23/08/2025
မင်မင်တို့
Travel ရဲ့
မိတ်ဟောင်း/မိတ်သစ်များအားလုံး မင်္ဂလာပါရှင်...💞
ဒီနေ့မှာတော့ မင်မင်တို့က
လေယာဉ်လက်မှတ်တွေရဲ့
Class အမျိုးအစားခွဲခြားပုံနဲ့
ပတ်သတ်ပြီး သိထားရမယ့်အခြေခံအချက်လေးတွေနဲ့အတူ
လေကြောင်းလိုင်းအများစုမှာ ချမှတ်လေ့ရှိတဲ့ Ticket Policies ( Refund, Non Refund, Ticket Cancel, Date Change Fees, No Show Fees)အကြောင်းတို့ကို ဗဟုသုတအနေနဲ့
ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်...💞
လေကြောင်းလိုင်းတစ်ခုမှာ
အခြေခံအားဖြင့် First Class, Business class, Premium Economy နဲ့ Economy Class ဆိုပြီး
လက်မှတ်အမျိုးအစား လေးခုရှိပါတယ်
☘️ပထမတန်းစား (First Class) ကတော့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကိုပေးတဲ့ luxury class လက်မှတ်အမျိုးအစား ဖြစ်ပြီး စီးနင်းလိုက်ပါကြမယ့် လူကြီးမင်းတို့အတွက် သက်တောင့်သက်သာအနားယူနိုင်ဖို့ ထိုင်ခုံကနေ ခုတင်အဖြစ်သို့ ပြောင်းလဲနိုင်တဲ့ အဆင့်မြင့်ထိုင်ခုံ၊ သီးသန့် check-in ကောင်တာ၊ မှာယူလိုတဲ့ အစားအသောက်ေတွကို စိတ်တိုင်းကျ ဝန်ဆောင်မှုရရှိမှာ ဖြစ်တဲ့အပြင် လေယာဉ်မပျံသန်းမီ လေဆိပ်နားနေခန်း အသုံးပြုခွင့်၊ လေယာဉ်ပေါ်သို့ ဦးစားပေး တက်ရောက်ခွင့်နဲ့ ခရီးစဉ်အတွင်း ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများကို ရရှိခံစားနိုင်ပါတယ်..
☘️ Business Class မှာ သိသိသာသာ ကျယ်ဝန်းသော ထိုင်ခုံများ၊ အစားအသောက်ရွေးချယ်မှုများအပြင် first class မှ လူကြီးမင်းတို့ကဲ့သို့ လေယာဉ်မပျံသန်းမီ ပြင်ဆင်ထားသော ဝန်ဆောင်မှုတို့ ပါဝင်မှာဖြစ်ပါတယ်
☘️ Premium Economy Class ကတော့ Business Class နဲ့ Economy Class ကြားက အလယ်အလတ်တန်းစား လက်မှတ်ဖြစ်ပါတယ်။
Economy Class ထက် ပိုကျယ်တဲ့ ထိုင်ခုံတွေနဲ့ အပိုထပ်ဆောင်း ၀န်ဆောင်မှုပါ၀င်မှာဖြစ်ပြီး
☘️Economy Class ကတော့ ၀ယ်ယူမှုအများဆုံး လက်မှတ်အမျိုးအစားဖြစ်ပြီး အခြေခံဝန်ဆောင်မှုများကိုလည်း ပိုမိုသက်သာသောစျေးနှုန်းဖြင့် ရနိုင်ပါတယ်။
ပုံမှန်ထိုင်ခုံအရွယ်အစားဖြစ်ပြီး လေကြောင်းလိုင်းမှ သတ်မှတ်ထားတဲ့ အစားအသောက်ဝန်ဆောင်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်
လေကြောင်းလိုင်းအလိုက် Class အမျိုးအစားများ ကွဲပြားနိုင်ပြီး အချို့လေယာဉ်ကြီးတွေမှာ Class 6/7 ခုထိ ရှိနိုင်ပါတယ်။
Class အမျိုးအစားကွဲပြားမှုအလိုက် သတ်မှတ်ထားတဲ့ ပေါ်လစီနဲ့ သယ်ယူနိုင်တဲ့ ကီလို (Baggage/ Luggage)တို့ ကွဲပြားခြားနားနိုင်ပါတယ်။
အများစုကတော့ ဈေးနှုန်းချိုသာပြီး သင့်တင့်တဲ့၀န်ဆောင်မှုရရှိတဲ့ Economy Class ကို အဓိကထား ဝယ်ယူလေ့ရှိကြပါတယ်။
🫶 ရက်ပြောင်းလဲခြင်း(Date Change)
ဈေးပိုပေးရတဲ့ Class အမြင့်တွေရဲ့ အားသာချက်ကတော့ သွားမယ့်ရက်မတိုင်မီ ရက်ချိန်းမယ်ဆိုရင် ရက်ချိန်းခ အခမဲ့ဖြစ်ပြီး
ကိုယ်ချိန်းမယ့်ရက်က ကိုယ်၀ယ်ယူထားတဲ့ရက်ထက် ဈေးပိုနေရင် Fare Different ကို လူကြီးမင်းတို့ဘက်မှ ကျခံပေးရမှာ ဖြစ်ပါတယ်ရှင်
🫶ပြန်အမ်းငွေ (Refund)........
လေယာဉ်လက်မှတ်ဝယ်ယူပြီး
ခရီးမသွားဖြစ်ခဲ့ရင် Cancel လုပ်ဖို့ အတွက် ကိုယ်ဝယ်ခဲ့တဲ့ အေးဂျင့်ကို သွားမယ့်ရက်မတိုင်ခင် ကြိုတင်အသိပေး အကြောင်းကြားခြင်းဖြင့် အေးဂျင့်မှ Refund လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ပြန်အမ်းငွေရရှိဖို့အတွက်ကတော့ လေကြောင်းလိုင်းပေါ် မူတည်ပြီး အနည်းဆုံး တစ်လမှ သုံးလထိ ကြာတတ်ပါတယ်ရှင်
(ဒီနေရာမှာ ခရီးသည်အများစု အမှတ်မှားကြတာကတော့ ပရိုမိုးရှင်းဈေးနဲ့ ၀ယ်ယူခဲ့တဲ့ လက်မှတ်ဆိုရင် date change ချင်တာ/ Refund ပြန်ထုတ်ချင်တာမျိုး စတဲ့ ၀န်ဆောင်မှုတွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး၊ လူကြီးမင်းတို့ရဲ့ လက်မှတ်ဖိုး အဆုံးခံရမှာပါရှင်...
ပရိုမိုးရှင်းလက်မှတ်မဟုတ်ပေမယ့် budget airline ဆိုရင်လည်း refund ပြန်လည်ထုတ်ပေးမှာမဟုတ်ပါဘူး၊ Non Refund Ticket လို့ လက်မှတ်မှာပါလာရင်လည်း Refund
ပြန်လည်ရရှိမှာ မဟုတ်ပါဘူးနော်
ဒါကြောင့် ကိုယ်၀ယ်ယူခဲ့တဲ့ လက်မှတ်အမျိုးအစားက date changeတာ/ Refund ပြန်ရနိုင်/မရနိုင်ဆိုတာကို အေးဂျင့်တွေဆီမှာ မ၀ယ်ခင် မေးကြည့်တာဖြစ်ဖြစ်၊ ကိုယ့်လက်မှတ်မှာပါတဲ့ ပေါ်လစီကို ဖတ်ကြည့်ထားတာဖြစ်ဖြစ် အေးဂျင့်နဲ့ ၀ယ်ယူသူကြား ယုံကြည်မှုကို တည်ဆောက်နိုင်ကြပါစေရှင်...
🫶Name Change(or)Typing error.......
လက်မှတ်ထုတ်ထားတဲ့အမည်နဲ့ Passportထဲက အမည်လွဲမှားလို့
မရတာမို့ ticket booking ရတဲ့အခါ အမည်၊ ပတ်စပိုစ့်နံပါတ်၊ ခရီးသွားမယ့်ရက်နဲ့အချိန်ကို သေချာလေး စိစစ်ပေးကြရပါမယ်ရှင်
လက်မှတ်ထုတ်ပြီးမှ မှားမှန်းသိခဲ့ရင်တော့ သက်ဆိုင်ရာလေကြောင်းလိုင်းရဲ့ Name Change ခ ပေးဆောင်ပီးမှ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်..
🫶Check in(လေယာဉ်ကွင်းချိန်း).......
လေယာဉ်ထွက်ခွာချိန်မတိုင်မီ 3နာရီ ကြိုတင်ပြီး လေဆိပ်ကို ရောက်ရှိပြီး 2နာရီအလိုမှာ
Airline Counter မှာ Check in ဝင်ထားတာ အကောင်းဆုံးမို့ မင်မင့်ဆီက လက်မှတ်၀ယ်ယူထားတဲ့ လူကြီးမင်းတို့ကို အတက်နိုင်ဆုံး စောစောသွားဖို့ အမြဲသတိပေးပါတယ်ရှင်
🫶Ticket Price(လက်မှတ်ဈေးနှုန်း)
လေးတွေအနေနဲ့
အများသူငှာ ရုံးပိတ်ရက်ဖြစ်တဲ့ Saturday, Sunday တွေဆိုရင် စျေးပိုလေ့ရှိပါတာမို့ သတိပြုပါနော်
🎄 New Year Holiday, Chinese New year, Thingyan Water Festival စတဲ့ ပိတ်ရက်ရှည်ေတွအတွက် လက်မှတ်ကြိုတင်၀ယ်ယူခြင်းဖြင့် သက်သာတဲ့ဈေးနှုန်းကို ရယူပိုင်ဆိုင်နိုင်ကြပါစေရှင်
🫶No show fees......
First Class, Businessလို
High class လက်မှတ်ဝယ်ယူထားပြီး ခရီးလဲမသွားဖြစ်၊ ကြိုတင် cancel မလုပ်ထားခဲ့ရင် no show fee ကို refund ထဲက ပြန်လည်နုတ််ယူသွားမှာပါ
( အချို့လေကြောင်းလိုင်းပေါ်လစီမှာတော့ ကြိုတင်အကြောင်းမကြားဘဲ ပြန်လည်ထုတ်ယူခြင်းကို ခွင့်မပြုပါဘူးရှင်)
အရေးကြီးဆုံးအချက်ကတော့ လူကြီးမင်းတို့ရဲ့ passportမှာ အနည်းဆုံး 6လသက်တမ်း ရှိဖို့ သတိပြုပါရှင် 6လ သက်တမ်းမရှိရင် သက်တမ်းတိုးဖို့ အရင်ဆုံး စီစဉ်သင့်ပါတယ်...
လူကြီးမင်းတို့ရဲ့
ပျော်ရွှင်စရာခရီးစဉ်များကို
တိကျမြန်ဆန်၊
ချိုသာတဲ့ဈေးနှုန်း
နွေးထွေးမှန်ကန်တဲ့
မင်မင်တို့ Travels ရဲ့
24 နာရီ ၀န်ဆောင်မှုနဲ့အတူ
နေ့သစ်တိုင်းကို စတင်ပါ
Love you all 💘