INNWA 365 Soccer

  • Home
  • INNWA 365 Soccer

INNWA 365 Soccer INNWA365 Official

ဒီယေဂိုကော်စတာ ဆိုတာနဲ့ လက်အိတ်ကိုဝတ် အပြာရောင်ချဲလ်ဆီးအသင်းဂျာစီနဲ့ ပရီးမီးယားလိဂ်မှာ ညစ်တွန်းတွန်းပြီး ကစားတတ်တဲ့ပုံစံ...
04/09/2026

ဒီယေဂိုကော်စတာ ဆိုတာနဲ့ လက်အိတ်ကိုဝတ် အပြာရောင်ချဲလ်ဆီးအသင်းဂျာစီနဲ့ ပရီးမီးယားလိဂ်မှာ ညစ်တွန်းတွန်းပြီး ကစားတတ်တဲ့ပုံစံကြောင့် လူမုန်းများလေ့ရှိတဲ့ ကစားသမားအဖြစ်နဲ့ ခင်ဗျားတို့တွေ မှတ်မိနေကြဦးမှာပါ။

ညစ်တွန်းတွန်းပြီး ကစားတတ်ပေမဲ့ ထူးခြားချက်တစ်ခုက ဒီယေဂိုကော်စတာဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဘဝနဲ့ ပရီးမီးယားလိဂ်မှာ အနီကတ်တစ်ကြိမ်မှ မထိခဲ့ဖူးပါဘူး။ အရမ်စွာတဲ့ခေတ်မှာမှ ကော်စတာဟာ အနီကတ်ထိနဲ့ ကွေကွင်းနေခဲ့တာပါ။

အကယ်၍များသာ အဲ့ဒီခေတ်မှာ VAR ရှိနေခဲ့မယ်ဆိုရင် ဒီယေဂိုကော်စတာရဲ့ ချဲလ်ဆီးကစားသမားဘဝ တစ်ခုလုံးက အပြာရောင်ဂျာစီနဲ့ အနီကတ်တွေတန်းစီနေမှာပါ။

အနီကတ်တွေနဲ့ မပေါင်းဖက်ခဲ့ရပေမဲ့ ကော်စတာဟာ ချဲလ်ဆီးအသင်းအတွက် အကျိုးပြုပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ၈၉ ပွဲကစားပြီး ၅ ဂိုးသွင်း၊ ၁၆ ဂိုးဖန်တီးမှု ဒရော့ဘာနောက်ပိုင်းမှာ အအောင်မြင်ဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေခဲ့သူ ဖြစ်ပါတယ်။

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ကြီးလည်းဖြစ် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်ဂိုးရှင်လည်းဖြစ်တဲ့ ဘရူနိ...
04/09/2026

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ကြီးလည်းဖြစ် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်ဂိုးရှင်လည်းဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ အနာဂတ်မှာ PFA တစ်နှစ်တာအကောင်းဆုံး ဆုကြီးကို ဘယ်သူသိမ်းနိုင်ခြေရှိသလဲ ခန့်မှန်းချက်ထုတ်သွားခဲ့ပါတယ်။

🗣ဘရူနို "နောက်ထပ် ထွက်ပေါ်လာမယ့် PFA တစ်နှစ်တာ အကောင်းဆုံး လူစာရင်းမှာ ပါဝင်လာမယ့် ကစားသမားနဲ့ ပတ်သက်ပြီး ကျွန်တော် တကယ်ကို သဘောကျမိတဲ့ ကစားသမားတစ်ယောက်ကတော့ ဘုန်းမောက်ရဲ့ အဲလက်စ်စကော့ ပါပဲ။

ပြီးခဲ့တဲ့ ရာသီတုန်းက သူ စွမ်းဆောင်ပြသွားခဲ့တာတွေက တကယ့်ကို အံ့ဩစရာ ကောင်းလွန်းခဲ့တာပါ။ နောက်ထပ် ထွက်ပေါ်လာမယ့် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းထဲမှာ သူ အလွယ်တကူပဲ ပါဝင် လာနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။"

မန်ယူနိုက်တက်နဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ အသင်းဖော်တွေဖြစ်မလာတဲ့ အလက်စ်စကော့ကို ဘရူနိုက ယုံယုံကြည်ကြည် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ စကော့အနေနဲ့ ဒီရာသီမှာရော ခြေစွမ်းထပ်ကြမ်းမလား စောင့်ကြည့်သွားရမှာပါ။

မက်ဆီ၊ ရော်နယ်ဒို ကြီးစိုးတဲ့ခေတ်မှာ Ballon d’Or ဆုသိမ်းနိုင်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ အဲ့ဒီလို မဖြစ်နိုင်တဲ့အ...
03/09/2026

မက်ဆီ၊ ရော်နယ်ဒို ကြီးစိုးတဲ့ခေတ်မှာ Ballon d’Or ဆုသိမ်းနိုင်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ အဲ့ဒီလို မဖြစ်နိုင်တဲ့အရာကို စွမ်းဆောင်ပြခဲ့တဲ့ လူကာမိုဒရစ်ဟာ အသက် ၄၁ နှစ်ထဲ ရောက်တာတောင် သမိုင်းမှတ်တမ်းအသစ်တွေကို စိုက်ထူနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာနေဗျူးကွင်းကြီးကို လူကာမိုရစ် နှုတ်ဆက်ထွက်ခွာခဲ့ပြီးတဲ့နောက် လူအများစုက ထိပ်တန်လိဂ်မှာ သူ့ရဲ့ဘောလုံးကစားသမားဘဝက ပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့လည်း ဂန္ထဝင်ကြီးကတော့ အသက် ၄၁ မှာ မထင်ထားတာတွေကို လုပ်ပြနေဆဲပဲ ဖြစ်ပါတယ်။

လူကာမိုဒရစ်ဟာ စကော့မက်တိုမီနေး၊ ဟာကန်ချာဟာနိုဂလူးတို့နဲ့အတူ စီးရီးအေ အကောင်းဆုံးသော ကွင်းလယ်ကစားသမား ၃ ယောက်စာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

အသက် ၄၁ နှစ်ဆိုတဲ့ ကိန်းဂဏန်းတစ်ခုဟာ သူ့အတွက်တော့ အဟန့်အတားမဟုတ်ဘဲ ကွင်းလယ်ကို သက်တောင့်သက်သာနဲ့ ထိန်းချုပ်မောင်းနှင်နေဆဲပဲ။ အသက်အရွယ်ကို စိန်ခေါ် မအိုဇာတ်ခင်းနေခဲ့တဲ့ ထာဝရ ဂန္ထဝင်ကြီးရဲ့ စွမ်းဆောင်ရည်ကတော့ အံ့ဩစရာကောင်းလွန်းနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် အကယ်ဒမီမှာ တစ်ပွဲတည်းနဲ့ ဆယ်ဂဏန်း ဂိုးတွေသွင်းလို့ နာမည်ကြီးပြီး Hype အပြည့်နဲ့ မန်ယူနိုက်တက်ကို ရောက်လာတဲ့ ချီ...
03/09/2026

အာဆင်နယ် အကယ်ဒမီမှာ တစ်ပွဲတည်းနဲ့ ဆယ်ဂဏန်း ဂိုးတွေသွင်းလို့ နာမည်ကြီးပြီး Hype အပြည့်နဲ့ မန်ယူနိုက်တက်ကို ရောက်လာတဲ့ ချီဒိုအိုဘီကတော့ နယ်သာလန်ကလပ် ဝီလန်အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းသွားခဲ့ပါပြီ။

အငှားထွက်ကစားဖို့ လိုအပ်နေသလို ပွဲအတွေ့အကြုံ လိုအပ်နေတဲ့ ချီဒိုအိုဘီအတွက် မန်ယူနိုက်တက် အသင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်သွားခဲ့တာလို့ ပြောရပါမယ်။

ရောက်စတုန်းက Hype ကြပေမဲ့လည်း တဖြည်းဖြည်း မှေးမှိန်သွားတဲ့ ဒီကောင်လေးက အငှားထွက်ပြီး သူ့အတွက် လိုအပ်နေတဲ့ Skill Set တွေ၊ ကြံ့ခိုင်မှုတွေ ပိုမိုရင့်သန်လာအောင် ရှာဖွေနိုင်မလား ဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်းကို ကြေညာခဲ့ပြီးဖြစ်တဲ့ လီယို မက်ဆီဟာ မနေ့ညက သူ့ရဲ့ Instagram ကနေ လက်...
03/09/2026

အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်းကို ကြေညာခဲ့ပြီးဖြစ်တဲ့ လီယို မက်ဆီဟာ မနေ့ညက သူ့ရဲ့ Instagram ကနေ လက်ရွေးစင်အသင်းနဲ့ နှစ် ၂၀ ကျော်အတွင်း ဖြတ်သန်း ခဲ့ရတဲ့ အောင်မြင်မှု၊ ကျရှုံးမှု အားလုံးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးတစ်ခု တင်သွားခဲ့ပါတယ်။

သူ့ရဲ့ စပွန်ဆာ Brand တစ်ခုဖြစ်တဲ့ Michelob ULTRA ဘီယာနဲ့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ဒီဗီဒီယိုထဲမှာတော့ ငွေရှင်းပြေစာလေးတစ်ခုပေါ်မှာ ကမ္ဘာ့ဖလားပွဲဦးထွက်၊ သွင်းဂိုးစုစုပေါင်း၊ ဖန်တီးမှုတွေနဲ့ ပရိသတ်ကို အကြိမ်များစွာ စိတ်ပျက်စေခဲ့ဖူးတယ်ဆိုတဲ့ ကျရှုံးမှုတွေအထိ ပြည့်ပြည့်စုံစုံ ဖော်ပြထားခဲ့တာပါ။

ဗီဒီယိုရဲ့ အဆုံးသတ်ကိုတော့ ဒီဖြတ်ပိုင်းလေးရဲ့ နောက်ဆုံးပိုင်းမှာ ‘GOAT DEBATE – SETTLED’ ဆိုတဲ့ စကားစုနဲ့အတူ အဆုံးသတ်ထားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ သူ့ရဲ့ကြားက GOAT ပြိုင်ဆိုင်မှုဟာ ပြီးဆုံးခဲ့ပြီ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

မက်ဆီဟာ ပုံမှန်အားဖြင့် ဒီလိုမျိုးတွေ ဂုဏ်ဆာပြီး ထုတ်ဖော်ပြောလေ့မရှိပေမဲ့ သူ့ရဲ့ လက်ရွေးစင်ဘဝ အနိမ့်အမြင့်တွေကို ဖော်ပြတဲ့နေရာမှာတော့ ရော်နယ်ဒိုနဲ့ကြားထဲ့က GOAT DEBATE ကို အဖြေထုတ်ခဲ့ပြီ ဖြစ်ကြောင်း Michelob ULTRA ဘီယာက ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်း ပြသသွားခဲ့တာ ဖြစ်ပါတယ်။

အရာရာကို အောင်မြင်ထားနိုင်တဲ့ ဂန္ထဝင်တစ်ယောက်အနေနဲ့ ဒီလို အခိုက်အတန့်မျိုးမှာ မိမိကိုယ်ကို ဒီလောက်အထိ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ဆာပြတာဟာ အပြည့်အဝ ထိုက်တန်တဲ့ အရာပါပဲ။

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အခွင့်အရေး ရရှိခဲ့ပါလျက်နဲ့ ရီးရဲလ်မက်ဒရစ်ကို ရဲရဲတင်းတင်းကြီး ရွေးချယ်သွားခဲ့တဲ့ ဘာနာ...
02/09/2026

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အခွင့်အရေး ရရှိခဲ့ပါလျက်နဲ့ ရီးရဲလ်မက်ဒရစ်ကို ရဲရဲတင်းတင်းကြီး ရွေးချယ်သွားခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးအသင်းဖော်တွေက စိတ်ပျက်နေကြပြီလို့ ရိုဒရီက ပြောလိုက်ပါတယ်။

"မန်စီးတီးအသင်းထဲမှာ ဘယ်သူမှ ရီးရဲလ်မက်ဒရစ်ကို ရင်မဆိုင်ချင်ကြပါဘူး။ အယ်လ်ကလက်စီကို ပွဲစဉ်တွေ ရှိရင်တောင် ကျွန်တော်တို့က ဘာစီလိုနာကိုပဲ အနိုင်ရစေချင်ကြတာပါ။ ကစားသမားတစ်ဦး စပိန်ကို ထွက်ခွာချင်တယ်ဆိုရင် ဘာစီလိုနာကို ရွေးချယ်တာပဲ ကျွန်တော်တို့ ပိုပြီး လိုလားကြတယ်။

ဘာနာဒိုဆေးလ်ဗားက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အသင်းထဲက လူအတော်များများ စိတ်ပျက်ခဲ့ကြတယ်ဆိုတာတော့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ ရွေးချယ်မှုပါပဲ။"

မန်စီးတီးတီးနဲ့ ရီးရဲလ်တို့ကြားက မမြင်နိုင်တဲ့ ပြိုင်ဆိုင်မှုနဲ့ အမုန်းတရားပမာဏဟာ ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတာကို ရိုဒရီရဲ့ စကားတွေက အထင်းသား သက်သေပြနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ဗြိတိန်စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ အန်ဇိုဖာနန်ဒက်စ်ရဲ့ ရင်တွင်း ပျော်ရွှင်မှုစကားအသံမျာ...
02/09/2026

မန်ချက်စတာစီးတီးအသင်းကို ဗြိတိန်စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ အန်ဇိုဖာနန်ဒက်စ်ရဲ့ ရင်တွင်း ပျော်ရွှင်မှုစကားအသံများ 🗣

“မန်ချက်စတာစီးတီးဟာ လက်ရှိ အင်္ဂလိပ်ဘောလုံးလောကမှာ အအောင်မြင်ဆုံးကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားတိုင်း ဒီလိုအသင်းမှာ ပါဝင်ခွင့်ရဖို့ဟာ အိပ်မက်တစ်ခုဖြစ်သလို စီးတီးရဲ့ စီမံ ခန့်ခွဲမှု ဘယ်လောက်အဆင့်မြင့်သလဲဆိုတာ လူတိုင်းအသိပါပဲ။

ဒီအသင်းကို ပြောင်းလာခွင့်ရလို့ ဝမ်းသာကြည်နူးရသလို၊ မန်စီးတီးနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆက်ပြီးတော့ သိမ်းပိုက်မယ့် စိန်ခေါ်မှုအတွက်လည်း အသင့်ဖြစ်နေပြီ။ မန်စီးတီးဆိုတာ အောင်မြင်မှု ဆွတ်ခူးဖို့ တည်ဆောက်ထားတဲ့အသင်း ဖြစ်ပါတယ်။”

ဒီအာဂျင်သားကတော့ စကားတတ်လွန်းတယ်။ တကယ့် လူလည်ပက်ကားပါ။ ချဲလ်ဆီးမှာတုန်းလည်း ဒီလိုတွေပြောပြီး ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့တာပဲ။ ခြေစွမ်းကတော့ လှည့်ကြည့်စရာမလိုအောင် စိတ်ချရသလို PR ကလည်း တကယ်ကောင်းပါတယ်။

မက်ဆီမရှိတော့တဲ့ ကမ္ဘာ့ဖလားဟာ မတင့်တယ်တော့ဘူးဘောလုံးလောကမှာ လူတိုင်းနီးပါးချစ်တဲ့ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင...
01/09/2026

မက်ဆီမရှိတော့တဲ့ ကမ္ဘာ့ဖလားဟာ မတင့်တယ်တော့ဘူး

ဘောလုံးလောကမှာ လူတိုင်းနီးပါးချစ်တဲ့ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်ဘဝကို ဂန္ထဝင်ဆန်ခြင်းတွေနဲ့ ပြည်ဖုံးကားချ အနားယူပြီး နိုင်ငံတကာပွဲတွေကို နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ စပယ်ရှယ်ဝမ်းကြီး ဂျိုဆေးကတော့ မက်ဆီရဲ့ အနားယူခြင်းနဲ့ ပတ်သက်ပြီး🗣

“မင်းရဲ့ တောက်ပလွန်းပြီးတော့ မေ့နိုင်စရာမရှိတဲ့ နိုင်ငံတကာလက်ရွေးစင်ဘဝအတွက် ဂုဏ်ယူတယ်။ နောက်လာမယ့် ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလားကြီးဟာ အရင်ကနဲ့တူတော့မှာ မဟုတ်ဘူး” ဆိုပြီး ဂုဏ်ပြုစကားဆိုခဲ့တာပါ။

အနည်းဆုံးတော့ လာမယ့် ကိုပါအမေရိကမှာ မက်ဆီကို အာဂျင်တီးနားဂျာစီနဲ့ မြင်တွေ့ရနိုင်ကောင်းရဲ့ ဆိုပြီးတော့ မရဲတရဲ မျှော်လင့်ခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။

ကိုပါအမေရိက၊ ကမ္ဘာ့ဖလား...စတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ပြိုင်ပွဲကြီးတွေဟာ ဆက်ရှိတည်မြဲနေဦးမှာ ဖြစ်ပေမဲ့လည်း လီယွန်နယ်မက်ဆီလို ဂန္ထဝင်ကြီးမရှိတော့တဲ့ ဒီပြိုင်ပွဲတွေဟာ အချိန် အတိုင်းအတာ တစ်ခုအထိ မော်ရင်ဟိုပြောသလို ဟာတာတာကြီး ဖြစ်နေတော့မှာပါ။

ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်သာရှိခဲ့တဲ့ပွဲမှာ ဘူကာယိုဆာကာ၊ အာဆင်နယ်နဲ့ စတားဘွိုင်းလေးဟာ ပထမဆုံး ဂိုးပေါက်တည့်ကန်ချက်ကို ...
01/09/2026

ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်သာရှိခဲ့တဲ့ပွဲမှာ ဘူကာယိုဆာကာ၊ အာဆင်နယ်နဲ့ စတားဘွိုင်းလေးဟာ ပထမဆုံး ဂိုးပေါက်တည့်ကန်ချက်ကို တကယ် အရည်အသွေးမြင့်တဲ့ သွင်းဂိုးအဖြစ် ပြောင်းလဲရယူပြီး အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ အနိုင် ၃ မှတ်ကို ဖန်တီးပေးခဲ့တယ်။

ဘယ်တောင်ပံ Half Space တွေမှာ တောက်လျှောက်မွှေနေတဲ့ အက်ဇေရဲ့ ဧရိယာထဲ ထိုးဖောက်မှုရယ်၊ အလိုက်သင့်ပါလာပြီး အက်ဇေနဲ့ ချိတ်ဆက်ကာ အတွင်းကို ပြန်ချိုးပေးလိုက်တဲ့ ကာလာဖီအိုရီ၊ သူတို့ ၂ ယောက်ရဲ့ ကြိုးပမ်းမှုဟာ တကယ့် အခိုက်အတန့်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်။

အဲ့ဒီနောက်မှာတော့ လက်ရှိချန်ပီယံ အာဆင်နယ်က ဘာလဲဆိုတာကို တိကျသပ်ရပ်ပြီး အမှားအယွင်း လုံးဝကင်းတဲ့ အဆုံးသတ်နဲ့ ဘူကာယိုဆာကာ...အနိုင်ရလဒ်ကို ပုံဖော်ပေးခဲ့တယ်။

ဂိုးဖြစ်နိုင်လောက်တဲ့ ရှားရှားပါးပါး တစ်ခုတည်းသောအခိုက်အတန့်ကို အာဆင်နယ်စတားဘွိုင်းလေး ဆာကာဟာ တည်ငြိမ်မှုနဲ့ အသုံးချသွားခဲ့တာပါ။ ကွာလတီဂိုးဟာ ဒါကိုခေါ်တာဖြစ်ပြီး အာဆင်နယ်ကို ပရီးမီးယားလိဂ် အဝေးကွင်းအဖွင့် ၅ ရာသီဆက်နိုင်တဲ့ စံချိန်ကိုယူပေးခဲ့တဲ့ဂိုး ဖြစ်ပါတယ်။

ဘောလုံးကမ္ဘာမှာ တိတ်ဆိတ်ခဲ့ရတဲ့နေ့တစ်နေ့ပါပဲဗျာ။ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင...
01/09/2026

ဘောလုံးကမ္ဘာမှာ တိတ်ဆိတ်ခဲ့ရတဲ့နေ့တစ်နေ့ပါပဲဗျာ။ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။

မက်ဆီက သူကိုယ်တိုင် လက်ရေးစာနဲ့ရေးသားထားတဲ့နှုတ်ဆက်စာထဲမှာ ကမ္ဘာ့ဖလားပြီးကတည်းက အနားယူဖို့စဉ်းစားနေတာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

မက်ဆီက အာဂျင်တီးနားရဲ့ဘောလုံးသမိုင်းကို အသစ်ရေးသားပေးခဲ့သူဖြစ်ပြီး မက်ဆီတစ်ခေတ်ထူထောင်ရာမှာ နိုင်ငံတကာအောင်မြင်မှုတွေ အများကြီးရှာဖွေပေးခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက်
👕 ပွဲပေါင်း ၂၀၇ ပွဲပါဝင်ကစားပေးရာမှာ
🌟 ဂိုးပါဝင်ပတ်သက်မှု ၁၉၄ ကြိမ်
⚽️ သွင်းဂိုး ၁၂၅ ဂိုး
🅰️ ဖန်တီးမှု ၆၈ ကြိမ် ပြုလုပ်ပေးခဲ့ပြီး

🏆 ကမ္ဘာ့ဖလား ၁ ကြိမ်
🏆 ကိုပါအမေရိကဖလား ၂ ကြိမ်
🏆 ဖိုင်နယ်လစ်ဆီမာဖလား ၁ ကြိမ်
🏆 အိုလံပစ်ရွှေတံဆိပ် ၁ ကြိမ်
🏆 U20 ကမ္ဘာ့ဖလား ၁ ကြိမ် ရယူပေးခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကြီးအဖြစ် အနားယူသွားတာပါပဲဗျာ။
#မက်ဆီ #အာဂျင်တီးနား #အင်တာမိုင်ယာမီ

Address


Alerts

Be the first to know and let us send you an email when INNWA 365 Soccer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Advertising & Marketing Company?

Share