Alberto Min

Alberto Min Serving for Digital Marketing to SME and Large Business

25/01/2026

☁How AutoScaling Works?☁
🙌Hello Guys! Welcome back !!!🙌

💎 ကျွန်တော် ဒီနေ့ Sharing လုပ်ပေးသွားမယ့် Topic လေးကတော့ Auto Scaling အကြောင်းပဲဖြစ်ပါတယ်ခဗျ။

Scalability ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပါတယ်ဗျ။ အဲ့တော့ Scalability ဆိုတာဘာလဲ။

Scalability ဆိုတာကတော့ Resources တွေ Servers တွေကို သတ်မှတ်ထားတဲ့ Policy အတိုင်း ချုံ့တာ ချဲ့တာ ဖြစ်ပါတယ်။

🔑 ပထမဆုံးအနေနဲ့ Server တွေကိုဘာကြောင့် Scaling လုပ်ဖို့လိုအပ်လာတာလဲပေါ့။

ဥပမာအနေနဲ့ CPU 2 Core နှင့် RAM 4 GB ရှိတဲ့ Server ပေါ်မှာ Database Server တစ်ခု Deploy လုပ်ထားတယ်ဆိုပါစို့။

စ run တဲ့အချိန်မှာတော့ User က နည်းနည်းပဲ ရှိအုံးမယ်ဗျာ။ အချိန်တစ်ခုရောက်လာတာနဲ့အမျှ Business ကလည်းပိုကြီးလာမယ်။

User အရေအတွက်ကလည်းပိုပိုများလာမယ်ဆိုရင် လက်ရှိ run နေတဲ့ resources လောက်နဲ့အဆင်မပြေတော့ပါဘူး။

ဒီလိုအချိန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ Server resources တွေကို Update လုပ်ကြရပါတော့မယ်။

Downtime တွေ System Maintenance Time တွေယူကြရမယ်။ Onsite site တွေသွားပြီး Servers တွေကို update တွေလုပ်ကြရတော့မယ်။

ဒီလို Scaling လုပ်တာကကျတော့ Manual Scaling လို့သတ်မှတ်ပါတယ်။

🔑 အခုလို Cloud တွေခေတ်စားလာချိန်မှာတော့ Scaling ကို Auto ထားပြီးသုံးလာကြပါပြီ။

Onsite တွေသွား Downtime တွေသီးသန့်ယူပြီးလုပ်စရာမလိုတော့ပါဘူး။

Cloud ပေါ်မှာ Auto Scaling ကိုသုံးမယ်ဆိုရင်တော့ သက်ဆိုင်ရာ Policies တွေကိုသတ်မှတ်ပေးထားဖို့လိုပါတယ်။

အဲ့ဒါမှလည်း Server မှာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Scaling Policies အတိုင်း Resources တွေကို Auto Changes တွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ခဗျ။

💎 Auto Scaling မှာ Vertical Scaling နှင့် Horizontal Scaling ဆိုပြီးနှစ်မျိုးရှိပါတယ်။

🔑 Vertical Scaling ကတော့ Server တစ်လုံးထဲမှာပဲ Resources တွေကို Changes လုပ်သွားတာဖြစ်ပါတယ်။

အဲ့လို ရှိပြီးသား Server တစ်ခုတည်းပေါ်မှာ resources တွေတိုးသွားတာကို‌‌တော့ Scale Up လို့ခေါပြီး Resources တွေကို ပြန်လျှော့တာကိုတော့ Scale Down လို့ခေါ်ပါတယ်။

📌 Vertical Scaling ရဲ့အဓိကအားနည်းချက်ကတော့ Resources Limitation ရှိတာပါပဲ။ Resources တွေကိုလိုချင်သလောက် Update လုပ်လို့မရပါဘူး။

Server ရဲ့ Slots တွေပေါ်မူတည်ပြီး Changes လုပ်ကြရပါတယ်။နောက်တစ်ခုကတော့ Server တစ်ခုတည်းမှာပဲ Scaling လုပ်မှာဖြစ်တဲ့အတွက် System Maintenance Time တွေယူရတာပါပဲ။

ပြီးတော့ Single Point of Failure လည်းဖြစ်လာနိုင်ပါတယ်။ဒါတွေကတော့ Traditional Data Center တွေခေတ်ကပေါ့နော်။

အခုလို Cloud ခေတ်ဖြစ်လာချိန်မှာတော့ စိတ်ပူစရာမလိုတော့ပါဘူးခဗျ။

🔑 Horizontal Scaling ကတော့ Resources တွေကိုတိုးသွားတာမဟုတ်ပဲ Server တစ်ခုလုံးကို Horizontally တိုးသွားတာဖြစ်ပါတယ်။

အဲ့လိုမျိုး Server တွေကို တစ်လုံးပြီးတစ်လုံးတိုးသွားတာကိုတော့ Scale Out လို့ခေါ်ပါတယ်။ Server တွေကိုပြန်လျှော့တာကို‌တော့ Scale In လို့ခေါ်ပါတယ်။

Horizontal Scaling ကိုသုံးမယ်ဆိုရင်တော့ Load balancers တွေနဲ့တွဲသုံးမှ အဆင်ပြေနိုင်ပါမယ်ဗျ။

📌 ကျွန်တော်တို့အနေနဲ့ Auto Scaling ကိုသုံးထားမယ်ဆိုရင် သူက ကျွန်တော်တို့ရဲ့ Servers တွေကို Monitoring လုပ်နေမှာပါ။

တကယ်လို့ သတ်မှတ်ထားတဲ့ Policiesတွေအတိုင်းဖြစ်လာပြီဆိုရင် ကျွန်တော်တို့ရဲ့ Servers တွေကို Autoscaling တွေလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျ။

AWS Monitoring services တွေဖြစ်တဲ့ Cloud Watch တို့နဲ့လည်း တွဲသုံးနိုင်ပါတယ်။

တခြား Services တွေဖြစ်တဲ့ containerization, Orchestration, CICD Tools တွေနဲ့လည်း တွဲသုံးနိုင်ပါသေးတယ်ခဗျ။

🖐 ကျွန်တော်အခု Sharing လုပ်ပေးခဲ့တာတွေကတော့ Auto Scaling နဲ့ပတ်သက်ပြီး Basic အနေနဲ့ သိထားသင့်တာတွေပဲဖြစ်ပါတယ်ခဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ အမှားလေးတွေပါခဲ့ရင်လည်း ဝေဖန်ထောက်ပြပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။🙏
-----------------------
🙏 အားလုံးကိုကျေးဇူးတင်စွာဖြင့် 🙏
✍️ ️Shan Lin Maung (Junior System Engineer)
🏘 itGateway Technology Group
------------------------

IPv6
22/01/2026

IPv6

📗အခုတစ်ခေါက်တော့ sharing လဲမလုပ်ဖြစ်တာကြာပီဆိုတော့ အခုတစ်လော နောက်ထပ် လိုအပ်မယ် ထင်တာလေးတွေကို လေ့လာရင်း 👉IP Protocol Version 6(IPv6)👈အကြောင်းကို ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်ဗျ။

✅️အခုနောက်ပိုင်း တော်တော်များများ Infrastructure တွေမှာ IP Design တွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် နောက်ပိုင်း Enterprise တွေ၊ ISP တွေတော်တော်များများ မှာပါ အသုံးပြုဖို့ လိုအပ်လာတဲ့ IPv6 အကြောင်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။

✅️အိုကေ ဒါဆိုရင် အရင်ကရော အခုလက်ရှိအထိပါ Infrastructure တွေမှာနဲ့ ကျွန်တော်တို့ Office Network တွေမှာ အသုံးပြုနေကြတဲ့ IT သမားတိုင်းလိုလို သိထားတဲ့ IPv4 နဲ့ IPv6 က ဘာတွေကွာသွားလဲ❓

✅️IPv6 ကို ဘယ်လိုနေရာတွေမှာအသုံးပြုကြလဲ❓IPv6 ရဲ့ Format ကရောဘယ်လိုမျိုးလဲ❓ဘာလို့ IPv6 ကို အသုံးပြုဖို့လိုအပ်လာကြတာလဲ❓ IPv6 မှာကရော ဘယ်လို Address Type တွေရှိလဲ ❓ဆိုတာလေးတွေကို တစ်ချက်လောက်ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။
------------------
✅ပထမဆုံးအနေနဲ့ IPv6 ရဲ့ History လေးကို အရင်ဆုံးပြောပြပေးပါမယ်ဗျ။ IPv6 ကို December 1998 မှာစတင်ပြီး Internet Engineering Task Force (IETF) ကနေ Draft version အနေနဲ့ Developed လုပ်ခဲ့ကြပါတယ်။

✅️June 6, 2012 မှာတော့ IPv6 ကိုတရားဝင် Deployed လုပ်နိုင်ခဲ့ကြပြီး July 14, 2017 မှာ တော့ IPv6 ကို Internet Standard တစ်ခုအနေနဲ့ အတည်ပြု ခဲ့ကြပါတယ်။

✅IPv4 နဲ့ IPv6 က ဘာတွေကွာသွားလဲဆိုရင် Address Range ကွာသွားပါတယ်ဗျ။ အရှင်းဆုံးပြောရရင် IPv4 မှာ IP Address အရေအတွက်က 👉4.3 billion👈 လောက်ထိ အသုံးပြုနိုင်ပြီးတော့ IPv6 မှာဆိုရင် IP Address အရေအတွက်က 👉340 undecillion👈 လောက်ထိ အသုံးပြုနိုင်ပါတယ်။

✅️အရင်က IPv4 Address နဲ့အဆင်ပြေခဲ့ပေမယ့် အခုနောက်ပိုင်းမှာ internet သုံးစွဲမှု များပြားလာတဲ့ အခါမှာတော့ IPv4 Address က enough မဖြစ်တော့ပဲ IPv6 ကိုပါ အသုံးပြုဖို့လိုအပ်လာတာပဲဖြစ်ပါတယ်။

⚠️IPv6 ကိုပြောင်းလဲအသုံးပြုဖို့အတွက်ဆိုရင် လက်ရှိ IPv4 နဲ့အသုံးပြုနေတဲ့ Devices တွေကို IPv6 feature support ပေးတဲ့ IOS License တင်ရတာမျိုုးတွေ၊ ဒါမှမဟုတ် IPv6 support ပေးတဲ့ devices အသစ်တွေ ဝယ်သုံးရတာမျိုးတွေ ရှိလာပါတယ်။

⚠️နောက်ထပ် ရှိလာတာကတော့ ကျွန်တော်တို့ IPv4 မှာအသုံးပြုနေတဲ့ OSPF version2, ARP တို့ ICMP version 4 တို့က IPv6 မှာ အလုပ်မလုပ်တော့ပါဘူး။

✅️အဲ့ဒီအတွက် IPv6 မှာအလုပ်လုပ်နိုင်တဲ့ OSPF version6 ၊ ICMP version 6 ၊ NDP တို့ကို သတ်မှတ်ပေးရတာမျိုးတွေပါရှိလာပါတယ်။

✅️IPv4 မှာ ကျွန်တော်တို့က devices တွေရဲ့ MAC Address ကိုရှာဖို့ အသုံးပြုတဲ့ Address Resolution Protocol (ARP) အစား IPv6 မှာဆိုရင် Neighbor Discovery Protocol (NDP) ကို အသုံးပြုပါတယ်။

💯Network သမားတိုင်းလိုလို တွေ့ကြုံရမှာကြောက်တဲ့ Broadcast storm ကို ဖြစ်ပေါ်စေတဲ့ Broadcast address ဟာဆိုရင် IPv6 မှာမရှိတော့ပါဘူး💯
-------------------
✅နောက်တစ်ချက်အနေနဲ့ IPv6 ရဲ့ Format ကိုဆက်ပြီး လေ့လာကြည့်ရအောင်ဗျာ။

✅️Binary အနေနဲ့ ပြောရမယ်ဆိုရင် IPv4 ဟာ 32 bits ရှိပြီး IPv6 ကတော့ 128 bits ရှိပါတယ်။

✅️နောက်တစ်ခု ကတော့ IPv6 ဟာ Hexadecimal Address တစ်ခုပဲဖြစ်ပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် IPv6 Address မှာဆိုရင်တော့ Numbers တွေနဲ့ Alphabets တွေပါ ပါဝင်မှာဖြစ်ပါတယ်။

✅️IPv6 Address မှာဆိုရင် 8 Groups ရှိပြီးတော့ Group တစ်ခု စီမှာတော့ 16 bits Hexadecimal digit 4 လုံးပါဝင်ပါတယ်။

📌IPv4 မှာဆိုရင် “.” လေးတွေနဲ့ ပိုင်းခြားထားပြီး IPv6 မှာဆိုရင်တော့ “:” လေးတွေနဲ့ပိုင်းခြားပြီးရေးပါတယ်။

✅️128 bits ရှိတဲ့ IPv6 ကို ပထမ 48 bits ရယ် ဒုတိယ 16 bits ရယ် နောက်ဆုံးကျန်တဲ့ 64 bits ဆိုပြီး 3 ပိုင်းခွဲလိုက်ပါတယ်။

✅️ပထမ 48 bits ကို တော့ Internet ပေါ်မှာ သွားနိုင်တဲ့ Global Routing prefix လို့ခေါ်ပါတယ်ဗျ။ ဒုတိယ 16 bits ကတော့ Subnet ID အဖြစ်သုံးဖို့ဖြစ်ပါတယ်။ နောက်ဆုံး 64 bits ကတော့ IPv6 အသုံးပြုဖို့ အတွက် host interfaces တွေအတွက်ပဲဖြစ်ပါတယ်။
--------------------
✅️ဆက်ပြီးတော့ ကျွန်တော်တို့ IPv6 Adress တွေကို ဘယ်လိုမျိုး ချုုံ့ရေးလို့ရမလဲဆိုတာကိုလေ့လာကြည့်ရအောင်ဗျာ။

✅IPv6 Address တစ်ခုကို ဉပမာ အနေနဲ့ ကြည့်ရအောင်ဗျာ။

👉2001:db08:3c4d:0015:0000:0000:1a2f:1a2b👈

🔰အပေါ်က IPv6 Address ကို shorten အနေနဲ့ရေးကြည့်ရအောင်ပါ။

👉2001:db08:3c4d:15::1a2f:1a2b👈

ဒီနေရာမှာ “0000” ပါတဲ့ continuous block နေရာကို “::” နဲ့ အစားထိုးရေးပြီး ရှေ့ဆုံးက “0” နဲ့စတဲ့နေရာတွေမှာလဲ “0” ကိုဖြုတ်ပြီးရေးနိုင်တာကိုလဲ သိထားရပါမယ်ဗျ။

✅နောက်ထပ် IPv6 Address တစ်ခုကို ဆက်ပြီးကြည့်ရအောင်ဗျာ။

👉2001:0000:0000:0015:0000:0000:1a2f:1a2b👈

🔰အပေါ်က IPv6 Address ကိုလဲ shorten အနေနဲ့ရေးကြည့်ရအောင်ဗျာ။

👉2001::15:0:0:1a2f:1a2b👈

📌ဒီနေရာမှာ သတိထားရမှာက “0000” ပါတဲ့ နေရာကို “::” နဲ့ရေးနိုင်ပေမယ့် one continuous block ကိုပဲ ရေးနိုင်တယ် ဆိုတာကိုသိထားရပါမယ်ဗျ။
----------------
✅နောက်ဆုံးတစ်ခု အနေနဲ့ IPv6 ရဲ့ Address Type တွေကို ဆက်ပြီးလေ့လာကြပါမယ်ဗျ။ အိုကေ ဒါဆိုရင် IPv6 မှာ ဘယ်လို Address Type တွေပါလဲဆိုရင်
💎Unicast
💎Multicast
💎Anycast ဆိုပြီး 3 မျိုးပါဝင်ပါတယ်။

📌Unicast မှာဆိုရင် တော့ နောက်ထပ် Type 3 ခုထပ်ပြီးပါရှိပါသေးတယ်။
✳Global Unicast Address
✳Unique Local Address
✳Link Local Address ဆိုပြီး ထပ်ရှိပါတယ်။

✅ပထမဆုံး Global Unicast Address (2000::/3) ကိုစပြီးပြောပြပေးပါမယ်။ IPv6 မှာ ရှိတဲ့ Global Unicast Address ဆိုတာက IPv4 မှာဆိုရင် Public Address နဲ့ဆင်တူပါတယ်။

📌Global Unicast Address က publicly route လုပ်နိုင်ပြီး Address Space လုံလုံလောက်လောက်ရှိတဲ့အတွက် NAT သုံးဖို့မလိုအပ်တော့ပါဘူး။

✅️ဒီနေရာမှာ Global Unicast Address Block က 2000::/3 ဆိုတာကတော့ Network Bits 3 bits ရှိတယ်ဆိုတာကို ဖော်ပြ ထားတာပဲဖြစ်ပါတယ်။

⚠ကို verify လုပ်ကျိချင်တယ် ဆိုရင်တော့ nslookup နဲ့ google ရဲ့ Public IPv4 နဲ့ IPv6 Address တွေကို ထောက်ကြည့်ပြီးတော့ သိနိုင်ပါတယ်ဗျ။

✅ဒုတိယတစ်ခု ဖြစ်တဲ့ Unique Local Address (FC00::/7) ကို ဆက်ပြီးလေ့လာကြည့်ပါမယ်။ IPv6 မှာ ရှိတဲ့ Unique Local Address ဆိုတာက IPv4 မှာဆိုရင် Public Address နဲ့ဆင်တူပါတယ်။

✅️IPv4 တုံးကလိုပဲ LAN တွေအချင်းချင်း ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုပါတယ်။ LAN တွေအချင်းချင်း route လုပ်ဖို့ အသုံးပြုနိုင်ပေမယ့် Global မှာတော့ route မလုပ်နိုင်ပါဘူး။

💎Unique Local Address Block က FC00::/7 ဖြစ်တဲ့အတွက် Network Bits 7 Bits ရှိတယ်လို့သိနိုင်ပါတယ်။

✅တတိယတစ်ခု အနေနဲ့ Link Local Address (FE80::/10) ဆိုတာကတော့ IPv4 မှာတုံးက APIPA လို့ခေါ်တဲ့ 169.254 နဲ့စတဲ့ Address တွေနဲ့ ဆင်တူပါတယ်။

📌Computer တွေမှာ Static IP လဲပေးမထားပဲ DHCP နဲ့ Connection မရှိတဲ့ အချိန်မျိုးမှာ Auto ကျလာတဲ့ Address တစ်ခုဖြစ်တဲ့ Link Local Address တွေကို Local LAN or Subnet တစ်ခုအတွင်းမှာပဲ ချိတ်ဆက်ဖို့ အသုံးပြုနိုင်ပါတယ်။

💎Link Local Address ကတော့ FE80 နဲ့စပြီး /10 ဖြစ်တဲ့အတွက် Network bits 10 bits ရှိတယ်လို့သိနိုင်ပါတယ်။

♻ကဲအခုဆိုရင်တော့ Unicast ထဲမှာပါဝင်တဲ့ Address Type 3 ခုအကြောင်းကို နားလည်လောက်ပြီလို့ ထင်ပါတယ်ဗျ။
------------------
💎နောက်ထပ်တစ်ခုကတော့ Multicast Address (FF00::/8) ဖြစ်တဲ့ Multicast Address ကို ဆက်ပြီးလေ့လာကြပါမယ်။

✅️IPv6 မှာရှိတဲ့ Multicast Address ကတော့ အရင် IPv4 မှာသုံးခဲ့တဲ့ Multicast နဲ့အတူတူ ပဲဖြစ်ပါတယ်။

📌IPv6 Multicast Address မှာတော့ Link Local Multicast (FE02::/16) လို့ခေါ်တဲ့ Multicast Address အကြောင်းကိုလဲ သိထားဖို့လိုပါတယ်ဗျ။

📌Link Local Multicast Address ကိုတော့ Router တစ်လုံးနဲ့ Direct connect လုပ်ထားတဲ့ Link တစ်ခုကိုပဲရောက်စေချင်တဲ့ အခါမျိုးမှာအသုံးပြုပါတယ်။

⚠️ဆိုလိုတာကတော့ router ကိုကျော်ပြီး မရောက်စေချင်တဲ့ အခါမျိုးမှာ Link Local Multicast Address ကိုအသုံးပြုပါတယ်။

✅နောက်ဆုံးတစ်ခုကတော့ Anycast Address (2000::/3) အကြောင်းကို ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။ Anycast Address ဆိုတာကတော့ Multicast နဲ့ သဘောတရား ဆင်တူပါတယ်။

✅️Anycast ကဘယ်လိုအလုပ်လုပ်သလဲဆိုရင် Multiple host တွေပေါ်မှာ Anycast Address 1 ခုတည်းကို သတ်မှတ်ပေးထားတာ မျိုးဖြစ်ပါတယ်။

✅️Router တွေကနေ Route လုပ်တဲ့အခါမှာတော့ Address 1 ခုကိုပဲ Route လုပ်မှာဖြစ်ပြီး သူနဲ့ အနီးဆုံးမှာရှိတဲ့ destination ဆီကို route ပေးတာဖြစ်တဲ့အတွက် Anycast Address ကို 👉one to nearest Address👈လို့ခေါ်ကြပါတယ်။

💎နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်တို့ IPv4 မှာဆိုရင် 172.0.0.1 ဆိုပြီးရှိတဲ့ Loopback Address လိုမျိုးပဲ IPv6 မှာဆိုရင်လဲ 👉 ::1 👈ဆိုပြီး ရှိတယ်ဆိုတာကိုလည်း မျှဝေ ပေးလိုက်ပါတယ်ဗျ။ 😁

😅နောက်ဆုံးတစ်ခုအနေနဲ့ ပြောရရင် နောက်ဆုံးတစ်ခုဆိုပြီး များနေပြီဆိုတာသိပေမယ့် တစ်ခုလေးကျန်နေသေးလို့ စိတ်ရှည်ပေးကြပါအုံးဗျာ😁 ကျွန်တော်ဘာကို ပြောပြချင်တာလဲဆိုတော့ IPv4 Address တွေကို Browser မှာ ရိုက်ထည့်တဲ့အခါ 👉 http://192.18.10.10 👈 ဆိုပြီး ရိုက်ထည့်ရ သလိုမျိုး IPv6 မှာဆိုရင်တော့

👉http://[ 2404:6800:4003:c06::8b]👈

ဆိုပြီး ရိုက်ထည့်လို့ရပါတယ်ဆိုတာလေးကို ပြောရင်း ဒီတစ်ခေါက် Sharing Section ကိုဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ဗျ။
--------------------
အခုလောက်ဆိုရင် IPv6 အကြောင်းအနည်းငယ်တော့ နားလည်သဘောပေါက် သွားမယ်လို့ မျှော်လင့်ပါတယ်ဗျ။

😃အဆုံးထိသည်းခံပြီး ဖတ်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာ။😃 အမှားပါသွားရင်လဲ ခွင့်လွှတ်ပါ။
---------------------
🙏အားလုံးကိုကျေးဇူးတင်စွာဖြင့်🙏
✍️ Htet Myat Htun (Network Engineer)
🏘itGateway Technology Group

28/12/2025

29/10/2025

New Position Unlocked! Left Winger (Inverted Winger)

10/08/2025

If the football was easy, they would call it works.

Cyber ချိန်းခြောက်မှုတွေဟာ Enterprise Company ကြီးတွေကိုသာမက စီပွားရေးရပ်ဝန်းအားလုံးကို သက်ရောက်မှု ရှိနိုင်ပါတယ်.Startu...
07/07/2025

Cyber ချိန်းခြောက်မှုတွေဟာ Enterprise Company ကြီးတွေကိုသာမက စီပွားရေးရပ်ဝန်းအားလုံးကို သက်ရောက်မှု ရှိနိုင်ပါတယ်.

Startup ပဲဖြစ်ဖြစ်၊ SME လုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊ လူကြီးမင်းတို့ရဲ့ Network and Data တွေဟာ Ransomware, Pushing, Mallard and Insider Threat စတဲ့ အရာတွေမှ အချိန်မရွေး တိုက်ခိုက်ခိုးယူခြင်း ခံရနိုင်ပါတယ်။

ဒါ့ကြောင့်လည်း itGateway အနေဖြင့် လုပ်ငန်းတိုင်းအတွက် ကိုယ့်ရဲ့ Network and Data တွေကို အပြည့်အဝကာကွယ်နိုင်ဖို့ FortGate Next Generation Firewall တွေကို Supporting ပေးနေပြီပဲ ဖြစ်ပါတယ်။

ဘာကြောင့် FortiGate Firewall တွေကို သုံးသင့်သလည်း ဆိုရင်တော့ အောက်ပါ အချက်အလက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
🚀 Real-time protection against advanced threats
🌐 Secure SD-WAN for hybrid work environments
🧠 AI-powered intrusion prevention & deep packet inspection
🔒 Zero Trust Network Access (ZTNA) enforcement
⚙️ Seamless scalability for growing businesses

🚨 FortiGate NGFW – Built for Every Business, Secured for Every Threat!
Looking to strengthen your network with trusted, next-gen firewall protection? 🌐
Whether you're a small office or a large enterprise, Fortinet's FortiGate lineup has a perfect fit for your security needs.

🔰 ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ FortiGate Firewall တွေကို မှာယူနိုင်သလို အောက်ကပုံတွေထဲမှာလည်း အသုံးများတဲ့ Models အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
➡️ G-Series: FG-50G | FG-70G | FG-80G | FG-120G | FG-200G
➡️ F-Series: FG-60F | FG-80F | FG-100F | FG-200F

📞 09899227010
📧 [email protected]
🌍 www.itgateway.org
☁️ www.itgatewaycloud.com

18/05/2025
16/03/2025

💎လုပ်ငန်းတိုင်ဟာ ကိုယ်ပိုင် Website လိုအပ်တာလည်း?💎
✅ယနေ့ Digital ခေတ်ကြီးထဲတွင် ကိုယ်ပိုင် Website မရှိသော လုပ်ငန်းတစ်ခုဟာ ဆိုင်းဘုတ်မရှိတဲ့ အရောင်းဆိုင် တစ်ခုနဲ့ တူနေမှာပဲ ဖြစ်ပါတယ်။

✅စိတ်ဝင်စားသူ၊ ဝယ်ယူမယ့်သူတွေဟာလည်း ကိုယ့်ရဲ့လုပ်ငန်းမှာ ဘာထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ရှိနေတယ်ဆို သိမှာ မဟုတ်တော့ပါဘူး။

📌ကိုယ်ပိုင် Website ရှိထားခြင်းဟာ ကိုယ့်ရဲ့ လုပ်ငန်းတစ်ခုကို အသေးစိတ်ရှင်းပြထားလို့ရသလို၊ ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ၊ လုပ်ငန်းလည်ပတ်နေပုံများ၊ Futures Plan များ၊ Vision & Mission များ၊ လုပ်ငန်းကို ပိုင်ဆိုင်တဲ့ Owner နှင့် ရင်းနှီးမြုပ်နှံထားသူများ၊ ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးစွဲနေကြတဲ့ အမာခံ Customers များ၊ Event and Activities များ စတာတွေကို ပြသထားလို့ ရနိုင်ပါတယ်။

✅လက်ရှိခေတ်မှာတော့ လုပ်ငန်းများဟာ အထက်မှာ ရှင်းပြထားတဲ့ ပုံမှန် Website များပြုလုပ်ထားရုံတင်မကပဲ Online ကနေ တိုက်ရိုက် ငွေပေးချေပြီး ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကိုပါ ရောင်းချနိုင်တဲ့ E-Commerce Websites များ၊ Service Portal များနှင့် Shopping Application များကိုပါ ဖန်တီးတည်ဆောက်လာကြပါပြီ။

✅ဒီလိုမျိုး Website များ၊ Ecommerce နှင့် Mobile Application များတည်ဆောက်ပြီး ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်လာကြတဲ့ အခါ ကိုယ့်ရဲ့ Business ဟာလည်း အဆပေါင်းများစွာ လျှင်မြန်စွာဖြင့် ကြီးထွားသွားနိုင်သလို၊ စားသုံးသူတွေဘက်ကကြည့်ရင်လည်း ဝယ်ယူသုံးစွဲရတာ ပိုမိုလွယ်ကူလျှင်မြန်ပြီး အသစ်အသစ်သော ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကိုပါ လုပ်ငန်းများဘက်က ပိုမို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

📰 Digital Assets အနေဖြင့် ထားရှိနိုင်ခြင်း 📰
✅နောက်ပြီး ကိုယ့်ရဲ့ ဖန်တီးထားတဲ့ Digital Version ဖြစ်တဲ့ Website များ နှင့် Mobile Application များဟာလည်း လုပ်ငန်းတစ်ခုရဲ့ Assets အနေဖြင့် သတ်မှတ်ထားနိုင်ပါသေးတယ်။

💵ကိုယ့်ရဲ့ လုပ်ငန်းကိုယ်စား Website တွေဟာ ၂၄ နာရီပတ်လုံး ရပ်တန့်စရာမလိုပဲ လည်ပတ်ပေးနေမှာဖြစ်ပြီး ဘယ်နေရာကနေပဲဖြစ်ဖြစ် Customers တွေ၊ စိတ်ဝင်စားသူတွေက လာရောက်လေ့လာ စမ်းသပ်သုံးစွဲ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

💵Sale Process တွေကို ကိုယ့်ရဲ့ Website အပေါ်မှာ Automation အထိဖြစ်အောင် ပြုလုပ်ထားနိုင်ပြီဆို Customers တွေက အလိုအလျှောက် ဝယ်ယူပြီး ငွေပေးချေနိုင်တာကြောင့် လုပ်ငန်းရဲ့ ဝင်ငွေတွေ အဆပေါင်းများစွာ တိုးပွားလာမှာပဲ ဖြစ်ပါတယ်။

💵ကိုယ့်ရဲ့ လုပ်ငန်းနှင့် သတ်ဆိုင်တာတွေကို ပုံမှန် Website ဆိုရင်လည်း UI Design ကောင်းကောင်း၊ Information စုံစုံလင်လင် နှင့် E-Commerce လို Website မျိုးဆိုရင်လည်း Function စုံစုံလင်လင် Performance ကောင်းကောင်းဖြင့် ဖန်တီးထားတဲ့ အခါ စိတ်ဝင်စားသူများ အတွက်လည်း လာရောက်လေ့လာနိုင်ပြီး ယုံကြည်မှုကိုပါ အမြန်ဆုံး ရရှိနိုင်ပါတယ်။

💎 Social Media Platform များအား အရမ်းအားကိုးနေစရာ မလိုတော့ခြင်း 💎
✅နောက်ထပ် အရေးကြီးတာကတော့ ကိုယ့်ရဲ့ လုပ်ငန်းအတွက် Marketing ကို Social Media တွေဖြစ်တဲ့ Facebook, Youtube, Tiktok နှင့် အခြား Platform တွေမှာကြီးပဲ အသားပေးလုပ်နေတာထပ်စာရင် ကိုယ်ပိုင် Website ထားရှိပြီး ကိုယ့်ရဲ့ Marketing Idea တွေ၊ Sale Plan တွေကိုလွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ပါတယ်။

✅Social Media တွေကတော့ လူအများနှင့် Shared ပြီး သုံးရတာကြောင့် ကန့်သတ်ချက်တွေ များလှပါတယ်။ ကိုယ့်ဘက်က တစ်ခုခု လွဲမှားသွားရင်လည်း အပိတ်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။

✅ကိုယ့်ရဲ့ Website ကြတော့ ကိုယ့်ပါသာ Full Control လုပ်ထားနိုင်တာကြောင့် လွတ်လပ်စွာ Inforamtion များ Data များကို ဖောင်ပြလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

💎 လုပ်ငန်းချဲ့ထွင်ရာတွင်လည်း လွယ်ကူမြန်ဆန်ခြင်း 💎
✅ကိုယ့်လုပ်ငန်းရဲ့ Process အများစုကို Website ပေါ်မှာတည်ဆောက်ထားတဲ့ လုပ်ငန်းဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာများကို ချဲ့ထွင်ရာမှာလည်း ပိုမိုလျှင်မြန် လွယ်ကူစွာ လုပ်ဆောင်နိုင်မှာပဲ ဖြစ််ပါတယ်။

✅Marketing နဲ့ဆိုင်တဲ့ Product or Services အသစ်တွေကို ပြချင်တာ၊ Product or Services အသစ်တွေကို လျှင်မြန်စွာ ရောင်းချချင်တာ စတဲ့ Process တွေကို အချိန်တိိုတိုအတွင်းမှာ ပြောင်းလည်း လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

💎ဒါ့ကြောင့် ကိုယ့်ရဲ့ လုပ်ငန်းမှာ Website မရှိသေးသူများသော်လည်းကောင်း၊ Website ရှိထားသော်လည်း ခေတ်နှင့်အညီ Upgrade လုပ်ချင်သူများ၊ E-commerce and Mobile Application အထိ ဖန်တီးပြီး Automation Process များအထိ ကိုယ့်ရဲ့လုပ်ငန်းကို ပြောင်းလည်း တိုးတက်ချင်သူများအနေနှင့် itGateway Software Development ကိုဆက်သွယ်ပြီး အကြံအဉာဏ်များကိုရယူခြင်း၊ ဝန်ဆောင်မှုများကိုပါ ရယူနိုင်ပါပြီ။

Website: https://www.itgateway.org
Contact: +959 899227010
Email: [email protected]

Storj
09/03/2025

Storj

02/03/2025

Workspace Setup for Remote Work

Address

No. 57-A, Laydaungkan Road, Thingangyun Township
Yangon
11410

Alerts

Be the first to know and let us send you an email when Alberto Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alberto Min:

Share