23/06/2025
"Post တွေကို ကြုံသလို တင်နေတုန်းလား?”
Post တွေနေ့တိုင်းနီးပါး တစ်လလုံးတင်ထားလဲ မရောင်းရတဲ့လုပ်ငန်းတွေ အများကြီးပါပဲ။
Boosting တွေထိုးပြီး Boost ဖိုးကို မကျေတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့ရမှာ မလွဲမသွေပါပဲ
သင့်လုပ်ငန်းလဲ ဒီထဲပါနေပြီဆိုရင် အလုပ်မဖြစ်တာတွေကို ရပ်လိုက်ဖို့လိုအပ်နေပါပြီ။
လုပ်ငန်းရှင်အများစုမှားနေကြတာက Page ထောင်ပြီးကြော်ငြာတွေကို ကြုံသလို ကြုံတဲ့အချိန်မှာ စတင်တာပါပဲ။ အဲ့လိုတင်နေတာက Audient ရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မှာလား? Products တွေကို တကယ်ပဲ မျှော်မှန်းထားသလောက် ရောင်းထွက်နိုင်တာ သေချာရဲ့လား? တကယ်ရော အလုပ်ဖြစ်ရဲ့လား? ဆိုတာကို ပြန်စမ်းစစ်သင့်ပါတယ်…။
ခုခေတ်က လုပ်ငန်းတူတွေပေါများလာတာကြောင့် Page ထောင်ပြီး ပို့စ်တင်နိုင်ရုံလောက်နဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် လက်တွေ့ထိရောက်တဲ့ Social Media Plan တစ်ခုရှိနေဖို့လိုလာပါတယ်။ Market အပြောင်းအလဲပေါ်မူတည်ပြီးလဲ သင့်တော်တဲ့ Plan တွေကို သေချာအစီအစဉ်ချထားဖို့လိုအပ်နေပါပြီ..။
သင့်လုပ်ငန်းအတွက် ပို့စ်တင်ပေးနိုင်ရုံသက်သက်မဟုတ်ဘဲ စနစ်ကျပြီး ထိရောက်တဲ့ Social Media Plan တွေဆွဲပေးနိုင်မယ်၊ အမှန်တကယ်ရောင်းအားတက်ဖို့ လက်တွဲလုပ်ဆောင်ပေးနိုင်တဲ့ Agency ကိုရှာဖွေနေတယ်ဆိုရင်တော့ ရွှေဆက် Digital Marketing ကို သတိရလိုက်ပါ….။
အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
09974146847 ကိုဆက်သွယ်နိုင်ပါတယ်။