30/05/2026
Meta ကုမ္ပဏီမှ Facebook၊ Instagram နှင့် WhatsApp တို့အတွက် လစဉ်ကြေးသုံး "Plus" Subscription စနစ်သစ်များ စတင်မိတ်ဆက်
Meta ကုမ္ပဏီသည် ၎င်းတို့၏ လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်ကြသော Facebook, Instagram နှင့် WhatsApp တို့တွင် သုံးစွဲသူများ စိတ်ကြိုက်အဆင့်မြှင့်တင် အသုံးပြုနိုင်မည့် "Plus" လစဉ်ကြေးအစီအစဉ်များကို ကမ္ဘာတစ်ဝန်းလုံးသို့ စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။
ယခုမိတ်ဆက်လိုက်သော Plus Plan များသည် ပုံမှန် Free အသုံးပြုမှုကို ထိခိုက်မည်မဟုတ်ဘဲ သီးသန့် Features များနှင့် Customization ပိုင်းကို ပိုမိုလုပ်ဆောင်ချင်သူများအတွက် Optional (ရွေးချယ်နိုင်ခွင့်) အနေဖြင့် ထည့်သွင်းပေးထားခြင်းဖြစ်သည်။
ဝန်ဆောင်မှုနှုန်းထားများနှင့် ရရှိမည့် Features များမှာ အောက်ပါအတိုင်း ဖြစ်သည်။
Facebook Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ):
ပုံမှန် ၂၄ နာရီသာခံသည့် Story သက်တမ်းကို ၄၈ နာရီအထိ တိုးမြှင့်ထားနိုင်မည်။
မိမိတင်ထားသော Story ကို မည်သူက အကြိမ်ရေမည်မျှအထိ (Rewatch) ပြန်ကြည့်သည်ဆိုခြင်းကို အသေးစိတ်မြင်တွေ့နိုင်သည်။
Story များပေါ်တွင် ပိုမိုဆန်းသစ်လှပသည့် လှုပ်ရှားသက်ဝင်နေသော (Animated) Reactions များ ပေးနိုင်မည်။
ဖုန်း Home Screen ပေါ်ရှိ Facebook နှင့် Messenger App Icon များကို မိမိစိတ်ကြိုက် Theme များဖြင့် ပြောင်းလဲနိုင်မည့်အပြင် Profile နှင့် Bio Fonts များကိုပါ အဆင့်မြင့်မွမ်းမံပြင်ဆင်နိုင်သည်။
Instagram Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ):
တစ်ဖက်လူ မသိစေဘဲ Story များကို ခိုးကြည့်နိုင်မည့် Preview Option ပါဝင်လာသည်။
မိမိ Story ကို ဘယ်သူတွေ ပြန်ကြည့်လဲဆိုသည့် အချက်အလက်များကို ကြည့်ရှုနိုင်မည်။
Close Friends (ရင်းနှီးသူများစာရင်း) အပြင် စိတ်ကြိုက်အကန့်အသတ်မရှိ (Unlimited) စာရင်းများ ခွဲခြားသတ်မှတ်ပြီး ပို့စ်များ မျှဝေနိုင်သည်။
တစ်ပတ်လျှင် တစ်ကြိမ် မိမိ၏ Story ကို လူမြင်ပိုများအောင် Spotlight ပြုလုပ်နိုင်မည်။
WhatsApp Plus (တစ်လလျှင် ၂.၉၉ ဒေါ်လာ):
အရေးကြီးသော Chats မက်ဆေ့ချ်များကို ပုံမှန်ထက် ပိုမိုပြီး အပိုဆောင်း (အခု ၂၀ အထိ) Pin တွဲချိတ်ထားနိုင်သည်။
Premium စတစ်ကာများ၊ သီးသန့် Ringtone များနှင့် စိတ်ကြိုက် App Themes များကို အသုံးပြုခွင့်ရရှိမည်။
ထို့အပြင် Meta အနေဖြင့် ရှေ့ဆက်ပြီး Meta AI ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် Creators/Business များအတွက် "Meta One" အမည်ရှိ အဆင့်မြင့် Subscription Plan များကိုပါ ဆက်လက်မိတ်ဆက်သွားရန် စီစဉ်နေကြောင်း သိရသည်။
(Source: The Verge / TechCrunch)🌐