Zed Myanmar

Zed Myanmar Digital Marketing Agency & IT Solutions

ChatGPT,  Gemini စတဲ့ AI Tool တွေနဲ့ Content တွေစက္ကန့်ပိုင်းအတွင်း ဖန်တီးလို့ရနေတဲ့ခေတ်မှာ ကိုယ့် Business ကရလဒ်တွေတကယ်...
12/08/2026

ChatGPT, Gemini စတဲ့ AI Tool တွေနဲ့ Content တွေစက္ကန့်ပိုင်းအတွင်း ဖန်တီးလို့ရနေတဲ့ခေတ်မှာ ကိုယ့် Business ကရလဒ်တွေတကယ်ရောတက်လာရဲ့လား?

အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းတော်တော်များများ AI သုံးပြီး Posts တွေရေးကြတယ်၊ Image တွေထုတ်ကြတယ်။ ဒါပေမဲ့ AI ဆိုတာ စနစ်တကျအချက်အလက်စုစည်းပေးရုံပဲလုပ်ပေးနိုင်တာပါ။ Customer တစ်ယောက်ရဲ့ Pain Point, Emotion နဲ့ Trustကိုတော့ AI ထက် Human Touch ကပဲပိုမိုထိရောက်အောင်စွဲဆောင်နိုင်ပါတယ်။

ဒါဆိုရင် AI Tool တွေသုံးပြီး Marketing လုပ်ရုံနဲ့ ဘာလို့ Sales မတက်သေးတာလဲ?

1.Brand Voice မရှိခြင်း
နေရာတိုင်းမှာတွေ့နေရတဲ့ စာသားပုံစံအတိုင်းပဲဖြစ်နေလို့ ကိုယ့် Brand ရဲ့ သီးသန့်အငွေ့အသက်ကပျောက်နေလို့ပါ

2.Deep Empathy
Myanmar Market ရဲ့ အောက်ခြေမှန်သမျှ ရင်းနှီးစိမ့်ဝင်နေတဲ့ လူမှုရေး/စီးပွားရေး ခံစားချက်ကို AI ကကောင်းစွာမသိနိုင်ပါဘူး

3.Strategy မပါခြင်း
Content တွေဘယ်လောက်ပဲ အများကြီးထွက်နေပါစေ တကယ့် Sales Funnel ထဲသွင်းမယ့် Direction မပါရင် Sales အဖြစ်မပြောင်းလဲနိုင်လို့ပါ

AI ကို Tool တစ်ခုအနေနဲ့ထိရောက်စွာကူညီခိုင်းပါ၊ ဒါပေမဲ့ Brand ရဲ့ Emotion & Strategy ပိုင်းကိုတော့ ကျွမ်းကျင်တဲ့ Marketing Team နဲ့ သေချာတည်ဆောက်ဖို့လိုအပ်ပါတယ်။

ZED Myanmar Digital Marketing Agency မှာဆိုရင် AI ရဲ့ မြန်ဆန်မှုကို Human Expertise ရဲ့ Creative Strategy နဲ့ ပေါင်းစပ်ပြီးရလဒ်ထွက်တဲ့ Campaigns များကိုဖန်တီးပေးနေပါတယ်။

Meta က အကောင့်တုနဲ့ လိမ်လည်မှုတွေကို တားဆီးဖို့ Facebook Verified Badge စနစ်သစ် မိတ်ဆက်လိုက်တာကြောင့် ငွေပေးသုံးရတဲ့ Met...
31/07/2026

Meta က အကောင့်တုနဲ့ လိမ်လည်မှုတွေကို တားဆီးဖို့ Facebook Verified Badge စနစ်သစ် မိတ်ဆက်လိုက်တာကြောင့် ငွေပေးသုံးရတဲ့ Meta Verified နဲ့ ဘာကွာသလဲဆိုတာ ဝေခွဲမရဖြစ်နေကြပါတယ်။ အဓိကအားဖြင့် ဒီနှစ်ခုဟာ ကုန်ကျစရိတ်၊ ရရှိမယ့်ဝန်ဆောင်မှုနဲ့ သုံးစွဲနိုင်တဲ့အကောင့်အမျိုးအစားတွေမှာ ကွာခြားမှုရှိပါတယ်။

လစဉ်ကြေးပေးရတဲ့ Meta Verified ဟာ စီးပွားရေး Page တွေ၊ Professional Mode အကောင့်တွေနဲ့ Creator တွေအတွက်ဖြစ်ပြီး၊ အပြာရောင် Badge အပြင် Customer Support နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်၊ အကောင့်တုကာကွယ်ရေးနဲ့ Reach မြှင့်ပေးတဲ့ Features များပါရရှိပါတယ်။ အခမဲ့ Facebook Verified Badge ကတော့ သာမန် Personal Profile တွေအတွက်သာ ဖြစ်ပြီး၊ Selfie Video နဲ့ အတည်ပြုရုံနဲ့ အကောင့်နောက်ကွယ်မှာ လူအစစ်ရှိကြောင်း သက်သေပြပေးတဲ့ Badge အမည်းသက်သက်သာဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် အခမဲ့ Badge ဟာ Marketplace နဲ့ Groups တွေမှာ သာမန်အသုံးပြုသူအချင်းချင်း ယုံကြည်မှုရစေဖို့ ရည်ရွယ်ပြီး၊ Meta Verified ကတော့ Brand ခိုင်မာမှု၊ အကောင့်လုံခြုံရေးနဲ့ Business Growth အတွက် ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။

သင့် Business အတွက် မှန်ကန်တဲ့ Social Media Strategy တွေကို အကောင်အထည်ဖော်ချင်ရင်တော့ Zed Digital Marketing Agency ထံအခုပဲဆက်သွယ်တိုင်ပင်လိုက်ပါ။ 💙

ယနေ့ကျရောက်သော ဝါဆိုလပြည့် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ Zed Myanmar မိသား...
29/07/2026

ယနေ့ကျရောက်သော ဝါဆိုလပြည့် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ Zed Myanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်

#ဝါဆိုလပြည့်

Discount ပေးမှ ရောင်းရတဲ့ သံသရာထဲက ဘယ်လိုထွက်မလဲ?Discount ပေးတုန်းပဲလူဝယ်တယ်၊ ဈေးပုံမှန်ပြန်တင်လိုက်ရင် အရောင်းပြန်အေးသွ...
28/07/2026

Discount ပေးမှ ရောင်းရတဲ့ သံသရာထဲက ဘယ်လိုထွက်မလဲ?

Discount ပေးတုန်းပဲလူဝယ်တယ်၊ ဈေးပုံမှန်ပြန်တင်လိုက်ရင် အရောင်းပြန်အေးသွားတယ်ဆိုတဲ့ သံသရာထဲမှာပိတ်မိနေပါသလား? 💸 discount ခကြာခဏပေးတာဟာ ရေတိုမှာအရောင်းတက်နိုင်ပေမဲ့ ရေရှည်မှာတော့ Brand ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး Profit Margin ကိုပျက်စီးစေပါတယ်။

ဒါဆိုရင် ဈေးမလျှော့ဘဲ ရောင်းရအောင် Brand Value ဘယ်လိုတည်ဆောက်မလဲ?

1️⃣ Problem-Solving Content တွေကို ဦးစားပေးပါ
Customer ကဈေးသက်သာတာထက် သူတို့ရဲ့ ပြဿနာကိုအထိရောက်ဆုံး ဖြေရှင်းပေးနိုင်တဲ့ ပစ္စည်း/ဝန်ဆောင်မှုကိုပဲ ပိုပြီးတန်ဖိုးထားကြပါတယ်။

2️⃣ Unique Selling Proposition (USP) ကို ခိုင်မာအောင်ပြပါ
ပြိုင်ဘက်တွေဆီမှာမရနိုင်ဘဲ ကိုယ့် Brand ဆီမှာပဲရနိုင်တဲ့ထူးခြားချက်ကို ရှင်းရှင်းလင်းလင်းတင်ဆက်ပါ။

3️⃣ Brand Storytelling နဲ့ ယုံကြည်မှုတည်ဆောက်ပါ
Customer တွေနဲ့ ရေရှည်သံယောဇဉ်ဖြစ်စေမယ့် Brand Story တွေ၊ Review တွေနဲ့ Case Study တွေကို ပုံမှန်ဝေမျှပေးပါ။

ဈေးနှုန်းအပြိုင်အဆိုင် လျှော့ရောင်းရတဲ့အခြေအနေကနေ ရေရှည်ခိုင်မာတဲ့ Brand Identity တစ်ခုဆီပြောင်းလဲဖို့ အချိန်တန်ပါပြီ။

သင့် Business ကို Brand Value မြှင့်တင်ပြီးရေရှည်အောင်မြင်ချင်တယ်ဆိုရင် Zed Digital Marketing Agency က ကူညီပေးဖို့ အသင့်ရှိပါတယ်။ 🚀

Organic Reach ကျနေတာ Facebook Algorithm ကြောင့်လား ကိုယ့် Content ကြောင့်လား?Facebook ကပို့စ်တွေကို Reach မပေးတော့တာပါလိ...
23/07/2026

Organic Reach ကျနေတာ Facebook Algorithm ကြောင့်လား ကိုယ့် Content ကြောင့်လား?

Facebook ကပို့စ်တွေကို Reach မပေးတော့တာပါလို့ အလွယ်တကူပုံချလေ့ရှိကြပေမဲ့ တကယ်တော့ Algorithm တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Content Strategy မှာ ဒါတွေလိုအပ်နေတာလားဆိုတာပြန်စစ်ကြည့်ဖို့လိုပါတယ်။

💡 Organic Reach ပြန်တက်လာစေဖို့ ပြန်လည်ဆန်းစစ်ရမယ့် (၃) ချက်

1️⃣ Audience ကြိုက်တဲ့ Content ဖြစ်ရဲ့လား?

ကိုယ်ပြောချင်တာချည်းပဲတောက်လျှောက်တင်နေရင် Engagement ကျလာမှာပဲဖြစ်ပါတယ်။ Customer တွေသိချင်တဲ့အကြောင်းအရာ၊ သူတို့အတွက်အကျိုးရှိမယ့်ပညာပေး သို့မဟုတ် အဖြေရှာပေးတဲ့ Content တွေကိုပိုတင်ပေးပါ။

2️⃣ Engagement ရအောင် ဆွဲဆောင်နိုင်ရဲ့လား?

Facebook Algorithm က Comment, Share နဲ့ Save များတဲ့ပို့စ်တွေကိုပိုပြီး Reach ပေးလေ့ရှိပါတယ်။ ပို့စ်ရဲ့အဆုံးမှာမေးခွန်းတိုလေးတွေ မေးတာ၊ ဆွေးနွေးစေတာမျိုးလုပ်ပေးပါ။

3️⃣ Format စုံစုံလင်လင် သုံးရဲ့လား?

ပုံတစ်ပုံတည်း သို့မဟုတ် စာချည်းပဲတင်မယ့်အစား Reels Carousel တွေကို စမ်းသပ်သုံးစွဲပါ။
အမြဲပြောင်းလဲနေတဲ့ Algorithm ကိုအမီလိုက်နိုင်ဖို့ဆိုတာ န်ကန်တဲ့ Content Strategy ရှိဖို့ လိုပါတယ်။

သင့် Brand ရဲ့ Organic Reachကို ပြန်လည်မြှင့်တင်ချင်တယ်ဆိုရင်တော့ Zed Digital Marketing Agency ထံအခုပဲ မေးမြန်းတိုင်ပင်လိုက်ပါ! ✨

သူများ Page တွေမှာ ဗီဒီယိုလေးတစ်ခု တင်လိုက်ရုံနဲ့ View တွေ သန်းချီတက်ပြီး ပေါက်သွားတာမြင်တော့ ကိုယ့် Brand မှာလည်းအလားတူ...
17/07/2026

သူများ Page တွေမှာ ဗီဒီယိုလေးတစ်ခု တင်လိုက်ရုံနဲ့ View တွေ သန်းချီတက်ပြီး ပေါက်သွားတာမြင်တော့ ကိုယ့် Brand မှာလည်းအလားတူလိုက်လုပ်ကြည့်ဖူးကြတယ်ဟုတ်?

ဒါပေမဲ့သူများတွေဆီမှာ အလုပ်ဖြစ်တဲ့ Trend က ကိုယ့်ဆီကျမှ ဘာရလာဒ်မှ ထွက်မလာဘဲ အချိန်ကုန်လူပင်ပန်း ဖြစ်ကျန်ခဲ့တာပါပဲ။ဘာလို့ ဒီလို ဖြစ်ရတာလဲ? Zed Myanmar ကနေ နေ့စဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေအရ အဓိက အကြောင်းရင်း ၃ ချက်ကို မျှဝေပေးချင်ပါတယ်။

1.Target Audience မတူခြင်း
သူများ Page ရဲ့ ပရိသတ်တွေ သဘောကျတဲ့ အကအခုန်၊ ဟာသ Trend တွေက ကိုယ့်လုပ်ငန်းရဲ့ Customer တွေ ဖြစ်တဲ့ လုပ်ငန်းရှင်တွေ သို့မဟုတ် Professional တွေအတွက် စိတ်ဝင်စားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ကိုယ့် Customer ကဘာကို လိုချင်တာလဲဆိုတာသိဖို့ကအဓိကပါ။

2. Brand Identity ပျောက်ဆုံးသွားခြင်း
Trend ဖြစ်တိုင်းလိုက်လုပ်လွန်းရင် ကိုယ့် Brand ရဲ့ တကယ့်တန်ဖိုးနဲ့ ရောင်းချင်တဲ့ product ကနောက်ကွယ်မှာ ပျောက်သွားတတ်ပါတယ်။ Customer တွေက ကိုယ့် Page ကို လာကြည့်တဲ့အခါဖျော်ဖြေရေး Page လား၊ စီးပွားရေး Page လားဝေခွဲမရဖြစ်သွားနိုင်ပါတယ်။

3. Copy ကူးရုံပဲ ဖြစ်ပြီး Context မပါခြင်း
သူများတွေပေါက်သွားတဲ့ ဗီဒီယိုတွေရဲ့နောက်ကွယ်မှာ Strategy ရှိပါတယ်။ အဲဒီ Strategy ကိုနားမလည်ဘဲအပေါ်ယံပုံစံတင် လိုက်ကူးချတာကရေရှည်အတွက်အလုပ်မဖြစ်ပါဘူး။

သူများနောက်ကိုလိုက်နေမယ့်အစား ကိုယ့်လုပ်ငန်းရဲ့ အားသာချက်ကို အခြေခံပြီးကိုယ်ပိုင် Content Pillar ခိုင်ခိုင်မာမာနဲ့သွားတာကမှ ရေရှည်မှာတကယ့် Customer အစစ်အမှန်တွေကိုသယ်ဆောင်လာပေးမှာပါ

သင့် Brand နဲ့ တကယ်ကိုက်ညီပြီး ရောင်းအားတက်စေမယ့် Content Strategy ကို စနစ်တကျ ရေးဆွဲချင်တယ်ဆိုရင်တော့ Zed Myanmar ကို အခုပဲ Message ကနေတစ်ဆင့် ဆက်သွယ်တိုင်ပင်နိုင်ပါပြီ။ 📥

ဖုန်းထဲကနေ Boost ခလုတ်လေးနှိပ်လိုက်ရုံပဲဟာ ဘာလို့ Agency ကိုပိုက်ဆံပေးပြီး အပ်နေဦးမှာလဲလို့ လုပ်ငန်းရှင်တော်တော်များများ...
15/07/2026

ဖုန်းထဲကနေ Boost ခလုတ်လေးနှိပ်လိုက်ရုံပဲဟာ ဘာလို့ Agency ကိုပိုက်ဆံပေးပြီး အပ်နေဦးမှာလဲလို့ လုပ်ငန်းရှင်တော်တော်များများတွေးလေ့ရှိကြပါတယ်။ ဒါပေမဲ့တကယ်တမ်း campaign တွေ Run ကြည့်တဲ့အခါကျမှ ဒေါ်လာတွေသာကုန်သွားတယ်၊ Like ပဲရပြီးအော်ဒါမတက်ဘူးဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့တယ်။

တကယ်တော့ ဖုန်းထဲကနေ Boost ခလုတ်နှိပ်တာဟာ အပေါ်ယံ Engagement တွေရဖို့အတွက်ပဲအဆင်ပြေတာများပြီး တစ်ဖက်မှာတော့ Agency တွေက Ads Manager ထဲကနေတကယ့်ဝယ်လိုအားရှိမယ့်သူတွေဆီ ရောက်အောင် အသေးစိတ် Target ချိတ်ဆက်ပြီး ကြော်ငြာပေးတာဖြစ်ပါတယ်။ကြော်ငြာတစ်ခုကို တွေ့တွေ့ချင်းဝယ်မယ့်သူကရှားတာကြောင့် အေဂျင်စီတွေက လူတွေစိတ်ဝင်စားအောင်လုပ်မယ့်အဆင့်ကနေ ဝယ်ယူလာအောင် တွန်းအားပေးမယ့်အဆင့်အထိ Strategy နဲ့ စနစ်တကျသွားတာကြောင့် ကြော်ငြာခဖြုန်းတီးရာမရောက်တော့ပါဘူး။ ဒါ့အပြင်ကြော်ငြာတစ်ခု အလုပ်မဖြစ်တဲ့အခါ ကိုယ်တိုင်လုပ်ရင်ဘာကြောင့်လဲဆိုတာ အဖြေရှာရခက်တတ်ပေမဲ့ Agency ကတော့ CTR တို့ CPC တို့လို Data တွေကိုနေ့စဉ်စစ်ဆေးပြီး ပိုကောင်းအောင် ချက်ချင်းပြောင်းလဲပေးနိုင်ပါတယ်။

ကိုယ်တိုင် Boost တာကအချိန်တိုအတွင်း Page လေး လှုပ်ရှားနေရုံအတွက် အဆင်ပြေနိုင်ပေမဲ့ စနစ်တကျ Brand တည်ဆောက်ပြီး ရောင်းအားတိုးတက်ချင်တယ်ဆိုရင်တော့ အေဂျင်စီတစ်ခုရဲ့ Expert အကြံဉာဏ်နဲ့ လက်တွဲတာက ရေရှည်မှာပိုပြီးတွက်ခြေကိုက်ပါတယ်။ သင့်လုပ်ငန်းရဲ့ Marketing Budget ကို အလေအလွင့်မရှိ ထိရောက်စွာအသုံးချချင်တယ်ဆိုရင်တော့ Zed Myanmar ရှိတာမို့ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ အခုပဲ Page Messenger ကနေ ဆက်သွယ်လိုက်ပါ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Social Media Platform တွေရဲ့ Algorithm အလုပ်လုပ်ပုံဟာ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။အရင်ကတော...
02/07/2026

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Social Media Platform တွေရဲ့ Algorithm အလုပ်လုပ်ပုံဟာ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။အရင်ကတော့ Page တစ်ခုရဲ့ Post တွေ Reach တက်ဖို့အတွက် Like, Comment နဲ့ Tag လုပ်တာမျိုး Engagement ရှိရင်လုံလောက်ခဲ့ပေမယ့်အခုခေတ်မှာတော့ Algorithm တွေက Shareability မျှဝေလိုစိတ်ဖြစ်ပေါ်စေခြင်းကိုအဓိက ဦးစားပေးပြီး အမှတ်ပေးနေကြပါပြီ။ ဒါဟာ content ဖန်တီးသူတွေနဲ့ လုပ်ငန်းရှင်တွေမဖြစ်မနေ သိထားရမယ့် အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

ဘာလို့ Algorithm တွေက Share တဲ့အချက်ကို ပိုပြီး တန်ဖိုးထားလာရတာလဲဆိုရင် အပေါ်ယံ Like ပေးတာ ဒါမှမဟုတ် Comment ရေးတာထက် မိမိမြင်လိုက်ရတဲ့ Post တစ်ခုကိုတခြားသူတစ်ယောက်ဆီ (အထူးသဖြင့် Messenger သို့မဟုတ် Viber ကဲ့သို့ Chat Box များမှတစ်ဆင့် တိုက်ရိုက်) မျှဝေလိုက်ခြင်းက ပိုပြီး နက်ရှိုင်းတဲ့ စိတ်ဝင်စားမှုကို ပြသလို့ပါပဲ။ Marketing လောကမှာ ဒါကို Dark Social Share လို့ ခေါ်ပြီး စာဖတ်သူက ဒီ content ဟာ တကယ်ကိုတန်ဖိုးရှိလို့သူ့မိတ်ဆွေတွေကိုပါ သိစေချင်တယ်ဆိုတဲ့ အရည်အသွေးအကောင်းဆုံး သက်သေပြချက်ဖြစ်ပါတယ်။

ပလက်ဖောင်းတွေ (ဥပမာ - Meta, TikTok) ရဲ့ ရည်ရွယ်ချက်က၎င်းတို့ရဲ့ User တွေကို app ထဲမှာ အချိန်အကြာဆုံး ရှိနေစေချင်တာပါ။လူတစ်ယောက်က Post တစ်ခုကိုတခြားသူဆီ Share လိုက်တဲ့အခါ အဲ့ဒီ Signal ကြောင့် Algorithm က ဒီ content ဟာ လူတွေကို ဆွဲဆောင်နိုင်ရုံတင်မကဘဲ လူအချင်းချင်းဆက်သွယ်မှုကိုပါ ဖြစ်စေတယ် လို့ သတ်မှတ်ပြီး Reach တွေ အဆမတန် ထပ်တိုးပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် Like မရလို့ စိတ်ပူနေမယ့်အစား ငါ့ Post ကိုလူတွေဘာလို့ တခြားသူဆီ Share ချင်သွားမလဲ ဆိုတဲ့ မေးခွန်းကို အရင်မေးရပါမယ်။

Facebook ဒါမှမဟုတ် တခြား Social Media Page တစ်ခုကိုအွန်လိုင်း ကတ်တလောက်ဆိုင်ကြီးလိုမျိုး ပစ္စည်းပုံတွေ၊ ဈေးနှုန်းတွေချည်...
29/06/2026

Facebook ဒါမှမဟုတ် တခြား Social Media Page တစ်ခုကိုအွန်လိုင်း ကတ်တလောက်ဆိုင်ကြီးလိုမျိုး ပစ္စည်းပုံတွေ၊ ဈေးနှုန်းတွေချည်းပဲ နေ့တိုင်းဇောက်ချတင်နေမိပါသလား။ လုပ်ငန်းရှင်တော်တော်များများက ဒါကို အလုပ်ကြိုးစားနေတာလို့ ထင်တတ်ကြပေမယ့် တကယ်တမ်းတော့ ဒါဟာ သင့် Page ရဲ့ ရေရှည်ရပ်တည်မှုကို တိတ်တဆိတ် သတ်နေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။

လူတွေဟာ Social Media ပေါ်ကို ပစ္စည်းဝယ်ဖို့ သက်သက်ချည်းပဲ လာကြတာ မဟုတ်ပါဘူး။ သူတို့ကစိတ်အပန်းဖြေဖို့၊ ဗဟုသုတရှာဖို့နဲ့ တစ်ခုခုကို သဘောကျလို့ စောင့်ကြည့်ဖို့လာကြတာပါ။ Page တစ်ခုထဲမှာဒါလေးရောင်းမယ်၊ ဟိုဟာလေးဝယ်ပါဆိုတဲ့ ပစ္စည်းပုံတွေချည်းပဲ မြင်နေရတဲ့အခါ စာဖတ်သူတွေက ငြီးငွေ့ပြီး Follow ဖြုတ်သွားတတ်ကြသလို၊ နောက်ပိုင်းကြော်ငြာတက်လာရင်တောင် မျက်စိလျှံပြီးကျော်သွားကြပါတော့တယ်။ ရလဒ်ကတော့ Page ရဲ့ သဘာဝအလျောက်တက်မယ့် Organic Reach တွေ ထိုးကျသွားတာပါပဲ။

ဒါကြောင့်မို့လို့ content ဖန်တီးတဲ့အခါ ရောင်းချရုံသက်သက်ပဲ မဟုတ်ဘဲ အချိုးအစား မျှတအောင် တွေးရပါမယ်။ ကိုယ့်ပစ္စည်းနဲ့ဆက်စပ်တဲ့ Educational Content Customer တွေရဲ့ ရင်ဘတ်ထဲက ပြဿနာကို ထောက်ပြပေးတဲ့အကြောင်းအရာတွေ Problem-Solving Content နဲ့ Brand ရဲ့ အနောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာတွေကို မျှဝေပေးရပါမယ်။လူတွေက Brand တစ်ခုအပေါ် သံယောဇဉ်တွဲမိပြီး ယုံကြည်မှုရှိသွားပြီဆိုရင် ပစ္စည်းပုံတွေ အတင်းတွန်းမရောင်းရင်တောင် သူတို့ဘာသာ လာဝယ်ကြတာသဘာဝပါ။

Page ထဲမှာ ပစ္စည်းပုံတွေပဲ အတင်းတင်ပြီး အရောင်းပိတ်ဖို့ ကြိုးစားနေမယ့်အစား၊စာဖတ်သူတွေ တကယ်ဖတ်ချင်တဲ့၊ သူတို့အတွက် တန်ဖိုးရှိမယ့် Content အမျိုးအစားစုံလင်စွာနဲ့ Page ကို အသက်ဝင်အောင် အရင်ဆုံး ပြန်လည်ပြင်ဆင်သင့်ပါပြီ။ ဝယ်သူနဲ့ Brand ကြားမှာခိုင်မာတဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မှသာ အရောင်းအဝယ်ဆိုတာ အလိုအလျောက် စီးဆင်းလာမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း တော်တော်များများမှာ အမှားအယွင်းအများဆုံး အပိုင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရောင်းအားတက်ချင်တာနဲ့ ကြော်...
25/06/2026

စီးပွားရေးလုပ်ငန်း တော်တော်များများမှာ အမှားအယွင်းအများဆုံး အပိုင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရောင်းအားတက်ချင်တာနဲ့ ကြော်ငြာခ (Ads Budget) တွေအများကြီးသုံးပြီး Customer အသစ်တွေနောက်ကိုပဲ အမြဲတမ်း ပြေးလိုက်နေတာပါပဲ။ တကယ့် Pro Marketer တွေရဲ့အဆိုအရတော့ လူသစ်တစ်ယောက်ဆီကနေ အော်ဒါရဖို့ထက် မိမိဆီမှာတစ်ခါဝယ်ဖူးပြီးသား Customer ဟောင်းဆီကနေ ဒုတိယအကြိမ်ပြန်ဝယ်လာအောင် လုပ်ရတာက ကုန်ကျစရိတ် ပိုသက်သာသလိုရောင်းအားလည်း ပိုမိုခိုင်မာစေပါတယ်။

လုပ်ငန်းရှင်အချို့က တစ်ခါရောင်းပြီးရင်ပြီးပြီဆိုတဲ့ အတွေးမျိုးနဲ့ဝယ်ပြီးသားသူတွေကို လစ်လျူရှုထားမိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းသင့် Brand အပေါ် ယုံကြည်မှု ရှိသွားပြီဖြစ်တဲ့ Customer ဟောင်းတွေဟာ သင့်ဆီကနေ ထပ်မံဝယ်ယူဖို့ ရာခိုင်နှုန်းပိုများသလို၊ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုပါ နှုတ်ဗလာ (Word of Mouth) နဲ့အခမဲ့ ကြော်ငြာပေးမယ့်တကယ့်စွမ်းအားရှင်တွေ ဖြစ်ပါတယ်။

လူသစ်ရှာဖို့ Ads ခတွေ အဆက်မပြတ် သုံးနေရတဲ့သံသရာကနေရုန်းထွက်ချင်ရင် Customer Retention ဗျူဟာကိုမဖြစ်မနေ သုံးရပါမယ်။

ဒါကြောင့်မို့လို့ Content ဖန်တီးတဲ့အခါမှာလည်း လူသစ်တွေ ဆွဲဆောင်ဖို့တင်မကဘဲ ဝယ်ဖူးပြီးသားသူတွေအတွက်ပါ ရည်ရွယ်ပြီး ဖန်တီးဖို့ လိုအပ်ပါတယ်။ ဥပမာ - ပစ္စည်းဝယ်ယူပြီးနောက် အသုံးချပုံ လမ်းညွှန်ချက်တွေ၊ Thank You ကတ်လေးတွေ သို့မဟုတ် ဝယ်သူဟောင်း သီးသန့် Loyalty Program အထူးခံစားခွင့်တွေအကြောင်း Content မျိုးချပြခြင်းဖြင့် သင့် Brand ဟာ ရောင်းရုံသက်သက်မဟုတ်ဘဲ သူတို့ကို အမြဲတမ်း ဂရုစိုက်နေကြောင်းပြသရာ ရောက်ပါတယ်။

အသစ်အသစ်တွေကိုပဲ အငမ်းမရ လိုက်ရှာနေမယ့်အစား မိမိလက်ထဲမှာ ရှိပြီးသား ရွှေတွင်းကြီးဖြစ်တဲ့ Customer ဟောင်းတွေကို ဘယ်လိုအကောင်းဆုံး ပြန်လည်စောင့်ရှောက်မလဲဆိုတာ ပြန်လည်သုံးသပ်သင့်ပါပြီ။

Address

No. ( 61 )/Second Floor , Royal Myint Zu Condo. , New University Yeik Thar Street/, Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 17:00
Friday 09:00 - 21:00

Telephone

+959777013414

Alerts

Be the first to know and let us send you an email when Zed Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zed Myanmar:

Shortcuts

Share