J Sure Global - Education

J Sure Global - Education 𝗟𝗲𝗮𝗿𝗻 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀, 𝗨𝗻𝗹𝗼𝗰𝗸 𝗼𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀

10/06/2026

ဂျပန် Native တစ်ယောက်လို ကောင်းကောင်း
ပြောဆိုနိုင်ဖို့ အဆုံးသတ်စကားလုံးတွေ
ဘယ်လိုပြောကြမလဲဆိုတာကို ဒီ video လေးထဲ
မှာ လေ့လာကြည့်လိုက်ရအောင် .. 📚📚

Episode 02 :: 🎥🎥

09/06/2026

ဂျပန် Native တစ်ယောက်လို ကောင်းကောင်း
ပြောဆိုနိုင်ဖို့ အဆုံးသတ်စကားလုံးတွေ
ဘယ်လိုပြောကြမလဲဆိုတာကို ဒီ video လေးထဲ
မှာ လေ့လာကြည့်လိုက်ရအောင် .. 📚📚

Episode 01 :: 🎥🎥

(気)(耳)နဲ့ပတ်သက်တဲ့ idiom စကားစုများဒီတစ်ခေါက်မှာတော့ 皆さん တို့ အတွက် အမှတ်လဲမှားကြသလို JLPT မှာလဲ အမေးများတဲ့ (気)(耳) နဲ့ပ...
08/06/2026

(気)(耳)နဲ့ပတ်သက်တဲ့ idiom စကားစုများ

ဒီတစ်ခေါက်မှာတော့ 皆さん တို့ အတွက် အမှတ်လဲမှားကြသလို JLPT မှာလဲ အမေးများတဲ့ (気)(耳) နဲ့ပတ်သက်တဲ့ idiom စကားစုလေးတွေကို sharing လုပ်ပေးသွားပါမယ်

気にする (အရေးတယူရှိသည်/ စိတ်ထဲထားသည်)
例文:人の目を気にしないで。
➡️ လူတွေရဲ့အမြင်ကို စိတ်မထားပါနဲ့

気になる(စိတ်ဝင်စားသည်/စိတ်ထဲဝင်လာသည်/စိတ်ပူမိသည်)
例文:試験の結果が気になる
➡️ စာမေးပွဲရလဒ်ကို စိတ်ပူနေမိတယ်

気に入る(သဘောကျ အကြိုက်တွေ့သည်)
例文:この服が気に入った。
➡️ ဒီအဝတ်အစားကို သဘောကျတယ်

気が合う(စိတ်တူကိုယ်တူရှိသည်/အဆင်ပြေသည်)
例文:彼とは気が合う。
➡️ သူနဲ့ ငါနဲ့ စိတ်သဘောထားခြင်းကိုက်ညီတယ်

気が向く(きがむく)(စိတ်ဝင်စားလာသည်/လုပ်ချင်ကိုင်ချင်စိတ်ပေါ်လာသည်/စိတ်ပါသည်)
例文:気が向いたら、あのパーティに行くよ。
➡️ စိတ်ပါရင်တော့ အဲ့ပါတီသွားမယ်လေ

気を配る(きをくばる)(အာရုံထား ဂရုစိုက်သည်)
例文:彼は周りに気を配る人だ。
➡️ သူက ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့သူ

気を遣う(きをつかう)(စိတ်ပူ သည်/တစ်ပါးသူအတွက်စဉ်းစားပေးသည်)
例文:彼は私の事に少しも気を遣ってくれません。
➡️ သူကငါ့ကိုနည်းနည်းလေးတောင်စိတ်မပူဘူး

耳にする(ကြားမိသည်။ကြားဖူးသည်)
例文:その話はよく耳にしますね。
အဲ့ဒီ့အကြောင်းကို မကြာခဏ ကြားဖူးတယ်

耳を傾ける(အာရုံစိုက်နားထောင်သည်)
例文:先生の話に耳を傾けて!
ဆရာမရဲ့စကားကို အာရုံစိုက်နားထောင်ပါ

耳に入る(နားထဲဝင်လာသည်။အလိုလိုကြားရသည်)
例文:彼の結婚の話が耳に入った。
သူလက်ထပ်တော့မယ့်သတင်းကနားထဲဝင်လာတယ်(ကြားခဲ့ရတယ်)

耳を疑う(နားမယုံနိုင်ဖြစ်သည်)
例文:その話を聞いて耳を疑った。
အဲ့သတင်းကြားပြီး နားတောင်မယုံနိုင်ဖြစ်ခဲ့တယ်

聞き耳を立てる(လျှို့ဝှက်နားထောင်သည်)
例文:誰かがドアの外で聞き耳を立てているようです。
တစ်ယောက်ယောက်ကတံခါးအပြင်ကနေ လျှို့ဝှက်နားထောင်နေတဲ့ပုံပဲ

空耳(နားကြားမှားသည်)
例文:名前を呼ばれた気がしたんですが、空耳だった。
နာမည်ကိုခေါ်လိုက်တယ်ထင်ခဲ့ပေမယ့် နားကြားမှားခဲ့တာ

耳に残る(နားထဲစွဲကျန်သည်)
例文:その歌が耳に残ってる。
အဲ့ဒီသီချင်းက နားထဲစွဲကျန်နေတယ်

耳を貸す(နားထောင်ပေးသည်)
例文:ちょっと私の話に耳を貸してくれませんか。
ခဏလောက် ငါ့စကားကိုနားထောင်ပေးလို့ရမလား

JLPT N3 levelမှာ ကျောင်းသားတွေကြောက်ကြတဲ့ Reading အပိုင်းနဲ့ပတ်သက်ပြီးတော့ Reading Tips လေးတွေကို ပြောပြပေးပါမယ် 📌 ပထမဆု...
02/06/2026

JLPT N3 levelမှာ ကျောင်းသားတွေကြောက်ကြတဲ့ Reading အပိုင်းနဲ့ပတ်သက်ပြီးတော့ Reading Tips လေးတွေကို ပြောပြပေးပါမယ်

📌 ပထမဆုံးအနေနဲ့ Reading တစ်ပုဒ် စဖတ်တော့မယ်ဆိုရင် 私အနေနဲ့ကတော့ မေးခွန်းကို အရင်ဆုံးဖတ်ဖို့ အကြံပေးချင်ပါတယ်။

မေးခွန်းကိုအရင်ဖတ်မှ
-ဘာမေးထားတာလဲ?
-အကြောင်းအရင်းကိုရှာခိုင်းတာလား?
-စာရေးသူရဲ့ ထင်မြင်ချက်ကိုမေးတာလား?
ဆိုတာ သိနိုင်မှာဖြစ်ပြီးတော့ ဘယ်လိုအဖြေယူဆရမလဲဆိုတာပါ ခန့်မှန်းနိုင်မှာပါ။

📌 နောက်တစ်ချက်အနေနဲ့ Reading မှာ 接続詞(せつぞくし)တွေကို သတိထားရပါမယ်။ 接続詞တွေက အရမ်းအရေးကြီးတဲ့အပိုင်းထဲမှာ ပါပါတယ်။
N3 မှာ အမေးများတဲ့ 接続詞 တွေကတော့
-しかし/ところが(ဒါပေမယ့်)
-だから/そのため(အဲ့တာကြောင့်)
-例えば(ဥပမာအားဖြင့်)
-つまり(တစ်နည်းအားဖြင့်ပြောရရင်)
-そして(ပြီးနောက်)
-一方(တစ်ဖက်မှာ)
စတဲ့ 接続詞တွေကို သိထားရင် စာကြောင်းအသွားအလာကို နားလည်ဖို့ အများကြီးလွယ်သွားပါတယ်။

📌 Reading ပိုင်းမှာ မသိတဲ့ 漢字(かんじ)တွေ၊ 語彙(ごい)တွေ ပါလာတာက ပုံမှန်ပါပဲ။ ကြောက်စရာတော့မဟုတ်ပါဘူးနော်။မသိတဲ့ စကားလုံးတစ်လုံးချင်းစီကို အချိန်ကုန်အောင် စဉ်းစားနေဖို့မလိုပါဘူး။

စာပိုဒ်တစ်ခုလုံးရဲ့ အကြောင်းအရာကို စဉ်းစားပြီးတော့“ဘာဖြစ်နိုင်လဲ” ဆိုတာကို Guess လုပ်ရမှာပါ။Work Smart ဖြစ်ဖို့လိုပါတယ်။

📌 Reading ရဲ့ အပုဒ်ရှည်တွေမှာ များသောအားဖြင့် အပိုင်း ၃ ပိုင်းနဲ့လာတတ်ပါတယ်။

ပထမပိုဒ် ကစာပိုဒ်ရဲ့ခေါင်းစဉ်အကြောင်းအရာနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြထားပြီးတော့ ဒုတိယပိုဒ်မှာတော့ 内容ရဲ့ရှင်းပြချက်တွေပါပါလိမ့်မယ့်။ နောက်ဆုံးပိုဒ်မှာဆိုရင်တော့ အဆုံးသတ် ကောက်ချက်ချတာတို့၊စာရေးသူရဲ့ ထင်မြင်ချက်တွေရေးထားပါတယ်။

အဲ့တာကြောင့် စာရေးသူရဲ့ ထင်မြင်ချက်ကို မေးတဲ့ပုစ္ဆာတွေဆိုရင် နောက်ဆုံးအပိုဒ်ကို အထူးသတိထားပြီးတော့ဖတ်ရပါမယ်။

📌နောက်ဆုံးအနေနဲ့ စာဖတ်နှုန်းမြန်ချင်ရင်တော့ နေ့တိုင်း reading practice လုပ်ရပါမယ်။ စာဖတ်များလေလေ ကိုယ့်ရဲ့ reading skill လဲတိုးတက်လာမှာပါ။

N3 level လေ့လာတဲ့အခါမှာ ဘယ်လိုထိထိရောက်ရောက်လေ့လာရမလဲဆိုတဲ့ study tips လေးတွေကို sharing လုပ်ပေးသွားပါမယ်။1.Grammar တွေက...
28/05/2026

N3 level လေ့လာတဲ့အခါမှာ ဘယ်လိုထိထိရောက်ရောက်လေ့လာရမလဲဆိုတဲ့ study tips လေးတွေကို sharing လုပ်ပေးသွားပါမယ်။

1.Grammar တွေကို စာကျက်သလိုပဲကျက်နေကြတုန်းလား?
N3 level ကစပြီးတော့ level မြင့်လာလေလေ အဓိပ္ပါယ်ဆင်တူတဲ့ grammar တွေအများကြီးတွေ့လာရနိုင်ပါတယ်။ အဲ့တာကြောင့် အဓိပ္ပါယ်တစ်ခုတည်းနဲ့တင်မလုံလောက်ပါဘူး ။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ် grammar ကို ဘယ်လို သုံးရမယ်ဆိုတဲ့ သဘောတရားကိုပါ နားလည်ထားရပါမယ် ။

အဲ့တာကြောင့် grammar လေ့လာတဲ့အခါမှာ 例文ကိုပါ တွဲမှတ်ပြီးတော့ ကိုယ်တိုင် example sentences တွေတည်ဆောက်ပြီးလေ့လာတာက အကောင်းဆုံးနည်းလမ်းပါ။

2.Goi တွေကိုမြန်မာအဓိပ္ပါယ်တစ်ခုတည်းကျက်နေခြင်းကလဲ N3 level မှာအမှားတစ်ခုကိုလုပ်နေခြင်းသာဖြစ်ပါတယ်။

N5/N4 level လို Goi တွေကလဲရိုးရှင်းမနေတော့ဘဲနဲ့ မြန်မာလိုကျက်မယ်ဆိုရင် အဓိပ္ပါယ်တူပြီး သုံးရမယ့် context ကွဲပြားတဲ့ ဝေါဟာရတွေရှိပြီးတော့ အနည်းငယ်ရှုပ်ထွေးပါတယ်။

Goi ကိုလည်း example sentences တွေနဲ့တစ်ခါတည်းတွဲမှတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ Level မြင့်လာတာနဲ့အမျှ goi တွေကို Japanese to Japanese ကျက်နိုင်ရင်တော့ အကောင်းဆုံးနည်းလမ်းပါ။စစချင်းကတော့ ခက်ခဲနိုင်ပေမယ့် အသားကျသွားတဲ့အချိန်ကျ ရင်တော့ ကိုယ့်အတွက် အရမ်းအသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာပါ။

3.N3 level ရောက်လာပြီဆိုရင်တော့ Speaking/Listening ကိုပါတွဲပြီးလေ့ကျင့်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံကလက်ရှိကျောင်းသားတွေရဲ့ အမှားတစ်ခုပေါ့နော်။textbook ထဲကစာပဲရပြီးတကယ့်လက်တွေ့ပြောရမယ့်အချိန်ကျ မပြောနိုင်တာမျိုးက အများစုဖြစ်နေကြတဲ့ပြဿနာတစ်ခုပါ။

Speaking လေ့ကျင့်ဖို့က N3မှာသင်ရတဲ့ goi/ grammar တွေကအသင့်တော်ဆုံးပါပဲ။N3 level မှာသင်ရတဲ့ စာတွေက Daily Conversation တွေမှာ အသုံးများတဲ့ grammar/goi တွေပဲမို့လို့ပါ။ ကိုယ်သင်ထားတဲ့ grammar / goi တွေကို speaking ပိုင်းမှာ လက်တွေ့အသုံးချမယ်ဆိုရင်တော့ ကျက်ထားတဲ့စာတွေလဲမမေ့တော့ဘဲ speaking ကလဲပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်။

Listening အတွက်က textbook ထဲကပါတာလေ့ကျင့်ယုံလောက်နဲ့ မလုံလောက်ပါဘူးနော်။podcast လေးတွေနားထောင်မယ်ဆိုရင်တော့ podcast ထဲကပြောနေတဲ့သူရဲ့ 発音ကိုလဲ အတုယူနိုင်မယ်။ပြောသွားတဲ့အကြောင်းအရာထဲမှာလဲ ကိုယ့်အတွက် ဗဟုသုတတွေရမယ်။ပြီးတော့ 会話流れကဘယ်လိုမျိုးလဲဆိုတာလေ့လာနိုင်ပြီးတော့ ကိုယ့်ရဲ့ speaking skill ရောတော်တော်လေးတိုးတက်လာနိုင်ပါတယ်။
Japanese Daisuki /YuYuの日本語podcast オススメです。

4.နောက်ထပ်အရေးကြီးတဲ့အချက်က Kanji ပါ။
N3 level ကစပြီးတော့ kanji ဆိုတာက kanji စာအုပ်တစ်ခုထဲကကျက်ရမှာမဟုတ်တော့ပါဘူး။ ကိုယ်စာဖတ်ရင်းတွေ့လာရတဲ့ Kanji မှန်သမျှကို မှတ်ထားပြီးတော့ မှတ်မိနေရပါမယ်။ ဂျပန်စာမှာ kanji ကအရေးကြီးဆုံးပါ။漢字を無視しないでね。
Kanji တစ်လုံးကိုမြင်တာနဲ့ အဲ့ဒီ့ Kanji အဓိပ္ပါယ်ကို သိနေရပါမယ်။Kanji စာလုံးများများသိလေလေ စာဖတ်ရတာလဲပျော်လာပြီး Kanji မပါရင် Kanji စာမဖတ်ချင်ဘူး ဆိုတဲ့အထိ Kanji ကိုသဘောကျလာပါလိမ့်မယ်။

ဒီနေ့အတွက်ကတော့ N3 level study tips လေးတွေsharing လုပ်ပေးသွားပြီးပြီဆိုတော့皆さんတို့လဲ N3 level လေ့လာရတာ အခက်အခဲရှိတယ်ဆိုရင်တော့ အဲ့နည်းလမ်းလေးတွေအတိုင်း လေ့လာမယ်ဆိုရင်တော့ သေချာပေါက်ကိုယ့်အတွက် အကျိုးရလဒ်ထွက်လာမှာပါနော်

နောက်လဲ study tips လေးတွေ knowledge sharing လေးတွေ လုပ်ပေးမှာမို့လို့ follow လုပ်ထားဖို့မမေ့နဲ့နော်။

JLPT စာမေးနီးလို့စာလာလုပ်ချင်သူ
လေးတွေ အတန်းအပ်လို့ရသေးတယ်။
📌 Class Details

🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
🎓 Early Bird ( First 10 Students ) - 20% Scholarships
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)

💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨

J Sure Global ရဲ့ N3 old question အတန်းလေးက ဒီနေ့စဖွင့်ပါပြီ။ Old questionတွေကို သင်ရင်းစာပြန်နွေးရင်ပြောသွားမှာဆို အတန်...
26/05/2026

J Sure Global ရဲ့ N3 old question
အတန်းလေးက ဒီနေ့စဖွင့်ပါပြီ။

Old questionတွေကို သင်ရင်းစာပြန်နွေးရင်
ပြောသွားမှာဆို အတန်းကို တပတ်တိတိ
ထပ်ပြီးလက်ခံပေးနေပါတယ်နော်..

JLPT စာမေးနီးလို့စာလာလုပ်ချင်သူ
လေးတွေ အတန်းအပ်လို့ရသေးတယ်။

📌 Class Details

🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
🎓 Early Bird ( First 10 Students ) - 20% Scholarships
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)

💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨

22/05/2026

N3 Grammar Q&A Techniques

N3 Grammar ဖြေပုံဖြေနည်း ဒီဗီဒီယို
လေးမှာ လေ့လာနိုင်ပါတယ်နော်

ကဲ .. အတန်းလည်း နီးနေပြီဆိုတော့ cb မှာ
အတန်းလေး လာအပ်ဖို့ မမေ့နဲ့နော် …..
Cb မှာ Admin ချောချောလေး စောင့်နေပါမယ်။

📌 Class Details

🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)
💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨

21/05/2026

J Sure Global ရဲ့ Old Question Explaination Section

Jun sensei ရဲ့ မေခွန်းဟောင်းဖြေပုံဖြေနည်း
တချို့ကို ဒီ Video လေးကနေတဆင့် လေ့
လာနိုင်ပါတယ် နော် ….

ကဲ .. အတန်းလည်း နီးနေပြီဆိုတော့ cb မှာ
အတန်းလေး လာအပ်ဖို့ မမေ့နဲ့နော် …..

Cb မှာ Admin ချောချောလေး စောင့်နေပါမယ်။
📌 Class Details
🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)
💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨
See less

N3 Level ကျောင်းသားတွေစာမေးပွဲအောင်ဖို့ ဘာတွေလုပ်သင့်လဲ- ကိုယ်က N3 Levelရောက်သွားပြီဆိုပြီး N5/4 Levelကစာတွေကို ပြန်မနွှ...
19/05/2026

N3 Level ကျောင်းသားတွေစာမေးပွဲအောင်ဖို့ ဘာတွေလုပ်သင့်လဲ

- ကိုယ်က N3 Levelရောက်သွားပြီဆိုပြီး N5/4 Levelကစာတွေကို ပြန်မနွှေးကြတာပါ။ စာတကယ်ကျေလာခဲ့တယ်ဆိုပေမယ့် စာမေးပွဲနီးရင်ပဲဖြစ်ဖြစ်/ မေးခွန်းဟောင်းစကိုင်တော့မယ်ဆိုရင် ပြန်နွှေးကိုနွှေးပေးရပါမယ်။ အဲ့လိုမှသာ ကျနော်တို့မေ့နေတဲ့အရင်ကစာတွေကို ပြန်နွေးပေးပြီး မေးခွန်းဟောင်းဖြေတဲ့အခါလုံးဝကိုအဆင်ချောနေမှာပါ။

- Reading ကိုစာမေးပွဲနီးမှကပ်မဖတ်ပါနဲ့။တစ်လအလိုကတည်းကဖတ်ကျင့်ဖြစ်အောင်လေ့ကျင့်ထားပါ။ N3 Levelရောက်လာပြီမို့N5/4 Level နဲ့ယှဉ်လိုက်ရင် လုံးဝကိုမတူတော့တာပါ။ အဲ့တော့မကြောက်ပါနဲ့။ စာဖတ်တာနဲ့အသားကျနေအောင်သာလုပ်ထားပါ။ ဥပမာ- Shinkanzen Reading တစ်နေ့တစ်ပုဒ်ဖတ်ဖြစ်အောင်ဖတ်ရင်ပိုကောင်းပါတယ်။ ပြီးတော့ မသိတာတွေရှိလာရင် လုံးဝလုံးဝ じしょမလှန်ပါနဲ့။ မသိတာကိုဒီအတိုင်းထားပြီး စာပိုဒ်ကိုနားလည်နိုင်အောင်ကြိုးစားပါ။ ဒါမှသာ စာဖတ်စကေးလ်တိုးတက်လာမှာပါ။

- Listening အပိုင်းဆိုရင်လည်း အဲ့လိုပါပဲ။ စာတွေအကုန်ပြီးပြီဆိုတာနဲ့ ဂျပန်အသံနဲ့ရင်းနှီးနေအောင်လုပ်ထားပါ။ တစ်နေ့တစ်ပုဒ် Podcast နားထောင်တာဖြစ်ဖြစ်ပေါ့။ စာမေးပွဲမတိုင်ခင် တစ်ပတ်နှစ်ပတ်မလိုခင်ကတည်းက မေးခွန်းဟောင်းထဲကမေးခွန်းတွေကိုအသားကျအောင်လုပ်ထားပါ။ အရင်လယ်ဗယ်တွေနဲ့မတူပဲ မေးခွန်းပုံစံတစ်ခုတိုးလာတာမို့ သတိထားရပါမယ်။ မေးခွန်းတစ်ပုဒ်ဖြေလိုက်ပြီဆိုတာနဲ့ မသိမနားလည်လိုက်တဲ့အပုဒ်ဆိုရင် သေချာပေါက်နားလည်အောင်ပြန်လုပ်ပါ။ နားမလည်ပဲကျော်ချမသွားပါနဲ့။ဒါမှသာ အကြားစွမ်းရည်တိုးတက်ပြီး စာမေးပွဲကျအဆင်ပြေမှာပါ။

- ပြီးတော့ Kanji/ Kotoba ိကို နေ့တိုင်းပြန်မဖတ်နိုင်ရင်တောင်မှ တစ်ပတ်တစ်ခါပြန်နွေးဖြစ်အောင်နွေးပါ။ ဒါမှသာရပြီးသားစာတွေမမေ့ပဲ အမြဲမှတ်မိနေမှာပါ။

- အရေးကြီးဆုံးကတော့စာလုပ်ဖို့ပါပဲနော်။ စာမေးပွဲအောင်ချင်ရင်စာလုပ်ရပါမယ်။ ပွဲမဝင်ခင် ပြင်ကကျင်းပဆိုတဲ့အတိုင်းပဲ စာမေးပွဲအတွက်ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားမှသာအောင်မြင်မှာပါ။

ဒီ ထက်ပိုပြီး ဆရာနဲ့ အသေးစိတ်လေ့လာ ပြီး စာမေးပွဲဖြေပုံဖြေနည်းများကို စနစ်တကျ လေ့လာချင်တယ် J Sure Global ရဲ့ N3 old question အတန်းအခုပဲ အပ်နိုင်ပါပြီ။

📌 Class Details

🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
🎓 Early Bird ( First 10 Students ) - 20% Scholarships
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)

💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨

N3 old question အတန်းတက် လိုက်ပြီဆိုတာနဲ့ ရလာမယ့် Benefits လေးတွေ ရှင်းပြပေးချင်ပါတယ်…✨🇯🇵ပထမဆုံး J Sure Global 💙-အတန်းစပ...
14/05/2026

N3 old question အတန်းတက် လိုက်ပြီဆိုတာနဲ့
ရလာမယ့် Benefits လေးတွေ ရှင်းပြပေးချင်ပါတယ်…✨🇯🇵

ပထမဆုံး J Sure Global 💙

-အတန်းစပြီဆိုတာနဲ့ ဆရာကနေပြီးတော့ revision တွေပြန်
လုပ်ပေးမယ် ဆရာကချည်းပဲရှင်းပြနေမှာမျိုးမဟုတ်ဘဲ
ကျောင်းသားနဲ့ အမေးအဖြေပုံစံမျိုးသွားမှာဆိုတော့
စာရပြီးသူတွေလဲ စာလဲပိုရမယ် စာမေ့နေတဲ့သူတွေလဲပြန်နွေး
ပြီးသားလေး ဖြစ်အောင် Q&A သဘောမျိုးလေး သင်ကြားသွားမှာပါ။

-ပြီးတော့ Senseiနဲ့အတူတူ exam practice
တွေ လုပ်ပြီးတော့ N3 level အနေနဲ့ သိထားရမယ့်စကားလုံး
တွေ၊ JLPT မှာ အမေးများတဲ့ grammar သီးသန့်ကို notes
တွေနဲ့ သေချာရှင်းပြပေးအုန်းမှာပါ။အဲ့တာကြောင့် grammar
ပိုင်းမှာလဲအခက်အခဲမရှိဖြေဆိုနိုင်မှာပါ။

-ဒါ့အပြင် Old question ဖြေတဲ့အခါကျရင်လဲ
ကျောင်းသားတွေကြောက်ကြတဲ့ reading ပိုင်းမှာလဲ
reading ပုစ္ဆာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ
reading tips တွေ Time management တွေ ၊ Listening
နားထောင်တဲ့အခါ ဘယ်လိုအချက်တွေကို အဓိကထား
ရမလဲဆိုတဲ့ Listening Tips တွေကိုလဲထိထိရောက်ရောက်
သေချာသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

-သင်ကြားပေးမယ့်ဆရာကလဲ N1 passed ထားပြီး
အတွေ့အကြုံများစွာရှိတာမို့လို့ N3 level ကို confidence
ရှိရှိနဲ့တစ်ခါတည်းအောင်ချင်ရင်တော့ J sure ရဲ့ old question
class လေးက 7လပိုင်း JLPT အောင်ဖို့ရည်မှန်းထားတဲ့
ကျောင်းသားတွေအတွက် ကွက်တိပါပဲ။

-N3 old question အတန်းပြီးတဲ့အခါကျရင်လဲ
N2ဆက်တက်ဖို့ရည်ရွယ်ချက်ရှိတဲ့ ကျောင်းသားတွေ
အတွက် class fee discount နဲ့ ဂျပန်လုပ်ငန်းခွင်
အတွေ့အကြုံရမယ့် internship program တွေလဲရှိပါသေးတယ်နော်။

အဲ့တာကြောင့် Early Bird Promotion လေးမကုန်ခင်
Old question class အမြန်ဆုံး
Enroll လုက်လိုက်တော့နော် ……

Cb မှာ Admin ချောချောလေး စောင့်နေပါမယ်။

📌 Class Details

🗓 Class Time - Tue, Wed, Thurs / 7:00 ~ 9:00 PM
📚 Class Duration - 5 Weeks
💴 Class Fees - 65,000 MMK
🎓 Early Bird ( First 10 Students ) - 20% Scholarships
👨‍🏫 Trainer - Jun Sensei (JLPT N1 Passed)
⏰ Enrollment Close - May 21, 2026 (12:00 PM)

💬 For more details & enrollment
📩 Chat Box မှာ Hello လို့ပို့ပြီး အပ်နှံနိုင်ပါပြီနော် ✨

Address

Yangon

Alerts

Be the first to know and let us send you an email when J Sure Global - Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share