခြင်းအားဖြင့် ကိုယ့် Brand၊ ကိုယ့် ကုန်ပစ္စည်းကိုလည်း လူသိများစေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီနေ့ခေတ်မှာဆိုရင် Customer တွေဟာ သူတို့ လိုအပ်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေကို Google၊ Facebook စတာတွေကနေတစ်ဆင့် ရှာတတ်ကြတာ ဖြစ်လို့ Content ကောင်းတွေဟာ Keywords Ranking ကို တက်စေတဲ့ အတွက် Search Engine Optimizing (SEO)အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

ဒီ Strategy က ချက်ချင်းတော့ အရောင်းတက်စေမှာ မဟုတ်ပေမယ့် ကိုယ့် Follower တွေက ကိုယ်နဲ့အတူ အမြဲ Engage ဖြစ်နေပြီးတော့ သူတို့ ဝယ်ယူသုံးစွဲဖို့ လိုတဲ့အခါ ကိုယ့် Brand က သူတို့ ခေါင်းထဲမှာ ထိပ်ဆုံးက ရှိနေမှာ ဖြစ်ပါတယ်။

Content Marking နဲ့ ပတ်သက်ရင် လူကြီးမင်းတို့ Brand၊ ရောင်းကုန်ပစ္စည်းတွေကို ကိုယ့်ရဲ့ အဓိက ပစ်မှတ်ထားတဲ့ Customer တွေ လက်ထဲကို ထိရောက်မြန်ဆန်စွာ အရောက်သွားနိုင်စေဖို့အတွက် ကျွန်တော်တို့ X creative Team က အမြဲ အဆင်သင့် ရှိနေပါတယ် ခင်ဗျာ။ 🤗

ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ် အခါသမယလေးမှာ ပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာကင်း‌ဝေးနိုင်ကြပါစေကြေ...
03/05/2023

ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ် အခါသမယလေးမှာ ပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာကင်း‌ဝေးနိုင်ကြပါစေကြောင်း Xcreative မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🪷🙏

၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကြိုဆိုရင်း သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီး၌ တ...
01/05/2023

၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကြိုဆိုရင်း သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီး၌ တာဝန်ယူထမ်းဆောင်နေကြသော အလုပ်သမားများအားလုံးကို Xcreative အဖွဲ့သားများမှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည် 👷🏻💙

♟Brand Identity လို့ခေါ်တဲ့ ကုန်အမှတ်တံဆိပ် တစ်ခုရဲ့ အမှတ်အသားက မာကက်တင်း ဗျူဟာအတွက် အ‌ရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး သု...
27/04/2023

♟Brand Identity လို့ခေါ်တဲ့ ကုန်အမှတ်တံဆိပ် တစ်ခုရဲ့ အမှတ်အသားက မာကက်တင်း ဗျူဟာအတွက် အ‌ရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး သုံးစွဲသူနဲ့ အနီးစပ်ဆုံး ဆက်သွယ်‌ပေးနိုင်တဲ့ အံ့သြဖွယ်ကမ္ဘာကြီး တစ်ခုလည်း ဖြစ်ပါတယ်။ Brand Identity ဆိုတာက သုံးစွဲသူတွေရဲ့ စိတ်ထဲမှာ မိမိ Brand ကို ခွဲခြားသိမြင်နိုင်စေတဲ့ Logo, color, typography နဲ့ product design လိုမျိုး အမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင်စေတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပြီး Brand ရဲ့ visual ကို ကိုယ်စားပြုတဲ့အရာပဲ ဖြစ်ပါတယ်။

🎯Brand identity ချမှတ်ဖို့အတွက် အရင်ဦးဆုံး ကိုယ့် Brand ရဲ့ ပစ်မှတ်ပရိသတ်နဲ့ သေချာချိတ်ဆက်ပြီး ပြိုင်ဘက်တွေနဲ့ ကွဲပြားနေမယ့် Brand personality ကို အရင်စဥ်းစားထားဖို့ လိုပါတယ်။ Digital ဈေးကွက်မှာ Brand identity က အရမ်းအ‌ရေးကြီးပြီး customer တွေအတွက် တသမတ်တည်းနဲ့ အမှတ်ရနေစေမယ့် အတွေ့အကြုံကိုရရှိဖို့ ကူညီပေးနိုင်ပါတယ်။

🍎ပန်းသီး တခြမ်းပဲ့နေတဲ့ပုံလေးကို မြင်လိုက်တာနဲ့ လူတွေက Apple Brand ကို သတိရသွားသလိုမျိုး ကိုယ့်Brand ရဲ့ သင်္ကေတကို သေချာသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်ချန်နယ်အားလုံးမှာ Brand Identity သေချာသတ်မှတ်ထားပြီး တသမတ်တည်းဖြစ်တဲ့အခါမှာ Audience ရဲ့ ယုံကြည်မှုပိုရပြီး အသိအမှတ်ပြုခံရဖို့လည်း ပိုမိုလွယ်ကူပါတယ် 🏆🥇

Digital Marketing လုပ်ဆောင်တဲ့နေရာမှာ ခိုင်မာတဲ့ Brand Identity ကို တည်ဆောက်ထားနိုင်ဖို့အတွက် ...

▪️Target audience ကို သေချာသိပါ

ကိုယ့် Brand ရဲ့ target audience ကို သေချာနားလည်ထားတာက Brand identity တည်ဆောက်ဖို့ အရေးပါတဲ့ သော့ချက်တစ်ခုပါပဲ။ Audience တွေရဲ့ စိတ်ဝင်စားမှု၊ ကြိုက်နှစ်သက်မှုနဲ့ လိုအပ်ချက်တွေကို Research လုပ်ထားပြီး ဒီအအချက်အလက်တွေကို ပြန်လည် အသုံးပြုနိုင်ပါတယ်။

▪️ရိုးရိုးရှင်းရှင်းထားပါ

ရှုပ်ပွပြီး ရှုပ်ထွေး‌နေတဲ့ ကုန်အမှတ်တံဆိပ်အထောက်အထားက သင့်ပရိသတ်ကို ရှုပ်ထွေးစေပြီး လွှမ်းမိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် မှတ်မိရလွယ်ပြီး ထိရောက်တဲ့ အမှတ်အသားတစ်ခုကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ရိုးရှင်းပြီး ရှင်းလင်းပြတ်သားတဲ့ Design ပုံစံတွေကိုအသုံးပြုဖို့ အာရုံစိုက်ပေးပါ။

▪️တသမတ်တည်းရှိပါ

Brand identity နဲ့ ပတ်သက်လာတဲ့အခါမှာ တသမတ်တည်းရှိဖို့က အဓိကပါပဲ။ သင့်ရဲ့ website နဲ့ social media လိုမျိုး Digital Channel အားလုံးမှာ လိုဂို၊ အရောင်တွေနဲ့ စာအရေးအသား tone of voice‌ တွေက တစ်သမတ်တည်းဖြစ်နေတာ သေချာပါစေ။

▪️ပုံပြင်ပြောပြပါ

Brand value, mission နဲ့ personality အကြောင်း ပရိသတ်တွေ နားလည်လာအောင် ဇာတ်လမ်းတစ်ပုဒ် ပြောပြသင့်ပါတယ်။🤝 Audience နဲ့ ထပ်တူထပ်မျှတဲ့ ဇာတ်ကြောင်းတစ်ခုကို ဖန်တီးပြီး သင့်အမှတ်တံဆိပ်ကို အပြိုင်အဆိုင်တွေကြားထဲက ခွဲခြားသတ်မှတ်ပေးနိုင်ပါတယ်။

▪️လိုက်လျောညီထွေဖြစ်ပါစေ

တသမတ်တည်းရှိနေဖို့က အရေးကြီးပေမယ့် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ပရိသတ်နှစ်သက်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ကလည်း အရေးကြီးပါတယ်။ Digital ဈေးကွက်ရှာဖွေဖို့ ကြိုးစားတဲ့အခါမှာ ကိုယ့် brand ကို စဉ်ဆက်မပြတ် အကဲဖြတ်ပြီး လိုအပ်သလို Update ပြုလုပ်ပါ။

Brand ကနေ audience ကို ဆက်သွယ်နေတဲ့ အချက်အလက်တိုင်းက Brand identity ကို ကိုယ်စားပြုနေတာကြောင့် ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်နဲ့ ညီညွတ်မျှတတဲ့ မက်ဆေ့ချ်ကိုသာ ပေးပို့သင့်ပါတယ်။ အပြုသဘောဆောင်ပြီး ခိုင်မာသော Brand identity တစ်ခုတည်ဆောက်ခြင်းက ကုမ္ပဏီတစ်ခုရဲ့ ကျော်ကြားမှုနဲ့ ပြိုင်ဆိုင်မှုဈေးကွက်မှာ အားကောင်းစေတာကြောင့် ကိုယ့် Brand က ဘယ်လိုအရာကို ကိုယ်စားပြုလဲဆိုတာကို ပြင်ဆင်ထားသင့်ပါတယ်နော် 💁🏻‍♀

13/04/2023

အတာတန်ခူး နှစ်ကူးသင်္ကြန်မှာ ကိုယ်စိတ်နှလုံးကျန်မာပျော်ရွှင်နိုင်ကြပါစေလို့ Xcreative မိသားစုမှဆုတောင်းပေးလိုက်ရပါတယ်။🙏

Facebook Account မှာ Single ရေးထားတဲ့သူတွေကို အကောင့်ပိတ်သိမ်းမည်....လက်ရှိမြန်မာပြည်တွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာဆ...
01/04/2023

Facebook Account မှာ Single ရေးထားတဲ့သူတွေကို အကောင့်ပိတ်သိမ်းမည်....

လက်ရှိမြန်မာပြည်တွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာဆော့၀ဲလ် တစ်ခုဖြစ်တဲ့ Facebook ကို တည်ထောင်ခဲ့သူ Mark Zuckerberg မှ မိမိအကောင့်ရဲ့ Realtionship status မှာ Single ရေးထားတဲ့ အကောင့်ပိုင်ရှင်တွေကို facebook ကနေ ဘန်းတော့မှာဖြစ်ကြောင်း ယနေ့အတည်အလင်းကြေညာခဲ့ပါတယ်။…see more

သင့်လုပ်ငန်း အောင်မြင်တိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုက ဘယ်လောက်ထိအရေးပါတယ်လို့ ထင်ပါသလ...
27/03/2023

သင့်လုပ်ငန်း အောင်မြင်တိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုက ဘယ်လောက်ထိအရေးပါတယ်လို့ ထင်ပါသလဲ။လုပ်ငန်းရှင်တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာတက်ကြွပျော်ရွှင်နေမှ မိမိလက်ရှိလုပ်ကိုင်နေတဲ့အလုပ်အကိုင်ကို သဘောကျနှစ်ခြိုက် လာပြီး ၀န်ဆောင်မှုပေးနေရတဲ့ အပေါ်စိတ်ကျေနပ်မှုရရှိလာမှာပါ။ ဒါ့ကြောင့် လူကြီးမင်းတို့ကို စိတ်ခွန်အားဖြစ်လာစေပြီး ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်ပို့ပေးနိုင်မယ့် စိတ်ခွန်အားဆိုင်ရာအကြံပြုချက်တစ်ချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁) တိကျသေချာတဲ့ ပန်းတိုင်တစ်ခုကိုသတ်မှတ်ပါ။
လူကြီးမင်းတို့အနေနဲ့ မိမိလုပ်ငန်းကို ဘယ်နေရာထိရောက်လိုလဲဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ အခုလို ရည်မှန်းချက်ပန်းတိုင် တိတိကျကျ ရှိထားမယ်ဆိုရင် သင့်လုပ်ငန်းအနေနဲ့ သွားရမယ့်လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းသိသွားစေတာမို့ အောင်မြင်မှုပန်းတိုင်ဆီကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်ရှိစေမှာပါ။

၂) အောင်မြင်မှုကို ဂုဏ်ပြုပေးပါ
လူကြီးမင်းတို့ရဲ့ စီးပွားရေး ရည်မှန်းချက်တစ်ခုအောင်မြင်မှုရရှိလာတဲ့အခါ ၀◌မ်းပန်းတသာ ဂုဏ်ပြုပေးပါ။ အဲဒီလို လုပ်ပေးခြင်းဖြင့် အနာဂတ်ပရောဂျက်တွေမှာ သင့်ကိုပိုပြီး စိတ်အားထက်သန်လာစေပါတယ်။ စိတ်ခွန်အားတွေ တက်လာစေပြီး အောင်မြင်မှုအရှိန်အဟုန်ကိုဆက်လက်သိမ်းဆည်းထားနိုင်ဖို့အတွက် သင့်ရဲ့အောင်မြင်မှုကို လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစု၀င်တွေနဲ့ အတူမျှေ၀ခံစားလိုက်ပါ။

၃) အနားယူပါ
စိတ်အားတက်ကြွ ရွှင်လန်းနေစေဖို့ဆိုရင် လုံလောက်တဲ့အနားယူမှုက ကျိန်းသေပေါက်လိုအပ်ပါတယ်။ လုံလုံလောက်လောက်အနားမယူဘဲ ဆက်တိုက် မိမိကိုယ်ကို တွန်းအားပေးနေမယ်ဆိုရင် သွားလိုတဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ ကိုယ်စိတ်ကို စိတ်ညစ်စရာတွေဆီက ခဏရှောင်နေလိုက်ပြီး အားသစ်တွေပြန်လည်ရရှိလာအောင်လုပ်ဆောင်လိုက်ပါ။

စိတ်ခွန်အားကလူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်တဲ့အပြုအမူနဲ့ ထားရှိတဲ့စိတ်ထားတွေအပေါ်မှာမူတည်ပါတယ်။ မှန်ကန်သော စိတ်နေစိတ်ထားနဲ့ နည်းဗျူဟာတွေကို အသုံးပြုပြီး လူကြီးမင်းတို့ရဲ့အောင်မြင်မှုပန်းတိုင်ဆီကို အရောက်လှမ်းလိုက်ကြပါ။

X creative နဲ့ လက်တွဲလုပ်ဆောင်ပြီး သင့်လုပ်ငန်းအရှိန်အဟုန် မြှင့်တင်လိုက်ပါယနေ့ Digital ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေအတွ...
23/03/2023

X creative နဲ့ လက်တွဲလုပ်ဆောင်ပြီး သင့်လုပ်ငန်းအရှိန်အဟုန် မြှင့်တင်လိုက်ပါ

ယနေ့ Digital ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက် အွန်လိုင်းမာကက်တင်းဆိုတာ
အရေးပါလာတာနဲ့အမျှ အွန်လိုင်းဈေးကွက်ထဲမှာ နေရာရရှိဖို့
ကုန်ပစ္စည်းများများ ရောင်းထွက်နိုင်ဖို့အတွက် ဆိုရှယ်မီဒီယာမာကက်တင်းဗျူဟာတွေကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသောလူတွေက သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ ချိတ်ဆက်ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြတာကြောင့် အွန်လိုင်းပေါ်မှာ ကိုယ့်လုပ်ငန်းက စဥ်ဆက်မပြတ်ရှိနေပြီး မိမိရဲ့ customer တွေနဲ့ အမြဲထိတွေ့ဆက်ဆံနေမှသာ ခိုင်မာတဲ့ Brand ပုံရိပ်ကို တည်ဆောက်နိုင်မှာပါ။

ကိုယ့်ပစ်မှတ် ရည်ရွယ်ထားတဲ့ ဈေးဝယ်သူတွေဆီ ထိထိရောက်ရောက် ရောက်ရှိမှုနိုင်ဖို့အတွက် ဆိုရှယ်မီဒီယာစျေးကွက်ရှာဖွေရေးနဲ့ ဒစ်ဂျစ်တယ် မားကက်တင်းကမ်ပိန်းတွေကလည်း အများကြီး အကူအညီပေးနိုင်ပါတယ်။

ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့လုပ်ငန်းကို အွန်လိုင်းပေါ်မှာ လူသိများ၊ ရောင်းအားတွေတက်လာအောင် Xcreative team က စလည်ဆုံး အကြံဉာဏ်ကောင်းများ ဖလှယ်ပြီး Target audience နဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေ၊ ကြော်ငြာဒီဇိုင်းတွေ ဖန်တီးတီထွင်ကာ ထူးခြားကောင်းမွန်တဲ့ ရလဒ်များရရှိလာအောင် စွမ်းဆောင်ကြိုးစားလျက် ရှိပါတယ်။ ယနေ့ စီးပွားရေးခေတ်မှာ အရေးပါတဲ့ အွန်လိုင်းမာကက်တင်းကို ထိ‌ထိရောက်ရောက် လုပ်ဆောင်လိုကြတဲ့ လုပ်ငန်းရှင်များအတွက် Xcrative မှ စိတ်အားထက်သန်စွာ ကူညီ ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါပြီ ခင်ဗျာ။

Office Phone - 09 880 911 248
Address - No.156, Kyun Shwe Myaing(3) Street, 23Ward, Thuwanna, Thingangyun Tsp, Yangon.

ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ပေါ်လာသမျှစာတိုင်းကို မဖတ်နိုင်ကြပါဘူး။ စာလုံးရေများတဲ့ content တွေ၊ စာကြောင်းအရှည်ကြီးတွေကိ...
17/03/2023

ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ပေါ်လာသမျှစာတိုင်းကို မဖတ်နိုင်ကြပါဘူး။ စာလုံးရေများတဲ့ content တွေ၊ စာကြောင်းအရှည်ကြီးတွေကို ဖတ်ရင်း ပျင်းလာတာတို့၊ ဖတ်လိုက်ပေမယ့် မမှတ်မိတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကြောင့်လည်း ကိုယ်ပြောပြချင်တဲ့ အကြောင်းအ‌ရာတွေကို ရိုးရှင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယိုတွေအဖြစ် ပြောင်းလဲဖန်တီးပေးကြရပါတယ်။

Video content တွေက Text content ထက်စာရင် ရှုပ်ထွေးတဲ့အချက်အလက်တွေ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ကြည့်ရှုသူတွေထံ ထိထိရောက်ရောက် ပေးပို့နိုင်တာကြောင့် စိတ်ဝင်စားမှုရရှိဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဗီဒီယိုအကြောင်းအရာတွေက စိတ်ခံစားမှုဖြစ်ပေါ်စေပြီး အမြင်အာရုံကို လှုံ့ဆော်ပေးတာ‌မလို့ Engagement လည်း ပိုရတဲ့အပြင် ပရိသတ်တွေကို သွက်သွက်လက်လက်နဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ သတင်းစကားတစ်ခုကို လူအများအပြားဆီကို အလွယ်တကူရောက်နိုင်တဲ့ အစွမ်းထက်နည်းလမ်းဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာလည်း ဈေးကွက်ရှာဖွေရေး မာကက်တင်းဗျူဟာအဖြစ် အသုံးပြုသင့်တဲ့ ကိရိယာတစ်ခု ဖြစ်လာနေပါပြီ။

ဗီဒီယိုတွေကို ဈေးကွက်ချဲ့ထွင်ခြင်းနဲ့ အရောင်းမြှင့်တင်ရေးအတွက် အွန်လိုင်းပေါ်မှာ လွှင့်တင်ရုံသာမက Commercial Video တွေ၊ Live video တွေပါ ဖန်တီး‌ပြီး ကြည့်ရှုသူပရိသတ်‌ အမြောက်အများကို ဆွဲဆောင်နိုင်ပါတယ်။ Video content တွေက စီးပွားရေးလုပ်ငန်းနဲ့ Target audience တွေကို ဆက်သွယ်ပေးနိုင်တဲ့အတွက် လုပ်ငန်းတိုင်းအတွက် အမှန်တကယ်ရှိသင့်တဲ့ Marketing tool တစ်ခုပဲဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ Video တွေ ဖန်တီးပေးဖို့ Xcreative က အမြဲအဆင်သင့်ရှိ‌နေတာကြောင့် m.me/xcreativemm မှာ လာရောက်စုံစမ်းဆွေးနွေးနိုင်ပါတယ်။

ထိရောက်တဲ့မာကတ်တင်းဖြစ်လာဖို့အတွက် မှန်ကန်သောစျေးကွက်ကို ပစ်မှတ်ထားဖို့အရေးကြီးပါတယ်။STPက မိမိစီးပွားရေးကို ကုန်ကျစရိတ်သ...
14/03/2023

ထိရောက်တဲ့မာကတ်တင်းဖြစ်လာဖို့အတွက် မှန်ကန်သောစျေးကွက်ကို ပစ်မှတ်ထားဖို့အရေးကြီးပါတယ်။
STPက မိမိစီးပွားရေးကို ကုန်ကျစရိတ်သက်သာပြီး ထိထိရောက်ရောက်နဲ့ ရောက်ရှိသွားနိုင်ဖို့ ကူညီထောက်ပံ့ပေးနေတဲ့ Processတစ်ခုပဲဖြစ်ပါတယ်။
Segmentation ကတော့ မိမိလုပ်ငန်းနှင့် သင့်တော်တဲ့ ကာစတန်မာတွေကို သေချာခွဲခြားပြီး ပိုင်းခြားစိတ်ဖြာရတဲ့အဆင့်ပဲဖြစ်ပါတယ်။ ပိုင်းခြားစိတ်ဖြာထားသော Segmentတွေထဲက အသင့်တော်ဆုံးအပိုင်းကို ခွဲခြားပြီး ပစ်မှတ်ထားတဲ့အဆင့်ကို Targetingလို့ခေါ်ပါတယ်။
ဥပမာ - ကလေးငယ်လေးတွေအတွက် ကစားစရာရောင်းတဲ့ဆိုင်ဆိုရင် ကလေးတွေကိုtargetမထားသင့်ဘဲ လူကြီးမိဘတွေကိုသာtargetထားရတော့မှာဖြစ်ပါတယ်

ကိုယ့်ဘရမ်းအာသာချက်ဖြင့် အခြားဘရမ်းတွေနဲ့ယှဉ်ပြိုင်တဲ့အခါ ကိုယ့်ဘရမ်းကိုပဲအရင်ပြေးမြင်မိအောင် နေရာအရယူထားနိုင်တာကို Positioningလို့ခေါ်ပါတယ်။
ဒီ Proccessတွေကို တစ်ဆင့်ချင်းစနစ်တကျလုပ်ဆောင်ခြင်းဖြင့် ကာစတန်မာတွေရဲ့ Need Wantsတွေကို နားလည်သွားတာမို့ မိမိလုပ်ငန်းရောင်းအားတတ်လာဖို့အတွက်အထောက်အကူဖြစ်လာစေမှာပါ
ထိုအတွက်ကြောင့် STP ဟာဆိုရင် မာကတ်တင်းသမားတွေတင်သာမဟုတ်ဘဲ စီပွားရေးလုပ်ကိုင်နေသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ proccessတစ်ခုပဲဖြစ်ပါတယ်

Address

Yangon

Alerts

Be the first to know and let us send you an email when XCreative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to XCreative:

Share