AungKyaw AungKyaw အိမ်ခြံမြေ အကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • AungKyaw AungKyaw အိမ်ခြံမြေ အကျိုးဆောင်

AungKyaw AungKyaw  အိမ်ခြံမြေ အကျိုးဆောင် ဒဂုံမြိုသစ် တောင်ပိုင်း/ ဆိပ်ကမ်း
အိမ်ခြံမြေအကျိုးဆောင်

Crdဆရာဦးကောင်းဖေအိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ--------------------------------...
27/06/2026

Crd
ဆရာဦးကောင်းဖေ

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ
------------------------------------------------------------------------------------

အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့

စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ ရော့ပတ္တမြား၊ ရော့နဂါး ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'x60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'x60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'x60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'x60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'x60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (2060' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'x60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'x60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'x60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်းခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ မောင်ကောင်းဖေ တွေးမိတယ်ဗျာ။

ဒီတော့ မောင်ကောင်းဖေ အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေမြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။

27/06/2026

စျေးနိုင်ရင် မူရင်းကိုသာ
ဝယ်ပါလို့😀
40.60 မူရင်း
20.60မူရင်း(က/ခ)

09/06/2026

ဒဂုံမြို့သစ်
ဆိပ်ကမ်း.တောင်ပိုင်း
ပေ40.60 မြေကွက်များ
ဝယ်လိုပါသည်

#တက်မလား
#ကျမလား
#စောင့်ကြည့်ရင်းနဲ့
#စျေးကောင်းရ ရင်
#ရောင်းတော့မယ်လို့
#ဆုံးဖြတ်ထားသော
#ပိုင်ရှင်များ

09420099752 ကို
ဆက်သွယ်နိုင်ပါတယ်

ရောင်းမှား ဝယ်မှားသတိပြုပါဆက်သွယ်ရန်095059831
26/05/2026

ရောင်းမှား ဝယ်မှားသတိပြုပါ
ဆက်သွယ်ရန်
095059831

13/05/2026


ခြံမြေဝယ်ရင် ဘာကြောင့်
သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။
=========================================

အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူကြရာတွင်
သတင်းစာထဲထည့်သွင်းကြေညာလေ့ရှိတတ်ကြပါတယ်။ ဘာအကြောင်းကြောင့် ကြေညာကြတာလဲဆိုတာ မသိကြသူများရှိကြသလို၊ သိရှိတဲ့သူများလည်း ရှိကြပါတယ်။

မရွေ့မပြောင်းနိုင်သည့်ပစ္စည်းများဖြစ်သည့် အိမ်ဝန်းခြံမြေ၊ တိုက်ခန်းများအရောင်းအဝယ်ပြုလုပ်ရာတွင် အပြီးသတ်စာ ချုပ်မချုပ်ခင် စရံပေးစာချုပ် ချုပ်ဆိုလေ့ရှိတတ်ကြပါတယ်။ ယင်းစရံပေးစာချုပ် ချုပ်ဆိုပြီးနောက်-

- ဝယ်ယူသူမှ မိမိဝယ်ယူမည့်ပစ္စည်းဟာ ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အရှုပ်အရှင်းရှိ မရှိသိရှိစေရန် ထိုက်သင့်သော လုံလပြုရပေမည်။

- စရံမချခင်ကတည်းက သတင်းစာထဲထည့်သွင်းကြေညာမယ်လို့ပြောလိုက်တာနဲ့ အဖြစ်အမှန်ကိုဖုံးကွယ်၍ လိမ်ညာရောင်း ချသူများအနေဖြင့်လည်း အနည်းနှင့်အများဆိုသလို အရောင်း အဝယ်အားပျက်သွားတတ်ကြသဖြင့်လိမ်လည်မှုရန်မှ အတော် အသင့်ကင်းဝေးသွားတတ်ပါတယ်။

- အကယ်၍ ရောင်းချသူသည် အခြားသူတစ်ဦးအား ရောင်းချထားပြီးဖြစ်လျှင် တစ်ဖက်မှကန့်ကွက်လာခဲ့ပါက အထိုက်အလျှောက်ရှင်းရလွယ်နိုင်ပြီး ဆုံးရူံးနစ်နာမှုကြီးကြီးမားမားမဖြစ်နိုင်ပေ။

- အရောင်းအဝယ်ပြီးမြောက်ပြီး လက်ရောက်ရရှိခဲ့သူဖြစ်ပါက နောင်တစ်ချိန်တွင် အမွေဆိုင်တစ်ဦးဦးမှ အဆိုပါအရောင်းအ ဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ထားသည့်စာချုပ်အား ဖျက် သိမ်းပေးစေလိုမှုအနေဖြင့် တရားမမှုစွဲဆိုလာပါကကာလစည်း ကမ်းသတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာကြေညာထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်။
ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်း သတ်ကျော်လွန်သွားခဲ့မည်ဆိုလျှင် အဆိုပါ အချင်းဖြစ်အိမ်ခြံမြေ၊ တိုက်ခန်းအတွက် တရားစွဲဆိုဆောင်ရွက်လို့ ရမည်မဟုတ်တော့ပါ။

စာဖတ်မိတ်ဆွေများလည်း အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူပါက ဘာကြောင့် သတင်းစားထဲထည့်သွင်းကြေညာသင့်သလဲဆိုတာ အထိုက်အသင့် သိရှိနားလည်းလောက်ပြီး ထင်ပါတယ်။

12/05/2026


စလစ်မြေ နှင့် ပါမစ်မြေသည်
သဘောတရားချင်း ဆင်တူသော်လည်း ဥပဒေကြောင်းအရ ခိုင်မာမှုနှင့် ထုတ်ပေးသည့် အဆင့်သတ်မှတ်ထားပုံချင်းမတူညီကြပါ။ အဓိက ကွာခြားချက်မှာ "နေရာချထားပေးသည့် အဆင့်" နှင့် "စာရွက်စာတမ်း ခိုင်မာမှု" အပေါ်တွင် မူတည်ပါတယ်။

၁။ စလစ်မြေ (Slip Land) ဆိုသည်မှာ
စလစ်သည် အစိုးရက မြေကွက်သစ်များ ဖော်ထုတ်ရာတွင် "သင်သည် ဤမြေကွက်ကို ရရှိသည်" ဟု အသိအမှတ်ပြုထားသော အဦးအစ စာရွက်စာတမ်း ဖြစ်ပါတယ်။များသောအားဖြင့် မြေကွက်ဖိုး ပေးသွင်းပြီးကြောင်း ပြေစာနှင့်အတူ တွဲနေတတ်ပါတယ်။ ၎င်းသည် ယာယီအဆင့်သာ ရှိသေးသဖြင့် ပိုင်ဆိုင်မှုအရှုပ်အရှင်း ပို၍ ဖြစ်ပေါ်နိုင်ပါတယ်။

၂။ ပါမစ်မြေ (Permit Land) ဆိုသည်မှာ
ပါမစ်သည် စလစ်ထက် တစ်ဆင့်မြင့်ပါတယ်။ ဌာနဆိုင်ရာများက မြေတိုင်းတာပြီးစီး၍ မြေကွက် အတည်တကျ ဖြစ်သွားသည့်အခါ "ဤနေရာတွင် အခြေချ နေထိုင်နိုင်သည်" ဟု တရားဝင် ထုတ်ပေးသော လက်မှတ်ဖြစ်ပါတယ်။ ပါမစ်ရထားသော မြေကို မြေငှားဂရန် (Grant) လျှောက်ထားရာတွင် ပိုမိုမြန်ဆန် ချောမွေ့လေ့ရှိပါတယ်။

မြန်မာနိုင်ငံတွင် အတွေ့ရများသော မြေအမျိုးအစားနှစ်ခုဖြစ်သည့် စလစ်မြေ (Slip) နှင့် ပါမစ်မြေ (Permit) တို့သည် ပိုင်ဆိုင်မှုခိုင်မာပုံနှင့် တန်ဖိုးသတ်မှတ်ချက်တွင် သိသာစွာ ကွာခြားမှုရှိနေသည်ကိုတွေ့ရပါတယ်

12/05/2026


စလစ်မြေ ဝယ်တော့မယ်ဆိုရင်
ဒါတွေမသိဘဲ
လုံးဝ (လုံးဝ) မဝယ်ပါနဲ့!

"ဈေးချိုလို့... နေရာကောင်းလို့..." ဆိုတဲ့
အချက်လေးတင်ကြည့်ပြီး စလစ်မြေကို
ဇွတ်တိုးဝယ်လိုက်ရင် သင့်ဘဝမှာ
နောင်တအကြီးကြီး ရသွားနိုင်ပါတယ်။
အိမ်ခြံမြေလောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ "စလစ်မြေ" ဆိုတာ အမြတ်လည်း များနိုင်သလို အန္တရာယ်လည်း အင်မတန်ကြီးပါတယ်။

စလစ်မြေ (Slip) ဆိုတာ ဘာလဲ?

ရိုးရိုးရှင်းရှင်း ပြောရရင်တော့ အစိုးရက မြေကွက်အသစ်တွေ ဖော်ထုတ်တဲ့အခါ နေရာချထားပေးခံရသူကို ထုတ်ပေးတဲ့ "မြေနေရာချထားပေးကြောင်း လက်မှတ်" ဖြစ်ပါတယ်။ ၎င်းဟာ ဂရန် (Grant) မဟုတ်သေးပါဘူး။ ဂရန်လျှောက်ဖို့ အဆင့်တစ်ခုသာ ရှိပါသေးတယ်။

စလစ်မြေ ဝယ်ယူရာမှာ ကြုံတွေ့ရမယ့် "ထောင်ချောက် ၃ ခု"

၁။ လူမှားပြီး ဝယ်မိခြင်း (Double Selling)
စလစ်မြေမှာ ဂရန်လိုမျိုး အမည်ပေါက် မှတ်ပုံတင်ရုံးမှာ စစ်လို့မရပါဘူး။ ရောင်းတဲ့သူက စလစ်မိတ္တူတွေ အများကြီးဆွဲပြီး လူ ၅ ယောက်ကို တစ်ပြိုင်တည်း ရောင်းသွားရင် သင်ဟာ တရားစွဲဆိုမှုတွေကြားမှာ ခေါင်းမူးသွားပါလိမ့်မယ်။

၂။ အမည်ပေါက်သူ ကွယ်လွန်သွားခြင်း
စလစ်အမည်ပေါက်သူ သေဆုံးသွားရင် အမွေဆက်ခံသူတွေ အကုန်လုံးဆီက လက်မှတ်လိုက်ထိုးရပါတယ်။ တစ်ယောက်ယောက်က ကန့်ကွက်ရင် သင့်ပိုက်ဆံတွေဟာ "ရေထဲမှာ အရုပ်ရေးသလို" ဖြစ်သွားနိုင်ပါတယ်။

၃။ မြေကွက်ပျောက်ခြင်း သို့မဟုတ် အစားထိုးခံရခြင်း

တစ်ခါတလေ မြေပုံထုတ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့ နေရာက လမ်းထဲပါသွားတာမျိုး၊ မြောင်းထဲရောက်သွားတာမျိုး ဒါမှမဟုတ် တခြားနေရာကို အစားထိုးပြောင်းရွှေ့ခံရတာမျိုးတွေ ရှိတတ်ပါတယ်။

စလစ်မြေကို အန္တရာယ်ကင်းကင်း ဘယ်လိုဝယ်မလဲ? (Expert Tips)
အကယ်၍ သင်က တကယ်ဝယ်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်တွေကို တိတိကျကျ လိုက်နာပါ။

မူရင်းစလစ် (Original Slip) ကို ကိုင်ထားပါ: မိတ္တူနဲ့ လုံးဝမဝယ်ပါနဲ့။ မူရင်းစလစ်နောက်ကျောမှာ သက်ဆိုင်ရာဌာနရဲ့ ချိတ်ပိတ် တံဆိပ်တုံးတွေ ပါ၊ မပါ သေချာစစ်ပါ။

အရောင်းအဝယ် ကတိစာချုပ်ကို ရှေ့နေနဲ့ချုပ်ပါ: ရိုးရိုးလက်မှတ်ထိုးရုံနဲ့ မပြီးပါဘူး။ အသိသက်သေခိုင်ခိုင်လုံလုံနဲ့ ဥပဒေကြောင်းအရ ခိုင်မာတဲ့ စာချုပ်မျိုး ချုပ်ဆိုရပါမယ်။

ပတ်ဝန်းကျင်ကို စုံစမ်းပါ: မြေကွက်ကို သွားကြည့်ပါ။ ဘေးပတ်ဝန်းကျင်ကလူတွေကို "ဒီမြေကွက်က ဘယ်သူ့ဟာလဲ၊ ပြဿနာရှိလား" ဆိုတာ တီးခေါက်မေးမြန်းပါ။

အမြန်ဆုံး ခြံစည်းရိုးခတ်ပါ: စလစ်မြေဝယ်ပြီးရင် ကိုယ့်ပိုင်နက်ဖြစ်ကြောင်း ခြံစည်းရိုးခတ်တာ၊ ဆိုင်းဘုတ်ထောင်တာမျိုး ချက်ချင်းလုပ်ပါ။ ဒါမှ တခြားသူ လာကျူးကျော်တာကို ကာကွယ်နိုင်မှာပါ။
ကျွန်တော့်ရဲ့ အကြံပြုချက်
စလစ်မြေဟာ High Risk, High Return ပါ။ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အရေးရှိသလို၊ အိမ်ဆောက်မယ့်သူတွေအတွက်တော့ ဂရန်ရှိတဲ့မြေကို ပိုဦးစားပေးစေချင်ပါတယ်။ ပိုက်ဆံနည်းနည်း ပိုပေးရပေမယ့် "ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့" ပါ။

"အိမ်ခြံမြေဆိုတာ ဘဝမှာ တစ်ခါပဲ ဝယ်ရတတ်တဲ့ အရာမို့ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့။"
ဒီ Content လေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး သင့်သူငယ်ချင်းတွေကိုပါ သတိပေးလိုက်ပါဦး။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးခဲ့နိုင်ပါတယ်ခင်ဗျာ။

ဒဂုံမြို့သစ်ဆိပ်ကမ်းတောင်ပိုင်း ဝယ်/ရောင်းအကျိုးဆောင်ကြီးများနှင့် အမှတ်တရ
11/05/2026

ဒဂုံမြို့သစ်ဆိပ်ကမ်း
တောင်ပိုင်း ဝယ်/ရောင်း
အကျိုးဆောင်ကြီးများ
နှင့် အမှတ်တရ

Address

Yangon
11431

Telephone

+959420099752

Website

Alerts

Be the first to know and let us send you an email when AungKyaw AungKyaw အိမ်ခြံမြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AungKyaw AungKyaw အိမ်ခြံမြေ အကျိုးဆောင်:

Shortcuts

Share