PZT Online Class

PZT Online Class Online Page ဖွင့်ပေးပါသည်

Classic Page နဲ့ New Page Experience(Profile Page)ဘယ်ဟာပိုကောင်းလဲ❓❓❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃✵ ခုရက်ပိုင်း Page တော်တော်များ...
16/09/2024

Classic Page နဲ့ New Page Experience(Profile Page)ဘယ်ဟာပိုကောင်းလဲ❓❓

❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃❃

✵ ခုရက်ပိုင်း Page တော်တော်များများ Profile Page ပြောင်းကုန်ပါတယ် Admin တော်တော်များများက သုံးရတာ ပုံမှန်မဟုတ်တော့ အခက်တွေ့နေကြတယ်

Classic က ကောင်းလား Profile ကောင်းလား
ခဏခဏ လာမေးနေကြလို့ တင်ပေးလိုက်ပါတယ်

Classic Page
••••••••••

✵ သုံးနေကျဆိုတော့ အထူးရှင်းမပြတော့ပါဘူး
ပုံမှန်အရင်က သုံးခဲ့ကြတဲ့ အတိုင်းပါပဲ
Page ထဲဝင်တာနဲ့ Like Button လေးနဲ့
Page မှာ ထည့်ထားတဲ့ Info တွေရယ် Tabs တွေရယ် အထူးသဖြင့် OS အတွက် Shop Tab နဲ့ Reviews Tab စသဖြင့် အစုံပေါ့ Setting ပိုင်းကလည်း အကျွမ်းတဝင်ရှိပီးသားဆိုတော့ အခက်ခဲ မရှိဘူးပေါ့ Page ကို သုံးချင်ရင် Admin acc ကနေ ဝင် Manage လုပ်ရုံပဲ Business နဲ့ OS ပိုင်းသုံးသူတွေ အတွက် အဆင်ပြေဆုံးလို့ပြောရမှာပေါ့

Profile Page
••••••••••

✵ New Page Experience (Profile Page) ပြောင်းသွားတဲ့ Page တွေကကျတော့ မိမိတို့ Pageကို Account ပုံစံမျိုးမြင်ရမယ် အချို့ Page တွေမှာ Like Button/Message ပေါ်ပီး အချို့Page မှာတော့ Follow Button / Message ပဲပေါ်တယ်။ Page ကနေ အခြား Acc or Page တွေကို Follow လို့ရမယ် Like,Cm ပေးလို့ ရမယ် (ဒါပေမယ့် Classic လိုတော့ Tab အစုံထည့်မရဘူး) Classic နဲ့မတူတဲ့ အချက်က Page ကိုသုံးချင်ရင် Acc acc ကနေ တန်း Manage လုပ်မရပဲ နောက် Acc တစ်ခုကို Log in ဝင်ရသလိုမျိုး ဝင်ပီးမှ Manage လုပ်လို့ရပါတယ် (Business Suite ကနေ ဝင်ရင်တော့ ပြောင်းဝင်စရာမလိုပဲ Manage လုပ်လို့ရပါလိမ့်မယ်) Classic ထက် Reach,Engagement ပိုကောင်းတယ် အထူးသဖြင့် Blog,Entertainment,Video ပိုင်း တင်တဲ့ Page တွေအတွက် ပိုကောင်းတယ် Setting ပိုင်းကတော့ Userတွေကို နည်းနည်းအခက်တွေ့စေလိမ့်မယ်...

✵ Classic နဲ့ Pp ဘယ်ဟာပိုကောင်းလည်းဆိုရင်
သူ့ အားသာချက်နဲ့သူပဲလို့ပြောပါရစေ
ကိုယ်က ဘယ်လိုပုံစံ သုံးမယ် ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်

✵ အထူးမှာချင်တာက Classic ကနေ Pp ပြောင်းသွားပီဆိုရင် ကိုယ်က သုံးရအဆင်မပြေဘူး မကြိုက်ဘူးဆိုရင် ချက်ချင်း Profile to Classic Page ပြန်ပြောင်းပါ

✵ ဘာလို့လဲ ဆိုတော့ ကိုယ်က ပြောင်းသွားတဲ့ Pp Page မှာ Postတွေ ဆက်တင်မယ် နောက်ပိုင်း သုံးရအဆင်မပြေလို့ Classic ပြန်ပြောင်းရင် Pp Page အနေနဲ့ ကိုယ်တင်ခဲ့သမျှ Post အကုန်ပျက်သွားလို့ပါပဲ

✵ Profile Page အသစ်ဖွင့်လို့ရလား ဆိုတော့ လက်ရှိမှာ အဲ့ Features ကို ပိတ်ထားပါတယ်
Classic To Pp Page ပြောင်းရလားဆိုရင် အချို့ စာတင်ပီး ပြောင်းသွားတဲ့ Page ရှိသလို မပြောင်းတဲ့ Page လည်း ရှိပါတယ် Page တိုင်းမပြောင်းပါဘူး (စာတင်နည်း အားတဲ့အချိန် သီးသန့် Video လုပ်ပေးပါမယ်) ကိုယ်က Classic To Pp လိုချင်ရင်တော့ Page ကို Reach,Engagementကောင်းအောင် Active ဖြစ်အာင် လုပ်ပါလို့ပဲ အကြံပြုပါရစေ (Reach,Engagement,Active ကောင်းရင် Fb က New Page Experience ကို Auto Upgrade လုပ်ခိုင်းပါလိမ့်မယ်)

ဒီလောက်ဆိုရင် သေချာ သိပီလို့ ထင်ပါတယ်
နောက်လည်း သိသလောက် မျှဝေပေးပါဦးမယ်

•••••••••••••••••••••••••••••
✉ သင်လေ့လာဖတ်ရှုပြီးလျှင် ပြန်လည်မျှဝေပါ✉
"လွတ်လပ်စွာကူးယူမျှဝေနိုင်ပါသည်" အသိပညာအတတ်ပညာမျှဝေခြင်းသည်ပညာဒါနပင်ဖြစ်သည်"
✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰✰

to owner

Address

Yangon
11411

Website

Alerts

Be the first to know and let us send you an email when PZT Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share