Moe Hein Battery Shop

Moe Hein Battery Shop Car Battery Sales &Service

🔋ကားဘထ္ထရီအိုးကိုသက်တမ်းတိုစေတဲ့အကြောင်းရင်း🔋------------------------------------မော်ဒယ်မြင့်ကားအများစုသည် အိုးခြောက်လို...
19/06/2026

🔋ကားဘထ္ထရီအိုးကိုသက်တမ်းတိုစေတဲ့အကြောင်းရင်း🔋
------------------------------------
မော်ဒယ်မြင့်ကားအများစုသည် အိုးခြောက်လို့ခေါ်သော Dry Maintenance Free အမျိုးအစားကို အသုံးပြုကြသည်။ စက်ရုံထုတ်မှ ကြာရှည်စွာ အသုံးမပြူဘဲ ဆိုင်တွင်အထားကြာပြီး ကားတွင်တပ်ဆင်အသုံးပြုပါက သက်တမ်းအကုန်မြန်စေပါတယ်။

ဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတခုပါ။

ကားဘထ္ထရီအိုးနဲ. အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာ သွားရင်းလာရင်း ဘထ္ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ။

ဒါပေမယ့် ကားဘထ္ထရီအိုးတလုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ်။

မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘထ္ထရီသက်တမ်း တိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ်။

ကားဘထ္ထရီနဲ. ပတ်သတ်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို.ကို ဝေမျှချင်ပါတယ် ။

ကျနော်တို.လက်ရှိ အိမ်စီးကား တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘထ္ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ် ။

ဘထ္ထရီအိုးနာမည်တွေနဲ. ဘထ္ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမယ့် အဓိက အခြေခံတွေကတော့ တူညီပါတယ် ။

အဓိက တူညီတာတွေကတော့ 12 V DC အမျိုးအစားကို အသုံးပြုတာဖြစ်တယ်။

♂️အိုးစို ( Destilled water -မိုးရေ နဲ. အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား)

♂️အိုးခြောက် (maintenance free) အမျိုးအစား သုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ် ။

12V ကားဘထ္ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် ( Positive Terminal ) ၊ အနှုတ်ငုတ် (Negative Terminal ) ရှိပြီး အခန်း 6 ခန်းနဲ.ဖွဲ.စည်းတည်ဆောက်ထားပါတယ် ။

အခန်း 1 ခန်းကို 2.1 V ရှိပါတယ်
အဲဒီအခန်း 6 ခန်းကို အပေါင်း( + ) နဲ. အနှုတ် ( _ ) Series ချိတ်ဆက်ထားခြင်းဖြင့် 12 V ရအောင်ဖန်တီးထားတာပါ ၊
အတိအကျဆိုရင်တော့ 12.6 V ရှိရပါမယ် ။

ကားမှာပါတဲ့ ဘထ္ထရီအိုးကို မှီခိုနေတဲ့ ကားရဲ. အခြားအရေးပါတဲ့ စနစ်တွေကတော့
🔹Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
🔹Lighting System ဆိုတဲ့ ကားရှေ.နောက် အချက်ပြ ၊ အတွင်းခန်းမီးစတဲ့ စနစ်
🔹Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
🔹Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
🔹Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့ စနစ်
🔹Audio System ဖြစ်တဲ့ TV , Radio နဲ. Sound Box တွေအသုံးပြုတဲ့စနစ်
🔹Security System ဖြစ်တဲ့ Power Window , Door Lock
ECU ( Engine Control Unit ) စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘထ္ထရီအိုးတလုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ ။

🔺ဘထ္ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ ?

ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကိုတော့ 60 အိုး 70 အိုး 100 အိုး အစရှိသဖြင့် ဘထ္ထရီအိုးရဲ. ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ် ။

တကယ့်ဆိုလိုရင်းကတော့ 60 Ah , 70 Ah , 100 Ah ကိုဆိုလိုတာပါ ၊

Ah ဆိုတာ (Ampere-Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘထ္ထရီအားကုန်သည်အထိ သုံးစွဲနိုင်တဲ့ (Current ) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ ။

တနည်းအားဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်နိုင်စွမ်းအားကို ၀န်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ ။

ဥပမာအားဖြင့် 60 Ah အိုးတလုံးဟာ 60 Ampere current ဆွဲတဲ့ ပစ္စည်းတခုခု (Load) တခုသုံးစွဲမယ်ဆိုရင် ဒီဘထ္ထရီအိုးကိုလုံး၀အားကုန်သည်အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ ။

ဒီလိုိဆိုရင် 70 Ah , 100 Ah အစရှိသဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်မှု စွမ်းအားမြင့်လေလေ ၀န်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ ။

အခုနောက်ပိုင်း ဘထ္ထရီအိုးတွေကိုတော့
46B24L
70D23L
80D23R
90D31L
115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ. ဖော်ပြလာကြပါပြီ ၊

အဲ့ဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့
ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင်

ရှေ.ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲ့ဘထ္ထရီအိုးရဲ. ဘထ္ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ ၊

B ဆိုတာကတော့ ဘထ္ထရီအိုးရဲ. အနံနဲ. အမြင့်အတွက် သတ်မှတ်ကုဒ်တခုပါ ၊

24 ဆိုတာကတော့ အဲ့ဒီဘထ္ထရီအိုးရဲ. အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ.ဖော်ပြထားတာပါ ၊

L ကတော့ ဘထ္ထရီအိုးမှာရှိတဲ့ Negative Terminal (-) မှာရှိတယ်လို အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း ( Left ) .ဖော်ပြထားတာပါ ။

ခုနောက်ပိုင်း
ဘထ္ထရီအိုးတွေမှာ ဒီလို ကုဒ်နံပါတ်တွေနဲ. ဘထ္ထရီအိုးရဲ. ဆိုက်အရွယ်အစား ဘထ္ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ. တည်နေရာ တွေကို အတိအကျလာတာမို. တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘထ္ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို. အဆင်ပြေမှာဖြစ်ပါတယ် ။

🔻 ကားဘထ္ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့ ..

🔸ကားစက်စ နှိုးလိုက်ချိန်မှာ ဘထ္ထရီ၀ပ်ပြီး မှစက်နှိုးသွားမျိုး

🔸Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘထ္ထရီကျလာပြီ ၊ ဘထ္ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချက်ပါ။

ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို.မရတာမျိုးကလည်း ကားဘထ္ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ။

ကားမောင်းနေရင် အားလုံးအိုကေ ၊
ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး ၊
ဘထ္ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘထ္ထရီမကောင်းတော့တဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ ၊
ပူနေတာကလည်း ဘထ္ထရီအိုးမကောင်းတဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုး ဗိုက်ပူလာတာ ၊ ဖောင်းလာတာမျိုးကလည်း ဘထ္ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ ။

နောက်တမျိုး ကားဘထ္ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့

ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.60 V လောက်ပျမ်းမျှရှိပြီး
ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Voltage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။
ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။

ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။

11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ္ထရီ၀ပ်စရာ မရှိနိုင်ပါ ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။
ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊

ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။

ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။

ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။

❗ကားဘထ္ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့..

✴️1. ဘထ္ထရီ အပေါင်းအနှုတ်ခေါင်း ( Terminal ) တွေကို သေချာမကြပ်ထားတာပါ

ဒီလို ဘထ္ထရီခေါင်းတွေကို သေချာမကြပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ.ရပါတယ် ၊
ကားဘထ္ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ. Electrical ပစ္စည်းတွေကနေ ၀န်အားဆွဲတဲ့အခါမှာ ကားဘထ္ထရီအားဆွဲတချက် လွတ်တချက်မို. ဘထ္ထရီအိုးကို နာစေပါတယ် ။

ဘထ္ထရီအိုးကို ဒိုင်နမို ( alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ် ။

ဒီလိုနဲ.ရက်ပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဘထ္ထရီအိုး ရဲ. Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘထ္ထရီအိုးကိုသက်တမ်းတိုစေပါတယ် ။

✴️2. ဘထ္ထရီအိုး အထိုင်သေချာမငြိမ်တာ

ကားဘက်ထရီအိုး အထိုင်ကို တည်ငြိမ်အောင်မထားတာ ၊
ဘထ္ထရီအိုးကို ရှေ.နောက် ဘယ်ညာ ယိမ်းထိုးစေတာ မျိုးကလည်း ဘထ္ထရီအိုးရဲ. အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ ကားဘထ္ထရီကို လှုပ်ရှားစေတာ​က သက်တမ်းကို တိုစေပါတယ် ။

ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘထ္ထရီအိုးတည်ငြိမ်ဖို. ဘထ္ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ.တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ် ။

✴️3. ဘထ္ထရီအိုးအားကုန်အောင် ခဏခဏ သုံးမိတာ

တချို.ကားမောင်းတဲ့သူတွေရှိပါတယ် ၊ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ ၊
Silent မီးတွေဖွင့်ထားခဲ့မိတာ ကားသော့ကို Acc မှာထားမိတာ ၊
တချို.ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘထ္ထရီကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ် ။
အဲ့လို ဘထ္ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘထ္ထရီအိုးရဲ. သက်တမ်းကို တိုစေပါတယ် ။

✴️4. Starter Motor အကြီးတွေသုံးတာ

တချို. ကားဆရာတွေက ကားစက်နှိုးလို. လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ် ။
ကားစက်နှိုးရတာ ပိုမြန်တယ် ၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘထ္ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ် ။

ဘာကြောင့်ဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး ၊ မလိုဘဲ အပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘထ္ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ ။

✴️5. ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ

တချို.ကားမောင်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေရှိပါတယ် ၊
ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ.မီးကြီးတွေဖွင့် တဲ့ အကျင့်တွေရှိပါတယ် ၊

အဲ့ဒါမျိုးက တခါတရံဆို ပြဿနာမရှိပေမယ့် အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘထ္ထရီကို ဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ် ။

✴️6. ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ

ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ် ၊ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ ၊
အတွင်းပိုင်း Audio ပိုင်းတွေ ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို တိုစေတတ်ပါတယ် ။

✴️7. Alternator မကောင်းတာ

ဘထ္ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ. ဘထ္ထရီအားသွင်းစနစ် Under Charge အားသွင်းဗိုစ့်အားနည်းတာ ၊
Over Charge အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ် ။

✴️8. Short ကျပြီး Load ဆွဲတာ

ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ.သက်ဆိုင်တဲ့ ပစ္စည်းတခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ်ရပ်ထားချိန် Amp ( Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘထ္ထရီအားကုန်တာမျိုးတွေကလည်း ကားဘထ္ထရီကို သက်တမ်းတိုစေတတ်ပါတယ် ။

ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘထ္ထရီအိုးအသစ်လဲရုံနဲ.မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကို ရှာမှ ဘထ္ထရီပျက်စီးတာ ရပ်တန်.မယ်ဖြစ်ပါတယ် ။

ဒီအချက်တွေက
အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘထ္ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ ။

ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘထ္ထရီသက်တမ်း ၁နှစ် အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခမျာ ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။

မူရင်းရေးသားသူ အားလေးစားစွာ creditပေးပါသည်။

ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

အမေဒေါ်တင်ညွန့် အားရည်စူး၍ 5နှစ်1လပြည့် ဆွမ်းကုသိုလ်အလှူ
21/03/2026

အမေဒေါ်တင်ညွန့် အားရည်စူး၍ 5နှစ်1လပြည့် ဆွမ်းကုသိုလ်အလှူ

မိတ်ဆွေတို့ရဲ့ကားများအတွက် 🚗🚕ဘက်ထရီလိုအပ်တဲ့အခါတိုင်း 💛မိုးဟိန်းဘက်ထရီဆိုင်💛 ကို အစဉ်တစိုက်သတိတရအားပေးကြတဲ့ Customerများ...
16/03/2026

မိတ်ဆွေတို့ရဲ့ကားများအတွက် 🚗🚕ဘက်ထရီလိုအပ်တဲ့အခါတိုင်း

💛မိုးဟိန်းဘက်ထရီဆိုင်💛 ကို
အစဉ်တစိုက်သတိတရအားပေးကြတဲ့
Customerများကိုကျေးဇူးအထူးတင်ရှိပါတယ် ။☘️

Customerများအားလုံး အလုပ်အကိုင်တွေ အဆင်ပြေပြီး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ 🙏

#မိုးဟိန်းဘက်ထရီ


အမှတ် ၁၁၇၊ United Living Mall အနီး
အရိုးကုန်းလမ်း၊H Plus Hotel ဘေး
တာမွေမြို့နယ်
09780551029 , 09423473746 , 09425331129

Address

No. (4) 146road. Tamwe
Yangon
0973006205

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959780551029

Website

Alerts

Be the first to know and let us send you an email when Moe Hein Battery Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share