23/05/2026
ဖျားနာလွယ်တဲ့ ရာသီအကူးအပြောင်းကာလမှာ ဂရုစိုက်ပါ... 🌧️☔ ☀🌦
အခုလို ရာသီအကူးအပြောင်းကာလမှာ အအေးမိခြင်း၊ ဖျားနာခြင်းတွေ အလွယ်တကူ ဖြစ်တတ်ပါတယ်။
ကျန်းမာရေးကောင်းမွန်စေဖို့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို ဂရုစိုက်လိုက်ရအောင်...
1. ကိုယ်ခံအားကောင်းစေဖို့ အိပ်ရေးဝဝ အိပ်ပါ
2. သန့်ရှင်းတဲ့ အစားအသောက်များကိုသာ စားသုံးပါ
3 မိုးရေမစိုအောင် ထီး သို့မဟုတ် Raincoat ဆောင်ထားပါ
4 လက်ကို စနစ်တကျ မကြာခဏ ဆေးပါ
5 ခြင်၊ ယင် အန္တရာယ်များမှ ကာကွယ်ပါ
💙 လူကြီးမင်းတို့အားလုံး ကျန်းမာပြီး ဖျားနာခြင်းကင်းဝေးတဲ့ မိုးရာသီကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။