Social Vision Optical

Social Vision Optical Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Social Vision Optical, Advertising/Marketing, Yangon.

05/09/2024
 #မျက်စိ၊မျက်မှန်အခြေခံနားလည်ရန်  အခြေခံ သဘောတရားလေး သိထားခြင်းက ဆေးခန်းတစ်ခုပြချိန် ပိုမို ထိရောက်ရန် မှတ်သားထားသင့်......
28/08/2024

#မျက်စိ၊မျက်မှန်အခြေခံနားလည်ရန်

အခြေခံ သဘောတရားလေး သိထားခြင်းက ဆေးခန်းတစ်ခုပြချိန် ပိုမို ထိရောက်ရန် မှတ်သားထားသင့်...........

အစဆုံး ကျနော်တို့ သိထားသင့်သည်များ
၁။ အသက်၄၀ အောက် လူငယ်များနှင့် လူလတ်ပိုင်းများသည် အဝေး၊ အနီး ပါဝါ ၁ခုထဲကို တပ်ဆင်ရပါမည်။ ( ပါဝါရဲ့ လက္ခဏ အပေါင်း၊ အနုတ် တော့ ရှိပါမယ်၊ Cylinder ပါတာ မပါတာလည်း ရှိပါမယ် ) အကြမ်းဖျင်း

၂။ အသက် ၄၀မှ ၆၀အောက် လူကြီးများကတော့
အဝေးပါဝါနှင့် အနီးပါဝါ ၂ခုတွဲ တပ်ရပါမယ်။ တစ်ချို့က မတပ်ချင်တာမျိုးရှိပါတယ်။ ၁ပတ်ကျင့်တပ်ပါက အဆင်ပြေပြေ ဖြစ်သွားပါလိမ့်မယ်။

၃။ အသက်၆၀ကျော်လာရင် အဝေးအနီး ပါဝါတစ်မျိုးထဲ ဖြစ်သွားတတ်ပါတယ်။

ကျင့်သားရအောင် တပ်ဆင်ခြင်း
ကျနော်တို့ ကိုင်းအပြောင်းအလဲ၊ မှန်ပါဝါ အပြောင်းအလဲမှာ ၆၀% လောက် အဆင်မပြေတာ ရှိကြပါတယ်။ ပုံမှန် ၆လတစ်ခါ၊ ၁နှစ်တစ်ခါ ပါဝါမစမ်းသပ်သူတွေနဲ့ ကိုင်းတစ်လက်ကို နှစ်ရှည်တပ်သူ အများစုမှာ ပိုမို ဖြစ်တတ်ပါတယ်။

ပါဝါစမ်းသပ်ချိန် သက်တောင့်သက်သာ ဖြစ်ဖို့သာ လိုအပ် ထိုမှသာ အပြင်မှာ မှန်လုပ်ချိန် ပါဝါကိုက်ညီလာပါမယ်။ ဆရာဝန်မှ မှန်ချပ်ထည့်စမ်းသပ်ချိန် စာလုံးများကို လက်တန်းဖတ်ဖို့ လိုအပ်ပါတယ်၊ အာရုံစိုက်ဖတ်ခဲ့ပါက အပြင်တွင် မှန်နဲ့ မကိုက်ညီတာမျိုးတွေ ကြုံရတတ်ပါတယ်။

ရွေးချယ်မှုအပိုင်း....

၁။ CR ရိုးရိုး အဖြူထည်မှန်
၂။ MC
၃။ BC
၄။ PG
မိမိက အိမ်ထဲမှာပဲနေတဲ့သူဆို CRမှန် (သို့) MC အဆင်ပြေပါတယ်။ ဖုန်းသုံး၊ ကွန်ပျူတာ သုံးများတယ်ဆိုရင်တော့ BC မှန်ကိုသာ ရွေးချယ်ရပါမယ်။ မိမိက အပြင်သွားရလာရတဲ့သူဆို BC PG မှန်ကိုသာရွေးချယ်ပါ၊ နေကာသီးသန့်ဝယ်စရာ မလိုအပ်တော့ပါဘူး။
မှတ်ချက် ( တစ်ချို့ လူတွေက ဆီတွေနဲ့အလုပ်လုပ်ကြတာ၊ ဝရိန်သမားတွေ နဲ့ ကားပေါ် မျက်မှန်တင်ထားမှုတွေကြောင့် မှန်မှာပါသော ကာလာများ ကွာခြင်း၊ ကွက်ခြင်းများ ဖြစ်ပေါ်စေပါတယ်။)

စာကျန်၊ စာမှားတာ ရှိခဲ့ရင် နားလည်ပေးကြပါရန်
မိတ်ဆွေ၊ လူနာများ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
cd: Aung Lay ( Health )
Social Vision Optical (Phado)

👀အမြင်အာရုံကြောအားဖြည့် အာဟာရထုတ်ကုန် Vision Plus👀🌿ပါဝင်သောကုန်ကြမ်းများ-Goji berries.         =ဂေါ်ဂီဘယ်ရီသီး-Bilberry ...
21/08/2024

👀အမြင်အာရုံကြောအားဖြည့် အာဟာရထုတ်ကုန် Vision Plus👀

🌿ပါဝင်သောကုန်ကြမ်းများ
-Goji berries. =ဂေါ်ဂီဘယ်ရီသီး
-Bilberry extract. =ဘေဘယ်ရီသီး
-Copper. =ကော့ပါးဓာတ်
-Selenium. =ဆယ်လီနီယမ်
-Vitamin B1 =ဗီတာမင်ဘီဝမ်း

သုံးစွဲသင့်သူများ
👫ကျောင်းသူ ကျောင်းသားများ
💻ကွန်ပျုတာအသုံးများသူများ
👀အဝေးမှုန်သူများ၊ မျက်လုံးခြောက်သွေ့သူများ။အလင်းရောင်ခံနိုင်ရည်မရှိသူများ
💁အမြင်အာရုံကြောအားနည်းသူများ
👦ကျောင်းဆရာ၊ဆရာမများ
👵သက်ကြီးရွယ်အိုများ

ထူးခြားသောအာနိသင်များ
၁)အမြင်အာရုံကြောကိုကောင်းမွန်စေသည်။
၂)ညဘက်အမြင်ကိုအားကောင်းစေသည်။
၃)မြင်လွှာနောက်ရှိ အလင်းထိခိုက်မှုကိုမခံနိုင်သောဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးသည်။
၄)အသက်အရွယ်ကြောင့် မြင်လွှာဆဲလ်များယိုယွင်းခြင်း ၊အမြင်အာရုံ ပျက်စီးယိုယွင်းခြင်း၊တိမ်စွဲခြင်း တို့ကိုကာကွယ်ပေးသည်။သက်ကြီးသူများ၏မျက်စိကျန်းမာရေးအတွက် အလွန်အရေးပါသည်။
Social Vision optical (phado)

မဂ်လာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုသည့် နှစ်သစ် မဂ်လာ အထူးပရိုမိုးရှင်းကြီးလာပြီ !မျက်မှန်များကို ကိုင်း+မှန် အပြီး 50000   ...
01/01/2024

မဂ်လာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုသည့် နှစ်သစ် မဂ်လာ အထူးပရိုမိုးရှင်းကြီးလာပြီ !

မျက်မှန်များကို ကိုင်း+မှန် အပြီး
50000 နှင့်အထက် 5% Discount
100000 နှင့်အထက် 10% Discount
200000 နှင့်အထက် 20% Discount
300000 နှင့်အထက် 30% အထိ Special Discount များဖြှင့် နေ့ချင်းပြီး ပြုလုပ်ပေးသွားပါမည်။

Like & Share ပြုလုပ်ပေးသူ ပထမဦးဆုံး 10ဦးအား မျက်မှန် မှန်ကြည်ဆေး တစ်ဗူးနှင့် မျက်မှန်သုတ်ပဝါတစ်ထည် ကျေးဇူးတုန့်ပြန်ပါဦးမည်။

Promotion ကာလ(1.1.2024) မှ (15.1.2024) ရက်နေ့အထိ

(မှတ်ချက် Like & Share ပြုလုပ်ပြီးသည်နှင့် Screenshot ယူပြီး Comment မှာပို့ပေးပါ။ လက်ဆောင်များအား Screenshot ပြ၍ ဆိုင်မှာလာရောက် ထုတ်ယူရမည်ဖြစ်ပါသောကြောင့် ဖဒိုမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း မီတင်းနေထိုင်ကြသူများအတွက်သာ အဆင်ပြေနိုင်ပါမည်။)

Social Vision Optical ( Phado ) ဘိုးပိုက်ဆံ (၃)လမ်း နှင့် (၄)လမ်းထောင့်၊ ဖဒိုမြို့။
(နေ့စဥ် နံနက် 9:00 မှ ညနေ 3:00ထိ)

Blue Block Lens (BB) or Blue Rays Cut Round Top HMC Lens (Blue Cut) or Safety UV Protection Lens or ခရမ်းလွန်ရောင်ခြည်ကာ...
07/08/2023

Blue Block Lens (BB) or Blue Rays Cut Round Top HMC Lens (Blue Cut) or Safety UV Protection Lens or ခရမ်းလွန်ရောင်ခြည်ကာကွယ်သောမှန် အလင်းမစူးသော အလင်းပြန်သောမှန်
ှန်၏အားသာချက်များနှင့် အကျိုးပြုမှုများမှာ မျက်စိရောဂါများစွာဖြစ်ပေါ်စေတတ်သော နေ၏ အပူစွမ်းအင်နှင့် အလင်းစွမ်းအင်တို့ပေါင်းစပ်ပြီး ထွက်ပေါ်လာသော ခရမ်းလွန်ရောင်ခြည် မျက်စိအားတိုက်ရိုက်မထိခိုက်အောင် အထူးကာကွယ်ပေးခြင်း
#ဖုန်း ကွန်ပျူတာ တီဗီ ကားမီး ဆိုင်ကယ်မီး ledမီးတို့၏ Bright Rays များကြောင့် မျက်စိ စူးခြင်း အောင့်ခြင်း ပြာဝေသွားခြင်း မျက်ရည်များကျလာခြင်း စသည့် မျက်စိထိခိုက်စေသည့် ဝေဒနာများအတွက် အထူးကာကွယ်ပေးသောမှန်ဖြစ်ပါသည်
မည်သို့ပင်ဆိုစေကာမှု အနီးမှုန်ခြင်း အဝေးမှုန်ခြင်း ဇတ်ကြောတက် ခေါင်းကိုက် မျက်ရိုးကိုက် ဘယ်အကြောင်းကြောင်ြးောင့် မျက်မှန်တက်ရသည်ဖြစ်စေ မည့်ကိုင်းအမျိုးအစားနှင့်ဖြစ်စေ မှန်ကိုတော့ BB မှန်ကိုသာရွှေးချယ်တပ်ဆင်ပါ
# မည့်သည့်မျက်စိဝေဒနာမှမရှိလျှင်လည်း နေပူထဲသိုထွက်တိုင်း ဖုန်းသုံး ကွန်ပျူတာသုံး တီဗီကြည့် ညဘက် ကားမောင်း ဆိုင်ကယ်မောင်းတိုင်း BB Plano မျက်မှန်များကိုတပ်ဆင်သင့်ပါကြောင်း မေတ္တာရှေ့ထား စေတနာစကားလေးပါးလိုက်ပါတယ်!
Vision Optical (Phado) တွင် BB Lens များအား ေနာက္ဆံုးေပၚခေတ်မီ Blue Light Test စက်ကြီးဖြင့် တိကျသေချာစွာ စစ်ဆေးပြီးမှ အရည္အေသြးပြည့်မီသော BB lensများကို အထူးစျေးနှုန်းသက်သာစွာဖြင့် ပြုလုပ်ရောင်းချပေးနေပါသည်!

Social Vision Optical ( Phado ) ဘိုးပိုက်ဆံ(၃လမ်းနှင့်(၄)လမ်းထောင့် ဖဒိုမြို့

စိတ်ညစ်စရာကောင်းတဲ့... ရောဂါများ    ပျောက်ဖို့ ခက်ခဲပါတယ်၊ မပျောက်နိုင်ဘူးလို့လည်း ပြောကြပါတယ်၊ ပြန်ဖြစ်တာပဲ မထူးဘူးလို့...
02/03/2023

စိတ်ညစ်စရာကောင်းတဲ့... ရောဂါများ

ပျောက်ဖို့ ခက်ခဲပါတယ်၊ မပျောက်နိုင်ဘူးလို့လည်း ပြောကြပါတယ်၊ ပြန်ဖြစ်တာပဲ မထူးဘူးလို့ ပြောတာလည်း ရှိပါတယ်၊ တကယ်ပျောက်သွားသူတွေလည်း ရှိကြပါတယ် စာရေးသူနဲ့အတူ မိတ်ဆွေတို့ အတူတူလိုက်ကြည့်ရအောင်။

ရောဂါ
၁။ Eye floaters
၂။ အတွင်းတိမ်၊ အပြင်တိမ်
၃။ ရေတိမ်
၄။ မြင်လွှာကွာ
၅။ မျက်စိကင်ဆာ
၆။ Color blind
၇။ Dry eye တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်က သာမာန်အနေနဲ့ပဲ မှတ်ရလွယ်ကူအောင် ရှင်းပြပါမယ်။

၁။ Eye Floaters
Eye floatersက မျက်စိကို ခွဲစိတ်တာ၊ လေဆာပစ်တာ နဲ့ နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေမှာလည်း ဖြစ်တတ်ကြပါတယ်။ Vitreous gel အရည်ပျော်တာ၊ ထိခိုက်တာက အကြမ်းဖျင်းဖြစ်တတ်ပါတယ်။ စိတ်အနှောက်အယှက် ဖြစ်ပေမဲ့ အမြင်အာရုံကို မထိခိုက်တတ်ပါဘူး။ ရေမြှုပ်များနေရင်၊ ကြီးနေရင်တော့ အမြင်အာရုံပေါ် အရိပ်ကျသလိုဖြစ်ပေါ်စေတယ်။ လျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်လို့ရပါတယ်။ ကုသနည်းကတော့ အတော်လေးကို ရှားပါးပါတယ်။ အစက်တွေ အမှုန်တွေ မျက်စိလှုပ်ရှားလိုက်တိုင်း လိုက်လှုပ်ကြပါတယ်။ တစ်ခါတစ်ရံမှာ နေပူထဲကပြန်လာပြီး နေရိပ်ထဲရောက်ရင် မြင်ရတယ်၊ ခဏနေတော့ အစက်၊ အမှုန်လေးတွေ ပြန်ပျောက်သွားတတ်ပါတယ်။ များရင်တော့ မျက်စဥ်းလေးသုံးပြီး၊ Lutein Bilberry Plus ကို မနက်၁ ည၁ ၁လစသုံးနိုင်ပါတယ်။

၂။ အတွင်းတိမ်၊ အပြင်တိမ်
အတွင်းတိမ်ကတော့ ရိုးရှင်းပါတယ် ဆရာဝန်က ခွဲလို့ရပြီဆို စောစောခွဲစိတ်ပါ၊ နောက်ကျတယ် ခရီးလွန်တာအရမ်းကြာသွားရင်တော့ ခွဲမရတာတွေလည်း ရှိတတ်ပါတယ်။ အပြင်တိမ်ကတော့ မျက်ကြည်လွှာလဲရတာ များပါတယ်၊ ဖြစ်တာက ထိခိုက်မိတာ၊ စပါးကျီရိုက်မိတာ စသဖြင့်ပေါ့ ပိုတော့ အလုပ်ရှုပ်စေပါတယ်။ မျက်ကြည်လွှာ အဆင်သင့်မရှိရင် အလှူရှင်ကို စောင့်ရတတ်ပါတယ်။

၃။ ရေတိမ်
ရေဖိအားတက်ရင် မျက်စိအရမ်းတင်းတာ၊ အန်တာတွေ ဖြစ်တတ်ပါတယ်။ ခွဲစိတ်လို့လည်း ရပါတယ် ရေလမ်းကြောင်းပိတ်တာကို စစ်ပြီး ချဲ့တာ၊ ရေလမ်းကြောင်း ပြန်ဖွင့်ပေးတာ လုပ်ကြပါတယ်။ လုံးဝအရှင်းပျောက်ဖို့တော့ မသေချာနိုင်သလို ပြန်လည်းဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုအရမ်းများတဲ့အခါ မိမိကိုယ်ကို ပြန်လည်း မထိန်းချုပ်နိုင်တဲ့အခါ ရေဖိအားအရမ်းတက်ပြီး မျက်စိကွယ်သည့်အထိတော့ ဖြစ်တတ်ပါတယ်။

၄။ မြင်လွှာကွာ
တစ်ခါတစ်လေ Eye floaters နဲ့တူတာတွေလည်း ရှိတတ်ကြပါတယ်။ အစက်အမှုန်များ၊ ပိုးချည်မျှင်များ၊ ပင့်ကူမျှင်များ ပြေးနေသကဲ့သို့ မြင်တွေ့ရတာတွေ၊ လျှပ်စီးလိုလက်သကဲ့ လင်းကနဲ၊ လက်နဲ မြင်တွေ့ရတာတွေ၊ ကန့်လန့်ကာကျလာသကဲ့သို့ အမြင်အာရုံ အပေါ်တစ်ခြမ်း/အောက်တစ်ခြမ်းကွယ်ရာမှ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတာတွေ ဖြစ်တတ်ပြီး အမဲစက်တွေ အိပ်ရေးပျက်ရင်များတယ် မျက်စိညောင်းပြီးနေပူထဲမှာ ဘာမှမမြင် ရတာတွေ ဖြစ်တတ်ပါတယ်။ Lutein bilberry plusကို မနက်၁ ည၁ သောက်ပါ မိမိအလုပ်က ညဘက်တွေပဲ လုပ်ရတာဆို အကောင်းဆုံးက အလုပ်ကို ပြောင်းလဲနိုင်ရင် ပိုအဆင်ပြေစေပါတယ်။

၅။ မျက်စိကင်ဆာ
မျက်စိကင်ဆာကတော့ ခလေးတွေမှာ ပိုဖြစ်များပါတယ်။ မျက်စိကင်ဆာရောဂါက မျက်စိမြင်လွှာအတွင်းရှိ အာရုံကြောဆဲလ်များတွင် မျိုးရိုးဗီဇပြောင်းလဲခြင်းတွေကြောင့်ဖြစ်တတ်ပါတယ်။ ဗီဇပြောင်းလဲခြင်းက ဆဲလ်များကို သာမန်ထက် ပို၍ပွားများစေပြီး အကျိတ်အဖြစ် စုပေါင်းစေတတ်ပါတယ်။ မျက်စိကင်ဆာက မျက်စိနှင့် မျက်စိ၏ နီးစပ်ရာအစိတ်အပိုင်းများကို ပျံ့နှံ့နိုင်တာကိုတော့ သတိထားရပါမယ်။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော ဦးနှောက်နှင့် ကျောရိုးဆီသို့လည်း ပျံ့နှံ့နိုင်ပါတယ်။
မိဘမျိုးရိုးဆီက ဗီဇပြောင်းလဲခြင်းကို အမွေဆက်ခံတာလို့ ယူဆနိုင်ပါတယ်။ မျက်စိကင်ဆာက မျိုးရိုးလိုက်ကင်ဆာရောဂါ ဖြစ်ပါတယ်။ မိဘမှ ကလေးဆီ ဗီဇပြောင်း ရောက်လာတတ်ပါတယ်။ မျိုးရိုးလိုက်သော မျက်စိကင်ဆာများဟာ စောစီးစွာ ဖြစ်လေ့ရှိပြီး မျက်စိ ၂ ဖက်လုံးမှာ ဖြစ်လေ့ရှိတာကို သတိထားပါ။ မျက်စိကင်ဆာရောဂါကို ကုသပြီးသည့် ကလေးငယ်များမှာ နောက်ထပ် ကင်ဆာဖြစ်နိုင်ချေ အလားလာ ရှိတာကို တွေ့ရပါတယ်။

၆။ Color blind
Color blind ဟာ အဖြစ်နည်းပါတယ်။ မိန်းကလေးတွေမှာထက် ယောက်ျားလေးတွေမှာပိုဖြစ်နိုင်ပါတယ်။ ယောက်ျားလေးအများစုက အမြင်အာရုံ မကောင်းခြင်းနဲ့ မွေးဖွားလာတတ်ကြပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရောင်အချို့ကို မြင်နိုင်ပေမဲ့ အချို့အရောင်တွေကို မမြင်နိုင်ပါဘူး။ ဥပမာ- အနီရောင် သိပေမဲ့ အဝါရောင်ကို မမြင်ရတာ (သို့) အစိမ်းရောင်မြင်ရပေမဲ့ အပြာရောင် မမြင်ရတာ မျိုးပါ။ အမဲ၊ အဖြူ၊ မီးခိုးရောင်ကိုသာ မြင်ရခြင်းကတော့ နည်းပါးပါတယ်။
အခြားရောဂါများ ဖြစ်တဲ့ ဆီးချို၊ သွေးချို၊ သွေးတိုး၊
ရေတိမ်၊ macular degeneration, Alzheimers disease, Parkinsons disease, အရက် ကြာရှည်စွာ သောက်ခြင်း၊ သွေးကင်ဆာ၊ sickle cell anaemia တွေမှာ Color blind ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေဟာ မျက်လုံးတစ်ဖက်ကိုသာ ထိခိုက်ပြီး တစ်ခါတရံမှာတော့ နှစ်ဖက်လုံးဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇဟာ Color blind ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အမေ၊ အဖေ၊ အဖိုးအဖွားတွေ Color blind ဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း ဖြစ်နိုင်ခြေ များပါတယ်။ မျက်စိကို ထိခိုက်စေနိုင်တဲ့ hydroxychloroquine ဆေးတွေသုံးစွဲခြင်းကလည်း ရောဂါကို ဖြစ်စေပါတယ်။
Color blind အတွက် လေ့ကျင့်ရန်လိုအပ်သော မျက်မှန်၊
မျက်ကပ်မှန်နှင့် Lutein Bilberry ဆေးကို ကျနော့်ဆီမှာ ဝယ်ယူနိုင်ပါတယ်။

၇။ Dry eye
ယခုအခါ ဖြစ်ပွားသူ အများဆုံး ရောဂါတစ်ခုဖြစ်ပါတယ်။ နေပူထဲသွားလာရတာများတာ၊ air con ပန်ကာလေကို မျက်နှာတိုက်ရိုက်ခံတာတွေ၊ ဆေးလိပ်သောက်တာတွေ၊ ဖုန်း၊ ကွန်ပျူတာကနေလာတဲ့ အပြာရောင် အလင်းတန်းကို အချိန်ကြာကြည့်မိတာတွေကနေစတင်တတ်ပါတယ်မျက်ရည် အလုံအလောက်ထုတ်လုပ်မပေးနိုင်တာ၊ မျက်ရည်အငွေပျံမှု မြန်ဆန်တွေကြောင့်ဖြစ်တတ်ပါတယ်။ Dry eye ကနေ ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါတွေကတော့
Pterygium မျက်သားတက် နှင့် pinguecula အဆီဖုတွေပါ။
Pterygium မျက်သားတက်က မျက်စိနီ၊ ယား၊ စပ်၊ အောင့်၊ အလင်းစူးမခံနိုင်တာ၊ ခုလုခုလုဖြစ်တာ၊ မျက်ရည်ပူကျတာ အများဆုံး ဖြစ်ပါတယ်။
pinguecula အဆီဖု ခုလုခုလုဖြစ်တာ၊ အမြင်ဝါးတာ၊ ယားယံတာ၊
စူးသလိုဖြစ်တာ၊ ပူစပ်တာ၊ မျက်စိနီတာ ဖြစ်တတ်ပါတယ်။
ဒီရောဂါတွေအတွက် မျက်ရည်တု နဲ့ Lutein bilberry သောက်သုံးနိုင်ပါတယ်။ တစ်ခုရှိတာက မိမိက မျက်သားတက်တယ် ခြစ်ထားတယ်၊ သိုပေမဲ့ မိမိမှာ Dry eye ရောဂါခံစားနေရသမျှ မျက်သားခြစ်လည်း ပြန်တက်လာနိုင်တာကိုလည်း သတိထားရပါမယ်။ မျက်သားခြစ်ပြီး ၂ပတ်ခန့်အကြာမှာ အဆိုပါ မျက်ရည်တု နဲ့ Lutein bilberryကို မသုံးပြုထားမယ်ဆို မျက်သားပြန်မတက်နိုင်တော့တာကို တွေ့ရှိရပါတယ်။ မျက်သားတက်လာရင်လည်း ထိုဆေးဖြင့် ထိန်းထားလို့ရပါတယ်။

စာကျန်၊ စာမှားတာရှိရင် နားလည်ပေးကြပါ ခင်ဗျာ
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ!
Cd: Aung Lay ( Eye Health )

Social Vision Optical ( Phado ) ဘိုးပိုက်ဆံ(၃လမ်းနှင့်(၄)လမ်းထောင့် ဖဒိုမြို့

🎮 ဂိမ်း​ဆော့​နေစဥ်တပ်ထားသင့်သည့်မျက်မှန် 🎮အလွယ်​​ပြောရရင်  Online ဂိမ်းဖြစ်ဖြစ် ၊ Offline ဂိမ်းပဲ ဖြစ်ဖြစ် ကစားနေစဉ် မျက...
20/08/2022

🎮 ဂိမ်း​ဆော့​နေစဥ်တပ်ထားသင့်သည့်မျက်မှန် 🎮

အလွယ်​​ပြောရရင် Online ဂိမ်းဖြစ်ဖြစ် ၊ Offline ဂိမ်းပဲ ဖြစ်ဖြစ် ကစားနေစဉ် မျက်မှန် ဝတ်ဆင်ထားသင့်ပါတယ်။ မျက်မှန်​တွေကို အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုကြပါတယ်။ အဲ့ဒိထဲမှာမှ Gamer ​တွေအ​နေနဲ့ စစ်မှန်တဲ့ Blue Block Lens တပ်ဆင်ထားတဲ့ မျက်မှန်​တွေကိုသာ ​ရွေးချယ်သင့်ပါတယ်။

အပြာရောင်အလင်းတန်းလို့​ခေါ်တဲ့ (Blue Light) ​တွေဟာအာရုံကြောကို ထိခိုက်စေပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ တီဗီ၊ ​မော်နီတာ၊ တက်ဘလက်၊ ဖုန်း ​တွေကို အချိန်အကြာကြီး ကြည့်တဲ့အခါ၊ အဲ့ဒိ Device ​တွေရဲ့ Screen က​နေ အပြာရောင်အလင်းတန်းကို ထုတ်လွှတ်တယ်။ ဒါ​တွေကို Blue Block Lens အသုံးပြုထားတဲ့ မျက်မှန်​တွေကလျှော့ချပေး နိုင်ပါတယ်။

Blue Block မျက်မှန်​တွေဟာ ရှင်းလင်းပြတ်သားမှုကို ပိုမိုကောင်းမွန်စေရန်၊ အလင်းပြန်တာ​တွေကို လျှော့ချပေးပြီး အရောင်​တွေကို ကွက်ကွက်ကွင်းကွင်းနှင့် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် ကူညီပေးပါတယ်။

နေကာမျက်မှန်​တွေက မျက်စိအတွက်အန္တရာယ်ရှိတဲ့ UV rays ​တွေကို လျှော့ချဖို့ ၊ မျက်လုံးကို ပျက်စီးစေတဲ့ ရောင်ခြည်​တွေကို လျှော့ချဖို့ ရည်ရွယ်ထားသလို၊ ဂိမ်းကစားရန်အတွက် အကာအကွယ် Blue Block မျက်မှန်​တွေကလဲ အပြာရောင်အလင်းတန်း​တွေကို လျှော့ချဖို့နဲ့ ကွန်ပြူတာအား စိုက်ကြည့်မယ်ဆိုပါက သင်ခံစားရတဲ့ အမြင်အာရုံချို့ယွင်းမှုကို သက်သာစေဖို့ ရည်ရွယ်ပါတယ်။

" သင့်မျက်စိကိုဂရုစိုက်ပါ "
Crd:T h e E y e H e a l t h


"ရေရှည်မှာ အမြင်အာရုံကောင်းဖို့အတွက် လုပ်ဆောင်ရမည့် Habitsများ"👁လူအများစုဟာ Mobile Phone၊ Laptop ၊TV စတဲ့ မျက်စိနဲ့တိုက်...
19/08/2022

"ရေရှည်မှာ အမြင်အာရုံကောင်းဖို့အတွက် လုပ်ဆောင်ရမည့် Habitsများ"👁

လူအများစုဟာ Mobile Phone၊ Laptop ၊TV စတဲ့ မျက်စိနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Electronic Devicesတွေ အသုံးများလာတာကြောင့် မျက်စိကျန်းမာရေးအတွက်လည်း စိတ်ပူလာရပါတယ်။ ဒီ Devicesတွေသုံးစွဲမှုကို ရပ်တန့်ဖို့မလွယ်ပေမယ့် မျက်စိကိုပြန်အားဖြည့်ဖို့အတွက်တော့ လူတိုင်းတတ်နိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကောင်းမွန်စေဖို့ လုပ်ဆောင်ရမယ့် တွေကို မျှဝေပေးချင်ပါတယ်။🔜

⏹အနားယူမှုလေ့ကျင့်ခန်းလုပ်ပါ

မျက်စိနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့ Workoutတစ်ခုကတော့ ကိုယ့်ရဲ့လက်ဖဝါးနှစ်ခုကို ပူနွေးလာသည်အထိ အချင်းချင်းပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့မျက်စိပေါ်ကို အလင်းရောင်မမြင်ရလောက်တဲ့ အခြေနေထိ ဖွဖွလေးအုပ်ထားပါ။ သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းကို နေစဥ်နေ့တိုင်းပြုလုပ်ပေးမယ်ဆို ကိုယ့်ရဲ့မျက်စိကိုအနားယူမှုပေးသလိုလည်းဖြစ်စေပါတယ်။

⏹ဖွင့်လိုက်မှိတ်လိုက်လုပ်ပါ

နောက်ထပ် Habitလေးကတော့ ကိုယ်ရဲ့မျက်စိကို ဖွင့်လိုက်မှိတ်လိုက် လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့အမြင်အာရုံကို သိသိသာသာကိုထူးကဲစေပါတယ်။ ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အမြင်စူးစေတဲ့ အလင်းရောင်တွေကို ကာကွယ်ပေးနိုင်သလို မျက်စိနာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။ Laptop အသုံးများသူ၊ Mobile Phone အသုံးများသူတွေနဲ့ တခြားမျက်စိကိုထိခိုက်စေတဲ့ Electronic devicesတွေကို အမြဲသုံးနေရသူတွေနေနဲ့ မျက်စိကိုက်လာတဲ့အခါ 5second လောက် မှိတ်လိုက်ဖွင့်လိုက်လေးလုပ်ပေးပါ။

⏹ရေဖြင့်ပတ်ဖျန်းပါ

အလုပ်တွေအရမ်းများပြီး Electronic Devicesတွေကြည့်ရတာများလာပြီဆို မျက်စိကအားကုန်ခမ်းလာသလိုခံစားရပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ မျက်စိကိုရေဖြင့်ဆေးကြောပတ်ဖျန်းပေးလိုက်ပါ။ မျက်နှာသစ်ပေးတဲ့သဘောပါပဲ။ သင့်အနေနဲ့ အမြင်အာရုံ ကြည်လင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပုံမှန်လုပ်ဆောင်သွားပေးပါ။ မျက်စိကိုရေနဲ့ပတ်ဖျန်းပြီးချိန်မှာတော့ မျက်စိအမြင်လန်းဆန်းလာရုံသာမက စိတ်ပါလန်းဆန်းလာပါလိမ့်မယ်။

⏹မနက်စောစောလမ်းလျှောက်ပါ

နောက်ဆုံး Habitလေးကတော့ မနက်စောစောအိပ်ယာထပြီး လမ်းလျှောက်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီနည်းကရိုးရှင်တယ်ဆိုပေမယ့် သင့်မျက်လုံးအတွက်တော့ အကျိုးရှိစေပါတယ်။ မနက်စောစောထပြီး နွေးထွေးတဲ့နေရောင်ချည်နဲ့ မျက်စိထိတွေ့ရတဲ့အခါ အမြင်တွေကြည်လင်လန်းဆန်းလာတာကို ကိုယ်တိုင်ခံစားရပါလိမ့်မယ်။🔛

✅အထက်မှာပြောပြပေးသွားတဲ့ တွေက လူတိုင်းလိုက်လုပ်နိုင်တဲ့အလေ့ကျင့်တွေပဲဖြစ်
ပါတယ်။ #ရေရှည်မှာမျက်စိအမြင်အားကောင်းဖို့ဆို ဒီHabitတွေက မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ကိုယ်ကမျက်စိကျန်းမာရေးကို အထူးဂရုစိုက်သူဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေရာအလေ့ကျင့်တွေကို နေ့စဥ်လုပ်ဆောင်ပေးပါ။
" သင့်မျက်စိကိုဂရုစိုက်ပါ "
Crd: T h e E y e H e a l t h
Social Vision Optical ( Phado

Digital Device တွေကြောင့်ဖြစ်လာတဲ့ မျက်စိကိုက်ခဲမှု လက္ခဏာ(5)မျိုးသင်ဟာ Digital Device တွေကိုသုံးပြီးအလုပ်လုပ်နေတဲ့သူဆို...
12/08/2022

Digital Device တွေကြောင့်ဖြစ်လာတဲ့ မျက်စိကိုက်ခဲမှု လက္ခဏာ(5)မျိုး

သင်ဟာ Digital Device တွေကိုသုံးပြီးအလုပ်လုပ်နေတဲ့သူဆိုရင် မျက်စိအားနည်းလာတာတွေဟာ တစ်နေ့မဟုတ်တစ်နေ့မှာ ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်လိုမျိုးလက္ခဏာတွေက သင်အသုံးပြုနေတဲ့ Digital Device တွေကြောင့် မျက်စိအားနည်းလာတယ်ဆိုတာကိုရော သင်သိရဲ့လား။ မသိသေးဘူးဆိုရင်တော့ အောက်မှာမျှဝေပေးသွားမယ့် လက္ခဏာ5မျိုးကို အဆုံးထိဖတ်ကြည့်လိုက်ပါနော်။👉🏻

⏹ခေါင်းကိုက်ခြင်း

သင့်ရဲ့မျက်စိတ်အနီးတစ်ဝိုက်နဲ့ ဦးခေါင်းအရှေ့ပိုင်းခြမ်းတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်တော့ သင့်အနေနဲ့ Digital Device တွေအသုံးများလာလို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးမျက်စိနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Digital Device တွေကြောင့်ပဲ ဦးခေါင်းအတွင်းက Muscleတွေက ကိုက်ခဲလာရတာဖြစ်ပါတယ်။

⏹မျက်စိပင်ပန်းခြင်း

Computerအသုံးများတဲ့ ရုံးလုပ်သားတွေမှာ မျက်စိပင်ပန်းနွမ်းလျတာတွေ မကြာခဏဖြစ်တတ်ပါတယ်။ သင့်ရဲ့မျက်လုံးတွေက နာကျင်ခြင်း၊ ပင်ပန်းခြင်းတွေခံစားလာရတာဟာ သင့်ရဲ့မျက်စိခံနိုင်တဲ့အတိုင်းတာကိုကျော်လွန်သည်အထိ Digital Device တွေအသုံးများနေပြီဆိုတာပြောနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

⏹အလင်းရောင်ဒဏ်မခံနိုင်ခြင်း

သင့်ရဲ့မျက်စိအတွင်းက lenses တွေကို focusထားနိုင်ဖို့ အသုံးပြုနေရတဲ့ ကြွက်သားတွေက နောက်ထပ်ကြွက်သားတွေကိုပြန်တည့်မက်ပေးပါတယ်။ဒီကြွက်သားတွေကနေ သင့်မျက်စိရဲ့pupilအရွယ်အစားကို ထိန်းပေးပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အလင်းရောင်ကိုမျက်စိနဲ့ထိလိုက်တဲ့အခါ ထိုးနှက်လိုက်သလိုမျိုးနာကျင်ခံစားရတဲ့အပြင် သားငယ်အိမ်ကိုပါဖိညစ်လိုက်သလိုမျိုး ခံစားရတတ်ပါတယ်။

⏹မျက်စိယားယံခြင်း

ဘာကြောင််မှန်းမသိမကြာခဏ မျက်စိကိုပွတ်မိနေတာ၊ မျက်စိကိုပွတ်လိုက်မှ အမြင်အာရုံရှင်းသွားသလိုမျိုးခံစားလိုက်ရတာတွေ ကြုံဖူးပါလား။ ဒါဟာ သင့်ရဲ့မျက်စိအတွင်းက ကြွက်သားတွေကို လိုတာထက်ပိုပြီးအလုပ်လုပ်ခိုင်းထားလို့ပဲဖြစ်ပါတယ်။ ဒါတွေကနေပဲ မျက်စိကျိန်းစပ်ခြင်း၊ မျက်စိယားယံခြင်းတွေဖြစ်လာတာပါ။

⏹အမြင်ဝေဝါးလာခြင်း

သင့်အနေနဲ့ အလင်းရောင်လျော့လာတဲ့ညနေပိုင်းတွေမှာ အမြင်အာရုံကပုံမှန်ထက်ဝေဝါးလာတာကိုရော ကြုံဖူးလား။ Digital device တွေနဲ့ အလင်းရောင်ကိုသုံးပြီးအလုပ်လုပ်ရတဲ့ အရာတွေပေါ်မှာ ပုံမှန်ထက်ကျော်ပြီးအာရုံစိုက်လာရတာကြောင့် မျက်စိကြွက်သားတွေကတစ်ဆင့် အမြင်တွေမှုန်ဝါးလာတာဖြစ်ပါတယ်။ဒီအခြေနေရောက်လာပြီဆိုရင်တော့ သင့်ရဲ့မျက်စိအတွက် စိုးရိမ်သင့်ပါပြီ။

" သင့်မျက်စိကိုဂရုစိုက်ပါ "

Crd-TheEyeHealthမျက်စိကျန်းမာရေး

Social Vision Optical ( Phado )

Cylindrical Power(ဆလင်ဒါပါဝါ) အကြောင်း သိကောင်းစရာများမျက်မှန်ပါဝါတွင် အနီးမှုန်၊ အဝေးမှုန် ရှိသကဲ့သို့ပင် ဆလင်ဒါပါဝါလည်...
12/08/2022

Cylindrical Power(ဆလင်ဒါပါဝါ) အကြောင်း သိကောင်းစရာများ

မျက်မှန်ပါဝါတွင် အနီးမှုန်၊ အဝေးမှုန် ရှိသကဲ့သို့ပင် ဆလင်ဒါပါဝါလည်း ရှိနိုင်ပါသည်။

အချို့က ဆလင်ဒါပါဝါရှိခြင်းကို ရောဂါတစ်ခုသဖွယ် ထင်မြင်ယူဆတတ်ပြီး ၎င်းဆလင်ဒါပါဝါပျောက်ကင်းအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းဟု မကြာခဏ မေးမြန်းလေ့ရှိပါသည်။

အမှန်မှာ ဆလင်ဒါပါဝါသည် ရောဂါမဟုတ်ပဲ မျက်မှန်ပါဝါတစ်မျိုးသာဖြစ်ပါသည်။ ဆလင်ဒါပါဝါရှိလျှင် ၎င်းပါဝါအတိုင်း မျက်မှန်တပ်ပေးရန်သာ ဖြစ်ပါသည်။ ဆလင်ဒါပါဝါရှိခြင်းကို Astigmatismဟု ခေါ်ပါသည်။

မည်သည့်အကြောင်းကြောင့် ဆလင်ဒါပါဝါ ဖြစ်ပေါ်လာသနည်း။

ယေဘုယျအားဖြင့် မျက်ကြည်လွှာကြောင့်ဖြစ်သော (Corneal astigmatism)နှင့် မှန်ဘီလူးကြောင့်ဖြစ်သော (Lenticular astigmatism)ဟူ၍ နှစ်မျိုးရှိပါသည်။

၁။ Corneal Astigmatism

မျက်ကြည်လွှာသည် ပုံမှန်အားဖြင့် ဘတ်စကတ်ဘော သဏ္ဍန်ညီညာလုံးဝန်းစွာ ရှိပါသည်။ အကယ်၍ မျက်ကြည်လွှာ မျက်နှာပြင်တစ်ခုသည် အခြားတစ်ခုထက် ပို၍ခုံးသောအခါ မျက်ကြည်လွှာသည် ရပ်ဘီဘောလုံး သဏ္ဍန် ဘဲဥပုံဖြစ်သွားပြီး ဆလင်ဒါပါဝါ ဖြစ်ပေါ်လာပါသည်။

၂။ Lenticular Astigmatism

အတွင်းတိမ်ဖြစ်ခြင်း (သို့မဟုတ်) မှန်ဘီလူးအား ဆိုင်းထားသောကြိုးများ အကြောင်းတစ်စုံတစ်ရာကြောင့် မှန်ဘီလူးသည် ပုံမှန်အနေအထားတွင် တည်ရှိမနေနိုင်သောအခါ ဆလင်ဒါပါဝါ ဖြစ်ပေါ်လာနိုင်ပါသည်။

ရောဂါလက္ခဏာများ

မျက်လုံးအား အချိန်ကြာမြင့်စွာ အားစိုက်ရသည့်အခါ၊ အထူးသဖြင့် အချိန်ကြာမြင့်စွာ စာဖတ်သည့်အခါ/ကွန်ပြူတာအသုံးပြုသည့်အခါ မျက်လုံး ညောင်းညာ ကိုက်ခဲခြင်း(မျက်ရိုးကိုက်ခြင်း)၊ ခေါင်းမူး၍ ဇက်ကြောတက်ခြင်း၊ ရံဖန်ရံခါပျို့အန်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

အမြင်အာရုံဝေဝါးခြင်း၊ ပုံရိပ်များ/စာလုံးများ ရွဲ့စောင်းခြင်းများ ကြုံတွေ့ရတတ်ပါသည်။

တခါတရံ မျက်လုံးစွေစောင်းသည်အထိလည်း ဖြစ်ပေါ်တတ်ပါသည်။

မည်ကဲ့သို့ကုသရမည်နည်း။

စမ်းသပ်ရရှိသော မျက်မှန်ပါဝါအတိုင်း မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်း၊ လေဆာဖြင့် မျက်မှန်ပါဝါ ဖျောက်ခြင်းများ ပြုလုပ်နိုင်ပါသည်။

Credit :
Dr.Eye Myanmar
Photos credit-original

Social Vision Optical ( Phado )

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Social Vision Optical posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share