20/02/2020
ျမန္မာကား ပရိသတ္အတြက္ All-New Mazda 3
================================================================================================
ျမန္မာျပည္သူမ်ား၏ ကားေလာကဂယက္ထေနခ်ိန္တြင္ အသစ္အသစ္တုိ႔ျဖင့္သာ မိတ္ဆက္ တင္ျပလာေသာ All-New Mazda သည္ Mazda ခ်စ္သူမ်ားကို အံ့အားသင့္ ေက်နပ္ေစမည့္ သမုိင္းသစ္ စာမ်က္ႏွာကို ျပသလုိက္ပါသည္။ ၂ဝ၂ဝ ေမာ္ဒယ္ Mazda 3 ကို ကားႏွင့္ ေမာင္းႏွင္သူတုိ႔အၾကား တစ္သားတည္းႏွင့္ သဟဇာတ ျဖစ္ေစရန္ ဖန္တီးထုတ္လုပ္ထားၿပီး အသစ္ထုတ္လုပ္လုိက္သည့္ All-New Mazda 3 သည္ ဆင့္ကဲဖြံ႕ၿဖိဳးတုိးတက္သည့္ ဓာတ္ဆီအင္ဂ်င္အသစ္ ျဖစ္ေသာ SKYACTIV G SKY-ACTIVE-Vehicle Architecture ျဖင့္ ဖြဲ႕စည္းထားေသာ ကားျဖစ္သည္။ Mazda ၏ ကုိယ္ပုိင္မူဟန္ျဖစ္သည့္ KODO Design Language ကို အဓိပၸါယ္ရွိေသာ အျပင္အဆင္ ျဖင့္ ဖန္တီးထားကာခံ့ထည္ ၾကြားဝါျခင္း အႏုသုခုမဆန္ေသာ ဟန္ပန္တုိ႔ျဖင့္ ေတြ႕ျမင္ႏုိင္မည္ျဖစ္သည္။
🔸 ကုိယ္ပုိင္ဟန္ ကုိယ္ပုိင္ဒီဇုိင္း
' All-New Mazda 3 Sedan ႏွင့္ လူငယ္ဆန္ဆန္ Sporty ျဖစ္သည့္ All-New Mazda 3 Hatchback တို႔ကို ဒီဇိုင္းေရးဆြဲရာတြင္ ထူးျခားၿပီး ဆန္းသစ္သည့္ KODO Design Language ေၾကာင့္ ကား၏ ဒီဇိုင္းမွာ ျမင္သူတုိင္း ေငးေမာမွင္တက္ဖြယ္ ေက်ာ့ရွင္းလွသည့္ ကုိယ္ထည္ေကာက္ေၾကာင္းမ်ားကို ေတြ႕ျမင္ႏုိင္မည္ျဖစ္သည္။ ကားေရွ႕မီးမ်ားကိုလည္း သားရဲတစ္ေကာင္၏ မ်က္လံုးပံုစံႏွင့္အတူ ကားအေရွ႕ ဒီဇိုင္း Grille ကိုလည္း Mazda ၏ ကုိယ္ပုိင္အသြင္အျပင္ျဖစ္သည့္ Mazda Wing Grille ပံုစံကို အသံုးျပဳ ထားသည္။ ကား၏ အေနာက္ဘက္ ကုိယ္ထည္ကုိလည္း Shade မ်ားျဖင့္ အခ်ိဳးအဆစ္က်က် ပံုေဖာ္ထားကာ ကား၏ ေနာက္မီးလံုးမ်ားမွာ အေဝးကျမင္႐ံုျဖင့္ Mazda 3 ျဖစ္သည္ကို ခ်က္ခ်င္းသိႏုိင္မည့္ ကုိယ္ပုိင္ဟန္ရွိသည့္ ဒီဇိုင္းျဖစ္သည္။ ေမာ္ဒယ္ႏွစ္မ်ိဳးလံုး၏ ကားအေရွ႕ဒီဇုိင္းမွာ အလံုးစံုေျပာင္းလဲထားသည့္ The All-New ဒီဇိုင္းျဖစ္သည္။ Keyless Entry ျဖစ္ၿပီး ကားတံခါး အဖြင့္ကိုလည္း Hand Sensor ျဖင့္ သိရွိႏုိင္သည့္ နည္းပညာကိုလည္း ထည့္သြင္းအသံုးျပဳထားသည္။ Mazda 3 Hatchback ေမာ္ဒယ္အတြက္ Polymetal Gray ေဆးေရာင္အသစ္ကိုလည္း ဖန္တီးအသံုးျပဳထားေသးသည္'ဟု Mazda Showroom မွ တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားခဲ့သည္။
🔸 ကားအတြင္းခန္းဖြဲ႕စည္းပံု
Soft Touch Leather မ်ားကို အသံုးျပဳထားသည့္အတြက္ ထိေတြ႕ ခံစားမႈေကာင္းသည့္ Dashboard ႏွင့္ Premium Quality ျဖစ္သည့္ ပစၥည္းမ်ားျဖင့္ ကား၏အတြင္းခန္းကို အလွဆင္ထားျခင္းေၾကာင့္ စီးနင္းသူအတြက္ Luxury ဆန္သည့္ ခံစားမႈမ်ိဳးရရွိေစသည္။ Lumbar Support ပါဝင္သည့္ Leather ထုိင္ခံု၊ လွပေသသပ္သည့္ ေဘးတံခါးေဘာင္၊ Side Cover မွ Chrome Line မ်ား ႏွင့္ Leather Touch Arm Rest တုိ႔ ပါဝင္သည္။ Cockpit Zone အေရွ႕ ျမင္ကြင္းကိုလည္း ေမာင္းႏွင္သူ အဆင္ေျပေစရန္အတြက္ အေသးစိတ္က်က် ဖန္တီးထားၿပီး Climate Control ခလုတ္မ်ားသည္ Left-Right Axix ပံုစံျဖစ္၍ ေမာင္းႏွင္သူႏွင့္ အေရွ႕ထုိင္ခံုတြင္ လုိက္ပါစီးနင္း သူတုိ႔ လြယ္ကူစြာ အသံုးျပဳႏုိင္သည္။ New Greige Color ကို အတြင္းခန္းအတြက္ ေရြးခ်ယ္ထားၿပီး ႏူးညံ့သည့္ အထိအေတြ႕ကို ခံစားႏုိင္မည္ ျဖစ္သည္။ All-New Mazda 3 တြင္ ထုိင္ခံုမ်ား၏ Basic Structure ကို S-Shape ပံုစံခင္းက်င္းထားၿပီး လူသားတစ္ေယာက္၏ ေက်ာ႐ိုးႏွင့္ လုိက္ေလ်ာညီေထြမႈ ျဖစ္ေစရန္အတြက္ အေသးစိတ္ဖန္တီးထားသည္။ ထုိ႔ျပင္ ေက်ာ၊ ခါးႏွင့္၊ ေျခေထာက္ ေနရာမ်ားကို သက္ေသာင့္သက္သာ ျဖစ္ေစၿပီး ခရီးရွည္ေမာင္းႏွင္ရာတြင္လည္း ပင္ပန္းႏြမ္းနယ္မႈ မရွိဘဲ သက္ေသာင့္သက္သာ ေမာင္းႏွင္ေစႏုိင္မည္ျဖစ္သည္။ ကားအတြင္းပုိင္းကို Quietness အဆင့္ရွိရန္ ျပင္ဆင္ထားၿပီး NVH (Noise, Vibration, Harshness) ကို ေလ်ာ့ခ်ေပးသည့္ စနစ္ျဖင့္ ဖန္တီးထားသည္။ ထုိစနစ္တြင္ Mazda ၏ ပထမဦးဆံုး Application ျဖစ္သည့္ 2-Wall Structure ကို ကား၏ကုိယ္ထည္ႏွင့္ ၾကမ္းခင္းၾကားေနရာမ်ားတြင္ ထည့္သြင္းထားသျဖင့္ ကား၏ ျပင္ပမွဝင္လာေသာ ဆူညံသံမ်ားကို ေလ်ာ့ခ်ေပးၿပီး ကားအတြင္းခန္း ဆိတ္ၿငိမ္မႈကို ထိန္းသိမ္းေပးကာ အသံ၊ တုန္ခါမႈကို Sound-Absorbing စနစ္အသံုးျပဳ၍ ေခ်ဖ်က္ေပးမည္ျဖစ္သည္။ ကားတာယာမ်ား၏ တုန္ခါမႈႏွင့္ ဆူညံသံကိုလည္း ကားအခန္းအတြင္းသို႔ မေရာက္ေစရန္အတြက္ အကာအကြယ္ ေပးထားမည္ျဖစ္သည္။
🔸 စြဲမက္ေစမည့္ Function လုပ္ ေဆာင္ခ်က္မ်ား
All-New Mazda 3 စြဲမက္ ေစမည့္ Function မ်ားထဲမွ ပထမဆံုး Steering ကို ျမင္သည္ႏွင့္ ေမာ္ဒယ္ျမင့္ ကားတစ္စီးျဖစ္ေၾကာင္း သိသာေစရန္ Steering တြင္ Audio Control, Cruise Control, Other Function Control ခလုတ္မ်ားကို ထည့္သြင္းထားသည္။ ၈.၈ လက္မရွိ Infotainment TV Screen တြင္ Mazda Connect, Apple Car Play ႏွင့္ Android Auto စသည့္ Function မ်ား ထည့္သြင္းထားၿပီး ကားေမာင္းႏွင္သူမ်ားအႀကိဳက္ 360 Camera ကိုလည္း ထည့္သြင္းထားသည္။ 6 Speed Auto/Manual Gear ျဖစ္ၿပီး Paddle Shiften Sport Mode, Auto Handbrake, Rader Cruise, Blind Spot Detection, Lane Departure System, Advanced Adaptive Front Light, G-Vectoring Control, 4 Front Parking Senson 6 Back Parking Senson Emergency Brake Support, Head-up Display on Windshield, Keyless Entry with Touch Switch, Rain Sensor ႏွင့္ Safety အတြက္ Airbag ၆ လံုး အစရွိသည့္ Function မ်ားျဖင့္ ပါဝင္ၿပီး ေမာ္ဒယ္ျမင့္ ကားတစ္စီး၏ ေမာင္းႏွင္ခံစားမႈကို အျပည့္အဝရရွိမည္ျဖစ္ေၾကာင္း သိရွိရသည္။
🔸 SKYACTIV-G Engine
Mazda ၏ KKYACTIV နည္းပညာကို ကားခ်စ္သူတုိင္း ႀကိဳက္ႏွစ္သက္ၾကသည္။ All-New Mazda 3 တြင္လည္း 1.5L SKYACTIVE-G Engine ကို ထည့္သြင္း အသံုးျပဳထားၿပီး ဆီစားႏႈန္းသက္သာၿပီး ႐ုန္းဆြဲမႈ အားအေကာင္းဆံုးျဖစ္ေစရန္ ဖန္တီးထုတ္လုပ္ထားသည္။
🔸 BOSE SOUND SYSTEM
Car Audio အပုိင္းတြင္ လြန္စြာအေရးႀကီးသည္။ All-New Mazda 3 ၏ Sound System ၌ Mazda Premium ကားမ်ားတြင္ အသံုးျပဳေလ့ရွိသည့္ BOSE Sound System ကို ထည့္သြင္းေပးထားသည္။ တစ္ဦးတည္း ေမာင္းႏွင္ေနစဥ္အခ်ိန္အတြင္း ေမာင္းႏွင္သူအတြက္ သီးသန္႔ျဖစ္ေစမည့္ အသံခ်ိန္ညႇိျခင္းစနစ္ကို ဖန္တီးထည့္သြင္းထားသည္။ BOSE Speaker ၁ဝ လံုး အထိ ထည့္သြင္းေပးထားၿပီး 3L Woofer တစ္စံုႏွင့္ 8 cm Squawer တစ္စံုလည္း တပ္ဆင္ေပးထားသည္။
🔸 i-Activsense
All-New Mazda 3 တြင္ Mazda မွ ဖန္တီးထားသည့္ Drive Monitoring System ပါရွိၿပီး ထိုစနစ္သည္ အနီေအာက္ေရာင္ျခည္သံုး ကင္မရာႏွင့္ အနီေအာက္ ေရာင္ျခည္သံုး LED စနစ္တုိ႔ကို အသံုးျပဳ၍ ယာဥ္ေမာင္းသူႏွင့္ စီးနင္းသူတုိ႔၏ အာ႐ံုစူးစုိက္မႈ ရွိ/မရွိကို ထုိစနစ္မွ တစ္ဆင့္သိရွိႏုိင္ၿပီး ကားကို ေကာင္းမြန္စြာ ထိန္းခ်ဳပ္ႏုိင္ျခင္း မရွိပါက အႏၲရာယ္ကင္းေစရန္အတြက္ အခ်က္ျပေထာက္ပံ့ေပးသည့္ စနစ္ျဖစ္သည္။ ၿမိဳ႕တြင္းအသြားအလာတြင္လည္း ကား၏ အေရွ႕မွ႐ုတ္တရက္ ထြက္ေပၚလာသည့္ အရာဝတၴဳမ်ားအတြက္ Smart City Brake Support စနစ္မွ အဓိက ကူညီေထာက္ပံ့ ေပးထားသည္။
Ultra-Tensile Steel ပါဝင္ ႏႈန္း 980 MPa အထိ ပါဝင္ ဖြဲ႕စည္းထားသည့္ SKYACTIVE-Chassis Frame တြင္ Accordion- System ပံုေဖာ္မႈမ်ားျဖင့္ ခုိင္ခံ့ေသာ ကုိယ္ထည္ကို ဖန္တီးထားသည့္ All-New Mazda 3 တြင္ ထိေရာက္သည့္ Energy စုပ္ယူမႈ ႏွင့္ ျပင္းထန္သည့္ သက္ေရာက္မႈတုိ႔ကို အထူးကာကြယ္ေပးႏုိင္မည္ ျဖစ္သည္။ ယာဥ္ေမာင္းႏွင့္ ခရီးသည္အတြက္ အေရွ႕ဘက္ႏွင့္ အေနာက္ဘက္၊ ေဘး ဘယ္/ Side Curtain Airbag မ်ား စုစုေပါင္း AirBag ၆ လံုးအထိ ထည့္သြင္းေပးထားသည္။ ကားအေရွ႕ဘက္ျခမ္းတြင္ New Energy-Absorbing Inner Structureကို ထည့္သြင္းထားၿပီး ျပင္းထန္သည့္ ထိခုိက္မႈမ်ားအတြက္ ယာဥ္ႏွင့္ ခရီးသည္တုိ႔ ထိခုိက္မႈကို အနည္းဆံုး အေျခအေနထိေရာက္ေအာင္ ေလ်ာ့ခ်ေပးမည္ျဖစ္သည္။ ကားအေရွ႕ဘက္ Bumper ကိုလည္း ထူထဲခိုင္ခံ့စြာ ဖန္တီးထားသည့္အတြက္ အႏၲရာယ္ျဖစ္ေစမႈကို ကာကြယ္ေပးႏုိင္မည္ျဖစ္ ေၾကာင္း သိရိွရသည္။
🔸 ေရာင္းခ်မည့္ ေစ်းႏႈန္းႏွင့္ ဝန္ေဆာင္မႈ
Mazda Myanmar မွ အသစ္ မိတ္ဆက္ေပးခဲ့သည့္ 2020 ေမာ္ဒယ္ ALL-NEW MAZDA 3 Hatchback ႏွင့္ ွ Sedanကို အေမရိကန္ေဒၚလာ 49,999 ေစ်း ႏႈန္းသတ္ မွတ္ထားၿပီး ဝန္ေဆာင္မႈအေနျဖင့္ Warranty (3 Years or 100,000Km) ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
ဆက္သြယ္ ဝယ္ယူလိုပါက Cycle & Carriage Automobile Myanmar, Mazda 3S အေရာင္းျပခန္း အမွတ္(၅၁)၊ ျပည္လမ္း၊ (၇)မုိင္ခြဲ၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕သို႔ ဆက္သြယ္ဝယ္ယူႏုိင္ၿပီး၊ ျမန္မာကားပရိသတ္အတြက္ အႀကိဳက္ေတြ႕ေစမည့္ ကားသစ္တစ္စီးျဖစ္ေၾကာင္း ေရးသားလုိက္ရပါသည္။
# Car Team
(Unicode)
မြန်မာကား ပရိသတ်အတွက် All-New Mazda 3
================================================================================================
မြန်မာပြည်သူများ၏ ကားလောကဂယက်ထနေချိန်တွင် အသစ်အသစ်တို့ဖြင့်သာ မိတ်ဆက် တင်ပြလာသော All-New Mazda သည် Mazda ချစ်သူများကို အံ့အားသင့် ကျေနပ်စေမည့် သမိုင်းသစ် စာမျက်နှာကို ပြသလိုက်ပါသည်။ ၂ဝ၂ဝ မော်ဒယ် Mazda 3 ကို ကားနှင့် မောင်းနှင်သူတို့အကြား တစ်သားတည်းနှင့် သဟဇာတ ဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားပြီး အသစ်ထုတ်လုပ်လိုက်သည့် All-New Mazda 3 သည် ဆင့်ကဲဖွံ့ဖြိုးတိုးတက်သည့် ဓာတ်ဆီအင်ဂျင်အသစ် ဖြစ်သော SKYACTIV G SKY-ACTIVE-Vehicle Architecture ဖြင့် ဖွဲ့စည်းထားသော ကားဖြစ်သည်။ Mazda ၏ ကိုယ်ပိုင်မူဟန်ဖြစ်သည့် KODO Design Language ကို အဓိပ္ပါယ်ရှိသော အပြင်အဆင် ဖြင့် ဖန်တီးထားကာခံ့ထည် ကြွားဝါခြင်း အနုသုခုမဆန်သော ဟန်ပန်တို့ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။
🔸 ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဒီဇိုင်း
' All-New Mazda 3 Sedan နှင့် လူငယ်ဆန်ဆန် Sporty ဖြစ်သည့် All-New Mazda 3 Hatchback တို့ကို ဒီဇိုင်းရေးဆွဲရာတွင် ထူးခြားပြီး ဆန်းသစ်သည့် KODO Design Language ကြောင့် ကား၏ ဒီဇိုင်းမှာ မြင်သူတိုင်း ငေးမောမှင်တက်ဖွယ် ကျော့ရှင်းလှသည့် ကိုယ်ထည်ကောက်ကြောင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ကားရှေ့မီးများကိုလည်း သားရဲတစ်ကောင်၏ မျက်လုံးပုံစံနှင့်အတူ ကားအရှေ့ ဒီဇိုင်း Grille ကိုလည်း Mazda ၏ ကိုယ်ပိုင်အသွင်အပြင်ဖြစ်သည့် Mazda Wing Grille ပုံစံကို အသုံးပြု ထားသည်။ ကား၏ အနောက်ဘက် ကိုယ်ထည်ကိုလည်း Shade များဖြင့် အချိုးအဆစ်ကျကျ ပုံဖော်ထားကာ ကား၏ နောက်မီးလုံးများမှာ အဝေးကမြင်ရုံဖြင့် Mazda 3 ဖြစ်သည်ကို ချက်ချင်းသိနိုင်မည့် ကိုယ်ပိုင်ဟန်ရှိသည့် ဒီဇိုင်းဖြစ်သည်။ မော်ဒယ်နှစ်မျိုးလုံး၏ ကားအရှေ့ဒီဇိုင်းမှာ အလုံးစုံပြောင်းလဲထားသည့် The All-New ဒီဇိုင်းဖြစ်သည်။ Keyless Entry ဖြစ်ပြီး ကားတံခါး အဖွင့်ကိုလည်း Hand Sensor ဖြင့် သိရှိနိုင်သည့် နည်းပညာကိုလည်း ထည့်သွင်းအသုံးပြုထားသည်။ Mazda 3 Hatchback မော်ဒယ်အတွက် Polymetal Gray ဆေးရောင်အသစ်ကိုလည်း ဖန်တီးအသုံးပြုထားသေးသည်'ဟု Mazda Showroom မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
🔸 ကားအတွင်းခန်းဖွဲ့စည်းပုံ
Soft Touch Leather များကို အသုံးပြုထားသည့်အတွက် ထိတွေ့ ခံစားမှုကောင်းသည့် Dashboard နှင့် Premium Quality ဖြစ်သည့် ပစ္စည်းများဖြင့် ကား၏အတွင်းခန်းကို အလှဆင်ထားခြင်းကြောင့် စီးနင်းသူအတွက် Luxury ဆန်သည့် ခံစားမှုမျိုးရရှိစေသည်။ Lumbar Support ပါဝင်သည့် Leather ထိုင်ခုံ၊ လှပသေသပ်သည့် ဘေးတံခါးဘောင်၊ Side Cover မှ Chrome Line များ နှင့် Leather Touch Arm Rest တို့ ပါဝင်သည်။ Cockpit Zone အရှေ့ မြင်ကွင်းကိုလည်း မောင်းနှင်သူ အဆင်ပြေစေရန်အတွက် အသေးစိတ်ကျကျ ဖန်တီးထားပြီး Climate Control ခလုတ်များသည် Left-Right Axix ပုံစံဖြစ်၍ မောင်းနှင်သူနှင့် အရှေ့ထိုင်ခုံတွင် လိုက်ပါစီးနင်း သူတို့ လွယ်ကူစွာ အသုံးပြုနိုင်သည်။ New Greige Color ကို အတွင်းခန်းအတွက် ရွေးချယ်ထားပြီး နူးညံ့သည့် အထိအတွေ့ကို ခံစားနိုင်မည် ဖြစ်သည်။ All-New Mazda 3 တွင် ထိုင်ခုံများ၏ Basic Structure ကို S-Shape ပုံစံခင်းကျင်းထားပြီး လူသားတစ်ယောက်၏ ကျောရိုးနှင့် လိုက်လျောညီထွေမှု ဖြစ်စေရန်အတွက် အသေးစိတ်ဖန်တီးထားသည်။ ထို့ပြင် ကျော၊ ခါးနှင့်၊ ခြေထောက် နေရာများကို သက်သောင့်သက်သာ ဖြစ်စေပြီး ခရီးရှည်မောင်းနှင်ရာတွင်လည်း ပင်ပန်းနွမ်းနယ်မှု မရှိဘဲ သက်သောင့်သက်သာ မောင်းနှင်စေနိုင်မည်ဖြစ်သည်။ ကားအတွင်းပိုင်းကို Quietness အဆင့်ရှိရန် ပြင်ဆင်ထားပြီး NVH (Noise, Vibration, Harshness) ကို လျော့ချပေးသည့် စနစ်ဖြင့် ဖန်တီးထားသည်။ ထိုစနစ်တွင် Mazda ၏ ပထမဦးဆုံး Application ဖြစ်သည့် 2-Wall Structure ကို ကား၏ကိုယ်ထည်နှင့် ကြမ်းခင်းကြားနေရာများတွင် ထည့်သွင်းထားသဖြင့် ကား၏ ပြင်ပမှဝင်လာသော ဆူညံသံများကို လျော့ချပေးပြီး ကားအတွင်းခန်း ဆိတ်ငြိမ်မှုကို ထိန်းသိမ်းပေးကာ အသံ၊ တုန်ခါမှုကို Sound-Absorbing စနစ်အသုံးပြု၍ ချေဖျက်ပေးမည်ဖြစ်သည်။ ကားတာယာများ၏ တုန်ခါမှုနှင့် ဆူညံသံကိုလည်း ကားအခန်းအတွင်းသို့ မရောက်စေရန်အတွက် အကာအကွယ် ပေးထားမည်ဖြစ်သည်။
🔸 စွဲမက်စေမည့် Function လုပ် ဆောင်ချက်များ
All-New Mazda 3 စွဲမက် စေမည့် Function များထဲမှ ပထမဆုံး Steering ကို မြင်သည်နှင့် မော်ဒယ်မြင့် ကားတစ်စီးဖြစ်ကြောင်း သိသာစေရန် Steering တွင် Audio Control, Cruise Control, Other Function Control ခလုတ်များကို ထည့်သွင်းထားသည်။ ၈.၈ လက်မရှိ Infotainment TV Screen တွင် Mazda Connect, Apple Car Play နှင့် Android Auto စသည့် Function များ ထည့်သွင်းထားပြီး ကားမောင်းနှင်သူများအကြိုက် 360 Camera ကိုလည်း ထည့်သွင်းထားသည်။ 6 Speed Auto/Manual Gear ဖြစ်ပြီး Paddle Shiften Sport Mode, Auto Handbrake, Rader Cruise, Blind Spot Detection, Lane Departure System, Advanced Adaptive Front Light, G-Vectoring Control, 4 Front Parking Senson 6 Back Parking Senson Emergency Brake Support, Head-up Display on Windshield, Keyless Entry with Touch Switch, Rain Sensor နှင့် Safety အတွက် Airbag ၆ လုံး အစရှိသည့် Function များဖြင့် ပါဝင်ပြီး မော်ဒယ်မြင့် ကားတစ်စီး၏ မောင်းနှင်ခံစားမှုကို အပြည့်အဝရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
🔸 SKYACTIV-G Engine
Mazda ၏ KKYACTIV နည်းပညာကို ကားချစ်သူတိုင်း ကြိုက်နှစ်သက်ကြသည်။ All-New Mazda 3 တွင်လည်း 1.5L SKYACTIVE-G Engine ကို ထည့်သွင်း အသုံးပြုထားပြီး ဆီစားနှုန်းသက်သာပြီး ရုန်းဆွဲမှု အားအကောင်းဆုံးဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားသည်။
🔸 BOSE SOUND SYSTEM
Car Audio အပိုင်းတွင် လွန်စွာအရေးကြီးသည်။ All-New Mazda 3 ၏ Sound System ၌ Mazda Premium ကားများတွင် အသုံးပြုလေ့ရှိသည့် BOSE Sound System ကို ထည့်သွင်းပေးထားသည်။ တစ်ဦးတည်း မောင်းနှင်နေစဉ်အချိန်အတွင်း မောင်းနှင်သူအတွက် သီးသန့်ဖြစ်စေမည့် အသံချိန်ညှိခြင်းစနစ်ကို ဖန်တီးထည့်သွင်းထားသည်။ BOSE Speaker ၁ဝ လုံး အထိ ထည့်သွင်းပေးထားပြီး 3L Woofer တစ်စုံနှင့် 8 cm Squawer တစ်စုံလည်း တပ်ဆင်ပေးထားသည်။
🔸 i-Activsense
All-New Mazda 3 တွင် Mazda မှ ဖန်တီးထားသည့် Drive Monitoring System ပါရှိပြီး ထိုစနစ်သည် အနီအောက်ရောင်ခြည်သုံး ကင်မရာနှင့် အနီအောက် ရောင်ခြည်သုံး LED စနစ်တို့ကို အသုံးပြု၍ ယာဉ်မောင်းသူနှင့် စီးနင်းသူတို့၏ အာရုံစူးစိုက်မှု ရှိ/မရှိကို ထိုစနစ်မှ တစ်ဆင့်သိရှိနိုင်ပြီး ကားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိပါက အန္တရာယ်ကင်းစေရန်အတွက် အချက်ပြထောက်ပံ့ပေးသည့် စနစ်ဖြစ်သည်။ မြို့တွင်းအသွားအလာတွင်လည်း ကား၏ အရှေ့မှရုတ်တရက် ထွက်ပေါ်လာသည့် အရာဝတ္ထုများအတွက် Smart City Brake Support စနစ်မှ အဓိက ကူညီထောက်ပံ့ ပေးထားသည်။
Ultra-Tensile Steel ပါဝင် နှုန်း 980 MPa အထိ ပါဝင် ဖွဲ့စည်းထားသည့် SKYACTIVE-Chassis Frame တွင် Accordion- System ပုံဖော်မှုများဖြင့် ခိုင်ခံ့သော ကိုယ်ထည်ကို ဖန်တီးထားသည့် All-New Mazda 3 တွင် ထိရောက်သည့် Energy စုပ်ယူမှု နှင့် ပြင်းထန်သည့် သက်ရောက်မှုတို့ကို အထူးကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ယာဉ်မောင်းနှင့် ခရီးသည်အတွက် အရှေ့ဘက်နှင့် အနောက်ဘက်၊ ဘေး ဘယ်/ Side Curtain Airbag များ စုစုပေါင်း AirBag ၆ လုံးအထိ ထည့်သွင်းပေးထားသည်။ ကားအရှေ့ဘက်ခြမ်းတွင် New Energy-Absorbing Inner Structureကို ထည့်သွင်းထားပြီး ပြင်းထန်သည့် ထိခိုက်မှုများအတွက် ယာဉ်နှင့် ခရီးသည်တို့ ထိခိုက်မှုကို အနည်းဆုံး အခြေအနေထိရောက်အောင် လျော့ချပေးမည်ဖြစ်သည်။ ကားအရှေ့ဘက် Bumper ကိုလည်း ထူထဲခိုင်ခံ့စွာ ဖန်တီးထားသည့်အတွက် အန္တရာယ်ဖြစ်စေမှုကို ကာကွယ်ပေးနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
🔸 ရောင်းချမည့် ဈေးနှုန်းနှင့် ဝန်ဆောင်မှု
Mazda Myanmar မှ အသစ် မိတ်ဆက်ပေးခဲ့သည့် 2020 မော်ဒယ် ALL-NEW MAZDA 3 Hatchback နှင့် ှ Sedanကို အမေရိကန်ဒေါ်လာ 49,999 ဈေး နှုန်းသတ် မှတ်ထားပြီး ဝန်ဆောင်မှုအနေဖြင့် Warranty (3 Years or 100,000Km) ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်သွယ် ဝယ်ယူလိုပါက Cycle & Carriage Automobile Myanmar, Mazda 3S အရောင်းပြခန်း အမှတ်(၅၁)၊ ပြည်လမ်း၊ (၇)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး၊ မြန်မာကားပရိသတ်အတွက် အကြိုက်တွေ့စေမည့် ကားသစ်တစ်စီးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
# Car Team