MEN News

MEN News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MEN News, Media Agency, Yangon.

ပဲခူး ဧရာဝတီ တနင်္သာရီ မွန်မှာ နေရာကွက်ကြား  မိုးထစ်ချုန်းရွာမယ်နိုဝင်ဘာ ၁၅ - MEN ဒီနေ့ညနေအထိ ရန်ကုန်တိုင်းဒေသကြီးမှာ နေ...
15/11/2025

ပဲခူး ဧရာဝတီ တနင်္သာရီ မွန်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာမယ်

နိုဝင်ဘာ ၁၅ - MEN

ဒီနေ့ညနေအထိ ရန်ကုန်တိုင်းဒေသကြီးမှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာ အများအားဖြင့် သာယာမယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။



#ရာသီဥတု
#မိုးလေဝသ
#သဘာဝပတ်ဝန်းကျင်
#မိုးထစ်ချုန်း

Telegram https://t.me/menvnews

၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည် အောက်တိုဘာ ၂၁ / MEN N...
21/10/2024

၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည်

အောက်တိုဘာ ၂၁ / MEN News

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း မိုး၊ဇလဌာနကယနေ့ ထုတ်ပြန်သည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်။

အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားသင့်ကြောင်း၊ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု သင့်ကြောင်းမိုး၊ဇလဌာနက ထုတ်ပြန်သည်။

မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်း အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY - ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဖေါ်ပြပါပြည်နယ်တခုခု၏ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ယနေ့ညနေတွင်ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းများတွင် မိုးအသင့်အတင့်သာရွာနိုင်မည်ဟု ခန့်မှန်းရကြောင်း
ဦးဝင်းနိုင်က လူမှုကွန်ရက်ကတဆင့်ပြေသည်။

Photo - ရန်ကုန်မြို့တွင် ယနေ့မိုးသည်းထန်မှုကြောင့်ရေကြီးနေစဉ်။ (Photo - CJ/FB)


#ဆိုင်ကလုန်း
#မုန်တိုင်း

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

(အထူးမိုးလေဝသသတင်း)၃၆ နာရီအတွင်း  ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်...
19/10/2024

(အထူးမိုးလေဝသသတင်း)
၃၆ နာရီအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသက်လေပြင်းကျနိုင်

◼မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်

အောက်တိုဘာ ၁၉ / MEN News

ထိုင်းပင်လယ်ကွေ့တွင် လေပွေလှိုင်းစတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်၍ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% အထိ ရှိနေကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသက်လေပြင်းကျနိုင်ကြောင်းမိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကပြောသည်။

ဌင်းဒေသများတွင် မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ကြောင်း၊ အောက်တိုဘာ ၂၀ ရက် နေ့လည် ၂ နာရီမှ အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီအထိ(၃၆ နာရီအတွင်း ဖေါ်ပြပါပြည်နယ်တိုင်းဒေသများတွင် မိုးရေချိန် ၇၀ မီလီမီတာအထက်(၂.၇၅ လက်မနှင့်အထက်) မိုးရွာသွန်းနိုင်ပြီး မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေသည်ကို တွေ့ရကြောင်း အောက်တိုဘာ ၁၉ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် ဦးဝင်းနိုင်ကလူမူကွန်ရက်ကတဆင့်ထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းနီးပင်လယ်ပြင်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ လေတိုက်နှုန်း တနာရီ မိုင် ၃၀ အထက် ရှိနိုင်ပြီး၊ လှိုင်းအမြင့် ၇ ပေအထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ လက်ရှိအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ စတင်၍ဖြစ်ပေါ်နိုင်မည့် ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည်မဟုတ်ကြောင်းသိရသည်။

မုန်တိုင်းလမ်းကြောင်း မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်ခြင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနီးမှဒေသများသည် မုန်တိုင်းလမ်းကြောင်း၏ ညာဘက်ခြမ်းတွင် ရှိနေခြင်းတို့ကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုရှိနိုင်/များနိုင်ကြောင်း ဦးဝင်းနိုင်က အသိပေးတင်ပြသည်။

မိုး၊ဇလဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်း ရပ်ဝန်း၏အရှိန်တို့ကြောင့် ယနေ့ ၁၉-၁၀-၂၀၂၄ ရက်နေ့မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး
မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ၊ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုသင့်ကြောင်း မိုးဇလဌာနကထုတ်ပြန်သည်။

Photo - win naing / fb



#မုန်တိုင်း
#မိုးသက်လေပြင်း

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

ရန်ကုန်  ဧရာဝတီ တိုင်းတို့တွင် မိုးတိမ်တောင်ကြောင့်  မိုးထစ်ချုန်းခြင်း မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင် အောက်တိုဘာ ၁...
13/10/2024

ရန်ကုန် ဧရာဝတီ တိုင်းတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းခြင်း မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်

အောက်တိုဘာ ၁၃ / MEN News

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့ထုတ်ပြန်သည်။

ဌင်းပြင်ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရာနှုန်းပြည့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း မိုး၊ဇလဌာနက ယနေ့ထုတ်ပြန်သည်။

Photo - မိုး၊ဇလ


#မိုးတိမ်တောင်
#မိုးထစ်ချုန်း



Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄  (World Migratory Bird Day 2024)- ဒေါက်တာသိန်းအောင်  ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဆိုတာ ကမ္...
12/10/2024

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ (World Migratory Bird Day 2024)

- ဒေါက်တာသိန်းအောင်

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဆိုတာ ကမ္ဘာတဝန်း ဆောင်းခိုငှက်တွေနဲ့ အံ့ဩဖွယ် ခရီးစဉ်တွေအကြောင်း၊ ၎င်းတို့ရဲ့ စားကျက်ဒေသတွေကို ထိန်းသိမ်းရေး စည်းရုံးလှုံ့ဆော်တဲ့နေ့ ဖြစ်ပါတယ်။ နှစ်စဉ် မေလနှင့် အောက်တိုဘာလ ဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ဆောင်းခိုငှက်များနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနှစ်ရက်ဟာ ငှက်တွေရဲ့ ဆောင်းခိုခြင်း သဘာဝစက်ဝန်းကို ထင်ဟပ်စေပြီး၊ ကမ္ဘာ့မြောက်ဘက်ြခမ်းနဲ့ တောင်ဘက်ခြမ်းတို့ရဲ့ ဆောင်းခိုတဲ့အချိန် ခြားနားမှု အမြင့်ဆုံးချိန်လည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် မေလ ၁၁ ရက်နေ့နဲ့ အောက်တိုဘာ ၁၂ ရက်တို့ကို သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ ဆောင်ပုဒ်မှာ
“ငှက်ထိန်းသိမ်းဖို့ အင်းဆက် ထိန်းသိမ်းစို့” “Protect Insect Protect Bird” ဖြစ်ပြီး၊ ဆောင်းခိုငှက်များအတွက် အင်းဆက်ပိုးမွှားများ အရေးပါပုံကို အာရုံစူးစိုက်ပြီး အင်းဆက် အကောင်ဦးရေ ကျဆင်းခြင်းနဲ့ ပတ်သတ်ပြီး အလေးထားရန် မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

အင်းဆက်တွေဟာ ဆောင်းခိုငှက်မျိုးစိတ်များအတွက် မရှိမဖြစ် အရေးပါတဲ့ အစာစွမ်းအင် အရင်းအမြစ် ဖြစ်ပါတယ်။ ငှက်တွေရဲ့ မိတ်လိုက် သားပေါက်ရာသီချိန် သာမက ရှည်လျားကျယ်ပြောသည့် ခရီးစဉ် အစအဆုံး အချိန်ကာလအတွင်း ခံစားရတဲ့ ဘေးဒုက္ခအန္တရာယ်များ ကျော်လွှားပြီး အောင်မြင်စွာ ဆောင်းခိုနိုင်ခြင်းအတွက်လည်း အင်းဆက်တွေဟာ အလွန်အရေးပါတယ်။
ဆောင်းခိုပျံသန်းလမ်းကြောင်းတစ်လျှောက် သစ်တောများ၊ ရေတိမ်ဒေသများနဲ့ အမျိုးမျိုး ကွဲပြားခြားနားတဲ့ စားကျက်ဒေသတွေမှာ ရပ်နားကာ အင်းဆက်တွေကို ဖျတ်လတ်စွာ ရှာဖွေစားကြရတယ်။ ခရီးတစ်ထောက် နားခိုတဲ့ စားကျက်တွေမှာ အင်းဆက်ပေါများချိန်နဲ့ ငှက်တွေ ဆောင်းခိုချိန်ဟာ တထပ်ထဲ ကျပါတယ်။ အင်းဆက်တွေဟာ ဆောင်းခိုငှက်တွေ ဆက်လက်ပျံသန်းရမယ့် ခရီးအတွက် အရန်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် အာဟာရပြည့်ဝတဲ့ အစားအစာတွေအဖြစ် ပံ့ပိုးပေးပါတယ်။

ဆောင်းခိုငှက်တွေရဲ့ သားပေါက်ဒေသနဲ့ ဆောင်းခိုပျံသန်းခရီးလမ်းတလျှောက် အင်းဆက်အကောင်ဦးရေ လျော့နည်း ပျောက်ဆုံးခြင်းက ငှက်တွေရဲ့ ရှင်သန်ရေးနှင့် ဘဝအေးချမ်းမှုကို ခြိမ်းခြောက်နေပါတယ်။ သစ်တောနဲ့ မြက်ခင်းဒေသလို သဘာဝနေရာတွေကို ကြီးမားတဲ့ စိုက်ပျိုးမြေချဲ့ထွင်ခြင်းနဲ့ မြို့ပြဖွံ့ဖြိုးရေးအဖြစ် ပုံစံပြောင်းလဲခြင်းတွေက အင်းဆက် အကောင်ဦးရေ ကျဆင်းတဲ့ သက်ရောက်မှုကို ဖြစ်စေတယ်။ စိုက်ပျိုးသီးနှံ ဖြစ်ထွန်းရေးအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးတွေကလည်း ငှက်တွေရဲ့ အစာအဖြစ် မှီခိုအားထားရတဲ့ အင်းဆက်တွေကို အန္တရာယ်ဖြစ်စေပြန်တယ်။

စွမ်းအင်နှင့် ပရိုတင်းပြည့်ဝတဲ့ အင်းဆက်တွေ နည်းပါးလာခြင်းက ငှက်တွေရဲ့ ဆောင်းခိုခြင်းနဲ့ သားပေါက်ခြင်းကို နှောင့်နှေးစေပြီး ကိုယ်ခံအားစနစ် အားနည်းခြင်း၊ သားပေါက်မှု လျော့ကျခြင်း၊ အရွယ်ရောက်ငှက်နဲ့ ၎င်းတို့သားပေါက်များရဲ့ သေဆုံးမှုနှုန်းကို မြင့်တက်စေပါတယ်။
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၄ စည်းရုံးလှုံ့ဆော်ပွဲက ထိန်းသိမ်းရေးဆောင်ရွက်မှု ဖန်တီးရယူရန် လိုအပ်ချက်ကို အလေးထားတယ်။ ပိုးသတ်ဆေးနဲ့ မြေဩဇာ အသုံးပြုမှု လျော့ကျစေရေး အပါအဝင် ဖြစ်နိုင်လျှင် အော်ဂဲနစ် စိုက်ပျိုးရေး ပြောင်းလဲရေးကို ရည်မှန်းပါတယ်။ အခြားလုပ်ဆောင်မှုအနေဖြင့် စိုက်ပျိုးမြေများတွင် ငှက်နဲ့အခြားမျိုးစိတ်တွေအတွက် အစားအစာနှင့် အကာအကွယ် ပံ့ပိုးစီစဉ်ပေးတဲ့ သဘာဝအပင်တွေ ပေါက်တဲ့နေရာများ ထိန်းသိမ်းပြုစုခြင်းနှင့် ချိတ်ဆက်ခြင်း အပါအဝင် ငှက်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း စုစည်း ရေးသားမျှဝေလိုက်ပါတယ်။

Wild Wings Group မှ ဒေါက်တာသိန်းအောင်၏ ဆောင်ပါးကို ပြန်လည်ဖော်ပြသည်။





#ဆောင်းခိုငှက်

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

ကရင်နီပြည်နယ်တွင် လူ ၃ သောင်းနီးပါး ရေကြီးရေနှစ်မြှုပ်မှုကို ၁ လကြာ ရင်ဆိုင်နေရအောက်တိုဘာ ၁ဝ /  MEN Newsကရင်နီပြည်နယ်(ကယ...
10/10/2024

ကရင်နီပြည်နယ်တွင် လူ ၃ သောင်းနီးပါး ရေကြီးရေနှစ်မြှုပ်မှုကို ၁ လကြာ ရင်ဆိုင်နေရ

အောက်တိုဘာ ၁ဝ / MEN News

ကရင်နီပြည်နယ်(ကယား)တွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်မှစ၍မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံ မြေပြိုခြင်းများ နေရာဒေသအနှံ့ ဆက်တိုက်ဖြစ်ပွား ခဲ့သည်မှာ အောက်တိုဘာလ (၉) ရက်တွင် (၁) လ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ လွိုင်ကော် မြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ ဒီးဘောင်းခူမြို့နယ်၊ ဒီးမော့ဆို(အရှေ့)မြို့နယ်၊ ဟိုယာမြို့ နယ်၊ ဘောလခဲ မြို့နယ်၊ မော်ချီးဒေသ၊ ဆိုမိုပရယ်သိုးလေးမြို့နယ် ယ် (ရှားတော)နှင့် မယ်စဲ့မြို့နယ်များတွင် ရေကြီးရေလျှံ မှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ဘေးရှောင်စခန်း (၁၆) ခုနှင့် ကျေးရွာ (၅၄) ရွာတို့မှ လူဦးရေ ၂၉,၇၇၉ ဦး ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း IEC ကပြောသည်။

လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံ မြို့နယ်၊ ဖယ်ခုံမြို့နယ် (မိုးဗြဲ) နှင့် မယ်စဲ့မြို့နယ်တို့တွင်ရေမကျဘဲ စံချိန်တင်ရေဆက်လက် မြင့်တက် နေဆဲဖြစ်ကာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ရပ်ကွက်များနှင့် လယ်ခင်းများတွင် ရေလွှမ်းမိုးမှု ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုမြင့်မားလာကြောင်းသိရသည်။

ရေကြီးရေလျှံမှု၊ လမ်းတံတားပျက်စီးမှုနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများကြောင့် ရေဘေးသင့်ပြည်သူများ၏ စားနပ်ရိက္ခာများ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ မိသားစုသုံးပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ၊ ဆေးဝါးများနှင့် ကယ်ဆယ်ရေးကိရိယာများ စသည်တို့ကို အချိန်နှင့်တပြေးညီလုံလောက်စွာရရှိနိုင်ရေး အခက်အခဲ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်လုနီးပါး ဖြစ်နေပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများသည် ပြည်သူအများအတွက် ကြီးမားသည့်စိန်ခေါ်မှု ဖြစ်လာကြောင်း၊ ရေကြီးရေလျှံမှု တို့ကြောင့် စပါးခင်းနှင့် စိုက်ပျိုးသီးနှံခင်းများ ဧကပေါင်း (၁၀၈၆၇.၄၁) ဧက ရေလွှမ်းပျက်စီးသွားခဲ့ကြောင်း၊နေအိမ်စုစုပေါင်း (၁,၉၅၆) အိမ်ခန့်လည်းရေနစ်မြှုပ်ပျက်စီးသွားခဲ့ကြောင်း IEC က ထုတ်ပြန်သည်။

ကရင်နီပြည်တွင်း ရေဘေး အပ်လျက်ရှိနေ သေးသော အပါအဝင် အခြားသဘာဝဘေးများကြောင့် လက်ရှိအချိန်ထိ အကူအညီလိုအပ်လျက် ပြည်သူဦးရေမှာ (၃ဝ,ဝဝဝ) နီးပါးရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ထုတ်ပြန်သည်။

ကရင်နီပြည်နယ်ရှိ ရေဘေးသင့်သူ အနက် ၁၃,ဝဝဝ ဦးအတွက် ဆန်၊ဆီ၊ဆားနှင့် ရိက္ခာခြောက်များဖြန့်ဝေခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးအတွက် မော်တော်စက်လှေနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကူညီခြင်း၊ အမိုးအကာ တာပေါ်လင်
နှင့် လောင်စာဆီများထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးနေကြောင်း IEC က ထုတ်ပြန်သည်။

ဓာတ်ပုံ - ဒီးမော့ဆို(အရှေ့)မြို့နယ် ရေကြီးမှုမြင်ကွင်း။ Photo - Karenni Humanitarian Team


#ကရင်နီ
#ကယား
#ရေကြီး



Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

ဘီးလင်းမြို့နယ်တွင် ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား ကယ်ဆယ်◼မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင် အကောင်ရေ ရာဂဏာန်းအောက်သာ ...
10/10/2024

ဘီးလင်းမြို့နယ်တွင် ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား ကယ်ဆယ်

◼မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင် အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိ

အောက်တိုဘာ ၁ဝ / MEN News

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ ဇုက္ကလိကျေးရွာအုပ်စု ၊ ကျွန်းသာယာ အပြင်သောင်အတွင်းတွင် ဧရာဝတီလင်းပိုင် သားအမိ (၂) ကောင်အား တွေ့ရှိပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်း (BANCA)မှသိရသည်။

ဧရာဝတီလင်းပိုင် သားအမိ (၂)ကောင်အား မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၄:၂၉ မိနစ်အချိန်တွင် တွေ့ရှိခြင်းဖြစ်ပြီး ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား ၅.၆ ပေခန့်ရှိကာ ၎င်း၏ကလေးငယ်မှာ ၂.၅ ပေခန့်ရှိကြောင်းသိရသည်။

၎င်း သားအမိအား မုသင်ကျေးရွာဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်များ ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင် များ စုပေါင်း၍ လှေဖြင့်တင်ဆောင်ကာ ညနေ ၄:၅၂ မိနစ်အချိန်တွင် ရေနက်ပြီး ဘေးကင်းရာနေရာသို့ အောင်မြင်စွာ လွှတ်ပေးနိုင်ခဲ့ ကြောင်းသိရသည်။

ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ် )နှင့် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီး ထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်း (BANCA)မှသိရသည်။

မုတ္တမပင်လယ်ကွေ့သည် ၂ဝ၁၇ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ကမ္ဘာ့အသိ အမှတ်ပြု ရေဝပ်‌ဒေသ ရမ်ဆာဆိုဒ် အဖြစ်အသိအမှတ်ပြုခံခဲ့ရသည်။

မုတ္တမပင်လယ်ကွေ့ အတွင်း ထူးခြားသည့် ဇီဝမျိုးစုံ မျိုးကွဲများ မှီတည်ပေါက်ဖွားလျှက်ရှိနေပြီး ရမ်ဆာစံနှုန်း (၉) ချက်ရှိသည့်အနက် (၆) ချက်နှင့်ကိုက်ညီနေသည့် အလွန်ကောင်းမွန်သော ရေဝပ်ဒေသတစ်ခု ဖြစ်ကြောင်းသိရသည်။

ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း BANCA သည် HELVETAS Myanmar နှင့် ပူးပေါင်း၍ မုတ္တမပင်လယ်ကွေ့ အတွင်း ရေဝပ်‌‌‌ဒေသများထိန်းသိမ်းခြင်း၊ ရေသယံဇာတများထိန်းသိမ်းခြင်း ၊ ကမ်းခြေနေရေပျော်ငှက်များ ၊ ဆောင်းခိုငှက်များအား လေ့လာစောင့်ကြည့်ခြင်း လုပ်ငန်းများလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

Photo - BANCA


#ဧရာဝတီလင်းပိုင်

#မုတ္တမပင်လယ်ကွေ့



Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

ထိုင်း အမျိုးသားဥယျာဉ်တခုတွင် နှစ်သန်းပေါင်း ၁၂ဝခန့်ရှိ ဒိုင်နိုဆောခြေရာ ၁ဝ ခုထက်မနည်း တွေ့သြဂုတ် ၃ / MEN Newsထိုင်းနိုင...
03/08/2024

ထိုင်း အမျိုးသားဥယျာဉ်တခုတွင် နှစ်သန်းပေါင်း ၁၂ဝခန့်ရှိ ဒိုင်နိုဆောခြေရာ ၁ဝ ခုထက်မနည်း တွေ့

သြဂုတ် ၃ / MEN News

ထိုင်းနိုင်ငံ ဖစ်ဆနုလော့ (Phitsanulok) ခရိုင်၊ နမ်ခန်ထိုင်း (Nakhon Thai)ရှိ
Phu Hin Rong Kla အမျိုးသားဥယျာဉ် စခန်းချသည့်နေရာ၌ ဒိုင်နိုဆောခြေရာ ၁ဝ ခုထက်မနည်း တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English တွင်ဖော်ပြသည်။

သဲကျောက်နှင့် ရွှံ့ကျောက်ပလပ်ဖောင်းများပေါ်တွင် တွေ့ရှိသည့် ခြေရာများနှင့် ပတ်သက်၍ ပဏာမ စစ်ဆေးမှုရလဒ်များကို သတ္တုအရင်းအမြစ်ဌာနကလည်း
သြဂုတ် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းခြေရာများကို အလယ်ကျောက်လွှာခတ် အစောပိုင်း Cretaceous ကာလ၏ ကရေတက်ဆီယပ်စ်ကာလ ဖွဲ့စည်းမှုမှ ဒိုင်နိုဆောခြေရာများအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ပြီး နှစ်သန်းပေါင်း ၁၂ဝ ခန့် သက်တမ်းရှိပြီး ခြေရာများကို ဧရိယာ စတုရန်းမီတာ ၂၅ဝဝ ခန့် ဖြန့်ကျက်ထားကြောင်းသိရသည်။

ခြေရာအများစုသည် သီရိုပိုဒ်အုပ်စုမှ အလတ်စားမှ အကြီးစား အသားစားဒိုင်နိုဆောများမှဖြစ်ပြီး ခြေတစ်ချောင်းစီတွင် ခြေချောင်းသုံးချောင်းကို ထင်ရှားစွာပြသထားကြောင်းလည်းဆိုသည်။

စစ်တမ်းအဖွဲ့သည် နောက်ထပ် ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး Phu Hin Rong Kla အမျိုးသားဥယျာဉ် စခန်းချနေရာအား သဘာဝခရီးသွားဧည့်သည်များ ဆွဲဆောင်မှုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်တွင် ဘူမိဗေဒလေ့လာရေး ရည်ရွယ်ချက်များအတွက် သိပ္ပံနည်းကျ အချက်အလက်များကို စုဆောင်းမည်ဖြစ်ကြောင်းသိရသည်။

Photo - Khaosod English


#ဒိုင်နိုဆော



ပင်လောင်းမြို့တွင် ၅၆ နှစ်အတွင်း စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ် သြဂုတ် ၂ / MEN News ရှမ်းပြည်နယ်တောင်ပိုင်း၊  ပင်လော...
02/08/2024

ပင်လောင်းမြို့တွင် ၅၆ နှစ်အတွင်း စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်

သြဂုတ် ၂ / MEN News

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် သြဂုတ်လ (၁) ရက်နေ့၌ မိုးရေချိန်လက်မ ၆.၂ (၁၅၈ မီလီမီတာ) ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုး၊ဇလဌာနကထုတ်ပြန်သည်။

ပင်လောင်းမြို့တွင် ၂ဝ၂၃ခုနှစ် သြဂုတ်လ (၈) ရက်နေ့ကလည်း မိုးရေချိန်
၄.၃၇ လက်မရွာသွန်းခဲ့ပြီး ယခုနှစ်တွင် ထိုစံချိန်ကိုကျော်လွန်ခဲ့ခြင်းဖြစ်သည်။

ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင် ၄၈ဝဝ ပေတွင်တည်ရှိပြီး မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများမှသိရသည်။

ယနေ့ နံနက်ပိုင်းအချိန်ထိ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရပ်ကွက်အချို့မှာ ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနှံတွင် မိုးရွာသွန်းနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေး တိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့
ထုတ်ပြန်သည်။

Photo - Heinn Htet Kyaw(H2KTGI) / FB



#ပင်လောင်း

02/08/2024

မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်ပေါ်ကို ရေဝင်ရောက်

သြဂုတ် ၂ / MEN News

မကွေးတိုင်း၊ မင်းဘူးမြို့မှာရှိတဲ့ မန်းရွှေစက်တော် အောက်စက်တော်ရာ(အောက်ခြေတော်ရာ) ရင်ပြင်ပေါ်ကို ရေတက်ရောက်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

အောက်စက်တော်ရာဟာ မန်းချောင်းဘေးမှာတည်ရှိပြီး မန်းချောင်းရေမြင့်တက်လာတာကြောင့် ရင်ပြင်ပေါ်ကို ရေတက်ရောက်နေတာလို့ သိရပါတယ်။

နှစ်စဉ်မိုးရာသီရောက်ရင် မန်းချောင်းရေမြင့်တက်လေ့ရှိပြီး အောက်စက်တော်ရာ ကိုရေတက်ရောက်မှုရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။



#အောက်စက်တော်ရာ

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်မြို့ ရပ်ကွက်အချို့ ရေဝင်ရောက်  ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွ...
02/07/2024

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်
ဗန်းမော်မြို့ ရပ်ကွက်အချို့ ရေဝင်ရောက်



ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ယနေ့၊ ဇူလိူင်လ ၂ ရက် နံနက်မှစကာ ဧရာ၀တီမြစ်ရေဝင်ရောက်မှုကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းမြို့ခံများမှသိရသည်။

Photo-MFSD



#ဗန်းမော်
#ဧရာ၀တီမြစ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MEN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category