Online Shopping Mall

Online Shopping Mall Education Is The Most Powerful Weapons Which Can Use To Change The World.��

 #တာထွက်ချိန်ချင်းမတူကြပါအိုဘားမားက အသက်၅၅နှစ်မှာ အနားယူတယ်။ဒေါ်နယ်ထရမ့်ပ်က အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။ဘန်ကောက်က စင...
04/02/2020

#တာထွက်ချိန်ချင်းမတူကြပါ

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

ဘန်ကောက်က

စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်

⏩ဘန်ကောက်တစ်နေ့တာနဲ့

⏩စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က

ပို..........မမြန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု

ဒီစာကိုရေးနေတဲ့အချိန်က

စနေနေ့ မနက် ၉ နာရီဝင်းကျင်

ကျိုက်ထီးရိုးမှာ ဘုရားဖူးရောက်နေတယ်

ဒါပေမယ့်

လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့

ဗုဒ္စဟူးနေ့ည၁၀နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့

ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......

⏩ဘယ်နေရာကစပြီးတာထွက်တယ်

⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

ကျွန်တော်တို့က

ကျွန်တော်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

Credit :....

.အောင်မြင်ချင်ရင်....."စိတ်ကူးအိမ်မက်များကို ခပ်သွက်သွက် အကောင်အထည်ဖော်ပါ.".ကြီးကြီးတွေးပါ။ ကြီးကြီးမတွေးပဲ ဘယ်လိုလုပ်ပြ...
09/04/2018

.အောင်မြင်ချင်ရင်....."စိတ်ကူးအိမ်မက်များကို ခပ်သွက်သွက် အကောင်အထည်ဖော်ပါ.".

ကြီးကြီးတွေးပါ။ ကြီးကြီးမတွေးပဲ ဘယ်လိုလုပ်ပြီး အလုပ်ကြီးကြီးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလဲ။ ကြီးကြီးတွေးရုံနဲ့မရသေးဘူး ။ ဒီစိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့သတ္တိလည်းရှိရအုံးမယ်။ ရည်မှန်းချက်စပြီးထားကတည်းက ဘယ်နည်းလမ်းမျိုးနဲ့ဆိုအမြန်ရောက်မလဲ။ ဘယ်လမ်းကြောင်းရွေးသင့်လဲ စသဖြင့်စဉ်းစားသင့်တယ်။ အခွင့်အရေးရလာပြီဆိုလျှင် တုံ့နှေးတုံ့နှေးလုပ်မနေပါနှင့်။ မဟုတ်လျှင် ကျရှုံးရလိမ့်မယ်။ အိမ်မက်များကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေပါ။ ကိုယ်ဘယ်အလုပ်ဝါသနာပါသလဲဆိုတာကို သိအောင်အရင်လုပ်ပါ။ သိသွားတာနဲ့တပြိုင်နက်ချက်ချင်းစပြီး အကောင်အထည်ဖော်ပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နိုင်သလောက်မြန်မြန်အကောင်အထည်ဖော်ပါ။ မြန်နိုင်သမျှ မြန်မြန်လုပ်ပါ။ ဘယ်အချိန်အခါဆိုရင်ဖြင့် လုပ်သင့်တယ်၊ မလုပ်သင့်သေးဘူးစသဖြင့် အချိန်အခါတွေကို စောင့်မနေပါနှင့်။ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို ပြည့်စုံသည်အထိ၊ ကျွမ်းကျင်တဲ့အထိလုပ်ရမယ်။ တခြားကသင်ယူတာထက် အလုပ်ကသင်ပေးသွားတာကပိုပြည့်စုံ ကောင်းမွန်ကြောင်းသတိရပါ။ လိုအပ်တဲ့ ဗဟုသုတနှင့်အချက်အလက်များရှိရမယ်။ ကြိုက်နှစ်သက်တဲ့အလုပ်လည်းဖြစ်ရမယ်။ ဒီလိုဆိုရင် အရှိန်အဟုန်မြင့်ပြီး အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါတယ်။ ဒါတွေဟာအောင်မြင်ချင်လျှင်ရှိရမယ့် အခြေခံအချက်တွေပဲဖြစ်တယ်။ မိမိရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ငွေနှင့်တန်ဖိုးဖြတ်လို့မရပါဘူး။ ဘဝမှာအောင်မြင်ဖို့ ဘယ်အလုပ်မှာ စိတ်အားထက်သန်သလဲဆိုတာကိုရှာပါ။ သက်သက်သာသာသိပ်မနေပါနဲ့။ အပြောနှင့် အတွေးထက် လက်တွေ့လုပ်ပါ။ အဘက်ဘက်မှ ကျရောက်လာမယ့် ဖိအားများကို စီမံနိုင်ပါစေ။ အရှုံးနှင့် အမှားများထံမှ သင်ခန်းစာယူပါ။ နောက်ဆုံးအရေးကြီးတာက လုံးဝလက်မလျှော့ပါနှင့်။ အရှုံးမပေးပါနှင့်။ သူငယ်ချင်းများအားလုံးပဲ....စိတ်ကူးအိမ်မက်များကို ခပ်သွက်သွက် အကောင်အထည်ဖော်နိုင်ကြပါစေ....
Crd. To. Original writer
ကိုဘိုင်း (Aimstar business owner)
09788669375(On Call)

Address

Yangon

Telephone

+959788669375

Website

Alerts

Be the first to know and let us send you an email when Online Shopping Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Online Shopping Mall:

Share