T-Ywkt - Business Development & Creative Media

T-Ywkt - Business Development & Creative Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T-Ywkt - Business Development & Creative Media, Social Media Agency, No. 239(B) Min Ye Kyaw Swar Street, Kyi Pwar Yae Qr,ThinGanGyun Township., Yangon.

"စီးပွားရေးလုပ်ငန်းများ ရေရှည်ခိုင်မာစွာ တိုးတက်အောင်မြင်စေရန် (Business Development) နှင့် ခေတ်ရှေ့ပြေးသော မီဒီယာဖန်တီးမှု (Creative Media) တို့ကို တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်ပံ့ပိုးပေးနေသည့် One Stop Agency တစ်ခု ဖြစ်ပါသည်။" ✨

05/08/2026

Habit ကို ပြောင်းဖို့ မကြိုးစားပါနဲ့။ Behavior တစ်ခုကိုပဲ ပြောင်းပါ။ Habit က နောက်က လိုက်လာပါလိမ့်မယ်။

"အလေ့အကျင့်တစ်ခုကို ပြောင်းရတာ ဘယ်လောက်ခက်လဲဆိုတာ လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။"

ဒါပေမယ့် Habit ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေတဲ့ Behavior တွေကနေ တဖြည်းဖြည်း ဖြစ်လာတာပါ။

ဒါကြောင့် Habit ကို ပြောင်းချင်ရင်

Behavior တစ်ခုကို အရင်ပြောင်းပါ။

အဲဒီ Behavior ကို

Knowledge နဲ့ နားလည်ပါ။

Desire ဆန္ဒရှိပါ။

Practice ကို နေ့တိုင်း လုပ်ပါ။

ဒီနေ့ ပြောင်းလိုက်တဲ့ Behavior တစ်ခုက
မနက်ဖြန်ရဲ့ Habit ဖြစ်လာပါလိမ့်မယ်။

01/08/2026

တူညီတဲ့ အခွင့်အရေးကို လူနှစ်ယောက် ရတယ်။
တစ်ယောက်က အခက်အခဲကို အကြောင်းပြချက်လုပ်တယ်။
နောက်တစ်ယောက်က သင်ယူစရာအဖြစ် မြင်တယ်။
ကွာခြားတာက အရည်အချင်း မဟုတ်ဘူး။
Attitude ပါ။
ဘဝက ကိုယ့်ကို ဘာပေးလဲဆိုတာထက် ကိုယ်က အဲဒါကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတာက ပိုအရေးကြီးတယ်။
အဲဒီအမြင်ကပဲ ကိုယ့်ရဲ့ Attitude ကို ဖော်ပြပါတယ်။
အသိပညာကို သင်ယူလို့ရတယ်။
အရည်အချင်းကို လေ့ကျင့်လို့ရတယ်။
ဒါပေမယ့် Attitude ကတော့ ကိုယ်တိုင် ရွေးချယ်ရတဲ့အရာပါ။
အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူရဲ့ ကွာခြားချက်က ကြုံရတဲ့အခြေအနေ မဟုတ်ပါဘူး။
တူညီတဲ့အခြေအနေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့ Attitude ကပဲ နောက်ဆုံးရလဒ်ကို ပြောင်းလဲပေးပါတယ်။

လူတွေမြင်ရတာက Final Video တစ်ပုဒ်ပါ။ဒါပေမယ့် အဲဒီစက္ကန့်အနည်းငယ်ရဲ့ နောက်ကွယ်မှာတော့ Planning၊ Direction၊ Lighting၊ Audi...
29/07/2026

လူတွေမြင်ရတာက Final Video တစ်ပုဒ်ပါ။

ဒါပေမယ့် အဲဒီစက္ကန့်အနည်းငယ်ရဲ့ နောက်ကွယ်မှာတော့ Planning၊ Direction၊ Lighting၊ Audio နဲ့ အသေးစိတ်တိုင်းကို ဂရုစိုက်ထားတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ကြိုးစားမှုတွေ ရှိနေပါတယ်။

ဒီတစ်ခေါက် Winning Lifeအတွက် ရိုက်ကူးရေးရဲ့ Behind the Scenes လေးကို မျှဝေပေးလိုက်ပါတယ်။

🎬 မကြာခင် ထွက်ရှိလာမယ့် Final Video မှာ ဒီကြိုးစားမှုတွေကို ဘယ်လို Visual Storytelling အဖြစ် မြင်တွေ့ရမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်) တွင် မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပြီး ကိုယ်စိတ်နှစ...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်) တွင် မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ T-Ywkt မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏

ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦးကို စတင်ဟောကြားခဲ့တဲ့ အလွန်ထူးမြတ်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဒီနေ့ဟာ တရားဓမ္မကို နားလည်သဘောပေါက်ခြင်း၊ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ခြင်းနဲ့ ဉာဏ်ပညာကို အခြေခံပြီး ဘဝကို ရှေ့ဆက်လျှောက်လှမ်းခြင်းရဲ့ အရေးပါမှုကို အမှတ်ရစေတဲ့ နေ့လည်း ဖြစ်ပါတယ်။

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏

🎁 အခမဲ့ Zoom MasterclassImproving Your PersonalityBecome Someone People Trust, Respect & Remember.လုပ်ငန်းခွင်မှာဖြစ်ဖြစ...
23/07/2026

🎁 အခမဲ့ Zoom Masterclass

Improving Your Personality

Become Someone People Trust, Respect & Remember.

လုပ်ငန်းခွင်မှာဖြစ်ဖြစ် လူမှုဆက်ဆံရေးမှာဖြစ်ဖြစ်
လူတွေက သင့်ရဲ့ ပညာအရည်အချင်းကို မတွေ့ခင် သင့်ရဲ့ Personality ကို အရင်တွေ့ကြပါတယ်။

ပထမဆုံး အထင်အမြင်

ပထမဆုံး ယုံကြည်မှု

ပထမဆုံး အခွင့်အရေး

ဒါတွေကို Personality ကပဲ ဆုံးဖြတ်ပေးပါတယ်။

လူအများစုက Personality ဆိုရင်
စကားပြောကောင်းတာ၊
ဝတ်စားဆင်ယင်မှု သပ်ရပ်တာ၊
လူချစ်လူခင်များတာကိုပဲ မြင်တတ်ကြပါတယ်။

ဒါပေမယ့်
Personality ဆိုတာ အပြင်ပန်းပုံရိပ်တစ်ခုထက် အများကြီး ပိုလေးနက်ပါတယ်။

လူတချို့က အရည်အချင်းရှိပေမယ့် အခွင့်အရေးမရကြဘူး။

တချို့ကတော့ အရည်အချင်းချင်း မကွာပေမယ့် လူတွေရဲ့ ယုံကြည်မှုကို ပိုရကြတယ်။

ကွာခြားချက်က Personality ပါ။

အရည်အချင်းက သင့်ကို တံခါးတစ်ချပ် ဖွင့်ပေးနိုင်ပါတယ်။

Personality ကတော့ အဲဒီတံခါးရဲ့ အခြားတစ်ဖက်ကို ဆက်လျှောက်နိုင်အောင် ကူညီပေးပါတယ်။

ဒါကြောင့်
ဒီ Masterclass က ခဏတာ စိတ်တက်ကြွသွားစေဖို့ ဖန်တီးထားတာ မဟုတ်ပါဘူး။

လူတွေ ယုံကြည်တဲ့သူ၊ လေးစားတဲ့သူ၊ အမှတ်ရနေတဲ့သူတစ်ယောက် ဖြစ်လာဖို့ လက်တွေ့အသုံးချနိုင်တဲ့ အတွေးအခေါ်၊ အသိပညာနဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🎯 ဒီ Masterclass မှာ သင် လေ့လာရမယ့် အကြောင်းအရာများ
✅ Personality ဆိုတာ တကယ်တော့ ဘာလဲ။
✅ Good Personality နဲ့ Bad Personality ရဲ့ ကွာခြားချက်များ။
✅ Inner Personality နဲ့ Outer Personality ကို ဘယ်လို ဟန်ချက်ညီညီ တည်ဆောက်မလဲ။
✅ Personality က Career, Leadership နဲ့ Relationship တွေအပေါ် ဘယ်လို သက်ရောက်သလဲ။
✅ ပိုကောင်းတဲ့ Personality ကို တည်ဆောက်ဖို့ နေ့စဉ် လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းများ။

🎓 Improving Your Personality (Online Free Masterclass)
👤 ဆွေးနွေးမည့်သူ – စာရေးဆရာ၊ Trainer Nyi Min Eain
📅 ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက် နှင့် ဩဂုတ်လ (၂) ရက် (တနင်္ဂနွေနေ့များ)
🕖 အချိန် – ည (၇:၀၀) မှ (၈:၃၀) နာရီ
💻 နေရာ – Zoom Live

📌 အခမဲ့ Masterclass ဖြစ်ပေမယ့် တက်ရောက်သူတိုင်းနဲ့ ထိရောက်စွာ ဆွေးနွေးနိုင်ဖို့ လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

📲 တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Telegram Channel ကို Join ထားပြီး Registration Form ကို အမြန်ဆုံး ဖြည့်သွင်းပေးပါ။

https://t.me/tywkttraining

🔖 လူဦးရေ အကန့်အသတ်ရှိတာကြောင့် စောစောစာရင်းပေးသွင်းထားဖို့ အကြံပြုပါတယ်။

💬 ဒီ Masterclass က သင့်အတွက် အကျိုးရှိမယ်လို့ ထင်ရင် အောင်မြင်ချင်တဲ့ မိတ်ဆွေတွေလည်း လက်မလွတ်ရအောင် ဒီ Post ကို Share ပေးခဲ့ပါ။

“Cb”မြန်မာ Online Shopping လောကမှာ အတွေ့ရအများဆုံး Comment တစ်ခု။Customer က ပစ္စည်းတစ်ခုကို သဘောကျတယ်။ဈေးနှုန်း မတွေ့ဘူး...
22/07/2026

“Cb”

မြန်မာ Online Shopping လောကမှာ အတွေ့ရအများဆုံး Comment တစ်ခု။

Customer က ပစ္စည်းတစ်ခုကို သဘောကျတယ်။

ဈေးနှုန်း မတွေ့ဘူး။

Comment မှာ ဝင်မေးတယ်။

“Price please”

Page က ပြန်ဖြေတယ်။

“Cb ပါရှင့်”

Customer က Messenger ထဲဝင်တယ်။

“မင်္ဂလာပါရှင့်။ လူကြီးမင်းကို ဘာများကူညီပေးရမလဲရှင့်” ဆိုတဲ့ Auto Reply တစ်ခု အရင်ရောက်လာတယ်။

Customer က ထပ်မေးတယ်။

“ဈေးဘယ်လောက်လဲ?”

ခဏစောင့်တယ်။

Seen မဖြစ်သေးဘူး။

နောက်ထပ် နာရီဝက်လောက်ကြာတော့

Customer က တခြားဆိုင်တစ်ဆိုင်ဆီ ရောက်သွားပြီ။

နောက်ဆုံး ဆိုင်ရှင်ဘက်မှာ ကျန်ခဲ့တာက

“Message တွေတော့ အများကြီးဝင်တယ်။ Order က မဖြစ်ဘူး”

ဆိုတဲ့ ပြဿနာ။

တကယ်တော့

Customer က မဝယ်ချင်တာလား?

ဒါမှမဟုတ်

ကိုယ်က ဝယ်ဖို့ ခက်အောင် လုပ်ထားတာလား?

---

Marketing မှာ လူတော်တော်များများက Customer ရအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ စဉ်းစားကြတယ်။

Ads Run မယ်။

Content တင်မယ်။

Influencer သုံးမယ်။

Live Sale လုပ်မယ်။

Customer ကို ကိုယ့် Page ဆီ ရောက်လာအောင် ပိုက်ဆံတွေ အများကြီးသုံးကြတယ်။

ဒါပေမယ့်

ရောက်လာပြီးသား Customer တစ်ယောက် ဝယ်ဖို့ ဘယ်လောက်လွယ်လဲ ဆိုတာကိုတော့ မေ့နေတတ်ကြတယ်။

ဈေးနှုန်းသိဖို့ Message ပို့ရတယ်။

Product Detail သိဖို့ ထပ်မေးရတယ်။

Stock ရှိ၊ မရှိ စောင့်ရတယ်။

ငွေပေးချေနည်း သိဖို့ ထပ်မေးရတယ်။

Order တင်ဖို့ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာကို ဖြည့်ရတယ်။

တစ်ဆင့်ပြီးတစ်ဆင့်

Customer က ကိုယ့်ဆီက ပစ္စည်းဝယ်ဖို့ အလုပ်တွေ ပိုလုပ်နေရတယ်။

ဒီအခက်အခဲသေးသေးလေးတွေကို Marketing မှာ Friction လို့ ခေါ်တယ်။

Friction တစ်ခုချင်းစီက ကြီးမားချင်မှ ကြီးမားမယ်။

ဒါပေမယ့် အများကြီး စုပြီးသွားတဲ့အခါ

ဝယ်ချင်တဲ့ Customer တစ်ယောက်ကို မဝယ်ဖြစ်အောင် လုပ်နိုင်တယ်။

---

စဉ်းစားကြည့်ပါ။

Customer တစ်ယောက်က ကိုယ့် Product ကို စိတ်ဝင်စားလာပြီ။

အဲ့ဒီအဆင့်ရောက်ဖို့ ကိုယ်က

Content ရိုက်ထားတယ်။

Design လုပ်ထားတယ်။

Ads ဖိုး သုံးထားတယ်။

အချိန်ပေးထားတယ်။

နောက်ဆုံး Customer က စိတ်ဝင်စားပြီး ရောက်လာတဲ့အချိန်မှာ

ဈေးနှုန်းသိဖို့တောင် သူ့ကို အလုပ်တစ်ခု ထပ်လုပ်ခိုင်းနေတယ်။

ဒီနေရာမှာ ဆိုင်ရှင်တွေဘက်က အကြောင်းပြချက်ရှိနိုင်ပါတယ်။

ပြိုင်ဘက်တွေ ဈေးသိသွားမှာစိုးလို့။

Customer ကို Messenger ထဲ ခေါ်ချင်လို့။

Conversation စချင်လို့။

ပစ္စည်းတစ်ခုချင်းစီ ဈေးနှုန်းမတူလို့။

ဒီလို Business Reason တွေ ရှိနိုင်ပါတယ်။

ဒါပေမယ့် Marketing ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ ကိုယ့်ဘက်က ဘာလိုချင်လဲဆိုတာတစ်ခုတည်းနဲ့ မကြည့်သင့်ပါဘူး။

Customer ဘက်က ဘာတွေ့ကြုံနေရလဲဆိုတာကိုပါ ကြည့်ရပါတယ်။

ကိုယ်က Message တစ်ခု ပိုရချင်လို့ Customer ကို Inbox ထဲ ခေါ်လိုက်တယ်။

ဒါပေမယ့် အဲ့ဒီ Process ကြောင့် Customer ၁၀ ယောက်ထဲက ၅ ယောက် ထွက်သွားတယ်ဆိုရင်

Message များလာတာက Marketing ကောင်းလာတာလား?

---

ဒီနေရာမှာ နားလည်ထားရမှာတစ်ခုရှိပါတယ်။

Customer တွေက အမြဲတမ်း ကိုယ့် Brand ကို ဝယ်ဖို့ပဲ စောင့်နေတာ မဟုတ်ပါဘူး။

သူတို့ဖုန်းထဲမှာ ကိုယ့်ပြိုင်ဘက်တွေ ရှိတယ်။

တခြား Page တွေ ရှိတယ်။

တခြားရွေးချယ်စရာတွေ ရှိတယ်။

ကိုယ့်ဆီမှာ အဆင့် ၅ ဆင့် ဖြတ်ရမယ့်အရာကို တခြားဆိုင်မှာ အဆင့် ၂ ဆင့်နဲ့ ဝယ်လို့ရရင်

Customer က ဘယ်ဘက်ကို သွားမလဲ?

တစ်ခါတလေ Customer က ကိုယ့် Product ကို မကြိုက်လို့ မဝယ်တာ မဟုတ်ဘူး။

ဈေးကြီးလို့လည်း မဟုတ်ဘူး။

ဝယ်ရတာ အလုပ်ရှုပ်လို့ မဝယ်ဖြစ်တာပါ။

---

💡 T-YWKT Insight

Marketing ဆိုတာ Customer ကို ကိုယ့်ဆီရောက်လာအောင် လုပ်တာတစ်ခုတည်း မဟုတ်ပါဘူး။

ရောက်လာပြီးသား Customer ကို ဝယ်ရလွယ်အောင် လုပ်ပေးတာလည်း Marketing ပါပဲ။

Ads က Customer ကို တံခါးရှေ့အထိ ခေါ်လာပေးနိုင်တယ်။

Content က တံခါးဖွင့်ပြီး ဝင်ကြည့်ချင်အောင် လုပ်ပေးနိုင်တယ်။

ဒါပေမယ့်

ဝယ်ဖို့ Process က ရှုပ်နေမယ်။

Reply က ကြာနေမယ်။

လိုအပ်တဲ့ Information တွေ ရှာရခက်နေမယ်။

Order တင်ဖို့ အဆင့်တွေ များနေမယ်ဆိုရင်

Customer ကို တံခါးရှေ့အထိ ခေါ်လာပြီး ကိုယ်တိုင် ပြန်လွှတ်နေတာနဲ့ မကွာပါဘူး။

ဒါကြောင့်

“Customer ပိုရအောင် ဘာလုပ်ရမလဲ?”

လို့ပဲ မမေးပါနဲ့။

တစ်ခါတလေ မေးသင့်တဲ့ မေးခွန်းက

“ရောက်လာပြီးသား Customer တွေကို ငါတို့က ဘယ်နေရာမှာ ဆုံးရှုံးနေတာလဲ?”

ဆိုတာ ဖြစ်နိုင်ပါတယ်။

Marketing က လူတွေကို အမြဲတမ်း ပိုခေါ်လာဖို့ မဟုတ်ဘူး။

တစ်ခါတလေ ရောက်လာပြီးသားသူတွေ ထွက်မသွားအောင် လမ်းရှင်းပေးဖို့ပါ။

Camera ရှေ့မှာ ပါဝင်ဖို့ စိတ်ဝင်စားလား? 🎬သရုပ်ဆောင် အတွေ့အကြုံ မရှိလည်း ရပါတယ်။Model ဖြစ်ဖို့လည်း မလိုပါဘူး။T-Ywkt ရဲ့ C...
18/07/2026

Camera ရှေ့မှာ ပါဝင်ဖို့ စိတ်ဝင်စားလား? 🎬

သရုပ်ဆောင် အတွေ့အကြုံ မရှိလည်း ရပါတယ်။

Model ဖြစ်ဖို့လည်း မလိုပါဘူး။

T-Ywkt ရဲ့ Content နဲ့ Video ရိုက်ကူးမှုတွေမှာ ပါဝင်ဖို့ Talent အသစ်တွေ ရှာနေပါတယ်။

အသက်အရွယ် မရွေးပါဘူး။

ရုပ်ရည်ချောမောဖို့လည်း အဓိက မဟုတ်ပါဘူး။

Camera ရှေ့မှာ ပါဝင်ကြည့်ချင်တယ်။

သရုပ်ဆောင်ရတာ စိတ်ဝင်စားတယ်။

ကိုယ့်မှာရှိတဲ့ Talent ကို ထုတ်ပြချင်တယ်ဆိုရင်

ကျွန်တော်တို့နဲ့ လာလက်တွဲလို့ရပါတယ်။

ရိုက်ကူးရမယ့် Project အလိုက် Talent Fee ပေးပါမယ်။

အဆင်ပြေတဲ့ Talent တွေနဲ့လည်း တစ်ခါရိုက်ပြီး ပြီးသွားတာမျိုး မဟုတ်ဘဲ နောက် Project တွေမှာ ဆက်ပြီး လက်တွဲသွားချင်ပါတယ်။

အတွေ့အကြုံ မရှိလို့ မလျှောက်ရဲတာမျိုး မဖြစ်ပါနဲ့။

လူတိုင်းက အတွေ့အကြုံမရှိတဲ့ နေရာကနေ စခဲ့ကြတာပါပဲ။

📩 ဘယ်လိုလျှောက်ရမလဲ?

ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်း၊ Filter မပါတဲ့ ပုံမှန်ဓာတ်ပုံနဲ့ အလှဓာတ်ပုံ ကို

[email protected] သို့ Email ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်။

📞 အသေးစိတ်ဆက်သွယ်ရန် — 09 757 372723

📅 လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် — July 29

အသက်အရွယ်၊ ကျား၊ မ၊ လူမျိုး၊ ဘာသာ မရွေးပါဘူး။

Camera ရှေ့မှာ ပါဝင်ဖို့ စိတ်ဝင်စားပြီး သင်ယူချင်စိတ်ရှိရင် လျှောက်ထားလို့ရပါတယ်။ 🎬

16/07/2026

လူတွေ သင့်နောက်ကွယ်မှာ ဘာပြောကြလဲ အဲဒါက သင့်ရဲ့ Personal Brand ပါ။

ကိုယ်မရှိတဲ့အချိန်မှာ
"ဒီလူကို ယုံလို့ရတယ်။"
"အလုပ်တွဲလုပ်လို့ အဆင်ပြေတယ်။"
"ကတိတည်တဲ့သူပါ။"

ဒီလို စကားတွေ ကြားရရင် အဲဒါက သင့်ရဲ့ Personal Brand ပဲ။

ဒါတွေက တစ်ရက်တည်းနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

နေ့တိုင်း ပြောတဲ့စကား၊ လုပ်တဲ့အလုပ်၊ လူတွေနဲ့ ဆက်ဆံတဲ့ပုံစံတွေကနေ တဖြည်းဖြည်း တည်ဆောက်လာတာပါ။

ဒီ Video မှာ Personal Brand အကြောင်းကို မျှဝေထားပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ Digital Marketing Agency တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ?“တစ်လကို Post ဘယ်နှပုဒ် တင်ပေးမှာလဲ?”“Video...
15/07/2026

လုပ်ငန်းရှင်တွေအနေနဲ့ Digital Marketing Agency တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ?

“တစ်လကို Post ဘယ်နှပုဒ် တင်ပေးမှာလဲ?”

“Video ဘယ်နှပုဒ် ရိုက်ပေးမလဲ?”

“Ads ပါ Run ပေးလား?”

“Package ဈေး ဘယ်လောက်လဲ?”

Agency ရှာတော့မယ်ဆိုရင် လုပ်ငန်းရှင်တွေ ပထမဆုံး မေးလေ့ရှိတဲ့ မေးခွန်းတွေပါ။

မေးလည်း မေးသင့်ပါတယ်။

ဒါပေမယ့်

ဒီမေးခွန်းတွေ မေးရုံနဲ့တင် ကိုယ့်လုပ်ငန်းအတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်မယ့် Agency ကို ရွေးနိုင်ပြီလား?

တစ်လကို Post ၂၀ တင်ပေးတဲ့ Agency က Post ၁၀ ပုဒ်ပဲ တင်ပေးတဲ့ Agency ထက် ပိုကောင်းတယ်လို့ တန်းပြောလို့ မရပါဘူး။

Video များများ ရိုက်ပေးတိုင်းလည်း Marketing ထိရောက်နေတာ မဟုတ်ပါဘူး။

Agency တစ်ခုကို ရွေးတဲ့အခါ

သူတို့ “ဘယ်လောက်များများ” လုပ်ပေးနိုင်လဲဆိုတာထက်၊ ကိုယ့် Business အတွက် “ဘာကြောင့်” ဒီအရာတွေကို လုပ်သင့်တာလဲဆိုတာ သေချာနားလည်ရဲ့လားဆိုတာ ပိုအရေးကြီးပါတယ်။

---

📌 ၁။ ကိုယ့် Business ကို အရင်နားလည်အောင် ကြိုးစားသလား?

Agency တစ်ခုနဲ့ Meeting စထိုင်တဲ့အခါ သတိထားကြည့်ပါ။

သူတို့က Service Package တွေကို အရင်ရောင်းနေတာလား?

ဒါမှမဟုတ်

ကိုယ့်လုပ်ငန်းအကြောင်းကို အရင်မေးနေတာလား?

Customer တွေက ဘယ်လိုလူတွေလဲ?

အဓိက ရောင်းနေရတဲ့ Product က ဘာလဲ?

ပြိုင်ဘက်တွေက ဘယ်သူတွေလဲ?

လက်ရှိ Marketing မှာ ဘာအခက်အခဲတွေ ရှိနေလဲ?

နောက် ၆ လ၊ ၁ နှစ်အတွင်းမှာ လုပ်ငန်းကို ဘယ်အခြေအနေအထိ ရောက်ချင်တာလဲ?

ဒီလိုမေးခွန်းတွေ တစ်ခုမှမမေးဘဲ

“ကျွန်တော်တို့ဆီမှာ တစ်လ Post ၁၅ ပုဒ်၊ Video ၅ ပုဒ်၊ Ads ပါ Run ပေးမယ့် Package ရှိတယ်”

ဆိုပြီး တန်းရောင်းနေပြီဆိုရင်တော့ ပြန်စဉ်းစားသင့်ပါတယ်။

လုပ်ငန်းတစ်ခုနဲ့ တစ်ခု ပြဿနာချင်း မတူပါဘူး။

ရောဂါကို သေချာမစစ်ဆေးဘဲ ဆေးတန်းပေးတာက မှန်ကန်တဲ့ ကုသမှုမဟုတ်သလို၊ ပြဿနာကို နားမလည်ဘဲ Solution တန်းပေးတာကလည်း မှန်ကန်တဲ့ Marketing Strategy မဟုတ်ပါဘူး။

📌 ၂။ လှရုံသက်သက် ဖန်တီးပေးနိုင်တာနဲ့ မလုံလောက်ပါဘူး။

Design တွေ လန်းတယ်။

Video တွေ Quality မိုက်တယ်။

Page ကြည့်လိုက်ရင် သေသပ်နေတယ်။

ဒါတွေ လိုအပ်ပါတယ်။

ဒါပေမယ့်

လှတိုင်း အလုပ်ဖြစ်တာ မဟုတ်ပါဘူး။

ဒီ Content ကို ဘယ်သူ့အတွက် ဖန်တီးတာလဲ?

ဘာ Message ပေးချင်တာလဲ?

Brand ကို လူတွေ ဘယ်လိုမြင်အောင် Positioning တည်ဆောက်ချင်တာလဲ?

ဖတ်ပြီး၊ ကြည့်ပြီးသွားရင် Customer ကို ဘာဆက်လုပ်စေချင်တာလဲ?

ဒီလိုမေးခွန်းတွေရဲ့ အဖြေမရှိဘဲ အပေါ်ယံလှတဲ့ Content တွေချည်းပဲ ဆက်တိုက်ထုတ်နေရင်

ကြည့်ကောင်းတဲ့ page တစ်ခုတော့ ရလာပါလိမ့်မယ်။

အလုပ်ဖြစ်တဲ့ Marketing System တစ်ခုတော့ ဖြစ်လာဦးမှာ မဟုတ်ပါဘူး။

📌 ၃။ “Result အာမခံတယ်” ဆိုတဲ့ စကားကို သတိထားပါ။

“တစ်လအတွင်း ရောင်းအား ၃ ဆ တက်စေရမယ်။”

“Follower တစ်သောင်း ပြည့်စေရမယ်။”

“ဒီ Budget သုံးရင် Customer ဘယ်လောက်ရမယ် အာမခံတယ်။”

ဒီလို Promise တွေက နားထောင်ရတာ အရမ်းကောင်းပါတယ်။

ဒါပေမယ့်

Marketing မှာ Result ကို Agency တစ်ခုတည်းက ရာခိုင်နှုန်းပြည့် ထိန်းချုပ်လို့ မရပါဘူး။

Product အရည်အသွေး ရှိတယ်။

ဈေးနှုန်း ရှိတယ်။

Customer Service ရှိတယ်။

ပြိုင်ဆိုင်မှု ရှိတယ်။

ဈေးကွက်အခြေအနေတွေ ရှိသေးတယ်။

Agency တစ်ခုက Strategy ကောင်းကောင်း ဆွဲပေးနိုင်တယ်။

စမ်းသပ်ပေးနိုင်တယ်။

Data တွေ ကြည့်ပြီး ပိုကောင်းလာအောင် ပြင်ဆင်ပေးနိုင်တယ်။

ဒါပေမယ့်

Agency ဘက်က ထိန်းချုပ်လို့မရတဲ့ အချက်တွေ အများကြီးရှိတဲ့ Result ကို လွယ်လွယ်နဲ့ အာမခံနေတယ်ဆိုရင်တော့

ဘယ်လိုအာမခံတာလဲဆိုတာ သေချာပြန်မေးသင့်ပါတယ်။

📌 ၄။ Report ထုတ်ပေးတာထက် Report ကို ရှင်းပြနိုင်သလား?

လကုန်ရင် Report တစ်စောင် ရောက်လာတယ်။

Reach ဘယ်လောက်တက်တယ်။

Engagement ဘယ်လောက်ရတယ်။

Click ဘယ်လောက်ရတယ်။

Follower ဘယ်လောက်တိုးတယ်။

နံပါတ်တွေ အများကြီး ပါပါလိမ့်မယ်။

ဒါပေမယ့် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တကယ်သိချင်တာက

“ဒါဆို ဘာတွေက အလုပ်ဖြစ်ခဲ့လဲ?”

“ဘာတွေက အလုပ်မဖြစ်ခဲ့ဘူးလဲ?”

“နောက်လအတွက် ဘာတွေ ဆက်ပြင်မလဲ?”

ဆိုတာပါပဲ။

Agency က Data ပေးနိုင်ရုံနဲ့ မလုံလောက်ပါဘူး။

အဲ့ဒီ Data တွေက ကိုယ့် Business အတွက် ဘာအဓိပ္ပာယ်ရှိလဲ၊ နောက်တစ်ဆင့် ဘာလုပ်သင့်လဲဆိုတာ ရှင်းပြနိုင်ဖို့လည်း လိုပါတယ်။

Report ရဲ့ တန်ဖိုးက နံပါတ်တွေ ဘယ်လောက်များလဲဆိုတာမှာ မရှိပါဘူး။

အဲ့ဒီနံပါတ်တွေကို ကြည့်ပြီး ဘာဆုံးဖြတ်ချက်ချနိုင်လဲဆိုတာမှာ ရှိပါတယ်။

📌 ၅။ ကိုယ့် Business နဲ့ “Chemistry” ကိုက်တဲ့ Agency ကို ရွေးပါ။

နာမည်အကြီးဆုံး Agency ဖြစ်ဖို့ မလိုပါဘူး။

Follower အများဆုံး ဖြစ်နေဖို့လည်း မလိုပါဘူး။

ကိုယ့် Budget နဲ့ အဆင်ပြေရဲ့လား?

Communication လုပ်ရတာ အဆင်ပြေလား?

ကိုယ့်လုပ်ငန်းနယ်ပယ်ကို လေ့လာဖို့ စိတ်ဝင်စားမှုရှိရဲ့လား?

ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို သေချာနားလည်ရဲ့လား?

ပြဿနာတစ်ခုခု တက်လာရင် ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရရဲ့လား?

Feedback တွေကို လက်ခံပြီး အတူတူ ပြင်ဆင်နိုင်သလား?

Marketing Agency နဲ့ အလုပ်လုပ်တာက Service တစ်ခုကို ဝယ်လိုက်တာသက်သက် မဟုတ်ပါဘူး။

ကိုယ့် Business ရဲ့ Marketing ကို အတူတူ ခေါင်းချင်းဆိုင် စဉ်းစားပေးမယ့် Partner တစ်ယောက်ကို ရွေးချယ်တာပါ။

💡 T-YWKT Insight

Digital Marketing Agency ရွေးတဲ့အခါ

“တစ်လကို ဘယ်နှပုဒ် တင်ပေးမလဲ?”

ဆိုတာကိုပဲ မမေးပါနဲ့။

“ဒီ Content တွေကို ဘာကြောင့် လုပ်မှာလဲ?”

“ဘယ်လို Customer ဆီကို ရောက်ချင်တာလဲ?”

“အလုပ်ဖြစ်၊ မဖြစ် ဘယ်လိုတိုင်းတာမလဲ?”

“မအောင်မြင်ရင် ဘာကို ပြန်ပြင်မလဲ?”

ဆိုတာတွေကိုပါ ထည့်မေးပါ။

Agency ကောင်းတစ်ခုရဲ့ တန်ဖိုးက

Content ဘယ်လောက်များများ ထုတ်ပေးနိုင်လဲဆိုတာအပေါ်မှာပဲ မူတည်မနေပါဘူး။

ကိုယ့်လုပ်ငန်းရဲ့ ပြဿနာကို နားလည်ပြီး Strategy တစ်ခု တည်ဆောက်ပေးနိုင်သလား?

လုပ်ပြီးသွားတာတွေကို Data နဲ့ ပြန်တိုင်းတာပြီး ဘာအလုပ်ဖြစ်လဲ၊ ဘာအလုပ်မဖြစ်လဲ နားလည်နိုင်သလား?

လိုအပ်ရင် Strategy ကို ပြန်ပြင်နိုင်သလား?

အဲ့ဒီနေရာတွေမှာ Agency တစ်ခုရဲ့ တန်ဖိုးကို ပိုမြင်ရပါတယ်။

Agency ကို ဈေးနှုန်းတစ်ခုတည်းနဲ့ မရွေးပါနဲ့။

ကိုယ့်လုပ်ငန်းကို နားလည်ဖို့ အချိန်ပေးမယ့်သူ၊ Partner အဖြစ် အတူတူ စဉ်းစားပေးမယ့်သူကို ရွေးချယ်ပါ။

ကိုယ့်လုပ်ငန်းအတွက် ဘယ်လို Marketing ပုံစံက သင့်တော်မလဲ မသေချာသေးဘူးဆိုရင် T-YWKT နဲ့ စကားပြောကြည့်လို့ရပါတယ်။

Package တွေ၊ ဈေးနှုန်းတွေအကြောင်း မပြောခင် လက်ရှိလုပ်ငန်းမှာ ဘာအခက်အခဲတွေ ရှိနေလဲ၊ ဘာကို ပြောင်းလဲချင်လဲဆိုတာ အရင်ထိုင်ပြီး ပြောကြည့်ကြတာပေါ့။

လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ Marketing ROI တွက်နည်း"ဒီလ Ads ဖိုး ၁၀ သိန်း သုံးလိုက်တယ်။""ရောင်းအား သိန်း ၃၀ ပြန်ဝင်တယ...
11/07/2026

လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ Marketing ROI တွက်နည်း

"ဒီလ Ads ဖိုး ၁၀ သိန်း သုံးလိုက်တယ်။"

"ရောင်းအား သိန်း ၃၀ ပြန်ဝင်တယ်။"

"ဒါဆို အမြတ် ၃ ဆ ရတာပေါ့။"

ခဏနေပါဦး။

တကယ်ပဲ အမြတ် ၃ ဆ ရတာ သေချာပြီလား?

လုပ်ငန်းရှင် တော်တော်များများ Marketing Result တွက်တဲ့အခါ မှားတတ်တဲ့အချက်တစ်ခု ရှိပါတယ်။

ရောင်းရငွေ (Revenue) နဲ့ အမြတ် (Profit) ကို ရောတွက်မိတာပါ။

သိန်း ၃၀ ရောင်းရတယ်ဆိုတာ သိန်း ၃၀ မြတ်တာ မဟုတ်ပါဘူး။

Product အရင်းရှိမယ်။

Packaging စရိတ်ရှိမယ်။

ရောင်းချမှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ တခြားကုန်ကျစရိတ်တွေ ရှိမယ်။

ပြီးတော့ Marketing အတွက် သုံးထားတဲ့ငွေလည်း ရှိပါသေးတယ်။

ဒါကြောင့်

ကိုယ်သုံးလိုက်တဲ့ Marketing Budget က တကယ်တွက်ခြေကိုက်ရဲ့လား?

သိချင်ရင် ROI ကို ကြည့်ရပါတယ်။

📌 ROI (Return on Investment ) ဆိုတာ ဘာလဲ?

ROI ဆိုတာကို ရှုပ်ရှုပ်ထွေးထွေး မစဉ်းစားပါနဲ့။

အလွယ်ဆုံးပြောရရင်

ကိုယ်စိုက်ထုတ်လိုက်တဲ့ ငွေပေါ်မှာ အမြတ်ဘယ်လောက် ပြန်ကျန်ခဲ့လဲဆိုတာ ကြည့်တာပါ။

တွက်နည်းက ရိုးရှင်းပါတယ်။

Marketing ROI = (Marketing Cost မနုတ်မီ အမြတ် − Marketing Cost) ÷ Marketing Cost × 100

ဥပမာ...

Facebook Ads ဖိုး ၁၀ သိန်း သုံးတယ်။

Ads ကနေ သိန်း ၃၀ ဖိုး ရောင်းရတယ်။

အပေါ်ယံကြည့်ရင်...

"၁၀ သိန်းသုံးပြီး သိန်း ၃၀ ရတယ်။ ၃ ဆပေါ့။"

လို့ ထင်စရာရှိပါတယ်။

ဒါပေမယ့်

Product အရင်း၊ Packaging စရိတ်နဲ့ ရောင်းချမှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကုန်ကျစရိတ်တွေ နုတ်လိုက်တော့

Marketing Cost မနုတ်ခင် ၁၅ သိန်းပဲ ကျန်တယ် ဆိုပါစို့။

ဒါဆို...

(၁၅ သိန်း − ၁၀ သိန်း) ÷ ၁၀ သိန်း × 100 = 50%

Marketing အတွက် ၁၀ သိန်း သုံးပြီး

Product အရင်းနဲ့ ရောင်းချမှုဆိုင်ရာ တိုက်ရိုက်ကုန်ကျစရိတ်တွေကိုပါ ထည့်တွက်လိုက်တဲ့အခါ အပိုအမြတ် ၅ သိန်း ကျန်ခဲ့တယ်။

ဒါကြောင့် Marketing ROI က 50% ဖြစ်ပါတယ်။

အဲ့ဒါကြောင့်

ရောင်းအား ၃ ဆဖြစ်တာနဲ့ အမြတ် ၃ ဆရတာ မတူပါဘူး။

📌 Marketing Cost ဆိုတာ Ads ဖိုးတစ်ခုတည်းလား?

မဟုတ်ပါဘူး။

Ads ဖိုး ၁၀ သိန်းသုံးပြီး

"ဒီလ Marketing အတွက် ၁၀ သိန်းပဲ ကုန်တယ်"

လို့ တန်းတွက်လို့ မရပါဘူး။

Content ရိုက်ထားလား?

Agency ငှားထားလား?

Influencer သုံးထားလား?

Marketing Tools တွေအတွက် ပိုက်ဆံပေးထားလား?

ဒါတွေ အားလုံးကလည်း Marketing Cost တွေပါပဲ။

ဥပမာ

Ads ဖိုး = ၁၀ သိန်း

Content Production = ၅ သိန်း

Agency Fee = ၅ သိန်း

ဒါဆို Marketing အတွက် သုံးထားတာ ၁၀ သိန်း မဟုတ်တော့ပါဘူး။

သိန်း ၂၀ ဖြစ်သွားပါပြီ။

ကိုယ်သုံးထားတဲ့ စရိတ်ကို အပြည့်မတွက်ဘဲ ROI တွက်နေရင်

ကိုယ့် Marketing က တကယ်အမြတ်ရနေတာလား၊ အရှုံးပေါ်နေတာလားဆိုတာ မှန်မှန်သိနိုင်မှာ မဟုတ်ပါဘူး။

💡 T-YWKT Insight

Like ဘယ်လောက်ရလဲ။

View ဘယ်လောက်တက်လဲ။

Message ဘယ်လောက်ဝင်လဲ။

ဒီ Data တွေ အရေးမကြီးဘူးလို့ မပြောပါဘူး။

အရေးကြီးပါတယ်။

ဒါပေမယ့်

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ နောက်ဆုံးမှာ ပြန်မေးရမယ့် မေးခွန်းက တစ်ခုပဲရှိပါတယ်။

"ငါသုံးလိုက်တဲ့ငွေက လုပ်ငန်းအတွက် တကယ် ဘယ်လောက် Value ပြန်ဖန်တီးပေးနိုင်ခဲ့လဲ?"

ဆိုတာပါ။

Marketing က Brand ကို ဘယ်လောက်ခိုင်မာလာစေလဲဆိုတာ ကြည့်ရမယ်။

တစ်ဖက်မှာလည်း ကိုယ်သုံးလိုက်တဲ့ Marketing Budget က တကယ်တွက်ခြေကိုက်ရဲ့လားဆိုတာ ROI နဲ့ ပြန်တိုင်းတာရမယ်။

တိုင်းတာမထားရင် မှန်းဆရ ခက်မယ်။

Data ရှိရင် ဆုံးဖြတ်လို့ရမယ်။

Marketing Budget ကို သုံးပြီး မေ့မထားပါနဲ့။

ဘယ်လောက်သုံးခဲ့လဲ၊ ဘယ်လောက်ပြန်ရခဲ့လဲ၊ တကယ်ရော တွက်ခြေကိုက်ရဲ့လားဆိုတာ ပြန်တိုင်းတာပါ။

Address

No. 239(B) Min Ye Kyaw Swar Street, Kyi Pwar Yae Qr,ThinGanGyun Township.
Yangon

Alerts

Be the first to know and let us send you an email when T-Ywkt - Business Development & Creative Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share