17/09/2024
Review လေးလုပ်ပေးမယ်
မီးကအချိန်တိုင်းပျက်နေတာဆိုတော့ Laptop က Battery ခံတယ်ဆိုပေမယ့် Photoshop လိုကောင်မျိုးတွေ သုံးမယ်ဆို ခဏလေးနဲ့ အားကုန်သွားရော... နောက်တချက်က ကိုယ့် Laptop Battery performance ပေါ်မှာလဲမူတည်တယ်...Battery သက်တမ်းကကြာပြီဆိုတော့ Photoshop ရဲ့ Power Load ကို မလိုက်နိုင်ဘူး
ဒီတော့ မီးပျက်တဲ့အချိန်လေး Power Source တခုခုနဲ့သုံးမှဖြစ်မယ်ဆိုပြီးလိုက်ရှာတော့ Power Station တွေ ရှိတယ်ဆိုပါတော့ .. ၈ သိန်းလောက်ကနေစပြီး သိန်းရာကျော်ထိရှိတယ် ..ကိုယ့်အတွက်ကျတော့ အဲ့လောက်လဲမလိုအပ်သလို အဲ့လောက်လဲ မသုံးချင်ပြန်ဘူး...
ဒါနဲ့လိုက်ရှာတော့ Power Bank တွေနဲ့ပဲ Laptop ကို Power Backup လုပ်လို့ရတယ်... ရိုးရိုး Power Bank တွေနဲ့တော့ မရဘူးပေါ့... ကိုယ့် Laptop သုံးစွဲတဲ့ watt ပေါ် မူတည်ပြီး Power Delivery System ပါဝင်တဲ့ Power Bank (PD 65Watt နဲ့ 100Watt ) ဆိုပြီး ဝယ်လို့ရတယ်... Laptop ရဲ့ အသုံးပြုတဲ့ Watt ကို သိချင်ရင် အားသွင်းတဲ့ Adapter မှာ ကြည့်လို့ရပါတယ်... နားမလည်ဘူးဆိုရင်တော့ 100Watt ကိုပဲ ဝယ်ပါ.... ( 100Watt ကိုပဲဝယ်တာအကောင်းဆုံးပါပဲ )
ကျွန်တော်ကတော့ Konfulon PD65Watt 20000mAh တလုံးဝယ်လိုက်ပါတယ်... မူရင်းဈေး 114000 ကျပ်မှာ Discount ချနေချိန်မို့ 96900 ကျပ်နဲ့ ရလိုက်ပါတယ်..
လာပို့တဲ့ Power Bank က သုံးတောင်မသုံးရသေးဘူး သူ့ကိုလဲအားသွင်းလို့မရ .. သူ့ဆီကလဲ အားပြန်မထွက်နဲ့မို့ ပြန်အကြောင်းကြားတဲ့အခါ ၂ ရက်အကြာမှာတော့ သူတို့သေချာစမ်းသပ်ပြီးသား အသစ်တလုံး လာပြီး လဲလည်ပေးသွားပါတယ်
Power Bank ဝယ်ပြီးပြီဆိုရင်တော့ Power Bank နဲ့ Laptop ကို ချိတ်ဆက်အသုံးပြုဖို့ ကြိုးလိုပါတယ်... ရိုးရိုးကြိုးလဲမရပါဘူး.. အနည်းဆုံး 65Watt Support လုပ်တဲ့ ကြိုးဖြစ်ရပါမယ်... ကိုယ့် Laptop က 95Watt လောက်သုံးတယ်ဆိုရင်တော့ 100Watt Support လုပ်တဲ့ကြိုးကိုဝယ်ရမှာဖြစ်ပါတယ်.. (100Watt Support လုပ်တဲ့ကြိုးပဲဝယ်ပါ...)
တဖက်က USB Type C ဖြစ်ရမှာဖြစ်ပြီး နောက်တဖက်ကတော့ ကိုယ့် Laptop ရဲ့ Power ကြိုး (ခေါင်း) ဖြစ်ရပါမယ်...
ဒီကြိုးတွေက ကျွန်တော်မကြာခဏတွေ့တတ်ပေမယ့် လိုအပ်လို့ရှာတဲ့ အခါမှာတော့ ဘယ်မှာမှ ရှာမတွေ့ပါဘူး.. Online မှာရော ဆိပ်ကမ်းသာလမ်းကဆိုင်တွေမှာပါ ဘယ်မှာမှ မရပါဘူး... ဒါနဲ့ 65Watt Power Bank ဟာ ဘာဆို ဘာမှမလုပ်ရပဲ ဒီတိုင်းသိမ်းထားရတဲ့ အနေအထားရောက်သွားတယ်...
၂ လလောက်ကြာမှ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တယ်... Online ပေါ်ကပါပဲ....
26000 ပေးရတယ်... သူက Laptop အားသွင်းခေါင်းတွေ ပြောင်းလဲအသုံးပြုနိုင်ဖို့ စုစုပေါင်း ၁၀ ခေါင်းပါလာတယ်.. အဲ့တော့ ကိုယ့် Laptop ပေါ်မူတည်ပြီး ခေါင်းပြောင်းတပ်လိုက်ယုံပါပဲ..
Konfolon 65Watt 20000mAh Power Bank နဲ့ စမ်းပြီးသုံးကြည့်တဲ့အခါ ပုံမှန် facebook သုံးမယ် , Internet Browsing , Office လောက် , ရုပ်ရှင်ကြည့် သီချင်းနားထောင်တာလောက်ကတော့ ၆ နာရီလောက် အားခံပါတယ်.. Photoshop ကိုမောင်းကြည့်တဲ့အခါမှာတော့ ၃ နာရီဝန်းကျင်လောက်ရပါတယ်…
ဒါက မီးလာနေတဲ့ Performance အတိုင်းသုံးနေတာဖြစ်ပြီး Laptop Battery 100 ရာခိုင်နှုန်းအပြည့်ပါ....
ပြောရရင်တော့ EPC မီးနေရာမှာ Power Bank ကို ခံလိုက်တဲ့ပုံမျိုးပါပဲ...
တခုရှိတာကတော့ မိမိရဲ့ Laptop အပေါ် မူတည်ပြီး သုံးစွဲနိုင်တဲ့အချိန်ကာလ ပြောင်းလဲပါမယ်...
ကျွန်တော့ Laptop ကတော့ Acer swift 3 , Ram 12GB , M2 SSD , Display 14inches , Dedicated graphics နဲ့ပါ....
မိမိရဲ့ Laptop က SSD or M2 SSD မဟုတ်ဘူး , ရိုးရိုး 2.5inch HDD ဆိုရင်တော့ Power ပိုသုံးရမှာဖြစ်လို့ သုံးစွဲနိုင်တဲ့ အချိန် နည်းပါလိမ့်မယ်...
၁၅ လက်မခွဲ ဆိုကြီးတွေဆိုရင်လဲ သုံးစွဲနိုင်တဲ့ အချိန်ကနည်းပါးပါလိမ့်မယ်... ဒါပေမယ့် Laptop Battery ကို အားအပြည့်နဲ့ ၃ နာရီလောက်သုံးလို့ရတယ်ဆိုတာ မဆိုးပါဘူး...Power Bank အားကုန်သွားရင်တောင် Laptop Battery ရဲ့ အားနဲ့ ဆက်သုံးသွားလို့ရပါတယ်.. ထသွား ထလာ သယ်သွားလို့လဲရပါတယ်...
မိမိရဲ့ Laptop က battery အားမခံတော့ဘူးဆို ဒါလေးကအသုံးဝင်ပါတယ်..
တခုရှိတာက Power Bank နဲ့ Laptop ချိတ်ဆက်သုံးစွဲနေတဲ့အချိန်မှာ Power Bank ကို တပြိုင်နက်တည်း အားသွင်းနေလို့မရပါဘူး.. ကျွန်တော်ဝယ်လိုက်တဲ့ Power Bank မှာက Type C - ၁ ပေါက်ပဲပါပြီး 65Watt ကို အဲ့ဒီ အပေါက်ကနေပဲ Support လုပ်ပါတယ်... အားသွင်းတာလဲ ဒီအပေါက်ပဲဖြစ်လို့ သုံးနေရင်း အားသွင်းလို့မရဘူး... အားသွင်းနေရင်လဲ သုံးလို့မရပါဘူး...
အားသွင်းပေါက် ၂ ပေါက် ပါတဲ့ကောင်ဆိုရင်တော့ ပိုကောင်းပါတယ်... မီးလာနေရင် တပေါက်ကနေ အားပြန်ဖြည့်ပြီး တပေါက်ကနေ Laptop ကို Power ပေးထားလို့ရပါတယ်... မီးပျက်သွားလဲ Power Bank ကနေ ဆက်ပြီး သုံးလို့ရနေမှာပါ...
အသုံးဝင်ကြမယ်လို့ထင်ပါတယ်... ဈေးကွက်ထဲမှာတော့ PD 65Watt , 100Watt Power Bank တွေ ပေါပါတယ်... ပစ္စည်းပေါတာကိုပြောတာပါ.. ဈေးကတော့ ၁ သိန်းပတ်ချာလည်ပါပဲ....
အဓိက ကြိုးပါ.. အဲ့ကြိုးကိုလိုက်ရှာတာတင် ၂ လကြာပါတယ်.... ကြိုးဝယ်လို့ရမယ့် နေရာကိုပါ တခါတည်း ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ...
https://www.facebook.com/profile.php?id=61558039240408