Atar. Co Content Creator

Atar. Co Content Creator Refreshing Brands with Digital Flow

အားတက်စေသော စကားများ
01/02/2026

အားတက်စေသော စကားများ

တောင်းဆုများပြည့်တဲ့ နှစ်သစ်ဖြစ်ပါစေ 🙇‍♀️🙇
31/12/2025

တောင်းဆုများပြည့်တဲ့ နှစ်သစ်ဖြစ်ပါစေ 🙇‍♀️🙇

Atar. Co က ပြီးခဲ့တဲ့ (၄) လအတွင်း TikTok Video ရိုက်ကူးရေး/ တည်းဖြတ်ခြင်းများကို အပုဒ်ပေါင်း ၁၀၀နီးပါး ဝန်ဆောင်မှုပေးခဲ့...
23/12/2025

Atar. Co က ပြီးခဲ့တဲ့ (၄) လအတွင်း TikTok Video ရိုက်ကူးရေး/ တည်းဖြတ်ခြင်းများကို အပုဒ်ပေါင်း ၁၀၀နီးပါး ဝန်ဆောင်မှုပေးခဲ့ပါတယ်။

TikTok video လို့ ပြောပေမဲ့ တကယ်တော့ ဒါဟာ Facebook reel အတွက်ပါ အသုံးပြုနိုင်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်စေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

Atar.Co ကနေ ဝန်ဆောင်မှုပေးနေတဲ့ TikTok Package မှာ ဘာတွေပါမလဲဆိုရင်
> Content Strategy
> Script
> Video Production
> Editing
> Talent (Optional)

စိတ်ဝင်စားလို့ အသေးစိတ်မေးမြန်းချင်တဲ့ ဖျူးချားကလိုင်းယန့်များအနေနဲ့ ကွန့်မန့်မှာ အစက်လေးတစ်စက်ပဲ '.' ချသွားပေးဖို့ လိုပါတယ်ဗျ။ Sample Video တွေပြဖို့ လူကြီးမင်းတို့ရဲ့ Chatbox ဆီ အမြန်ဆုံးနည်းနဲ့ လာခဲ့မှာပါ။

Atar. Co မှာ TikTok video ရိုက်ကူးရေး ဝန်ဆောင်မှုကို တိုးချဲ့ခဲ့တာ အချိန်လေး​လပဲရှိသေးပေမဲ့ ယုံကြည်ပေးကြတဲ့ Client တွေကြောင့် ထင်ထားတဲ့အရေအတွက်ထက် အများကြီးဖြစ်နေလို့ ကျေးဇူးအထူးတင်ရပါတယ်ဗျာ 🙏

09/12/2025

AI နဲ့ ရန်ကုန်လျှောက်လည်

တလောက အာမခံဝယ်ချင်လို့ လိုက်စုံစမ်းရာမှာ မားကက်တင်းဘက်ဂျက်တွေအများကြီးသုံးထားပါရက်နဲ့ တကယ်တမ်း ဆက်သွယ်တော့ Hotline ဖုန်း...
08/11/2025

တလောက အာမခံဝယ်ချင်လို့ လိုက်စုံစမ်းရာမှာ မားကက်တင်းဘက်ဂျက်တွေအများကြီးသုံးထားပါရက်နဲ့ တကယ်တမ်း ဆက်သွယ်တော့ Hotline ဖုန်းက သေချာအလုပ်မလုပ်နေတာ၊ Reception နံပါတ်ဆက်လည်း ကိုင်သူမရှိနေတာ၊ Operator ဆီရောက်သွားလည်း ဖုန်းမဖြေတာ ဒါမျိုးဆက်တိုက်ကြုံရတော့ အဲ့ဒီအာမခံတွေမှာ မဝယ်တော့ဘဲ ဆက်သွယ်လိုက်တာနဲ့ ဖြေပေးသူရှိနေပြီးသား အာမခံလုပ်ငန်းကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ဒီတစ်ခုတည်းမဟုတ်ပါဘူး။ Dessert ဆိုင်တစ်ဆိုင် ထိုင်ဖို့ လက်ထဲ cash မရှိနေတာနဲ့ Mobile payment ရ၊ မရ စုံစမ်းရာမှာ ၁မိနစ်‌တောင်မကြာဘဲ ရလိုက်တဲ့အဖြေကြောင့် သွားမယ်မှန်းထားပြီးသားဖြစ်တဲ့ အဲ့ဆိုင်မှာပဲ တကယ်ထိုင်ဖြစ်ခဲ့ပါတယ်။

သူ့ဆီက ရီပလိုင်းကိုသာ မြန်မြန်မရခဲ့ရင် အဲ့ဆိုင်ကို သေချာပေါက် ထိုင်ဖြစ်မှာ မဟုတ်ပါဘူး။

အပြိုင်အဆိုင်များလွန်းနေတဲ့ အွန်လိုင်းပေါ်မှာ Customer သိချင်တာကို အချိန်တိုအတွင်း ဖြေနိုင်တဲ့လုပ်ငန်းက တစ်ပန်းသာပါတယ်။

အဲ့အတွက် Atar.Co မှာ Page Comment & Reply service အတွက် ပေ့ချ်နှစ်ခုစာ နေရာလွတ်နေပါသေးတယ်။

စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များအနေနဲ့ Chat Box မှာ အားမနာတမ်းလာမေးလို့ရပါတယ်။

လုပ်ငန်းရှင်အရာရောက်ပြီဆိုရင် ပိုးမွေးသလို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတဲ့ထဲမှာ ကိုယ့်လုပ်ငန်းကလည်း ရင်ဘတ်တစ်ထောင့်တစ်နေရ...
28/04/2025

လုပ်ငန်းရှင်အရာရောက်ပြီဆိုရင် ပိုးမွေးသလို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတဲ့ထဲမှာ ကိုယ့်လုပ်ငန်းကလည်း ရင်ဘတ်တစ်ထောင့်တစ်နေရာမှာ ပါတယ်မဟုတ်ပါလား။

ကိုယ်ချစ်သလိုမျိုး ကိုယ့်အလုပ်နဲ့ ပတ်သက်သူတိုင်းကိုလည်း ကိုယ့်လိုချစ်စေချင်ပြီး အလုပ်အပေါ် ကြိုးစားအားထုတ်စေချင်တာက ဖြစ်ရိုးဖြစ်စဥ် လူ့လောဘရယ်ပါ။ ဒီတော့ ကိုယ့်လုပ်ငန်းတိုးတက်ဖို့အတွက် ဒီလိုလူမျိုးကို ဘယ်မှာရှာကြမလဲ။

လူကြီးမင်းတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာအတွက်ဆိုရင်တော့ လှည့်ကြည့်စရာမလိုအောင် စိတ်ချရမဲ့ Atar. Co ရှိပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝပေးနိုင်တဲ့ ယုံကြည်ချက်တွေဟာ Atar. Co မှာ ရှိနေပါတယ်။ ထပ်ဆောင်းဘောနပ်စ်အနေနဲ့ ပေ့ချ်မှာ ဖန်တီးပေးမဲ့ Content တိုင်းဟာလည်း လူကြီးမင်းအလုပ်မှာအပေါ်ထားတဲ့ချစ်စိတ်အတိုင်း ထပ်တူမကျတောင် မလျှော့သောချစ်ခြင်းများနဲ့ အိုင်ဒီယာသီကုံးပေးသွားမှာပါ။

Atar. Co မှာ စားသောက်ကုန်နှင့် ဖျော်ရည်များ၊ Home Appliances၊ Craft ၊ Souvenir & accessories ၊ စားသောက်ဆိုင်နဲ့ ဘားများ စတဲ့ လုပ်ငန်းတွေကို အဓိကထား ဝန်ဆောင်မှုပေးနေပါတယ်။ အရေးသီးသန့်လား၊ ဒီဇိုင်းအတွက်ရောလား၊ Comment & Message Reply ချည်းပဲလား စတဲ့ ဝန်ဆောင်မှုများကို တစ်လမှ စပြီး လပြတ်၊ နှစ်ပြတ် စသဖြင့် လက်ခံဆောင်ရွက်ပေးပါတယ်။

***MLM များကို ဝန်ဆောင်မှု မပေးပါ။

Client - City PropertiesPage - City Mall St. John10mins Challenge ကို အရမ်းကြိုက်တယ်၊ 10mins Challenge ထပ် မလုပ်တော့ဘူးလ...
21/03/2025

Client - City Properties
Page - City Mall St. John

10mins Challenge ကို အရမ်းကြိုက်တယ်၊ 10mins Challenge ထပ် မလုပ်တော့ဘူးလားလို့ တမေးတည်း မေးနေတဲ့သူတွေအတွက် 10mins Challenge ရဲ့ Special Edition အစီအစဉ် တခုကတာ့ မကြာခင်မှာ ထပ်မံ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်။ ဒီ Special Edition အစီအစဉ်ကိုတော့ City Mall Hunt လို့ အမည်ပေးထားပါတယ်။ ထိုက်တန်တဲ့ ဆုကြေးတွေ အပါအဝင် စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ရွှင်ဖို့အရမ်းကောင်းတဲ့ အစီအစဉ်လေးမို့ အားလုံးပဲ ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ City Mall Hunt အစီအစဉ်မှာ ဘယ်လို ပါဝင်ဆော့ကစားနိုင်မလဲ ဆိုတာကိုတော့ မကြာခင်မှာ City Mall St. John Official Page ကနေပဲ ကြေငြာပေးသွားမှာဖြစ်လို့ ဆက်ဆက်စောင့်မျှော်အားပေးကြပါဦး။ အားလုံးပဲ City Mall St. John ရဲ့City Mall Hunt အစီအစဉ်လေးမှာ ပြန်လည် ဆုံတွေ့ကြရအောင်။



Post link - https://www.facebook.com/citymallst.john/photos/a.1380784818666604/1467158046695947/?type=3&mibextid=wwXIfr

Client - K.T.Z Company LimitedPage - NukidCareမိတ်ထွက်တယ်ဆိုတာ လူကြီးရော ကလေးတွေမှာပါ ဖြစ်တတ်တဲ့အရာတစ်ခုပါ ☀️ ဘယ်သူမဆို ...
20/03/2025

Client - K.T.Z Company Limited
Page - NukidCare

မိတ်ထွက်တယ်ဆိုတာ လူကြီးရော ကလေးတွေမှာပါ ဖြစ်တတ်တဲ့အရာတစ်ခုပါ ☀️ ဘယ်သူမဆို နွေရာသီရောက်ပြီဆိုတာနဲ့ ပထမဆုံး လုပ်ပေးသင့်တာက အဝတ်အစားကို ဂရုစိုက်ပေးဖို့ပါပဲ။ 👕ချည်သားပွပွအေးအေးတွေကို ဝတ်ဆင်ပါ။ နေရိပ်တဲ့နေရာလို 🍃 အေးတဲ့နေရာမှာ အတတ်နိုင်ဆုံးနေပေးပါ။ ဒါတွေက ကလေးလူကြီးတိုင်း လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။

အကယ်၍များ မိတ်ဖုတွေ ထွက်လာခဲ့ပြီဆိုရင်
👶ကလေးငယ်တို့ အသားအရေဟာ နုငယ်လှတာကြောင့် မိတ်ဖုပေါက်တာမျိုးမဖြစ်ဖို့အတွက် လက်သည်းလေးတွေ ညှပ်ပေးထားဖို့လိုသလို ရေချိုးပြီးခဲ့တဲ့အခါ မိတ်ဖုနေရာတွေကို ရှောင်သုတ်ပေးဖို့လိုပါလိမ့်မယ်။ သားသားမီးမီးတို့အသားအရေကို 🌬️ လေနဲ့ထိတွေ့အောင် ထားပေးနိုင်မယ်ဆိုရင် မိတ်တွေကို သက်သာရာရစေနိုင်တာကြောင့် အထက်မှာပြောထားတဲ့အတိုင်း အဝတ်အစားဆင်ပေးသင့်ပါတယ်။

တစ်ခုရှိတာက မိတ်ဖုအတွက် ဆေးလိမ်းတဲ့အခါမှာ 👨‍⚕️ ဆရာဝန်ညွှန်ကြားချက်ပါမှသာ လိမ်းပေးသင့်ပါတယ်။ အဖုလည်းထွက်တယ်၊ မိတ်ဖု ဟုတ်ပလားလို့ သံသယဖြစ်မိတဲ့အပြင် 🤔 ဘေဘီလေးတို့မှာ တခြားသောလက္ခဏာတွေလည်း ပြတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်နော် 🤗

ကျန်းမာပျော်ရွှင်သောဘ၀များ ပိုင်ဆိုင်ကြပါစေလို့ Nukid က ဆုတောင်းပေးလိုက်ပါတယ်😇

#ကလေးတိုင်းချစ်Nukid

Post link - https://www.facebook.com/716463428446980/posts/3181856948574270/?mibextid=wwXIfr

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Atar. Co Content Creator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share