Hakads

Hakads HAKADS – Your Paid Media Expert
(1)

HAKADS specializes in paid media advertising, helping you effortlessly reach your target audience and maximize campaign performance. From crafting compelling ad strategies to optimizing for the best ROI, we ensure your brand stands out and achieves measurable results.

ဈေးရောင်းတယ်၊ အရေးကြီးဆုံးကဘာလဲ… “Lead” ပါ။မားကတ်တင်းလုပ်တယ်၊ အရေးကြီးဆုံးက… “Lead” ပါပဲ။ “Lead” လို့ပြောလိုက်တာနဲ့ မားက...
12/02/2026

ဈေးရောင်းတယ်၊ အရေးကြီးဆုံးကဘာလဲ…
“Lead” ပါ။

မားကတ်တင်းလုပ်တယ်၊ အရေးကြီးဆုံးက…
“Lead” ပါပဲ။
“Lead” လို့ပြောလိုက်တာနဲ့ မားကတ်တင်းရဲ့ အသက်သွေးကြောဆိုတာကို သဘောပေါက်ထားဖို့လိုတယ်။
❓ ဘာလို့ ဒီ “Lead” ဆိုတာကြီးက ဒီလောက် အရေးကြီးနေရတာလဲ။
❓ “Lead” ဆိုတာကရော ဘာလဲ။
ဆက်ဖတ်ကြည့်လိုက်တာပေါ့ဗျာ။
………………………..

◻️“Lead” ဆိုတာ…
ကိုယ့်ရဲ့ Product ကို စိတ်ဝင်စားတဲ့ လူတစ်ယောက်ကိုပြောတာပါ။ သဘောကျလို့ ဝယ်နိုင်ချေရှိတဲ့သူ တစ်ယောက်ပေါ့။
ဒီ “Lead” တွေကို Generate လုပ်ရတဲ့ “Lead Generation” ဆိုတာကတော့…
👉 ဒီလို စိတ်ဝင်စားတဲ့သူတွေကို ရှာဖွေ/ဖန်တီး ပေးရတဲ့ Process ကိုပြောတာပါ။
………………………..

❓ ဘာလို့ “Lead” က မားကတ်တင်းရဲ့ အသက်သွေးကြောဖြစ်နေတာလဲ။
“No Leads = No Sales.”

“Leads” မရှိဘဲ ဈေးရောင်းလို့မရနိုင်ပါဘူး။ ❌
ကိုယ့်မှာ ဘယ်လောက်ကောင်းတဲ့
▪️ Product တစ်ခုရှိပါစေ။
▪️ Sale Team တစ်ခုရှိနေပါစေ။
▪️ ဈေးနှုန်းသင့်တင့်နေပါစေ။
👉 “Lead” မရှိရင်‌ ရောင်းထွက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။

ဒီ “Lead” ကို ရှာဖို့ဆိုတာကလည်း မားကတ်တင်းရဲ့ အဓိကတာဝန်ပါပဲ။
ဒါကြောင့် လူတွေကပြောကြတာပါ။

“Marketing’s job is not to sell. Marketing’s job is to generate leads”
“မားကတ်တင်းရဲ့ အလုပ်ကဈေးရောင်းဖို့မဟုတ်ပါဘူး။ မားကတ်တင်းဆိုတာ Lead တွေကို Generate လုပ်ဖို့ပါပဲ” တဲ့။
………………………..

◻️ Lead ≠ Customer
ဒီအပိုင်းက လူတွေရောတတ်ကြတဲ့အပိုင်းပါ။

“Lead” ဆိုတာ ကိုယ့်ရဲ့ Product ကို စိတ်ဝင်စားတဲ့သူ၊ ဝယ်နိုင်ချေရှိတဲ့သူ၊ အမှန်တကယ်လာရောက်စုံစမ်းတဲ့သူ ဖြစ်ပေမဲ့လည်း၊ Customer တစ်ယောက်ဖြစ်လာမယ်လို့ အာမခံချက်မရှိပါဘူး။ တော်တော်များများက ဒါကို ရောထွေးတတ်ကြပါတယ်။

ဒီ Term တွေက အရေးကြီးပါတယ်။
✅ “Visitor” ဆိုတာ… ကိုယ့်ရဲ့ ကြော်ငြာကိုမြင်ပြီး See more ထောက်တဲ့သူ၊ Page ထဲဝင်ကြည့်တဲ့သူ။
✅ “Lead” ဆိုတာ… ကိုယ့်ရဲ့ Product ကို စိတ်ဝင်စားတဲ့သူ၊ လာရောက်စုံစမ်းတဲ့သူ။
✅ “Customer” ဆိုတာ… တကယ်ဝယ်သွားတဲ့သူ။
အခု ပြောပြပေးနေတဲ့အကြောင်းက ဒီလို ကိုယ့်ရဲ့ Product ကို စိတ်ဝင်စားတဲ့သူ (Lead) ကို ဘယ်လို ဖန်တီး (Generate) ရမလဲဆိုတဲ့အကြောင်းပါ။
………………………..

Digital Marketing မှာ Lead ရလာတဲ့ပုံစံကတော့ ရှင်းပါတယ်။
Ad ကို မြင်ပြီး Message Now ကို Click လိုက်တာ။ ဒါမှမဟုတ် Form ကို Register လုပ်လိုက်တာမျိုးပေါ့။

👉 ဥပမာ Webinar တစ်ခုအတွက် Sign-up လုပ်လိုက်တာမျိုးပါ။
ဒါမျိုး စာရင်းပေးသွင်းသွားတဲ့သူတွေ၊ ဒါမှမဟုတ် လာစုံစမ်းတဲ့သူတွေကို “Lead” လို့ခေါ်ပါတယ်။
………………………..

❓ ဘာလို့ “Lead” တွေက Like တွေ Share တွေထက် ပိုအရေးကြီးတာလဲ။
React တွေ၊ View တွေ၊ Reach တွေကိုမြင်လိုက်ရင်
▪️ ကိုယ်တိုင်က စိတ်ချမ်းသာမယ်။
▪️ တခြားသူတွေလည်း အထင်ကြီးမယ်။

ဒါပေမဲ့…
“Lead” တွေကတော့
✅ ကိုယ့်ရဲ့ ကြော်ငြာတစ်ခု ဘယ်လောက် အောင်မြင်နေပြီလဲဆိုတာကို တိုင်းတာနိုင်တယ်။
✅ Action တစ်ခုယူနိုင်တယ်။
✅ အကျိုးအမြတ်တစ်ခုဖန်တီးနိုင်တယ်။
✅ တကယ်ရောင်းရနိုင်တယ်။

ကြော်ငြာတစ်ခုကို Boost လုပ်လိုက်ပြီဆိုရင် အရေးကြီးတာ Reach တွေ၊ Engagement တွေမဟုတ်ပါဘူး။
“Lead” ကသာလျှင် ဒီကြော်ငြာတစ်ခု ဘယ်လောက်အလုပ်ဖြစ်လဲဆိုတာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Media Buying ရဲ့ အလုပ်က
✅ တကယ့် လူမှန်တွေကို Target လုပ်ဖို့၊
✅ အချက်အလက်မှန်မှန်ပေးဖို့၊
✅ အချိန်မှန်ရောက်စေဖို့နဲ့၊

အဓိကအကျဆုံးကတော့
✅ High-quality “Leads” တွေကို အကုန်အကျအသက်သာဆုံးနဲ့ “Generate” လုပ််နိုင်ဖို့ပါပဲ။

‌Ad run ဖို့ တစ်ခုတည်းလို့ထင်ရင် မှားပါလိမ့်မယ်။

ဒါဆို “Lead” က မားကတ်တင်းရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတာကို သဘောပေါက်လောက်ကြပြီ ထင်ပါရဲ့။
………………………..

ဒီအထိဖတ်ပြီးပြီဆိုရင်…
ကိုယ့်ရဲ့ကြော်ငြာတွေကို တစ်ချက်ပြန်သုံးသပ်ကြည့်ပါ မိတ်ဆွေ...။
❓ Engagement ကောင်းနေပေမဲ့ “Lead” က နည်းနေတုန်းလား။
❓ “Lead” တွေကလည်း တကယ့် Customer မဖြစ်လာဘဲ၊ လာစုံစမ်းပြီး ကျောခိုင်းသွားကြတာလား။

👉 ဒါဆိုရင် မားကတ်တင်းနဲ့၊ Media Buying ပိုင်းကို ပြန်သုံးသပ်ဖို့လိုနေပါပြီ။

High-quality “Leads” တွေကို Generate လုပ်ဖို့ဆိုတာ ကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံနဲ့၊ မားကတ်တင်းအိုင်ဒီယာတွေ ကောင်းဖို့လိုပါတယ်။

ဒီလို အတွေ့အကြုံပြည့်ဝပြီး၊ အိုင်ဒီယာမျိုးစုံထွက်တဲ့ ကျနော်တို့ကိုသာယုံလိုက်မယ်ဆိုရင်တော့ဖြင့်....။
မိတ်ဆွေ… ဆက်တိုက်ရလာမဲ့ Quality “Leads” တွေကို တရစပ်ပြန်ဖြေပေးဖို့ အဆင်သင့်ဖြစ်နေပြီလား။

HAKADS ကိုပဲ ဆက်သွယ်လိုက်ပါ။ 👇
______________________________________

Contact us Now!!!
“Let us BOOST!!!” 🚀

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________






HAKADS is hiring!!!!! 🫵ဟော… ၂၀၂၆ တောင်အချိန်တစ်လဖြုန်းပြီးသွားပြီ။ 😄ဘာသင်ခန်းစာတွေရလိုက်ကြလဲ❓အချိန်တစ်လကုန်သွားတာတောင် C...
29/01/2026

HAKADS is hiring!!!!! 🫵

ဟော… ၂၀၂၆ တောင်အချိန်တစ်လဖြုန်းပြီးသွားပြီ။ 😄
ဘာသင်ခန်းစာတွေရလိုက်ကြလဲ❓

အချိန်တစ်လကုန်သွားတာတောင် Career အတွက်ဘာမှအစမပျိုးရသေးဘူးဆိုရင် HAKADS ကိုအရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။

သတင်းကောင်းတစ်ခုကတော့ HAKADS က ရုံးခန်းတစ်ခုဖွင့်ပါတော့မယ်။ ဒါကလည်း တော်တော်အရဲစွန့်ရတဲ့ဆုံးဖြတ်ချက်ပါ။ မျှော်မှန်းထားတာတွေကလည်း မနည်းမနောဆိုတော့ မှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့ဆို Workload တွေများများပြီးဖို့လိုပါတယ်။ အဓိကကတော့ ဒီနှစ်မကုန်ခင် အနေအထားတစ်ခုရောက်ချင်တာပါ။ ဒီလိုအနေအထားတစ်ခုရောက်ဖို့ဆိုရင် ကျနော်တို့နည်းတူ တွေးတောစဉ်းစားနိုင်မဲ့ အဖွဲ့ဝင်အသစ်တွေမဖြစ်မနေလိုအပ်ပါတယ်။

အတွေ့အကြုံတွေအများကြီးရှိတာ၊ CV Form လှတာ၊ Portfolio အကြီးကြီးတွေရှိတာဘေးချိတ်ထားလိုက်ပါ။ တက်တက်ကြွကြွနဲ့ သင်ယူလိုစိတ်ရှိတယ်ဆိုရင် Welcome ပါပဲ။ အဲ့ဒါကြောင့် ကိုယ်က သင်ယူလိုစိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ဆိုရင်… အခုပဲ Email/Viber ကနေ အလုပ်လျှောက်ထားလိုက်လို့ရပါပြီ။

ကျနော်တို့ လိုအပ်နေတဲ့ Position လေးတွေကတော့
◼️ Accountant
◼️ Business Development Assistant
◼️ Content Writer
◼️ Digital Marketing Strategist
◼️ Senior Graphics Designer
◼️ Account Executive

လူငယ်တွေနဲ့ပဲဖွဲ့စည်းထားတဲ့နေရာတစ်ခုဖြစ်တာမလို့၊ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်အလုပ်လုပ်ရမယ်။ Idea အသစ်တွေ၊ Strategy အသစ်တွေအတွက် Team နဲ့အတူတူပူးပေါင်းပြီး ဆောင်ရွက်ရပါမယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့
📥 Email: [email protected]
📲Viber: 09 253 853 538
_________________



ဒီနေ့ကတော့ HAKADS ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးပါ။ 🥳ဘာလိုလိုနဲ့ HAKADS ကိုတည်ထောင်ခဲ့တာ တစ်နှစ်တောင်ရှိသွားပြီပဲ။ အချိန်တွေ...
13/01/2026

ဒီနေ့ကတော့ HAKADS ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးပါ။ 🥳

ဘာလိုလိုနဲ့ HAKADS ကိုတည်ထောင်ခဲ့တာ တစ်နှစ်တောင်ရှိသွားပြီပဲ။ အချိန်တွေကုန်တာမြန်လိုက်လေခြင်း။
ကျနော်တို့ရဲ့တစ်နှစ်တာကို ပြန်ပြောင်းပြောရမယ်ဆိုရင်တော့ဖြင့် အနိမ့်တွေရော၊ အမြင့်တွေရော၊ အတက်တွေရော၊ အကျတွေရော စုံလို့ပဲပေါ့။ ဒါပေမဲ့ ဒီလောကဓံတွေကြားထဲက တစ်နှစ်အတွင်း လုပ်ခဲ့တာတွေကိုပြန်ကြည့်လိုက်ရင် တော်တော်တော့ အားရဖို့ကောင်းတယ်မြင်မိတာပဲဗျာ။

ဘာတွေလုပ်ခဲ့လဲဆိုတော့…
Page တွေအများကြီးနဲ့ လက်တွဲနိုင်ခဲ့တယ်။ ဒေါ်လာတစ်သိန်းကျော်ဖိုးအထိ Boosting Service တွေပေးနိုင်ခဲ့တယ်။ မြောက်များစွာသော Content တွေ၊ Design တွေ နဲ့၊ Campaign တွေ၊ ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဓိကအကျဆုံးအချက်ကတော့ Client တွေနဲ့ကြားမှာ Trust Bond တစ်ခုရယူနိုင်ခဲ့တာပါပဲ။ ဒါက ဘာနဲ့ယှဉ်ယှဉ် အဖိုးမဖြတ်နိုင်ဘူးမို့လား။

၂၀၂၅ ထဲမှာ ကျနော်တို့ Client တွေရဲ့ Advertising နဲ့ Branding ကို အနုစိတ်တည်ဆောက်နေရတာနဲ့ပဲ ကိုယ့် Page ကိုတောင် သိပ်အာရုံမစိုက်မိနိုင်တဲ့အထိပါပဲ။ ပြီးတော့ မအားပေမဲ့လည်း တင်လိုက်သမျှကို အနှစ်တွေပဲဖြစ်ချင်တဲ့ စေတနာတစ်ခုကြောင့်လည်းပါတာပေါ့လေ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ Page ကို ပိုပြီး Active ဖြစ်တာမြင်ရပါမယ်။ ဒီ့ထပ်ပိုပြီး အနှစ်တွေအများကြီးမြင်ရမယ်လို့ပြောချင်တာပါ။ 😉

၂၀၂၆ မှာ Team ကို အခုထက်ပိုပြီး တိုးချဲ့သွားဖို့ပလန်ရှိပါတယ်။ စိတ်သွားတိုင်းကိုယ်မပါသေးလို့ လှည့်မကြည့်နိုင်သေးတဲ့ထဲမှာ Solid Team Building တစ်ခုလည်းအပါအဝင်ပါပဲ။ လက်ရှိလည်း Graphic Designer တစ်ယောက်အလိုရှိနေပါတယ်။ အလုပ်ခေါ်စာအသေးစိတ်ကိုတော့ Post တစ်ခု သပ်သပ်တင်ပေးသွားပါ့မယ်။ ကျနော်တို့ကို စိတ်ချယုံကြည်တဲ့ Brand တွေများလာတာနဲ့အမျှ၊ ကျနော်တို့နည်းတူ တွေးခေါ်စဉ်းစားနိုင်မဲ့ Team Member တွေပိုလိုအပ်လာမှာ အသေအချာပါပဲ။ လူလေးငါးယောက်လောက်နဲ့စခဲ့တဲ့ Team က တစ်နှစ်အတွင်း ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့တာ ဂုဏ်ယူစရာပဲလို့ ပြောရမလားမသိပါဘူးဗျာ။

HAKADS ကို Media Buying Page လို့ပဲ အများစုကမြင်ကြမယ်ထင်တယ်။ လာစုံစမ်းရင်လည်း Boosting Service အတွက်ပဲ လာကြတာများပါတယ်။ မှားတော့မမှားပါဘူးလေ။ ကျနော်တို့လည်း တခြားဟာတွေအတွက် ဘာမှသိပ်မကြော်ငြာဖြစ်ပဲကိုး။ Media Buying နဲ့ပဲတွဲမြင်တာ မထူးဆန်းပါဘူး။ မသိသေးတဲ့သူတွေကိုပြောချင်တာက တကယ်တော့ အစုံရပါတယ်လို့။ Design လား၊ Content လား၊ Branding လား၊ Marketing Strategy တွေလား။ Page တစ်ခုလုံး ဘာဆိုဘာမှလှည့်ကြည့်စရာမလိုလောက်အောင်ကို ခေါင်းအစခြေအဆုံး ဆောင်ရွက်ပေးပါတယ်။ Design + Content Package တွေလည်းရှိတာမလို့၊ အားမနာတမ်းလာစုံစမ်းလိုက်လို့ရကြောင်းပါ။ ၂၀၂၆ မှာ Branding ကောင်းကောင်းလုပ်ချင်တယ်ဆိုရင် HAKADS ကိုအပ်ပြီး မျက်နှာလွှဲထားလိုက်ရုံပါပဲ။

နောက်ဆုံးအနေနဲ့ HAKADS နဲ့ ယခုလက်ရှိလက်တွဲနေတဲ့ Brand တွေကို မန်းရှင်းပေးထားပါတယ်။ ဒီ Brand တွေက ကျနော်တို့နဲ့ ၂၀၂၅ မှာလက်တွဲခဲ့ပြီး၊ ၂၀၂၆ အထိလည်း ဆက်ပြီးလက်တွဲသွားဦးမဲ့ Client တွေပါ။ ဒီလို HAKADS ကို စိတ်ချလက်ချလက်တွဲခဲ့လို့လည်း ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်။

AIHM Myanmar
Global HR
Le SMASH
LUMOS Myanmar
MDS Myanmar
MTEC
Myanmar Mini Logistics
Station 77 - Sports Bar & BBQ
SuSan Naing Bakery
Unilink Malaysia
Wai Yan Electronics
🫨 And many more…

တစ်ခုခုကို စဖို့ (ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့) အကောင်းဆုံးအချိန်ကတော့ နှစ်စပါပဲ။ ဒီနှစ်ထဲမှာ တစ်ခုခု စလုပ်ဖို့ရှိတယ်၊ Goal တစ်ခုလည်း သတ်မှတ်ထားတယ်ဆိုရင် HAKADS ကိုမမေ့ပါနဲ့ဗျာ။ Marketing Strategy တွေကစလို့၊ Post တင်ခြင်း ကိစ္စအဝဝအထိ အလုံးစုံတာဝန်ယူပေးသွားပါ့မယ်။

Contact us Now!!!
“Let us BOOST!!!” 🚀

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]





The Good, the Bad, and the Media BuyerHowdy Cowboys….. 🤠🔫Wild West နဲ့တူတဲ့ Social Media Marketing လောကကြီးမှာ အသက်ရှင်လ...
07/11/2025

The Good, the Bad, and the Media Buyer

Howdy Cowboys….. 🤠🔫

Wild West နဲ့တူတဲ့ Social Media Marketing လောကကြီးမှာ အသက်ရှင်လိုတယ်ဆိုရင်၊ နည်းမှန်လမ်းမှန်ကို အသုံးချတတ်ဖို့လိုပါလိမ့်မယ်။

👍The Good Marketing Strategy:
◾ တိကျသော ရည်မှန်းချက်ရှိခြင်း၊
◾ Target တိကျသေချာသော Campaign များဖန်တီးခြင်း၊
◾ Audience များသို့ တိုက်ရိုက်ချိတ်ဆက်စေသော Creativity များရှိခြင်း။
ဒီလို Strategy တွေကတော့ Wild West မှာ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့ ကျည်ဆန်တွေလိုပါပဲ။

👎 The Bad Marketing Strategy:
◾ Data မရှိဘဲနှင့် Ads များထဲ ပိုက်ဆံပစ်ထည့်ခြင်း
◾ Trend တိုင်းလိုက် Join ခြင်း
◾ Boost လုပ်လိုက်တိုင်း ရောင်းအားတက်လာမည်ဟု ထင်မှတ်နေခြင်း။
ဒါတွေကတော့ Wild West မှာ Gun မကိုင်တတ်တာနဲ့တူတူပါပဲ။

🔑 The Smart Media Buying
Media Buyer က ဒီနေရာမှာ အဆုံးအဖြတ်ပါပဲ။ Smart ကျတဲ့ Media Buying က ကိုယ့်ရဲ့ Brand ကို ကိုယ်အလိုရှိတဲ့နေရာကို ရောက်အောင်ပို့ဆောင်ပေးပါတယ်။ Media Buying ကအချိန်မှန်၊ နေရာမှန်နဲ့ လူမှန်ဆီကို တိုက်ရိုက်ရောက်သွားစေသလို၊ Budget တွေပဲ ထိုင်ဖြုန်းမနေဘဲနဲ့၊ ရင်းနှီးမြှုပ်နှံမှုကို အကျိုးအမြတ်ဖြစ်လာအောင် ဖော်ဆောင်ပေးနိုင်ပါတယ်။

At HAKADS, we don’t just buy media. We buy your brand a front-row seat in the customer’s mind.

HAKADS မှာ Media ပဲ Buy ပေးတာမဟုတ်ပါဘူးနော်။ လူကြီးမင်းတို့ရဲ့ Brand တွေကို Customer တွေစိတ်ထဲက ရှေ့ဆုံးခုံကိုရောက်အောင် ချပေးနိုင်ပါတယ်။
ဒါဆို ဆက်သွယ်လိုက်ပါ။
______________________________________

Contact us Now!!!
“Let us SHOOT!!!” 🔫

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________





FOMO & Marketing, in a Nutshell📌 FOMO ဆိုတာကတော့ Fear of Missing Out ကို အတိုကောက်ခေါ်တာပါ။ လူအများကြားမှာ သိုးမည်းတစ်ကေ...
25/10/2025

FOMO & Marketing, in a Nutshell

📌 FOMO ဆိုတာကတော့ Fear of Missing Out ကို အတိုကောက်ခေါ်တာပါ။

လူအများကြားမှာ သိုးမည်းတစ်ကောင်ဖြစ်မှာ၊ အများနဲ့ကွဲထွက်နေမှာ၊ ဒါမှမဟုတ် အခုမလုပ်လိုက်ရင် နောင်တရမှာကိုစိုးရိမ်တဲ့ အကြောက်တရားပေါ့။ လူရယ်လို့ဖြစ်လာတဲ့ လူတိုင်းလိုလိုမှာ ဒီအကြောက်တရားက အနည်းနဲ့အများရှိကြတာပါပဲ။ ဒါပေမဲ့ Marketing သမားအတွက်ကတော့ ဒီလို DNA ထဲမှာ အမြစ်တွယ်လာတဲ့ FOMO က လက်နက်တစ်ခုပါပဲ။ သက်ရောက်အားပြင်းတဲ့ လက်နက်တစ်ခုပေါ့။

ဒါဆို ဒီနေ့မှာ ကျနော်နဲ့အပါအဝင်လူတိုင်းကို မသိမသာလေး အသုံးချနေတဲ့ FOMO အကြောင်းလေးကို လေ့လာလိုက်ကြရအောင်လားခင်ဗျာ။

(ဖတ်ရန်ကြာချိန် - ၅ မိနစ်)

FOMO က အရင်တုန်းကပြောဖူးတဲ့ “the Bandwagon Effect” နဲ့ မတူပါဘူး။ ❌
🔶 the Bandwagon Effect ဆိုတာကတော့ လူအများကြီးလုပ်နေကြတာကိုမြင်လို့၊ ကိုယ်ပါ လိုက်လုပ်ချင်စိတ်ပေါ်လာတဲ့ Psychological Effect တစ်ခုဖြစ်ပါတယ်။
🔶 FOMO ဆိုတာကတော့၊ သူများတွေ ရှေ့ရောက်နေကြတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း နောက်ကောက်ကျကျန်ခဲ့မှာကို စိုးရိမ်တဲ့ အကြောက်တရားပါ။ ဆင်သလိုလိုရှိပေမဲ့ တခြားစီပါ။

Digital ခေတ်ကြီးမှာ FOMO က Social Media အသုံးပြုသူတွေတော်တော်များများရဲ့ စိတ်ထဲမှာ ကိန်းအောင်းလို့နေပါတယ်။ ဥပမာပြရရင် Tik Tok trend တစ်ခု၊ Meme template အသစ်တစ်ခု စတာမျိုးပေါ့။ သူများတွေ ပြောနေကြတဲ့သတင်းတွေ၊ နာမည်ကြီးနေတဲ့ အတင်းအဖျင်းတွေ၊ Tik Tok မှာ ခေတ်စားနေတဲ့ သီချင်းတွေ၊ အဲ့လိုဟာမျိုးတွေကို တခြားသူတွေပြောနေကြချိန်မှာ ကိုယ်ဘာမှမသိရင်၊ စပြီး Missing out ဖြစ်လာပါတော့တယ်။ ဒီလို ခေတ်ရေစီးကြောင်းထဲ နောက်ကျကျန်ခဲ့တဲ့ သူတွေလုပ်မဲ့အရာကတော့ ချက်ချင်းအမီလိုက်တာပါပဲ။ ချက်ချင်း ဒီအကြောင်းကိုလိုက်ရှာတယ်၊ လိုက်ဖတ်တယ်။ နောက်မှာမကျန်ခဲ့လိုတဲ့ အကြောက်တရားကြောင့်ပေါ့။

ဒီစာပိုဒ်လေးကို ဖတ်လိုက်ရုံနဲ့တင် FOMO က မားကတ်တင်းမှာ အသုံးချလို့အကောင်းဆုံးပစ္စည်းကြီးပါလားဆိုတာ တန်းသတိထားမိလောက်မယ်ထင်ပါတယ်။

👟 Nike ရဲ့ SNKRS ဆိုတဲ့ App က FOMO ကို အကောင်းဆုံးအသုံးချနိုင်တဲ့ သာဓကတွေထဲကတစ်ခုပါ။

👉 Nike က Exclusive Sneaker တွေကို ချပြဖို့ SNKRS ဆိုတဲ့ App တစ်ခုကို ထုတ်ထားပါတယ်။ ဒီ App ထဲမှာဆို Limited Edition ဖိနပ်တွေ၊ 90s လောက်တုန်းကပဲ ရခဲ့တဲ့ Retro ဖိနပ်တွေ၊ အခုခေတ်မှာ ပြန်ဝယ်ဖို့ခက်နေတဲ့ ဖိနပ်မျိုးတွေကို သီးသန့်တင်ရောင်းပါတယ်။ ဒါပေမဲ့ တင်လိုက်ရင် ဘာမှကြော်ငြာထားတာမရှိ၊ ဘာမှ သတိပေးထားတာမရှိဘဲ ကောက်တင်လိုက်ပါတယ်။ အဲ့အခါ ဦးရာဝယ်စနစ်မျိုးဖြစ်လာပြီး၊ မြင်လိုက်တဲ့သူတိုင်းက ကိုယ်မဝယ်ရင် သူများရသွားမှာပဲဆိုတဲ့ အတွေးနဲ့ ကောက်ဝယ်ပစ်လိုက်ကြပါတော့တယ်။ ပုံမှန်ဆို ဒါမျိုးက တစ်ပတ်နှစ်ပတ်လောက် အချိန်ယူစဉ်းစားမဲ့ကိစ္စမျိုးပါ။ ဒါကို ချက်ချင်းဝယ်လိုက်အောင် တွန်းအားပေးလိုက်တာပါပဲ။ မရရင် ငါနောက်ကျကျန်ခဲ့ပြီဆိုတဲ့ အတွေးတစ်ခုရိုက်သွင်းပေးလိုက်တာပါ။ FOMO ပေါ့။

ပြီးရင် လိုချင်တဲ့သူဘယ်လောက်များများ အရေအတွက်ကို ကန့်သတ်ပြီးပဲအမြဲထုတ်ပါတယ်။ Demand များနေတာကို အခွင့်ကောင်းယူပြီး ဘာလို့များများထုတ်ပြီး များများမရောင်းသလဲ။ ဒီလို Limited Edition မျိုးက Demand များတာမှန်ပေမဲ့၊ လိုသလောက်ထုတ်ပေးလိုက်ရင် လူတွေရဲ့ စိတ်ဝင်စားမှုလျော့နည်းသွားတတ်ပါတယ်။ အခုလို အရေအတွက်ကန့်သတ်လိုက်တဲ့အခါမှာ ထုတ်သမျှအရံတိုင်း‌ကမိနစ်ပိုင်းအတွင်း အကုန်ရောင်းရဖို့ သေချာသွားစေပါတယ်။ ဒီဖိနပ်ကို သူများတွေထက် ဦးအောင်ရသွားတဲ့သူကလည်း ထီပေါက်သလို ကိုယ့်ကိုယ်ကို ထူးကဲသွားသလိုခံစားသွားရစေပါတယ်။ အတိုချုပ်ပြောရရင် FOMO ကိုအကောင်းဆုံးအသုံးချလိုက်တာပါပဲ။

ပြောရရင် Nike လို Brand မျိုးက ဒီလို Exclusive ဖိနပ်တွေကို ကြော်ငြာနေဖို့မလိုပါဘူး။ လူတွေက “hype” ဖြစ်နေကြပြီးသားပါ။ ဒီ “hype” ကို FOMO နဲ့ပေါင်းစပ်လိုက်ပြီးတော့၊ ထုတ်လိုက်သမျှအကုန်ရောင်းထွက်နေအောင် လုပ်လိုက်တာပါ။ လူတွေအရင်တည်းက လိုချင်နေကြတဲ့အရာကို၊ အခုမဝယ်ရင် နောက်ဘယ်တော့မှ ဝယ်လို့မရတော့ဘူးဆိုပြီး၊ အကြောက်တရားကို activate လုပ်ပေးလိုက်တာပါပဲ။

🤔 Marketing လုပ်ဖို့ နည်းလမ်းတွေက အများကြီးပါပဲ။ အပြိုင်အဆိုင်တွေများလှတဲ့ ဒီခေတ်ကြီးမှာ FOMO ကို သာကောင်းကောင်းအသုံးချနိုင်လေလေ အောင်မြင်လေလေပါပဲ။

လူတိုင်း အပြိုင်အဆိုင် Boost နေကြပါပြီ။ လုပ်ငန်းရှင်တိုင်း သူတို့ Brand ကို သူ့ထက်ငါအပြိုင်အဆိုင် တည်ဆောက်နေကြပါပြီ။
ဒီထဲမှာက ကိုယ်ကနောက်ကျပြီးမကျန်ခဲ့ချင်ဘူးမလား……❓

ကဲကဲ HAKADS နဲ့တူတူ အမီလိုက်ရအောင်ပါ။

______________________________________

Contact us Now!!!
“Let us Boost!!!” 🚀

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________





“Loss Leader Strategy”ရည်ရွယ်ချက်ရှိရှိ အရှုံးခံကြသော ထုတ်ကုန်များMcDonald’s ရဲ့ နာမည်အကြီးဆုံး စားသောက်ကုန်က Big Mac ဆိ...
17/09/2025

“Loss Leader Strategy”
ရည်ရွယ်ချက်ရှိရှိ အရှုံးခံကြသော ထုတ်ကုန်များ

McDonald’s ရဲ့ နာမည်အကြီးဆုံး စားသောက်ကုန်က Big Mac ဆိုတဲ့ ဘာဂါပါ။ McDonald’s ဆိုတာနဲ့ Big Mac Burger နဲ့ တွဲမြင်ကြပါတယ်။ McDonald’s ရဲ့ Signature Item ဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ McDonalds ရဲ့ နာမည်အကြီးဆုံး ဘာဂါက အမြတ်လုံးဝမရှိတဲ့ ထုတ်ကုန်လို့ပြောရင် ယုံကြမှာလား။ 🤔

ဟုတ်ပါတယ်။ Big Mac Burger က ထုတ်တဲ့ကုန်ကျစရိတ်နဲ့ ရောင်းတဲ့ဈေးက ဘယ်လိုမှမကာမိပါဘူး။

🍔 Big Mac မှာဆို အမဲသားပြားနှစ်ပြား၊ Cheese, ကြက်သွန်၊ အသီးအရွက်တွေနဲ့၊ Lettuce တို့ အစုံပါပေမဲ့ ဈေးသက်သက်သာသာနဲ့ရောင်းတာမလို့ အမြတ်သိပ်မကျန်ပါဘူး။ တချို့ ကုန်ပစ္စည်းတွေရှားတဲ့ရက်မျိုးဆိုရင် အရှုံးခံပြီးပါ ရောင်းကြရပါတယ်။

❓ ဒါဆို ဘာလို့ ဆက်ထုတ်နေသေးတာလဲ။ ဘာလို့ ဒီဈေးနဲ့ ဆက်ရောင်းနေသေးတာလဲ။ ဘာလို့ ဆက်အရှုံးခံနေသေးတာလဲ။

🔥Loss Leader Strategy ပါ။ 🔥

ပြောရရင်တော့ McDonald’s ရဲ့ အမြတ်အစွန်းက Big Mac Burger ကနေမလာပါဘူး။ လူကြိုက်အများဆုံးဘာဂါဖြစ်ပေမဲ့လို့ပေါ့။

အမြတ်အစွန်းတွေက ဘာဂါစားရင် လူတွေအမြဲတွဲမှာတတ်ကြတဲ့ Coke နဲ့ Fries တွေကနေလာပါတယ်။ ရေခဲတုံးတွေနဲ့ရောထားတဲ့ Coke က သူတို့အတွက်တော့ ကုန်ကျစရိတ်အသက်သာဆုံး ထုတ်ကုန်ပါပဲ။ Coke တစ်ခွက်မှာတင် အမြတ်က 90% လောက်ရပါတယ်။ ပြီးတော့ အာလူးကြော်ပါ။

🤔 စဉ်းစားကြည့်ပါ။ ကိုယ်တွေလည်း ဘာဂါဆိုင်ထိုင်ရင် ဘာဂါချည်းပဲထိုင်မစားပါဘူး။ Coca Cola လေးတစ်ခွက်လောက်၊ French Fries လေးတစ်ပွဲလောက်နဲ့တူတူစားကြတာချည်းပါပဲ။

လူတွေက Big Mac စားဖို့လာကြရင်၊ အမြဲလိုလို တစ်ခုခုထပ်ယူကြပါတယ်။ Coke ဖြစ်ဖြစ်၊ Fries ဖြစ်ဖြစ်၊ Nugget ဖြစ်ဖြစ်ပေါ့။ ဒီလို တကူးတကထပ်မှာအောင်လည်း Set တွေလုပ်ထားပေးပါသေးတယ်။

👉 အဲ့တော့ McDonald’s က လူကြိုက်အများဆုံး Big Mac ကို အရှုံးခံရောင်းလည်း၊ လူတွေတွဲမှာကြတဲ့ Side တွေကနေ အမြတ်ထွက်နေတာပဲမလို့၊ ဆက်ပြီး သက်သက်သာသာနဲ့ရောင်းနေကြဦးမှာပါပဲ။

🔶 ပြောရရင် Big Mac က Marketing Expense တစ်ခုပါပဲ။ 🔶

ဒီလို အမြတ်အစွန်းတစ်ခုထွက်လာဖို့အတွက်၊ အရှုံးခံပြီး လုပ်ရတဲ့ Product, Campaign, Promotion, စတာတွေကို “Loss Leader Strategy” လို့ခေါ်ပါတယ်။

အထင်ကရဖြစ်တဲ့၊ လူကြိုက်များတဲ့ Product တစ်ခုကို အမြတ်အနည်းဆုံးယူပြီးရောင်းလိုက်မယ်။ လူတွေက ဒီ Product ကိုနှစ်ခြိုက်ကြလို့ ဝယ်ဖို့လာကြတဲ့အခါမှာ၊ Product နဲ့အတူလိုအပ်တဲ့ တခြားပစ္စည်းတွေကို ပုံမှန်ဈေးနဲ့ရောင်းလိုက်ပါတယ်။ အဲ့အခါကျ အမြတ်အစွန်းရတာပဲဖြစ်ပါတယ်။

🔶 အသိသာဆုံး ဥပမာကတော့ Printer တွေပါ။ များသောအားဖြင့် Printer တွေက Production Cost လောက်ပဲရောင်းကြပါတယ်။ အမြတ်အစွန်းသိပ်မကျန်ဘဲနဲ့ပေါ့။ ဒါပေမဲ့ လူတွေက Printer စက်ကြီးတစ်ခုပဲဝယ်သွားတာမဟုတ်ပါဘူး။ Printer သုံးဖို့ဆိုရင် မှင်လိုတယ်၊ စက္ကူလိုတယ်။ ဒီလိုမဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေကနေ Profit ရကြပါတယ်။

🔶 အိမ်က Wifi စက်ကြီးက ဘာလို့အလကားရနေတာလဲဆိုရင် Loss Leader Strategy ကြောင့်ပါ။ ဝိုင်ဖိုင်အတွက် လစဉ်ကြေးလည်းဆောင်ရဦးမယ်၊ စက်ဖိုးလည်းပေးရဦးမယ်ဆိုရင် လူတွေစဉ်းစားကြမှာပါပဲ။ အဲ့တော့ Router တစ်ခုလုံးကို အလကားပေးလိုက်ပါတယ်။ အမြတ်ကတော့ လစဉ်ကြေးတွေကနေ ရကြတာပေါ့။ ဒီမှာ Wifi Router က “Marketing Expense” ဖြစ်ပြီး၊ လစဉ်ကြေးက “Profit” ပါ။

🔶 ဒီနိုင်ငံမှာဆို တချို့ ကော်ဖီဆိုင်တွေမှာ Americano ကို ဈေးသက်သက်သာသာနဲ့ ရောင်းကြပါတယ်။ Signature Item တစ်ခုအနေနဲ့ပေါ့။ Americano ကို ဒီလောက်ဈေးနဲ့ရတာ ဒီဆိုင်ပဲရှိတယ်ဆိုပြီးတော့ လူတွေကတွေးပြီးလာကြမှာပါ။ ဒါပေမဲ့ Americano လာသောက်တဲ့လူတိုင်းကလည်း ကိတ်မုန့်လေးတစ်လုံးဖြစ်ဖြစ်၊ ကွတ်ကီးလေးတစ်ပွဲဖြစ်ဖြစ် မှာစားကြမှာပါပဲ။ အဲ့တော့ လူတွေထပ်မှာကြတဲ့ Dessert တွေကနေ အမြတ်ရပါတယ်။

တချို့သောအချိန်တွေမှာ အမြတ်လိုချင်ရင် ရည်ရွယ်ချက်ရှိရှိအရှုံးခံဖို့လိုပါတယ်။
အခုလို Loss Leader Strategy ကို Marketing ကောင်းကောင်းနဲ့လက်တွေအသုံးချနိုင်တတ်ဖို့လိုပါတယ်။ ဒါမှလည်း အရှုံးခံရတာတွေက ဆက်တိုက်နိုင်ဖို့အခွင့်အရေးရလာမှာဖြစ်ပါတယ်။

ဒီလို Marketing Strategy တွေချမှတ်ချင်တယ်ဆိုရင်……..

HAKADS ကိုပဲသတိရလိုက်ပါ။
______________________________________

Contact us Now!!!
“Let us Boost!!!” 🚀

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________






I am the Media Buyer who KNOCKS!Random ads don’t knock — they get ignored.Smart media buying finds the right door, the r...
11/09/2025

I am the Media Buyer who KNOCKS!

Random ads don’t knock — they get ignored.
Smart media buying finds the right door, the right time, and the right audience… and it delivers.

At HAKADS, we are not in the business of luck.
We are the media buyer who knocks.
______________________________________

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________





Digital Landscape in Myanmar ၂၀၂၅ ထဲဝင်လာတာ နှစ်ဝက်လည်းကျိုးရော Campaign တစ်ခု Run တော့မယ်၊ Ads တစ်ခုတင်တော့မယ်ဆိုရင် နည...
16/07/2025

Digital Landscape in Myanmar

၂၀၂၅ ထဲဝင်လာတာ နှစ်ဝက်လည်းကျိုးရော Campaign တစ်ခု Run တော့မယ်၊ Ads တစ်ခုတင်တော့မယ်ဆိုရင် နည်းနည်းမျက်ခုံးလှုပ်လာရတယ်မလား။ အကြောင်းအရင်းကတော့ အရင်နှစ်တွေနဲ့ ယှဉ်ရင် Ad Cost တွေသိသိသာသာတက်လာလို့ပါ။

👉 လုပ်ငန်းရှင်တွေဘက်ကကြည့်ရင် Cost တွေများလာတာကြောင့် Campaign တစ်ခု Run ဖို့ ချိတုံချတုံဖြစ်ရသလို၊ Media Buyer တွေဘက်ကကြည့်ရင်လည်း ကိုယ့် Performance တွေ ထိုးကျလာသယောင်ယောင် ဘာယောင်ယောင်ခံစားလာရပါတယ်။

ဒါဆို ဘာလို့ ဈေးတွေပိုကြီးလာရတာလဲ……..❓

ဒီမေးခွန်းကိုမဖြေခင်မှာ၊ ဗမာပြည်ရဲ့ Digital Media Buying လောကအကြောင်း မဖြစ်မနေသိထားရမဲ့အချက်လေးတွေရှိပါတယ်။

ကဲ ဒါဆို….. ထုံးစံအတိုင်းပေါ့။ ငါးမိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါဦး…..။
______________________________________

လက်ရှိ မြန်မာမှာ Digital Media Buying က ဘယ်အထိလမ်းပေါက်နေပြီလဲ……..❓

စစ်တမ်းတွေအရတော့ ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၂၂ သန်းကျော်ရှိပါတယ်တဲ့။ ဒီ ၂၂ သန်းမှာ ၉၀% လောက်က မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်ကို အသုံးပြုကြတာပါ။

လူသုံးအများဆုံး Platform ကတော့၊ အားလုံးသိထားကြတဲ့အတိုင်းပဲ Facebook ပေါ့။ ဒါကြောင့် အသုံးပြုသူများပြားတဲ့ Facebook မှာ Digital Marketing ကို ချဲ့ထွင်တာ အကောင်းဆုံးသောနည်းလမ်းပါပဲ။

Start-up Business အများစုကတော့ Facebook Ad ကို Page Boosting (Page ကို လူသိများလာစေဖို့) နဲ့၊ Ad Campaign (ရောင်းအားတက်လာစေဖို့) အများဆုံး အသုံးပြုကြပါတယ်။

Facebook Ad ကို အသုံးပြုပြီးတော့ Campaign Run ကြရင်၊ အများစုက Engagement နဲ့ Message Generation ပိုင်းတွေဘက်ကို ဦးစားပေးတတ်ကြပြီး၊ Website နဲ့ Conversion တွေအတွက် အသုံးပြုကြတာတော့ ရှားပါသေးတယ်။
______________________________________

ဘာလို့ META က မြန်မာပြည်ရဲ့ Digital Marketing လောကကို စိုးမိုးထားတာလဲ…….❓

Facebook က မြန်မာပြည်မှာ လူသုံးအများဆုံး Platform တစ်ခုဖြစ်တာနဲ့အညီ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင် လုပ်ငန်းရှင်အများစုက အားထားကြရပါတယ်။

Messenger နဲ့ Comment တွေကနေ အလွယ်တကူ Communicate လုပ်လို့ရတာဟာ ဆက်သွယ်မှုအပိုင်းမြန်ဆန်စေပြီး၊ ဈေးရောင်းဈေးဝယ်အတွက်လည်း အင်မတန်ကို အလုပ်ဖြစ်ပါတယ်။ ဒါကလည်း တခြား Google Ads တို့၊ LinkedIn တို့နဲ့ယှဉ်ရင် အားသာချက်တစ်ခုပဲမဟုတ်လား။

TikTok နဲ့ Instagram တို့ကလည်း နောက်ပိုင်းမှာ လူသုံးများလာပေမဲ့ Facebook ကို ထိုးဖောက်နိုင်ဖို့အလားအလာမရှိသေးပါဘူး။ Instagram ဆို လူငယ်တွေလောက်ပဲသုံးကြတာဖြစ်ပြီးတော့၊ TikTok ကတော့ မြန်မာပြည် Region အတွက် ကြော်ငြာတွေ Run ဖို့အဆင်မပြေပါဘူး။

👉 Google Ads နဲ့ LinkedIn တို့ကတော့ Ad Run ဖို့ အဆင်ပြေပေမဲ့လည်း မြန်မာပြည်မှာတော့ အသုံးပြုကြတဲ့သူနည်းပါသေးတယ်။
______________________________________

ဒါဆို အဓိကမေးခွန်းကို ပြန်သွားလို့ရပါပြီ…..။

ဘာလို့ အခုနောက်ပိုင်းမှာ Meta Ad Cost တွေက ပိုဈေးကြီးလာရတာလဲ………….❓

၂၀၂၅ နောက်ပိုင်းမှာ Campaign တစ်ခု Run တော့မယ်ဆိုရင် ဈေးက မနှစ်ကထက် နှစ်ဆခွဲလောက်ကိုပို တက်လာတာပါ။

◻️ တိတိကျကျပြောရရင် ဒီနှစ် နှစ်စနဲ့ နှစ်လည်ပိုင်းလောက်မှာတင် 30% to 40% အထိ ပိုတိုးလာတာပါ။

အကြောင်းအရင်းကတော့ ပြိုင်ဆိုင်မှုတွေများလာလို့ပါ။ Meta Ads ကို အသုံးပြုပြီး ကြော်ငြာတဲ့ စီးပွားရေးလုပ်ငန်းအရေအတွက် ပိုများလာတာက ဗဟိုအကျဆုံးအချက်တွေထဲကတစ်ခုပါပဲ။

ဒါကြောင့် ကြော်ငြာထည့်ဖို့ဆိုရင် လွတ်တဲ့နေရာတစ်ခုကို အတင်းတိုးဝင်ရပါတယ်။ ရုံးနောက်ကျမှာစိုးလို့ မှီရာကားနဲ့ အတင်းတိုးတက်ပြီး လိုက်ရသလိုပါပဲ။ ဒီလို Demand တွေပိုများလာတာကြောင့်လည်း၊ ဈေးက ပိုကြီးလာရတာပဲဖြစ်ပါတယ်။
______________________________________

ဒါဆို ဘာလုပ်သင့်လဲ……..❓

ဒီမေးခွန်းကို ကြော်ငြာရှင်တွေဘက်ကရော၊ Media Buyer ဘက်ကရော ဖြေပေးပါ့မယ်။

ပထမတစ်ခုက “မှီရာကားနဲ့လိုက်ပါ”.........

ပြောရရင် Start-up Page လေးတွေက Cost ပိုများပါတယ်။ ဒါပေမဲ့ သေချာအခြေခိုင်သွားပြီ၊ Follower တွေအခိုင်အမာရလာပြီဆိုရင်၊ ဈေးက ထင်သလောက်မများတော့ပါဘူး။ ဒါပေမဲ့ ဒီလို အခြေတည်မှုမျိုးရအောင် နှစ်နဲ့ချီပြီး တည်ဆောက်ရပါတယ်။ ဒါကြောင့်မလို့၊ နောက်ပိုင်း ဒီ့ထပ်ပိုမများလာခင်မှာ ရသလောက် ခြေကုပ်ပြီး “မှီရာကားနဲ့လိုက်” တာဟာ အကောင်းဆုံး Solution တစ်ခုပါပဲ။ အခုခေတ်မှာ ကားဝယ်စီးသလို၊ Bitcoin ဝယ်စုသလိုမျိုးပါပဲ။ ဒီ့ထပ်ဈေးမတက်လာခင် ကြိုလှုပ်ရှားထားလိုက်တာက ဈေးကျမဲ့အချိန်ကို စောင့်နေရတာထက် ပိုသေချာတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ပါတယ်။

Media Buyer တွေဘက်ကကြည့်ရင်တော့ Cost တစ်ခုကို Efficient ဖြစ်ဖြစ် အသုံးပြုနိုင်ဖို့ဆို၊ Target Audience, အချိန်အခါ၊ နေရာဒေသနဲ့ လူစိတ်ဝင်စားမှု အကုန်လုံးကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ချက်ချနိုင်ဖို့လိုပါတယ်။ တစ်ခါတလေမှာလည်း risk ယူရဲရပါမယ်။

⚡ Take the risk and seize the chance.

💥 ကြော်ငြာတွေ အရမ်းများလာတာ၊ နေရာတစ်ခုရောက်ဖို့ အတင်းရုန်းကန်ရတာ ဘာညာကတော့ ကိုယ့်ကြော်ငြာတစ်ခု ဘယ်လောက် Creative ဖြစ်လဲ၊ ဘယ်လောက် လူစိတ်ဝင်စားမှုရလဲ အပေါ်မူတည်ပါသေးတယ်နော်။ ပြိုင်ဘက်အသီးသီးကြားမှာ Stand-out ဖြစ်တဲ့ ကြော်ငြာတွေ ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။

စဉ်းစားရကြပ်နေပြီလား……❓Idea တွေ ခမ်းခြောက်နေပြီလား…….❓
HAKADS ကိုပဲ ခေါင်းပေးစားလိုက်ပါ။ လူငယ်တွေနဲ့ချည်း တည်ဆောက်ထားတဲ့ ကျနော်တို့ team က Chat GPT ထက်နှစ်ဆလောက်မြန်အောင်ကို Idea အသစ်တွေ ထုတ်ပေးနိုင်လို့ပါ။
______________________________________

ဒါဆို ဗမာပြည်ရဲ့ Digital Landscape အကြောင်းကိုလည်း သေချာနားလည်လောက်ပြီထင်ပါတယ်ဗျ……။

HAKADS ကတော့ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Cost efficiently ဖြစ်ဖြစ် တိုးတက်အောင်လုပ်ပေးဖို့ အကြံဉာဏ်ကောင်းတွေ အမြဲထုတ်ပေးနေမှာမလို့၊ စိတ်ဝင်စားတယ်ဆိုရင် လာရောက်ဆက်သွယ်လိုက်လို့ရပါပြီ။ 👇
______________________________________

Contact us Now!!!
“Let us BOOST!!!” 🚀

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________





Client Success Story: LUMOS Myanmar 🌟In just 5 months, LUMOS Myanmar achieved a remarkable +231% increase in total sales...
24/06/2025

Client Success Story: LUMOS Myanmar 🌟

In just 5 months, LUMOS Myanmar achieved a remarkable +231% increase in total sales while cutting acquisition costs by over 68%!

📈 With over 4.4 million impressions in April alone — achieved with the lowest spending — their digital reach and engagement hit new highs.

💬 Real results. Real growth.
We’re proud to support brands that scale with strategy and heart.

👉 HAKADS - Your Paid Media Expert

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________






ဝယ်သူရဲ့ စိတ်အခြေအနေအဆင့်ဆင့် The State of Mind လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုကိုမဝယ်ခင်၊ ဒါမှမဟုတ် ဝယ်လိုက်တော့မယ်လို ဆုံးဖြ...
03/06/2025

ဝယ်သူရဲ့ စိတ်အခြေအနေအဆင့်ဆင့်
The State of Mind

လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုကိုမဝယ်ခင်၊ ဒါမှမဟုတ် ဝယ်လိုက်တော့မယ်လို ဆုံးဖြတ်ချက်မချခင် စိတ်အခြေအနေအဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ နောက်ဆုံး “ဝယ်လိုက်တော့မယ်ကွာ” လို့ အဆုံးသတ် Decision မချခင်အထိ ဖြတ်ကျော်လာရတဲ့ စိတ်အခြေအနေအဆင့်တွေကို “The State of Mind” လို့ခေါ်ပါတယ်။

💥 တစ်ခုခုရောင်းချင်တယ်ဆိုရင်၊ တစ်ခုခုကို ကြော်ငြာချင်တယ်ဆိုရင်၊ “The State of Mind” ဆိုတဲ့ Concept ကိုနားလည်ထားရင် “ဘာလုပ်သင့်လဲ” ဆိုတဲ့ အဖြေကို မြန်မြန်ရှာတွေ့နိုင်ပါတယ်။

ဒါကြောင့် ဈေးရောင်းမဲ့သူတိုင်း သိထားသင့်တဲ့ “The State of Mind” ကို အကြမ်းဖျဉ်း လေ့လာစေချင်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်းကြီးဆို ပျင်းဖို့ကောင်းနေမှာပေါ့။ ဒါကြောင့် Story လေးတစ်ခုနဲ့ တင်ဆက်ပေးပါ့မယ်။

(ဖတ်ရန်ကြာချိန် - ၃ မိနစ်)
______________________________________

1️⃣ Awareness
HAKADS ရဲ့ သရုပ်ဆောင် အာကာက နားကြပ်တစ်ခုလိုချင်နေပါတယ်။ ဈေးကတော့ ငါးသောင်း/တစ်သိန်း ဝန်းကျင်လောက်ပေါ့။ နည်းနည်းပိုလည်း ရပါတယ် ကိစ္စမရှိပါဘူး။ အာကာက အနက်ရောင်ကြိုက်တယ်။ အဲ့တော့ Earbud ကိုလည်းအနက်ရောင်ဝယ်ဖို့ ဆုံးဖြတ်ထားတယ်။ ဂိမ်းဆော့တာမလို့ အသံတွေက Delay ဖြစ်နေလို့မရဘူး။ အသံထွက်ကောင်းတဲ့ဟာဆို ပိုအဆင်ပြေတယ်။

👉 ဆိုတော့……ဒီမှာ အာကာလုပ်မဲ့အရာ နှစ်ခုရှိပါတယ်။ တစ်ခုက လိုက်ရှာတာပါ။ Website တွေမှာဖြစ်ဖြစ်၊ Facebook Search Bar မှာဖြစ်ဖြစ်၊ Keyword တွေရိုက်ထည့်ပြီး လိုက်ရှာကြည့်မယ်။ ဒါကတစ်ခု။
နောက်တစ်ခုကတော့ ကိုယ့်ဘာသာ Facebook လေးသုံးရင်းနဲ့၊ Earbud ကြော်ငြာတွေတက်လာတဲ့အခါမှာ တခုတ်တရဝင်ကြည့်ဖြစ်မယ်။

ဒီလိုလိုက်ရှာရင်းနဲ့ အာကာလိုချင်တာနဲ့ ကိုက်ညီတဲ့ ကြော်ငြာတစ်ခုကို မြင်ပြီဆိုရင်၊ စိတ်ဝင်စားပြီး ဝင်ကြည့်ဖြစ်ပါလိမ့်မယ်။ ဒီအချိန်မှာ Awareness State ရရှိပါမယ်။💯

📌 အဲ့တော့ ရိုက်ရှာလိုက်လို့ ထွက်လာတဲ့ကြော်ငြာပဲဖြစ်ဖြစ်၊ ရှာစရာမလိုဘဲ ကိုယ့်မျက်စိရှေ့ရောက်လာတဲ့ ကြော်ငြာပဲဖြစ်ဖြစ်၊ နှစ်ခုလုံးက ကြည့်လိုက်တာနဲ့ တန်းပြီး သတိထားမိစေဖို့လိုပါတယ်။
______________________________________

2️⃣ Interest
သဘောကျတဲ့ဟာလေးတွေဝင်ကြည့်ရင်း၊ ဒီနားကြပ်က “ငါလိုချင်တဲ့ဟာနဲ့ ကိုက်ရဲ့လား” ဆိုတဲ့ မေးခွန်းကို ခေါင်းထဲမှာ အထပ်ထပ်အခါခါ ပြန်မေးမိပါလိမ့်မယ်။

အာကာလိုချင်တာ အနက်ရောင်၊ အသံထွက်ကောင်းတဲ့ဟာ၊ ANC ပါတဲ့ဟာ။ ဒါတွေအဆင်ပြေပြီဆိုရင် “ငါသုံးမဲ့ Budget နဲ့ အဆင်ပြေရဲ့လား” “တခြား Design ထဲကရောရှိလား” စတဲ့မေးခွန်းတွေကို ခေါင်းထဲမှာမေးပြီး ကိုယ်နဲ့အကိုက်ညီဆုံးအရာကို ရွေးချယ်ပါလိမ့်မယ်။💯

📌 ဒီ State ကို ကျော်ဖြတ်စေချင်ရင်၊ ကိုယ့်ရဲ့ ကြော်ငြာတွေဟာ Informative ဖြစ်နေဖို့လိုပါတယ်။ ဒါမှ ငါနဲ့ကိုက်ညီလား၊ ငါလိုချင်တဲ့ Feature တွေပါလားဆိုတာကို တန်းသိပြီး ဆုံးဖြတ်ချက်မြန်မြန်ချနိုင်မှာပဲဖြစ်ပါတယ်။
______________________________________

3️⃣ Desire
အာကာလိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ နားကြပ်တွေ့ပြီဆိုပါစို့။ အဲ့အခါ လိုချင်စိတ်ပေါ်လာပါလိမ့်မယ်။ ဒါကို Desire State လို့ခေါ်ပါတယ်။

👉 Desire State မှာ ကိုယ်သဘောကျတဲ့ အရာတစ်ခုတွေ့တယ်ဆိုရင်၊ ဒါက အတုကြီးဖြစ်နေမလား၊ ဝယ်ပြီးမှသူတို့ကြော်ငြာထားသလိုမဟုတ်ရင်ဘယ်လိုလုပ်မလဲ စတဲ့ ဒွိဟတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ယုံကြည်လို့ရမရကိုတော့၊ Brand Reputation တွေ၊ User Rating တွေနဲ့ ဆုံးဖြတ်ရပါတယ်။ (Facebook မှာဆို Comment တွေလိုက်ဖြဲကြည့်ရတာပေါ့။) Brand Reputation မှာ Sony တို့ JBL တို့လို လူကြိုက်များပြီးသား၊ ယုံကြည်ရပြီးသား Brand အကြီးကြီးတွေဆိုရင် နှစ်ခေါက်မစဉ်းစားဘဲ ဝယ်လိုက်ဖို့များပါတယ်။ Positive Rating နဲ့ Comment တွေကို မြင်တဲ့အခါမှာလည်း၊ ယုံကြည်မှုက ပိုမြင့်လာစေပါတယ်။💯

📌 ဒီမှာ ကြော်ငြာရှင်တွေအနေနဲ့ သိထားရမှာက ဒီလို လိုချင်စိတ်ကို ပျောက်မသွားအောင်၊ လိုချင်တယ်ဆိုတဲ့ အခြေအနေရောက်လာတာနဲ့ တန်းပြီးဝယ်ဖြစ်အောင် နှိုးဆွပေးလို့ရပါတယ်။

ဥပမာ - “Only 10 Products Left”
ဒီလိုလေးတွေ့လိုက်ရင်၊ မကုန်ခင် အမြန်ဝယ်ရမှာပါလားဆိုတဲ့ စိတ် ဝင်လာပါလိမ့်မယ်။

ဥပမာ - “Limited Edition”
အာကာက ဒါသာမြင်လိုက်ရင်၊ သူများတွေနဲ့ မတူဘဲ Unique ဖြစ်တာလေး ကိုင်ရတော့မှာပါလားဆိုပြီး၊ ဝယ်ချင်စိတ်ပိုများလာနိုင်ပါတယ်။

ဥပမာ - “Discount Until June 30th”
ဒါဆို ဒီလမကုန်ခင်ဝယ်ရင် ပိုအဆင်ပြေတာပဲဆိုပြီး၊ ဝယ်ချင်စိတ်ကို ပိုတွန်းပို့ပေးပါလိမ့်မယ်။

______________________________________

4️⃣ Decision
နောက်ဆုံးတော့ အာကာဝယ်လိုက်ပါပြီ။ ဝယ်ပြီးမှ နောင်တရတာကတော့ သူ့အပိုင်းပေါ့။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီဘက်ကြည့်ရင် ပစ္စည်းတစ်ခုကို အောင်အောင်မြင်မြင်ရောင်းလိုက်ရပြီလေ။

ဒီ နားကြပ်ကို အာကာသုံးကြည့်ပြီး သဘောကျလို့ရှိရင် သူငယ်ချင်းတွေကို ပြန်ပြောပါလိမ့်မယ်။ တခြား နားကြပ်ဝယ်ဖို့ စဉ်းစားနေတဲ့ သူတွေကိုလည်း ညွှန်းလိမ့်မယ်။ ဒီလို User တစ်ဦးရဲ့ စိတ်ကျေနပ်မှုကြောင့် ကိုယ့် Product ရဲ့ သတင်းစကားပြန့်နှံ့သွားခြင်းက ပိုက်ဆံတွေသိန်းချီသုံးပြီး ကြော်ငြာတာထက် ပိုထိရောက်ပါတယ်။💯

📌 ဒါပေမဲ့ ကြော်ငြာကို Information အမှားတွေနဲ့၊ မဝယ်ဝယ်အောင် မကြော်ငြာမိဖို့တော့လိုပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါမှာ ကိုယ်ရောင်းထွက်မှာ ပစ္စည်းတစ်ခုထက်မပိုအောင်လုပ်လိုက်တာနဲ့ တူတူပါပဲ။
______________________________________

Facebook Marketing မှာဆိုရင် ကိုယ့်ကြော်ငြာတစ်ခုက ဒီလို စိတ်အခြေအနေအဆင့်ဆင့်ကို လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ဖို့လိုပါတယ်။

“The State of Mind” ကို မိနစ်ပိုင်းအတွင်း ဖြတ်သန်းနိုင်စေမဲ့ ကြော်ငြာတစ်ခု ဘယ်လိုဖန်တီးမလဲ❓
စိတ်မပူပါနဲ့။
👉 HAKADS ရှိပါတယ်။💯

ပိုမိုကောင်းမွန်တဲ့ Marketing Strategy တွေအတွက်
Better Call “HAKADS”!!!🫵

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________






The Bandwagon Effect in Marketing ဒီနေ့မှာတော့ HAKADS ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို The Bandwagon Effect ဆိုတဲ့ ခေါင်...
29/04/2025

The Bandwagon Effect in Marketing

ဒီနေ့မှာတော့ HAKADS ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို The Bandwagon Effect ဆိုတဲ့ ခေါင်းစဉ်အကြောင်းရယ်၊ ဒါက Marketing Strategy မှာ ဘယ်လိုအရေးပါတယ်ဆိုတာရယ်ကို ရှင်းပြပေးချင်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းရာတစ်ခုဖြစ်တာမလို့၊ အဆုံးထိဖတ်ကြည့်ပေးကြပါဦး…..။🙌

📢 The Bandwagon Effect ဆိုတာကတော့ လူအုပ်နောက်လိုက်တဲ့၊ လူများတိုင်းလိုက်လုပ်တဲ့ လူတွေရဲ့ Psychological Impact တစ်ခုဖြစ်ပါတယ်။ တစ်ခုခုကို လူတွေအများကြီးက လုပ်နေကြပြီဆိုရင် ကိုယ်လည်းဝင်လုပ်ကြည့်ချင်တဲ့ စိတ်ပေါ်လာတတ်ပါတယ်။ ဒီလိုလုပ်မိတာကိုလည်း ကျနော်တို့ကိုယ်တိုင်က သိပ်သတိမထားမိပါဘူး။ ဥပမာ YouTube မှာ Video တစ်ခုရှာကြည့်ရင် View များတဲ့ Video ကိုရွေးကြည့်ဖြစ်ကြတာမျိုးပေါ့။

📢 မြန်မာမှာဆိုရင်လည်း “အများညီ၍ ‘ဤ’ ကို ‘ကျွဲ’ ဟုဖတ်” စသည်ဖြင့် လူများရင် အမှန်က အမှားဖြစ်တတ်ကြောင်း သတိပေးထားတဲ့ ဆိုရိုးတွေရှိပါတယ်။ လူတိုင်းလုပ်နေကြလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ပါ အမှားကိုအမှန်ထင်ပြီးလိုက်လုပ်တတ်ကြပါတယ်။ ဒါကတော့ လူတွေရဲ့သဘာဝပါ။ ဒါရဲ့ Moral of the Story ကတော့ ပရိတ်သတ်များတိုင်း အမှန်မဟုတ်ဘူးဆိုတာပါပဲ။ ကိစ္စတိုင်းကို ချင့်ချိန်သုံးသပ်တတ်ဖို့လိုပါတယ်။

ဒီဆောင်းပါးက Marketing Strategy အကြောင်းပြောဖို့ဖြစ်တာမလို့၊ ဒီဘက်ကိုပဲ ဦးတည်လိုက်ကြရအောင်….။

🔶 အားလပ်ရက်မှာ Netflix ကိုဝင်ပြီး ဘာကြည့်ရမလဲမွှေနှောက်ရင်း “Top 10 movies in your country” ဆိုပြီးရုပ်ရှင်တွေပေါ်လာရင် ကြည့်ချင်စိတ်ပေါ်သွားကြတယ်မလား။ သူများတွေကြည့်နေကြတယ်၊ ဘာများလဲပေါ့ဆိုတဲ့ စူးစမ်းစိတ်ပါ။ Amazon Website မှာ Top Selling Product ဆိုပြီးပြထားရင်၊ ဘာလို့လူတွေဒီလောက်တောင် ဝယ်နေကြလဲ စိတ်ဝင်တစားဖြစ်မိသွားတတ်ပါတယ်။
ဒါက လူတွေရဲ့ Psychology ကိုအသုံးချပြီး စီးပွားရှာကြခြင်းပါပဲ။

📌 Tip: ကိုယ့်ရဲ့ ရောင်းအားအကောင်းဆုံးသော ပစ္စည်းကို လူသိများအောင်လုပ်ဖို့ မမေ့ပါနဲ့။
_____________________________________

🔶 ထုတ်ကုန်တစ်ခုကို လူအများကြီးသုံးစွဲနေကြတဲ့ ပုံစံမျိုးပေါက်အောင် Influencer တွေ၊ Celebrity တွေနဲ့ ကြော်ငြာကြတာမျိုးလည်းရှိပါသေးတယ်။ ဥပမာ Nike က Michael Jordan နဲ့ Collaborate လုပ်သလိုမျိုးပေါ့။ လူကြိုက်များတဲ့ အနုပညာရှင်ကအသုံးပြုနေတယ်ဆိုရင် အလိုလိုလူကြိုက်များသွားစေသလိုပါပဲ။

📌 Tip: လူသိများတဲ့သူတွေနဲ့ Collab လုပ်ပါ။ Campaign တွေဖန်တီးပါ။
_____________________________________

🔶 Review တွေနဲ့ Rating တွေကလည်း လူတွေကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ရုပ်ရှင်တစ်ခုတွေ့တယ် IMDB မှာ Rating တော်တော်မြင့်နေတယ်ဆိုရင် အလိုလိုနေရင်း “ကြည့်လိုက်ဦးမှပါ” ဆိုပြီးဖြစ်သွားသလိုမျိုးပါပဲ။ Facebook မှာ Reaction တွေအများကြီးတွေ့ရင် ဘာလဲဆိုပြီး စူးစမ်းကြည့်ချင်စိတ်ဖြစ်သွားတတ်ပါတယ်။

📌 Tip: User တွေရဲ့ Review တွေကို အလေးထားပါ။ သူတို့ရဲ့ Review တွေကိုလည်း လူတိုင်းမြင်နိုင်အောင် ဖော်ပြထားပါ။
_____________________________________

🔶 ဘာမှမဟုတ်တဲ့ စာအုပ်တစ်အုပ်ပါပဲ၊ ဒါပေမဲ့ New York Times Best Seller ဆိုပြီး ခေါင်းစဉ်တပ်လိုက်ရင် စိတ်ဝင်စားဖို့ကောင်းသွားတယ်မလား။ ဒီလိုပဲ စာအုပ်တစ်အုပ်တွေ့တယ်၊ စိတ်ထဲကတော့ သဘောကျတယ်၊ ဖတ်ချင်တယ်၊ ဒါပေမဲ့ မကောင်းမှာစိုးရိမ်နေတယ်၊ ကိုယ့်အချိန်တွေဖြုန်းမိသွားမှာ ပူပန်နေတယ်။ အဲ့အချိန်မှာ ဘယ်နှခုနှစ်ရဲ့‌ရောင်းအားအကောင်းဆုံး ဘာညာဆိုတဲ့ စာတန်းလေးတွေ့လိုက်ရင် စောနက စိတ်ထင့်နေမှုတွေလွင့်စင်သွားတတ်ပါတယ်။ ဒါလည်း Marketing Strategy တစ်ခုပါပဲ။

📌 Tip: အမြဲတမ်းအကောင်းဆုံးကပဲ အရေးအကြီးဆုံးမဟုတ်ပါဘူး။ ဘယ်အချိန်တုန်းက ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာကလည်း အရေးပါပါတယ်။
_____________________________________

👉 အပေါ်မှာပြောသွားတဲ့အချက်တွေကို ခြုံငုံပြီး The Bandwagon Effect ဆိုပြီး ပြောလို့ရပါတယ်။

ဒါဆို လူသုံးများလာအောင် ဒီ Effect ကိုအသုံးချပြီး ဘယ်လိုဆွဲဆောင်လို့ရနိုင်မလဲ၊ နည်းနည်းတော့ စဉ်းစားလို့ရလောက်ပြီထင်ပါတယ်။ 🙌

လူတွေရဲ့ Psychology ကိုအသုံးချပြီး Marketing လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ The Bandwagon Effect ဟာ Marketing မှာအရေးပါတဲ့ Psychological Weapon တစ်ခုဖြစ်တာကြောင့်၊ ကောင်းကောင်းအသုံးချတတ်လေလေ အကျိုးများလေလေပဲဖြစ်ပါတယ်။

ဒါဆို The Bandwagon Effect ကိုအသုံးပြုပြီး Marketing Strategy တွေ ချမှတ်နိုင်ပါစေလို့ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ….။
_____________________________________

Marketing အတွက် အကြံဉာဏ်တွေ၊ နည်းလမ်းတွေရှာဖွေနေတာလား……..❓
HAKADS ကိုကြွခဲ့ပါ။

Contact Info:
📞 +95 (9) 253 853 538
✉️ [email protected]
______________________________________






Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when Hakads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share