Partner Service

Partner Service The rise of E-commerce and dependence on technology has further influenced the already contentious l
(2)

25/08/2026

100$ အတွက် တစ်ယောက်ပဲကျန်ပါတော့မယ်
အမြန်ဆုံး Cb ကိုလာပေးပါ

24/08/2026

TikTok boost >> 100$ လုပ်ရင် 20$ အထိလက်ဆောင်ရမဲ့ အထူးအစီအစဉ်ရှိတယ်နော်

တစ်လစာ Follower Run ချင်သူများ Cb လာပါ။

Profile View နဲ့စမ်းချင်တဲ့မိတ်ဆွေတို့အတွက်ပါTikTok မှာ Profile View နဲ့ Boost ထားတဲ့ 5$ results လေး ၂ခုကိုတင်ပေးလိုက်ပါ...
20/08/2026

Profile View နဲ့စမ်းချင်တဲ့မိတ်ဆွေတို့အတွက်ပါ

TikTok မှာ Profile View နဲ့ Boost ထားတဲ့ 5$ results လေး ၂ခုကိုတင်ပေးလိုက်ပါတယ်...

👀 Profile View ဆိုတာက TikTok မှာ ကိုယ့်အကောင့်ထဲဝင်ကြည့်သူကိုပြောတာပါ

Admin ပြောဖူးသလိုပဲ TikTok မှာ ဘာနဲ့ပဲ boost လုပ်လုပ် video တပုဒ်ကို boost ရတာပါနော်

အခုလဲ video တပုဒ်ကို profile view
objective နဲ့ 5$ ဖိုး boost ထားတာပါ🚀

Profile View 400 ကျော် 500 နီးပါးတက်ပြီး
Video မှာက video view 8k ကနေ 10k ကျော်တက်ခဲ့ပါတယ်။

တခြား like , follower လဲအနည်းငယ်
တော့တက်ပါတယ် Result မှာမပြထားလို့ပါ

Profile View က လုပ်တဲ့သူနည်းပါတယ်
အဆင်ပြေတယ်မပြေဖူးကတော့အတိအကျမရှိပါဘူး စမ်းကြည့်လို့ရပါတယ်နော်

တခြား objective တွေနဲ့ boost တာရိုးအီနေပြီဆိုရင် ဒီကောင်လေးနဲ့စမ်းကြည့်ပါ။

မှတ်ချက် - ပြထားတဲ့ Results တွေက
တယောက်နဲ့တယောက်ရတာမတူနိုင်ပါ။
ရခဲ့ဖူးတာကိုပြတာဖြစ်ပါတယ်။


20/08/2026

TikTok မှာ ကိုယ်တင်ချင်တာတင်ပြီး
လူကြည့်များအောင် ပိုက်ဆံပေး Promote လုပ်လို့ရမယ်ထင်လား

မိတ်ဆွေကပိုက်ဆံဘယ်လောက်ပေးနိုင်နေပါစေ
TikTok ဘက်ကခွင့်ပြုတဲ့ video မှသာလျင် boost လုပ်လို့ရပါတယ်

TikTok မှာချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ Community Guidelines တွေဆိုတာရှိပါတယ်။

မိတ်ဆွေအနေနဲ့ TikTok Promote လုပ်တဲ့အခါ Ads Policy နဲ့ ငြိပြီး Reject ကျ (ပယ်ချ) မခံရစေဖို့အတွက် သိထားသင့်တဲ့ TikTok ads policies တွေရဲ့ အဓိကအချက်တွေကို နားလည်လွယ်အောင် အပိုင်း ၄ ပိုင်းနဲ့ အနှစ်ချုပ် ရှင်းပြပေးပါမယ်။

1️⃣ Account & Video Quality

TikTok က အသုံးပြုသူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဗီဒီယိုရဲ့ အရည်အသွေးကို အဓိကကြည့်ပါတယ်

ပထမဆုံးအနေနဲ့

အကောင့်က Public ဖြစ်ရပါမယ်: TikTok မှာ Private ဖြစ်နေတဲ့ အကောင့်တွေက ဗီဒီယိုတွေကို Promote လုပ်လို့မရပါဘူး။

ဗီဒီယိုဖြစ်ရပါမယ် : ဓာတ်ပုံတစ်ပုံတည်းကိုပဲ ဗီဒီယိုလုပ်ထားတာမျိုး၊ပုံတွေအများကြီးကို ဗီဒီယိုလိုလုပ်ထားတာမျိုး ၊ စာတန်းတွေချည်းပဲ သွားနေတဲ့ ပုံသေဗီဒီယိုမျိုးတွေကို Promote လုပ်ခွင့်မပေးပါဘူး။
လှုပ်ရှားမှုရှိတဲ့ ဗီဒီယိုဖြစ်ရပါမယ်။
(Policy မှာ အဲ့လိုသတ်မှတ်ထားပေမယ့်
ပုံတွေ Boost လို့ရပါတယ်၊ တခြားဟာတွေလဲ Reject ကျတာရှိပေမယ့် ရတဲ့ဟာကရပါတယ်)

ရေစာ (Watermark) မပါရ: TikTok မဟုတ်တဲ့ အခြား App တွေရဲ့ Logo ဒါမှမဟုတ် ရေစာတွေ ပါနေတဲ့ ဗီဒီယိုတွေကို ခွင့်မပြုပါဘူး
(ဥပမာ- CapCut logo၊ တခြားသူ့ဆီက ကူးထားတဲ့ Watermark စတာတွေ မပါရပါ)။

အသံနဲ့ ရုပ်ထွက် (Audio & Video Quality): ဗီဒီယိုက အရမ်းဝါးနေတာ၊ အသံက နားထောင်လို့မရအောင် ဆူညံနေတာ ဒါမှမဟုတ် အသံလုံးဝမပါတာမျိုး တိုးနေတာမျိုးဆိုရင် Reject ဖြစ်နိုင်ပါတယ်။

2️⃣ လုံးဝ Promote လုပ်ခွင့်မရှိတဲ့ ကန့်သတ်ပစ္စည်းများ (Prohibited Content)

အောက်ပါအကြောင်းအရာတွေ ပါဝင်တဲ့ ဗီဒီယိုတွေကို TikTok က လုံးဝ (လုံးဝ) Promote လုပ်ခွင့် မပြုပါဘူး

❌လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ
❌ဆေးလိပ်၊ အီးစီးကရက် (V**e) နှင့် ဆေးဝါးများ
❌အရက်၊ ဘီယာနှင့် မူးယစ်ဆေးဝါးများ
❌လောင်းကစား (Gambling) နှင့် ငွေကြေးအမြန်ချမ်းသာစေမည့် Scheme များ
❌အရွယ်ရောက်ပြီးသူများအတွက်သာဖြစ်သော အဝတ်အစားမပါသည့်အရာများ (Adult content / Nudity)
❌ခွဲခြားဆက်ဆံခြင်း၊ အမုန်းစကား (Hate Speech) နှင့် အကြမ်းဖက်မှုများ

3️⃣ အကန့်အသတ်နဲ့ပဲ ခွင့်ပြုတဲ့အရာများ (Restricted Content)

ဒီအချက်တွေကတော့ တချို့နိုင်ငံတွေမှာ ခွင့်ပြုပြီး တချို့နိုင်ငံမှာ ပိတ်ထားတာမျိုးဖြစ်လို့ Promote လုပ်ရင် အထူးသတိထားရမယ့် အပိုင်းတွေပါ။

အလှအပနှင့် ကိုယ်အလေးချိန်ချခြင်း
(Weight Loss):
"ဒါသောက်ရင် ၃ ရက်နဲ့ ဝိတ်ကျတယ်" ဆိုတာမျိုး ခန္ဓာကိုယ်ပုံစံကို အဆမတန် ပြောင်းလဲသွားစေမယ့် Before/After ပြသတာမျိုးတွေကို တင်းကျပ်ထားပါတယ်။

ငွေကြေးနှင့် အာမခံဝန်ဆောင်မှုများ
(Financial Services):
ချေးငွေဝန်ဆောင်မှုတွေ၊ Crypto Cryptocurrency ၊ Trading နဲ့ ပတ်သတ်တာတွေကို Promote လုပ်ရင် Rejectedကျတာ promoteလုပ်ခွင့်မပေးတာတွေရှိပါတယ်။။

မူပိုင်ခွင့်ရှိသော သီချင်းများ
(Copyrighted Music):
Promote လုပ်မယ့် ဗီဒီယိုထဲက နောက်ခံသီချင်းဟာ Commercial Music (စီးပွားရေးအရ သုံးခွင့်ရှိတဲ့ သီချင်း) ဖြစ်ရပါမယ်။
လူကြိုက်များနေတဲ့ ကမ္ဘာကျော်သီချင်း အလွတ်တွေ၊ copyright တင်ထားတဲ့ music တွေသုံးထားမိရင် မူပိုင်ခွင့်ကြောင့် Promote လုပ်ခွင့်မပေးတတ်ပါဘူး။

4️⃣ ကလိမ်ကကျစ်လုပ်ခြင်းနှင့် လှည့်စားခြင်းဆိုင်ရာ စည်းမျဉ်းများ (Misleading Claims)

TikTok ဟာ ကြည့်ရှုသူတွေကို လိမ်လည်လှည့်စားတဲ့ ပုံစံမျိုးကို အလွန်မုန်းပါတယ်။

အလွန်အမင်းအပိုတွေပြောခြင်း:
"ဒီ Product ကိုသုံးရင် ရောဂါအားလုံးပျောက်ကင်းစေရမယ်" ဆိုတာမျိုး သက်သေမပြနိုင်တဲ့ Claims တွေ မပြောရပါဘူး။

အတုအပပစ္စည်းများ (Counterfeit):
Brand စစ်စစ်မဟုတ်ဘဲ Brand အတုတွေကို Real ပါဆိုပြီး ရောင်းချမြှင့်တင်ထားတာမျိုးကို Promote လုပ်လို့မရပါဘူး။

Clickbait လုပ်ခြင်း:
ဗီဒီယိုထဲမှာ ပြောထားတာနဲ့ ကိုယ်ညွှန်းထားတဲ့ Link (သို့) ဝဘ်ဆိုဒ်ထဲက အကြောင်းအရာ တခြားစီဖြစ်နေရင် TikTok က အကောင့်ကိုပါ ပိတ်ပစ်နိုင်ပါတယ်။

💡 အကြံပြုပေးချင်တာကတော့ Tiktok မှာဗီဒီယိုတစ်ခုကို Promote မလုပ်ခင် အပေါ်ကအချက်တွေနဲ့ ငြိစွန်းမှု ရှိ/မရှိ အမြဲစစ်ဆေးပါ။

အကယ်၍ ကိုယ့်ဗီဒီယိုက Not Approved ၊
Rejected (ပယ်ချခံတာ) ဖြစ်ခဲ့ရင်လည်း
စိတ်ပူစရာမလိုပါဘူး
TikTok က ဘယ်အချက်ကြောင့်လဲဆိုတာ အကြောင်းပြချက် ပေးလေ့ရှိတာမို့ အဲဒီအချက်ကို ပြင်ဆင်ပြီး ပြန် Promote လုပ်လို့ ရပါတယ်ခင်ဗျာ။

TikTok Promote လုပ်ရင်း Rejected ဖြစ်တာက အကောင့်ကိုလုံးဝ (လုံးဝ) ထိခိုက်မှုမရှိတာကြောင့်
ကိုယ့်ဘက်က video အသစ်ထပ်တင်ပြီး promote ပြောင်းလုပ်တာဖြစ်ဖြစ်
အရင်တင်ပြီးသား video တွေကိုပြောင်းလုပ်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်။
စိတ်ပူစရာမရှိပါဘူး။

အခုလို TikTok Promote, Facebook boost လုပ်တာနဲ့ပတ်သတ်တဲ့ Knowledge sharing တွေကိုအမြဲတင်ပေးနေတာမို့ Page ကို follow လုပ်ထား
လို့ရပါတယ် ❤️❤️❤️

အခုလိုဖတ်ရှုပေးလို့
ကျေးဇူးတင်ပါတယ်ခဗျာ။

KBZ Pay update ‼️Account ပြန်မရသေးပါ ❌ထပ်မံ၍ မှားမလွှဲကြဖို့ နဲ့ ငွေမလွှဲခင် လွှဲရမဲ့အကောင့်တောင်းပေးဖို့မေတ္တာရပ်ခံပါတယ...
19/08/2026

KBZ Pay update ‼️

Account ပြန်မရသေးပါ ❌

ထပ်မံ၍ မှားမလွှဲကြဖို့ နဲ့ ငွေမလွှဲခင် လွှဲရမဲ့အကောင့်
တောင်းပေးဖို့မေတ္တာရပ်ခံပါတယ်။

လွှဲနေကျဆိုပြီး ကြိုမလွှဲပါနဲ့ ဗျ
admin ဘက်ကလွှဲရန်အကောင့်ပို့ပေးမှသာလွှဲပေးပါ။

အပိတ်ခံရ‌‌သော အကောင့်ဟောင်းကိုမှားလွှဲမိပါက
တာဝန်မယူပါ။ ‼️

#ကြော်ငြာ

Tiktok follower တိုးဖို့ boost လုပ်မယ်ဆိုVideo တပုဒ်ကို boost ရတာပါနော်ကိုယ့်အကောင့်ထဲမှာရှိတဲ့ video link တခုကိုပို့ပေး...
18/08/2026

Tiktok follower တိုးဖို့ boost လုပ်မယ်ဆို
Video တပုဒ်ကို boost ရတာပါနော်

ကိုယ့်အကောင့်ထဲမှာရှိတဲ့ video link တခုကိုပို့ပေးပြီး အဲ့ဒီ video ကို boost လိုက်ရတာပါ

Video က for you နဲ့တခြားသူတွေစီမှာသွားပေါ်တဲ့အခါ follow ခလုတ်လေးအောက်မှာပါလာပါမယ်

လူတွေကကိုယ့် video ကိုမြင်ပြီးကြိုက်လို့ follow လုပ်ရင်ကိုယ့်အကောင့်မှာ follower တွေများလာပါမယ် ဒီသဘောပါ

Tiktok follower တိုးချင်လို့ အကောင့်ကို boost လုပ်မယ်ဆိုတာမျိုးမရပါဘူး

ကိုယ်ကဘယ် video ရွေးရမလဲမသိဘူးဆိုရင်
အကောင့်ထဲမှာရှိတဲ့ view အများဆုံး video ၊ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ video ကိုရွေးပြီးလုပ်လိုက်ပါ။

ဒါက follower အစစ်တိုးချင်သူတွေအတွက် follower objective နဲ့ boost လုပ်ရတာပါ

ကိုယ်က video view တိုးချင်တယ်ဆို
video view objective နဲ့ boost ပါ

like & comment ရချင်တယ်ဆို
like & comment objective နဲ့လုပ်ပါ

တခါထဲအကုန်လုံးတက်ချင်တာဆိုရင်တော့
တမျိုးကို 5$,10, စီသုံးပြီး boost ပါ။



17/08/2026

ညနေခင်းလေးကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ

and
ဝန်ဆောင်မှုးများကို ယုံကြည်စိတ်ချစွာ အပ်နိုင်ပါပြီ

m.me/partnerservice.mm သို့ Boost Service လို့ပို့ပါ

16/08/2026

📌 TikTok Boost အပ်မည့်သူများ သတိပြုရန်
❌ ငွေကြိုမလွှဲပါနှင့်။
💬 ပထမဦးစွာ KBZ Pay အကောင့်ကို အရင်မေးမြန်းပေးပါ။
✅ KBZ Pay အကောင့် မှန်ကန်ကြောင်း သေချာစွာ အတည်ပြုပြီးမှသာ အဆိုပါအကောင့်သို့ ငွေလွှဲပေးပါ။

15/08/2026

Message နဲ့ Boost လုပ်ထားပြီး စာဝင်နည်းရတဲ့
"အဓိကအကြောင်းအရင်း" က စာဖြေမဲ့သူ Page ထဲမှာ ရှိမနေတာပဲ

မယုံရင် တစ်ရက်လောက် စာဖြေ Admin ကို
Business suite app ကမထွက်ခိုင်းနဲ့
ဝင်သမျှစာကို တစ်စက္ကန့်နောက်ကျမခံဘဲ
Reply မြန်မြန်ပြန်ကြည့်

အဲ့လိုလုပ်လို့ စာဝင်နည်းသေးတယ်ဆိုရင်
အလကားလာ Boost လိုက် 😉

#ကြော်ငြာ

ကိုယ်တိုင် လျှောက်ကလိချင်ရင် TikTok coin ဝယ်လို့ရပါတယ်10$-58000 ကျပ် 🪙💰 Coin 1000 ရပါမယ်VertexSMM မှာလည်း ငွေဖြည့်ပြီး ဝ...
15/08/2026

ကိုယ်တိုင် လျှောက်ကလိချင်ရင်
TikTok coin ဝယ်လို့ရပါတယ်
10$-58000 ကျပ် 🪙💰 Coin 1000 ရပါမယ်
VertexSMM မှာလည်း ငွေဖြည့်ပြီး ဝယ်လို့ရပါတယ်

🔰TikTok coin ကဘာလုပ်လို့ရလဲ
ကိုယ်တိုင် Boost လို့ရမယ်
🔰Live တွေမှာ လက်ဆောင် နှင်းဆီပန်းတွေ အရုပ်တွေပေးလို့ရမယ်
🔰Live တွေမှာ club မှာဝင်ကလို့ရမယ်

မင်မင်ကတော့ ဒီလောက်ပဲသိတယ် တခြားဘာလုပ်လို့ရသေးလဲ သိရင် ဝင်မန့်သွားပေး နော် 😁

Address

Yangon
11231

Alerts

Be the first to know and let us send you an email when Partner Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Partner Service:

Shortcuts

Share