Biz Bee - Digital Marketing

Biz Bee - Digital Marketing We Don't Market, We Transform.

05/08/2025

📌ဒီနေ့ခေတ်မှာ TikTok ဟာ
လူငယ်တွေကြားထဲမှာ
အလွှမ်းမိုးနိုင်ဆုံး
ပလက်ဖောင်းတစ်ခုဖြစ်လာတာနဲ့အညီ
စီးပွားရေးလုပ်ငန်းတွေအတွက်လည်း
မရှိမဖြစ်လိုအပ်လာတဲ့
ဈေးကွက်တစ်ခုဖြစ်လာပါတယ်။
ဒါ့ကြောင့် လက်လီအရောင်းဆိုင်တွေအတွက် TikTok ပေါ်မှာ စွဲဆောင်မှုရှိတဲ့
Digital Marketing Ideas တွေကို
Biz Bee ကနေ မျှဝေပေးချင်ပါတယ်။

* Behind the Scenes (BTS):
သင့်ဆိုင်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို နောက်ကွယ်ကနေ ရိုက်ကူးပြသပါ။
ဥပမာ - ပစ္စည်းအသစ်တွေ ရောက်လာတာ၊
ပစ္စည်းတွေကို သပ်ရပ်အောင် စီစဉ်တာ၊
ဒါမှမဟုတ် ဝန်ထမ်းတွေ
အလုပ်လုပ်နေတဲ့ပုံစံ
စတာတွေပေါ့။ ဒါက သင့်ဆိုင်ကို
ပိုမိုပွင့်လင်းမြင်သာစေပြီး
ဖောက်သည်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ
ချိတ်ဆက်မှုတစ်ခုကို
တည်ဆောက်ပေးနိုင်ပါတယ်။

* Educational Content:
သင့်ဆိုင်က ရောင်းတဲ့ပစ္စည်းတွေနဲ့
ပတ်သက်ပြီး ဗဟုသုတရစရာလေးတွေ
မျှဝေပေးပါ။ ဥပမာ - အဝတ်အစားဆိုင်ဆိုရင် ဘယ်လိုအဝတ်အစားတွေကို
ဘယ်လိုတွဲဝတ်ရမယ်၊
Skin care ဆိုင်ဆိုရင်
ဘယ်လိုအသားအရေအတွက်
ဘယ်လိုပစ္စည်းမျိုးက သင့်တော်တယ်
စတာတွေကိုပေါ့။
ဒီလိုတင်ဆက်တာက သင့်ဆိုင်ရဲ့
ပရော်ဖက်ရှင်နယ်ဆန်မှုကို
ပေါ်လွင်စေပါတယ်။

* Customer Testimonials:
သင့်ရဲ့ ကျေနပ်နေတဲ့
ဖောက်သည်တွေဆီက
Feedback (သို့) Testimonial တွေကို
ဗီဒီယိုရိုက်ပြီး တင်ပါ။
ဖောက်သည်တွေရဲ့ စကားသံက
ကြော်ငြာတိုင်းထက်
ပိုမိုယုံကြည်စိတ်ချရပြီး
တခြားသူတွေကိုလည်း
သင့်ဆိုင်မှာ ဝယ်ယူဖို့
ဆွဲဆောင်နိုင်ပါတယ်။

* Contests & Giveaways:
လူကြိုက်များတဲ့ သီချင်းတွေနဲ့
TikTok challenge လေးတွေ
ဖန်တီးပြီး ပြိုင်ပွဲတွေ၊
ကံစမ်းမဲလေးတွေ လုပ်ပေးပါ။
သင့်ရဲ့ Follower တွေကို
ပျော်ရွှင်စေတဲ့အပြင်
သင့်ရဲ့ Post ကိုလည်း
လူများများဆီ
ရောက်ရှိစေနိုင်ပါတယ်။

ဒီအချက်လေးတွေကို
အသုံးပြုပြီး
လက်လီအရောင်းဆိုင်တွေအနေနဲ့
TikTok ပေါ်မှာ
ကိုယ်ပိုင်အမှတ်တံဆိပ်ကို
တည်ဆောက်ပြီး
အရောင်းမြှင့်တင်နိုင်မှာပါ။
သင့်လုပ်ငန်းအတွက်
ဒီထက်ပိုမိုတိကျတဲ့
Marketing စီမံကိန်းတွေကို
ရေးဆွဲချင်တယ်ဆိုရင်တော့
Biz Bee ကို အခမဲ့တိုင်ပင်
ဆွေးနွေးနိုင်ပါတယ်နော်။






29/07/2025

ဒစ်ဂျစ်တယ်မားကတ်တင်းလို့ပြောရင်
သင့်မျက်လုံးထဲမှာ ဘာကိုပြေးမြင်မိလဲ။
ဒစ်ဂျစ်တယ်မားကတ်တင်းဆိုတာဘာလဲ ။
မတူညီတဲ့ မားကတ်တင်းအမျိုးစားတွေ
ကရော ဘာတွေဖြစ်မလဲ ။

ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေခြင်း အမျိုးအစားများ:

Search Engine Optimization (SEO):
Google လို ရှာဖွေရေးအင်ဂျင်တွေမှာ
သင့်ဝက်ဘ်ဆိုဒ်ကို
ထိပ်ဆုံးရောက်အောင် လုပ်ဆောင်ခြင်း။

Social Media Marketing:
Facebook, Instagram, TikTok စတဲ့
ဆိုရှယ်မီဒီယာတွေကနေတဆင့်
သင့်လုပ်ငန်းကို မြှင့်တင်ခြင်း။

Content Marketing:
ဆောင်းပါးများ၊ ဗီဒီယိုများ၊ ပုံများ
စတဲ့ အကြောင်းအရာကောင်းတွေကို
ဖန်တီးပြီး ဖောက်သည်တွေကို
ဆွဲဆောင်ခြင်း။

Email Marketing:
အီးမေးလ်ကနေတဆင့်
သတင်းအချက်အလက်တွေ၊
ပရိုမိုးရှင်းတွေ ပေးပို့ခြင်း။

Paid Advertising (PPC):
Google Ads, Facebook Ads စတဲ့
ကြော်ငြာပလက်ဖောင်းတွေမှာ
ငွေပေးချေပြီး ကြော်ငြာခြင်း။

ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေခြင်းဟာ
သင့်လုပ်ငန်းကို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးမယ့်
အရေးကြီးတဲ့ မဟာဗျူဟာတစ်ခု
ဖြစ်ပါတယ်။

အထက်ကအချက်တွေကို သင့်အနေနဲ့
ခေါင်စားစရာမလို ကိုယ်တိုင်အချိန်ပေး
လုပ်စရာမလိုပဲ တစ်နေရာတည်းမှာ
ရရှိပြီး သင့်လုပ်ငန်းကိုအရှိန်တင်ဖို့
ဆုံးဖြတ်ထားတယ်ဆိုရင်တော့
Biz Bee Digital Marketing Agency ကို
သတိရလိုက်ပါ။





သင့်ရဲ့ page က တကယ်ရောထိရောက်မှုရှိရဲ့လား? 🤔 Post တွေတင်နေပေမယ့် ကိုယ့်ရဲ့ Customer တွေဆီ ရောက်ရဲ့လား၊ သူတို့ စ...
29/06/2025

သင့်ရဲ့ page က တကယ်ရောထိရောက်မှုရှိရဲ့လား? 🤔
Post တွေတင်နေပေမယ့် ကိုယ့်ရဲ့ Customer တွေဆီ ရောက်ရဲ့လား၊ သူတို့ စိတ်ဝင်စားရဲ့လားဆိုတာကို မသိရင် အချိန်ကုန်၊ လူပင်ပန်းရကျိုးမနပ်ပါဘူး။

ဒါကြောင့် လုပ်ငန်းရှင်တိုင်း မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးဆုံး Facebook Metric (၃) ခုကို Biz Bee ကနေ မျှဝေပေးလိုက်ပါတယ်။

1️⃣ Reach (လူရောက်ရှိမှု):
ဒါက ကိုယ့်ရဲ့ Post တစ်ခုကို
လူဘယ်နှစ်ယောက်ဆီကို
ရောက်သွားလဲဆိုတာကို ပြတဲ့ကိန်းဂဏန်းပါ။
Reach များလေ ကိုယ့်ရဲ့ Brand ကို လူသိများလေပါပဲ။
Page ထောင်ထားပြီး လူသိပ်မသိသေးတဲ့
လုပ်ငန်းတွေအတွက် Reach က အရမ်းအရေးကြီးပါတယ်။

2️⃣ Engagement Rate (ပရိသတ် တုံ့ပြန်မှုနှုန်း):
ကိုယ့်ရဲ့ Post ကို မြင်တဲ့သူတွေထဲက
ဘယ်လောက်ရာခိုင်နှုန်းက
Like, Comment, Share လုပ်ပြီး
တုံ့ပြန်မှုပေးလဲဆိုတာကို တိုင်းတာတာပါ။
Engagement Rate ကောင်းလေ၊
သင့်ရဲ့ Content ကို ပရိသတ်က
စိတ်ဝင်စားလေဖြစ်ပြီး Facebook Algorithm ကလည်း
သင့် Post ကို လူများများမြင်အောင် ပိုပြီးတွန်းပို့ပေးလေပါပဲ။

3️⃣ Clicks (ကလစ်အရေအတွက်):
သင့် Post မှာ Website Link, "Shop Now" Button,
ဒါမှမဟုတ် Messenger Link ထည့်ထားရင်
အဲ့ဒီ Link တွေကို လူဘယ်နှစ်ယောက်က
နှိပ်ပြီး ဝင်ကြည့်လဲဆိုတာကို ပြပါတယ်။
ဒါက Customer တွေကို
ကိုယ်လိုချင်တဲ့နေရာ (ဥပမာ- Website, Messenger) ကို
ခေါ်သွားနိုင်လားဆိုတာ တိုင်းတာတဲ့ အဓိက Metric တစ်ခုပါ။

📊 သင်ရော ကိုယ့် Page ရဲ့ Metric တွေကို ပုံမှန်စစ်ဆေးဖြစ်ရဲ့လား?

ဒီ Metric တွေကို ဘယ်လိုအသုံးချပြီး
ကိုယ့်ရဲ့ အရောင်းနဲ့ Marketing ကို
ပိုကောင်းအောင်လုပ်ရမလဲဆိုတာ
အသေးစိတ်သိချင်တယ်ဆိုရင်တော့
Biz Bee Digital Marketing Agency ရဲ့
Page Messenger မှာ "Marketing Help" လို့
ပို့ပြီး ကျွမ်းကျင်သူတွေနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။

28/06/2025

"ကိုယ့် Customer က ကိုယ့် Brand အတွက် အကောင်းဆုံး သံတမန် (Brand Ambassador) ဆိုတာ သင်သိပါသလား? 🐝"

ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို
သုံးစွဲသူတွေက စိတ်ရင်းနဲ့ ကြိုက်နှစ်သက်ပြီး
တခြားသူတွေကို ထပ်ဆင့်ညွှန်းပေးတာလောက်
ကောင်းတဲ့ Marketing မရှိပါဘူး။
ဒါကို Word-of-Mouth Marketing လို့ခေါပြီး
သင့်လုပ်ငန်းရဲ့ ယုံကြည်မှုကို
အခိုင်မာဆုံး တည်ဆောက်ပေးနိုင်ပါတယ်။

ဒါဆို Customer တွေကို Brand Ambassador ဖြစ်လာအောင် ဘယ်လိုဆွဲဆောင်မလဲ? 🤔

✨ ၁။ အကောင်းဆုံး Customer Experience ကိုပေးပါ။
ပစ္စည်းဝယ်ယူတဲ့အဆင့်ကနေစပြီး
ရောင်းချပြီး နောက်ပိုင်းဝန်ဆောင်မှု
(After-sales service) အထိ
အစစအရာရာ အဆင်ပြေချောမွေ့အောင်
ဂရုစိုက်ပေးပါ။ Customer တွေရဲ့ မေးခွန်းတွေကို
မြန်မြန်ဆန်ဆန်နဲ့ စိတ်ရှည်လက်ရှည်
ဖြေကြားပေးတာမျိုးက
သူတို့ရဲ့ စိတ်ကျေနပ်မှုကို ပိုတိုးစေပါတယ်။

✨ ၂။ သူတို့ကို အသိအမှတ်ပြုပါ။
ကိုယ့်ရဲ့ product/service အကြောင်း
review ကောင်းကောင်းလေးတွေရေးပေးတဲ့
Customer တွေ၊ သူတို့ရဲ့ လူမှုကွန်ရက်မှာ
ကိုယ့် brand ကို mention လုပ်ပြီး
တင်ပေးတဲ့သူတွေကို public post တွေမှာ
credit ပေးပြီး ကျေးဇူးတင်ကြောင်း ဖော်ပြပါ။
ဒါက သူတို့ကို တန်ဖိုးထားကြောင်း ပြသရာရောက်ပါတယ်။

✨ ၃။ Loyalty Program လေးတွေ ဖန်တီးပါ။
အမြဲအားပေးတဲ့ Customer တွေအတွက်
သီးသန့် discount တွေ၊
အထူးအခွင့်အရေးတွေ၊
လက်ဆောင်လေးတွေ ဖန်တီးပေးခြင်းဖြင့်
သူတို့ဟာ သင့် Brand အပေါ်
ပိုပြီးသစ္စာရှိလာပါလိမ့်မယ်။
"VIP Customer" ဆိုတဲ့ ခံစားချက်ကို ရရှိစေတာပေါ့။

✨ ၄။ User-Generated Content (UGC) ကို အားပေးပါ။
Customer တွေကို သူတို့ရဲ့
ဖန်တီးမှုတွေနဲ့အတူ ကိုယ့်ရဲ့ product ကို
review ရေးပြီးတင်ဖို့ ဒါမှမဟုတ်
ဓာတ်ပုံ/ဗီဒီယို ပြိုင်ပွဲလေးတွေ လုပ်ပေးပါ။
အကောင်းဆုံး UGC ကို ရွေးချယ်ပြီး
ဆုချီးမြှင့်တာမျိုးက Customer တွေ
ပိုပြီးတက်ကြွစွာ ပါဝင်လာစေပါတယ်။

ဒီနည်းလမ်းလေးတွေကို သင့်လုပ်ငန်းမှာ
အသုံးချပြီး Customer တွေရဲ့ ယုံကြည်မှုနဲ့အတူ
Brand ကို ဘယ်လိုတိုးတက်အောင်
လုပ်ဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ပါ။

နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့အောင်၊
အရောင်းနဲ့ Marketing မှာ အောင်မြင်မှုတွေရရှိအောင်
Biz Bee က အမြဲသင့်ဘက်မှာ ရှိနေပါတယ်။ 🐝

စီးပွားရေးလုပ်ငန်းရှင်များအတွက် Facebook မှ အရောင်းတိုးတက်စေရန် နည်းလမ်းကောင်းများ! 📈Biz Bee Digital Marketing Agency ကန...
17/06/2025

စီးပွားရေးလုပ်ငန်းရှင်များအတွက် Facebook မှ အရောင်းတိုးတက်စေရန် နည်းလမ်းကောင်းများ! 📈

Biz Bee Digital Marketing Agency ကနေ
page ကနေ ဝယ်သူတွေ
ပိုမိုဆွဲဆောင်ပြီး အရောင်းတက်လာစေမယ့်
လွယ်ကူရိုးရှင်းတဲ့
နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။ **ပစ်မှတ်ထားဝယ်သူကို ရွေးချယ်ပါ (Target Your Audience)**
* သင့်ထုတ်ကုန် ဒါမှမဟုတ်
ဝန်ဆောင်မှုကို ဘယ်သူတွေက
ဝယ်ယူနိုင်လဲဆိုတာ သေချာစဉ်းစားပါ။
* Facebook ရဲ့ Audience Targeting
(ပစ်မှတ်ထားဝယ်သူ ရွေးချယ်မှု) ကို
အသုံးပြုပြီး သင့်ကြော်ငြာတွေကို
လိုအပ်တဲ့သူတွေဆီသာ
ရောက်အောင် ပို့ဆောင်ပါ။
ဒါမှ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ
သက်သာပြီး
အရောင်းအလားအလာရှိသူတွေကို
တိုက်ရိုက်ထိတွေ့နိုင်မှာပါ။

၂။ **ဆွဲဆောင်မှုရှိတဲ့ ပို့စ်နဲ့ ကမ်းလှမ်းမှုတွေလုပ်ပါ (Create Engaging Posts & Offers)**
* ရှင်းလင်းပြတ်သားပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေ၊
ဗီဒီယိုတွေ အသုံးပြုပါ။
* သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ်
ဝန်ဆောင်မှုက ဝယ်သူတွေအတွက်
ဘယ်လို အကျိုးကျေးဇူးတွေ
ပေးနိုင်လဲဆိုတာ မီးမောင်းထိုးပြပါ။
* အထူးလျှော့စျေးများ၊ promotion များ
သို့မဟုတ် ကမ်းလှမ်းမှုများကို
မကြာခဏ တင်ပေးပါ။
လူတွေက ကောင်းမွန်တဲ့
ကမ်းလှမ်းမှုတွေကို သဘောကျပါတယ်။

၃။ **ဝယ်သူတွေနဲ့ ပုံမှန်ထိတွေ့ပါ (Engage with Your Customers)**
* ပို့စ်တွေအောက်က comment တွေ၊
message တွေကို အချိန်မီ ပြန်ပြောပါ။
* မေးခွန်းတွေကို ဖြေကြားပေးပြီး
ဝယ်သူတွေရဲ့ ယုံကြည်မှုကို
တည်ဆောက်ပါ။ ပုံမှန်ထိတွေ့ဆက်ဆံမှုက
ရေရှည်ဝယ်သူတွေ ဖြစ်လာဖို့ အထောက်အကူပြုပါတယ်။

၄။ **လုပ်ဆောင်ရန် တိုက်တွန်းပါ (Always Include a Clear Call to Action - CTA)**
* သင့်ပို့စ်တိုင်းမှာ ဝယ်သူတွေ
ဘာလုပ်စေချင်လဲဆိုတာကို
ရှင်းရှင်းလင်းလင်း ဖော်ပြပါ။
* ဥပမာ- "အခုပဲ ဝယ်ယူလိုက်ပါ (Shop Now)",
"မက်ဆေ့ပို့ပါ (Message Us)",
"ပိုမိုလေ့လာရန် (Learn More)",
"ဖုန်းခေါ်ဆိုရန် (Call Now)"
စသည်ဖြင့် ခလုတ်များ ထည့်သွင်းပေးပါ။

ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင်
သင့်ရဲ့ page ကနေ အရောင်းတွေ
သိသိသာသာ တိုးတက်လာမှာပါ။ 👍

အထက်ကအချက်တွေအားလုံးကို
သင်ကိုယ်တိုင်ခေါင်းရှုပ်မခံလိုဘူးဆိုရင်တော့
ပိုပြီးထိရောက်တဲ့ ဒစ်ဂျစ်တယ် မားကတ်တင်း
ဗျူဟာတွေ ရယူဖို့
Biz Bee Digital Marketing Agency ကို
ဆက်သွယ်လိုက်ပါ။
သင့်လုပ်ငန်းကို ၂၀၂၅ ခုနှစ်မှစတင်ပြီး
နည်းပညာနဲ့ ဈေးကွက်ရှာဖွေရေးမှာ
အောင်မြင်မှုရရှိအောင် စိတ်ကျေနပ်သည်အထိ
ကူညီပေးဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်။


\ \ \ \ \

အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ(အီဒုလ်အဿွဟာ)ကုရ်ဘာနီအီးဒ်နေ့ထူးနေ့မြတ်မှာ  🕌🕌 ချစ်ခင်ရတဲ့ အစ္စလာမ်ဘာသာဝင် မိတ်ဆွေညီက...
07/06/2025

အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ
(အီဒုလ်အဿွဟာ)ကုရ်ဘာနီအီးဒ်
နေ့ထူးနေ့မြတ်မှာ 🕌🕌

ချစ်ခင်ရတဲ့ အစ္စလာမ်ဘာသာဝင် မိတ်ဆွေညီကို
များအားလုံး သာယာပျော်ရွှင်ဖွယ် အီးဒ်ပွဲတော်
အခါသမယလေးကိုပိုင်ဆိုင်နိုင်ပါစေလိူ့
Biz Bee Digital Marketing မှ ဆုတောင်း
မေတ္တာပို့သလိုက်ပါတယ် ။

Biz Bee Digital Marketing
We don't Market , We Transform.

#ကုရ်ဘာနီအီးဒ်နေ့

#အီးဒ်နေ့

Biz Bee Digital Marketing Agency မှကြိုဆိုပါတယ်။         ယနေ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့တောင်းဆိုမှုတွေကမြင့်မားလှပါတယ်။သင့်လုပ်င...
01/06/2025

Biz Bee Digital Marketing Agency မှကြိုဆိုပါတယ်။
ယနေ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့တောင်းဆိုမှုတွေကမြင့်မားလှပါတယ်။သင့်လုပ်ငန်းရဲ့ Brand ကိုမြင်နေရုံနဲ့မရတော့ပဲအသိမှတ်ပြုဖို့၊မှတ်မိစေဖို့နဲ့နောက်ဆုံးယုံကြည်လာဖို့ပါလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ Biz Bee Digital Marketing Agencyဟာလက်ရှိမြန်မာနိုင်ငံတစ်ဝန်းကလုပ်ငန်းတွေကိုနည်းပညာပိုင်းမှာခြေတစ်လှမ်းအသာရအောင်ကူညီပေးနေပြီးသက်ဆိုင် ရာနယ်ပယ်တွေမှာလည်းကျွမ်းကျင်တဲ့လူငယ်ပညာရှင်များနှင့်အတူဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
Biz Bee Digital Marketing Agency မှာ Platform မျိုးစုံကို Full-service ပေးတဲ့အပြင် Brand awareness ကိုရရှိစေဖို့ဆန်းသစ်တဲ့ မဟာဗျူဟာတွေ၊ story telling တွေနဲ့ လက်တွေ့ကျတဲ့ campaigns တွေကိုလည်း ၀န်ဆောင်မှုရယူနိုင်ပါတယ်။ ဒါ့အပြင် Content Marketing, Graphics Design နဲ့ Boost Service တွေကိုလည်းရပါဦးမယ်။
ဒါကြောင့်သင့်လုပ်ငန်းကဘယ်နေရာမှာပဲဖြစ်စေသင့်ဖောက်သည်တွေနဲ့အချိျိအဆက်လည်းမပြတ် ၊ သင်ကိုယ်တိုင်လည်းခေါင်းရှုပ်ခံစရာမလိုဘဲခိုင်မာတဲ့ Brand တစ်ခုကိုတည်ဆောက်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ Biz Bee Digital Marketing Agency နဲ့လက်တွဲဖို့ ဖိတ်ခေ်ပါရစေ။

Let's build your brand, connect with your community and grow Together.





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Biz Bee - Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share