24/09/2026
ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာလေးဟာ ဒီတစ်ပတ် အယ်လ်နက်ဆာ U16 အသင်းမှာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဂျူနီယာရဲ့ထူးချွန်တဲ့ကစားပုံကြောင့် ဒီရာသီ စီနီယာအသင်းကြီးမှာ ကစားခွင့်ရမလားဆိုတာကိုလည်း ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ဂျူနီယာလေးဟာ နိုင်ငံကိုယ်စားပြုအသင်းကိုလည်း မကြာခင် ရွေးချယ်ရတော့မှာပါ။ ဂျူနီယာက နိုင်ငံအသင်း ၅ နိုင်ငံကို ကိုယ်စားပြုခွင့်ရှိနေပါတယ်။
🇵🇹 ပေါ်တူဂီ : အဖေ့နိုင်ငံနဲ့လူမျိုး
🇺🇸 အမေရိကန် : မွေးဖွားရာဇာတိ
🇪🇸 စပိန် : အသက် ၁၀ နှစ်မပြည့်ခင် သုံးနှစ်နဲ့အထက်နေထိုင်ဖူး
🏴 အင်္ဂလန် : ၅ နှစ်နဲ့အထက် နေထိုင်ဖူး
🇨🇻 ကိတ်ဗာဒီ : မိသားစုမျိုးဆက်
ပရိသတ်တွေကတော့ ဂျူနီယာလည်း ဖခင်ရဲ့ခြေရာကိုနင်းပြီး ပေါ်တူဂီကိုပဲရွေးချယ်ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
ဂျူနီယာရဲ့ခြေစွမ်းဟာ တစ်နေ့တခြားတိုးတက်လာနေတဲ့အတွက် ကလပ်အသင်းမှာပဲဖြစ်ဖြစ် နိုင်ငံအသင်းမှာပဲဖြစ်ဖြစ် ရော်နယ်ဒိုသားအဖနှစ်ယောက် အတူတူဘောလုံးကစားတာကို မကြာခင်မြင်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။
#ရော်နယ်ဒိုဂျူနီယာ #စီရော်နယ်ဒို #အယ်လ်နက်ဆာ #ပေါ်တူဂီ