20/12/2022
အာဂျင်တီးနားကတော့ နိုင်ငံ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ မနက်ဖြန်ကို အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဗြူနိုအေရိစ်မှာ အသင်းကို ကြိုဆိုပြီး ကမ္ဘာ့ဖလားနဲ့အတူ အောင်ပွဲခံနိုင်ဖို့အတွက် အစိုးရက တရားဝင်အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံကတော့ အာဂျင်တီးနားကမ္ဘာ့ဖလားကို ဆွတ်ခူးအပြီး ဗြူနိုအေရိစ်မြို့က လမ်းမတွေထက်မှာ အာဂျင်တီးနားပရိသတ်တွေ အောင်ပွဲခံပျော်ရွှင်နေတာဖြစ်ပါတယ်။