Verse Creative Collective

Verse Creative Collective "ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ"

ဦးနှောက်က အချက်အလက်တွေကို ဖတ်ရတာထက် ပုံရိပ်နဲ့ အရောင်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ဖမ်းယူနိုင်ပါတယ် 🧠✨တကယ်တော့ လူတွေက ပစ...
23/05/2026

ဦးနှောက်က အချက်အလက်တွေကို ဖတ်ရတာထက် ပုံရိပ်နဲ့ အရောင်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ဖမ်းယူနိုင်ပါတယ် 🧠✨

တကယ်တော့ လူတွေက ပစ္စည်းတစ်ခုကို မဝယ်ခင်မှာ သူတို့ရဲ့ စိတ်ခံစားချက်ကို အရင်ဦးစားပေးပြီး ဝယ်ယူတတ်ကြတာပါ။

Packaging Design ဆိုတာ ကုန်ပစ္စည်းတစ်ခုကို ထည့်စရာ ထုပ်ပိုးမှုတစ်ခုတင် မဟုတ်ပါဘူး။

"တောင်းမှာ အကွပ်၊ လူမှာ အဝတ်" ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ 👔

ထုတ်ကုန်တစ်ခုအတွက် ထည်ဝါလှပတဲ့ Packaging ဆိုတာ လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးနဲ့ ထုတ်ကုန် အရည်အသွေးကို အကောင်းဆုံး ဖော်ပြပေးနိုင်တဲ့ ပုံရိပ်တစ်ခုပါ 💎

ဦးနှောက်ကနေ စက္ကန့်ပိုင်းအတွင်း ဝယ်သူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ မစဉ်းစားခင်မှာ မသိစိတ်ကို ဆုံးဖြတ်ချက်ချဖို့ တွန်းအားပေးတဲ့ အသံတိတ် အရောင်းဝန်ထမ်းတစ်ယောက်ဆိုလဲ မမှားနိုင်ပါဘူး

ကုန်ပစ္စည်း အရည်အသွေးက ဘယ်လောက်ပဲ ကောင်းနေပါစေဦးတော့ Packaging Design က ဆွဲဆောင်မှုမရှိရင် လူတွေက သတိမထားမိဘဲ ရှောင်ဖယ်သွားတတ်ကြပါတယ်။

ဒါကြောင့် Packaging ဆိုတာ ထုတ်ကုန်တစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်သွေးကြောပါပဲ ❤️

Packaging ကောင်းကောင်းတစ်ခုက ဝယ်ယူသူကို စျေးကြီးပေးရတာနဲ့ တန်တယ်လို့ ခံစားရစေပါတယ်။

ဒါဟာ ကုန်ကျစရိတ် မဟုတ်ဘဲ သင့် Brand ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ . . .

ထုတ်ကုန်တွေကို Premium ဆန်ဆန်နဲ့ လူကြိုက်များစေမယ့် Packaging Design တွေ ဖန်တီးချင်တယ်ဆိုရင်တော့ Verse Creative Collective က အဆင်သင့် ရှိနေပါတယ်ခင်ဗျာ ✨

Verse Creative Collective
"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ"

📞 Phone - 09 263 986 885, 09 795 729 793
💬 Telegram -
📧 Gmail - [email protected]

မနေ့ကပဲ ပြီးသွားတဲ့ Google I/O 2026  ပွဲအရ... စကားပဲ ပြောတတ်တဲ့ AI ခေတ် ကုန်သွားပါပြီ လုပ်ငန်းခွင်တစ်ခုလုံးကို ကိုယ်စားဝ...
21/05/2026

မနေ့ကပဲ ပြီးသွားတဲ့ Google I/O 2026 ပွဲအရ... စကားပဲ ပြောတတ်တဲ့ AI ခေတ် ကုန်သွားပါပြီ

လုပ်ငန်းခွင်တစ်ခုလုံးကို ကိုယ်စားဝင်ရောက် တွေးခေါ်လုပ်ဆောင်ပေးမယ့် Gemini Ecosystem ရဲ့ အကြမ်းဆုံး Updateတွေ ထွက်ရှိလာပါတယ်။

Business ပိုင်ရှင်တွေ Tech လုပ်ငန်းတွေအတွက် အချိန်နဲ့ ကုန်ကျစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးမယ့် လက်တွေ့ကျကျ လိုတိုရှင်း မျှဝေပေးလိုက်ပါတယ် . . .

⚡ Gemini 3.5 Flash
လုပ်ငန်းသုံး AI စနစ်တွေ၊ Chatbot တွေ ဆောက်တဲ့နေရာမှာ အမြန်နှုန်း နဲ့ ကုန်ကျစရိတ်က အရေးကြီးပါတယ်။

ဒါကို Gemini ကနေ အရင် Model တွေထက် ၄ ဆ ပိုမြန် လာသလို၊ ကုန်ကျစရိတ်ကလည်း တစ်ဝက်နီးပါး သက်သာ သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

API ရဲ့ Default Thinking Effort ကို "high" အစား "medium" ပြောင်းလဲပေးထားလို့ လုပ်ငန်းသုံး Automation စနစ်တွေ တည်ဆောက်တဲ့အခါ တုံ့ပြန်မှု ပိုမိုသွက်လက်လာပြီး Operational Cost ကို အများကြီး လျှော့ချပေးနိုင်မှာပါ။

🧠 Gemini Spark
၂၄ နာရီလုံး မအိပ်မနား အလုပ်လုပ်မယ့် လုပ်ငန်းတွင်း Agent တစ်ခုပါ။

သာမန် Chatbot လို မေးတာဖြေတာတင် မဟုတ်ဘဲ လုပ်ငန်းခွင်ထဲက Routine အလုပ်တွေကို ကိုယ်စား ဝင်လုပ်ပေးမယ့် အဆင့်မြင့် AI Agent အသွင်သို့ ကူးပြောင်းသွားခဲ့ပါပြီ။

Google Workspace (Gmail, Docs, Drive) တင်မကဘဲ လုပ်ငန်းခွင်သုံး Canva လို Third-party App တွေနဲ့ပါ ချိတ်ဆက်ပြီး Invoice စစ်ဆေးတာ၊ Report ထုတ်တာ၊ အစည်းအဝေးမှတ်တမ်း စုစည်းတာမျိုးတွေကို အလိုအလျောက် Automate လုပ်ပေးမှာပါ။

⚡ Google Antigravity

Gemini 3.5 Engine ကို အခြေခံပြီး Claude Code နဲ့ OpenAI Codex တို့ကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ထွက်လာတဲ့ CLI & Desktop App အသစ် ဖြစ်ပါတယ်။

Terminal ဒါမှမဟုတ် Desktop App ထဲမှာတင် စကားပြောရုံနဲ့ လုပ်ငန်းသုံး Automation Script တွေ၊ Tool တွေကို ကိုယ်တိုင် ရေးခိုင်း၊ Vibe Coding လုပ်လို့ရပါတယ်။ အရင်ထက် ၁၂ ဆ ပိုမြန် လို့ လုပ်ငန်းတွင်း Tech Stack ဆောက်ရတာ အများကြီး ပိုတွက်ခြေကိုက်သွားမှာပါ။

🌐 Google Search Mini Apps & One-Click Deploy

Search Box မှာ ရိုက်ထည့်လိုက်တာနဲ့ Gemini က နောက်ကွယ်ကနေ ကိုယ်တိုင် Code ရေးပြီး ရှင်းလင်းပြတ်သားတဲ့ Mini App တစ်ခုကို On-the-fly အနေနဲ့ တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

ဥပမာ ဆိုရင် "လက်ရှိ ပေါက်ဈေးတွေနဲ့ Live Data တွေကို ဆွဲယူပြီး ငါ့လုပ်ငန်းအတွက် ကြည့်ရလွယ်မယ့် Tracker Tool တစ်ခု ချက်ချင်းလုပ်ပေး" လို့ ခိုင်းလိုက်တာနဲ့ App တစ်ခု မျက်စိရှေ့တင် ထွက်လာမှာပါ။

ဒါ့အပြင် Google AI Studio ကနေ Cloud Run ပေါ် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အဲဒီ App ကို လုပ်ငန်းသုံးအဖြစ် အင်တာနက်ပေါ် ချက်ချင်း Launch နိုင်မှာ ဖြစ်ပါတယ်။

💡 The "Agentic Era" is Here! အခု Google Gemini AI က စကားပဲထိုင်ပြောနေတဲ့ AI မဟုတ်တော့ပါဘူး။

Gemini 3.5 Engine ကို အခြေခံပြီး လုပ်ငန်းခွင်ထဲမှာ တကယ့် Functional Tool တွေနဲ့ Mini App တွေကို ကိုယ်တိုင် Code ရေးခိုင်းပြီး ချက်ချင်း လက်တွေ့ အလုပ်ခိုင်းလို့ရမယ့် "Agentic Era" ကို အပြည့်အဝ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ချပြသွားတဲ့ Developer ပိုင်းဆိုင်ရာ အဓိကပြောင်းလဲမှုတွေနဲ့ စိတ်ဝင်စားစရာ အသေးစိတ်အချက်အလက်တွေကို ၅ မိနစ်စာ လိုတိုရှင်း ပြန်လည်ကြည့်ရှုနိုင်ဖို့ video ကိုလည်း တွဲဖက်လေ့လာနိုင်ပါတယ်။

Google I/O 2026 Developer Keynote 5-Minute recap
https://www.youtube.com/watch?v=FZ-3BjbfNlI

Verse Creative Collective
"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ"

လူတိုင်းကို မရောင်းပါနဲ့ စစ်မှန်တဲ့ ဝယ်သူတွေကိုပဲ ရောင်းပါ . . .အရောင်းလောကမှာ "လူတိုင်းအတွက်" ဆိုတဲ့ ကုန်ပစ္စည်းဟာ "ဘယ်...
21/05/2026

လူတိုင်းကို မရောင်းပါနဲ့ စစ်မှန်တဲ့ ဝယ်သူတွေကိုပဲ ရောင်းပါ . . .

အရောင်းလောကမှာ "လူတိုင်းအတွက်" ဆိုတဲ့ ကုန်ပစ္စည်းဟာ "ဘယ်သူ့အတွက်မှ မဟုတ်တဲ့" ကုန်ပစ္စည်းနဲ့ အတူတူပါပဲ။

အောင်မြင်တဲ့ စီးပွားရေးသမားတွေဟာ လူအများကြီးကို မရှာပါဘူး၊ သူတို့အတွက် အသင့်တော်ဆုံးသူတွေကိုပဲ ရွေးချယ်ရှာဖွေကြတာပါ။

ဒါပေမယ့် လုပ်ငန်းရှင်တော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ Digital ခေတ်မှာ "ကိုယ်ရောင်းချင်တဲ့ Customer တွေဆီ ဘယ်လိုရောက်အောင်ရောင်းမလဲ" ဆိုတာပါပဲ။

ရောင်းအားတက်ဖို့၊ Brand Awareness ပိုရဖို့ဆိုရင် Audience အသစ်တွေကို စဉ်ဆက်မပြတ် ဆွဲဆောင်ဖို့ လိုအပ်ပါတယ်။
Verse Creative Collective ကနေ လုပ်ငန်းတိုင်း အသုံးချနိုင်မယ့် နည်းလမ်း တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

✅ ရှိပြီးသား Data တွေကို အခြေခံပြီး Market ကိုချဲ့ထွင်ပါ

ကိုယ်က ဘယ်လိုလူတွေဆီကို ရောင်းချနေရသလဲဆိုတာကို အရင်ဆုံး ပြန်လည်ဆန်းစစ်ပါ။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ နေထိုင်ရာ၊ ဝယ်ယူမှုပုံစံတွေကို Data အရ သိထားပြီဆိုရင်၊ အဲဒီလိုလူမျိုးတွေနဲ့ ဆင်တူတဲ့ တခြားသူတွေဆီကို ဦးတည်ပြီး ကြော်ငြာတာက အထိရောက်ဆုံးနည်းလမ်းပါ။

✅ Omnichannel Marketing ကို ကျင့်သုံးပါ
"Social Media တစ်ခုတည်းမှာပဲ ရှိနေရင် လုံလောက်ပြီ" လို့ မထင်ပါနဲ့။
Email Marketing၊ Website ဒါမှမဟုတ် Offline Event တွေပါ တွဲသုံးပါ။ မတူညီတဲ့ ချန်နယ် (၃) ခုနဲ့အထက်မှာ ကိုယ့် Brand ကို ပုံမှန်မြင်နေရခြင်းက Customer တွေရဲ့ ယုံကြည်မှုကို ၉၀% ပိုမိုမြင့်တက်စေပါတယ်။


✅ Landing Page နဲ့ အကျိုးရှိတဲ့အရာတစ်ခုခု ပေးပါ
လူတွေကို Social Media Profile တွေ ဒါမှမဟုတ် Landing Page ဆီ ရောက်လာအောင် ဆွဲဆောင်ပါ။ Service လုပ်ငန်းတွေဆို Free Consultation လိုမျိုး Sales လုပ်ငန်းတွေဆို Discount Coupon တွေလို တန်ဖိုးရှိတဲ့အရာတစ်ခုခုကို ပေးပြီး သူတို့ရဲ့ အချက်အလက်ကို စုဆောင်းပါ။
ဒါမှသာ နောက်ပိုင်းမှာ ထိရောက်တဲ့ Follow-up တွေ လုပ်နိုင်မှာပါ။

✅ Complementary Partner ရှာပါ
ကိုယ်နဲ့ တိုက်ရိုက်မပြိုင်ဘဲ ဝန်ဆောင်မှုချင်း ဖြည့်စွက်ပေးနိုင်တဲ့ လုပ်ငန်းတွေနဲ့ လက်တွဲပါ။

(ဥပမာ - အိမ်ခြံမြေရောင်းတဲ့သူက အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုနဲ့ ပူးပေါင်းတာမျိုး)။ ဒါက နှစ်ဖက်စလုံးရဲ့ ပရိသတ်တွေကို အပြန်အလှန် ပိုင်ဆိုင်ခွင့် ရရှိစေပါတယ်။
✅ Social Listening ကို အမြဲလုပ်ပါ
Customer တွေ ဘာတွေပြောနေလဲ၊ ဘာတွေလိုအပ်နေလဲ၊ ဘာတွေကို မကြိုက်ကြလဲဆိုတာကို အမြဲ နားထောင်ပါ။ လူတွေဝယ်တာ product မဟုတ်ဘူး . . . သူတို့က ခံစားချက်ကိုဝယ်တာ
ကိုယ့်ရဲ့ Content တွေမှာ အရောင်းချည်း မလုပ်ဘဲ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အချက်အလက်တွေကို ဝေမျှပေးမယ်ဆိုရင် ဝယ်သူတွေက ကိုယ့်ဆီကို အလိုလို ရောက်လာပါလိမ့်မယ်။

Audience Growth ဆိုတာ နေ့တွင်း ညချင်းဖြစ်လာတာမျိုးမဟုတ်ပါဘူး။

ကိုယ့်ရဲ့ Target တွေကို သေချာနားလည်ဖို့၊ မတူညီတဲ့ နည်းလမ်းပေါင်းစုံသုံးဖို့နဲ့ အမြဲတမ်း တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို မျှဝေပေးဖို့ လိုအပ်ပါတယ်။
မိတ်ဆွေလုပ်ငန်းမှာရော အခုပြောပြခဲ့တဲ့ နည်းလမ်းတွေထဲက ဘယ်တစ်ခုကိုသုံးပြီးပြီလဲ?

Verse Creative Collective
"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ"

📞 Phone - 09 263 986 885, 09 795 729 793
💬 Telegram -
📧 Gmail - [email protected]

တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုပြီး ခန့်မှန်းခြေနဲ့ Marketing လုပ်နေရင် ရပ်လိုက်ပါတော့ 🚫လုပ်ငန်းရှင်တော်တော်များများ M...
19/05/2026

တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုပြီး ခန့်မှန်းခြေနဲ့ Marketing လုပ်နေရင် ရပ်လိုက်ပါတော့ 🚫

လုပ်ငန်းရှင်တော်တော်များများ Marketing လုပ်တဲ့အခါ အားသွန်ခွန်စိုက်တော့ လုပ်ကြပါရဲ့။ ဒါပေမဲ့ တော်တော်များများက အချိန်မပေးနိုင်တာ၊ ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာ မသေချာတာတွေကြောင့် ရှေ့မတိုးသာ ဖြစ်နေတတ်ကြပါတယ် 😮‍💨

ပြောင်းလဲလာတဲ့ ယနေ့ခေတ်ဈေးကွက်မှာ ခန့်မှန်းခြေတွေနဲ့တင် အလုပ်လုပ်နေမယ်ဆိုရင်တော့ အားကုန်ငွေကုန်ပြီး လိုရာခရီးမရောက်ဘဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ Verse Creative Collective ရဲ့ "လမ်းကြောင်းမှန်နဲ့ဆိုရင်တော့ ခရီးပေါက်ဖို့ မခက်ခဲတော့ပါဘူး"

Verse Creative Collective ကနေ သင့်လုပ်ငန်းအတွက် ဘာတွေလုပ်ဆောင်ပေးမလဲဆိုရင်တော့ ✨

📈 လုပ်ငန်းရဲ့ ရည်မှန်းချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ထိရောက်တဲ့ Creative Campaign တွေ စီစဉ်ပေးပြီး Strategy အခိုင်အမာ ချမှတ်ပေးခြင်း

📊 မိမိလုပ်ငန်းရဲ့ Digital Marketing အခြေအနေကို အသေးစိတ် သိရှိနိုင်မယ့်အပြင် Competitor တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုပါ တိတိကျကျ ခွဲခြမ်းစိတ်ဖြာပေးခြင်း

🌐 Facebook, Instagram နဲ့ Google Business စတဲ့ Channel အစုံမှာ သင့် Brand ရဲ့ Identity တစ်ထပ်တည်းကျနေအောင် စနစ်တကျ Setup ပြုလုပ်ပေးခြင်း

🎯 ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တကယ်စိတ်ဝင်စားမယ့် တကယ့် Target Audience ထံ တိကျစွာ ရောက်ရှိသွားအောင် စီမံပေးခြင်း

🩺 လုပ်ငန်းရဲ့ Branding ကို အမြဲမပြတ် ထိန်းသိမ်းပေးပြီး Project တစ်လျှောက်လုံး လိုအပ်ချက်အလိုက် လစဉ်ပုံမှန် တိုင်ပင်ဆွေးနွေးကာ အကောင်းဆုံးအကြံပြုချက်များ ပေးခြင်း

လူပင်ပန်းပြီး ရလဒ်မထွက်တဲ့ လမ်းဟောင်းကနေ ရုန်းထွက်ပြီး မိတ်ဆွေ လုပ်ငန်းကို အရှိန်အဟုန်နဲ့ ချောချောမွေ့မွေ့ လိုရာခရီးရောက်နိုင်ဖို့ VCC ရဲ့ Marketing Team နဲ့အတူ လက်တွဲလုပ်ဆောင်လိုက်ပါ

Verse Creative Collective
"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ။"
📞 Phone - 09 263 986 885, 09 795 729 793
💬 Telegram -
📧 Gmail - [email protected]

လုပ်ငန်းရှင်တော်တော်များများက Social Media ပေါ်မှာ ပုံတွေတင်နေရုံ၊ ကြော်ငြာ (Ads) တွေ Run နေရုံနဲ့ လုံလောက်ပြီလို့ ထင်တတ...
16/05/2026

လုပ်ငန်းရှင်တော်တော်များများက Social Media ပေါ်မှာ ပုံတွေတင်နေရုံ၊ ကြော်ငြာ (Ads) တွေ Run နေရုံနဲ့ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ ဒါတွေက တကယ်ကော အလုပ်ဖြစ်ရဲ့လား?

အရောင်းကျတိုင်း Ads တစ်ခုတည်းကိုပဲ အားကိုးနေမယ်ဆိုရင်တော့ သင့်လုပ်ငန်းဟာ "Ads Oxygen" အမြဲလိုနေတဲ့ Brand တစ်ခု ဖြစ်လာပါလိမ့်မယ်။

Analysis မလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းကနေ ROI ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ်က ဘယ်လောက်ထိ ပြန်ရနေလဲဆိုတာ မသိနိုင်တော့ပါဘူး

ဒါကြောင့် ကိုယ့်ရဲ့ Content Marketing ကိုယ့်ရဲ့ Social Media အခြေအနေကို သိနိုင်ဖို့က Analysis တွေ ပုံမှန်လုပ်ဆောင်နေဖို့လိုအပ်ပါတယ်။

ကိုယ်ကိုတိုင်ကိုက ဒါတွေကိုရော လုပ်ဖြစ်နေရဲ့လား?

ယနေ့ခေတ်ကာလမှာ Analysis အပြင် Branding ဖြစ်ဖို့ပါ ကြိုးစားရပါမယ်။

Branding ဆိုတာ အရောင်ကာလာတွေတင် မဟုတ်ဘဲ USP လို သီးသန့်အားသာချက်တွေ၊ Customer Experience နဲ့ Brand Value အားလုံး ပါဝင်တာကိုဆိုလိုတာပါ။

ဒါကြောင့် မိတ်ဆွေက လုပ်ငန်းကို တကယ်ချစ်ရင် "ခန့်မှန်းခြေ" နဲ့ သွားနေတာတွေကို ရပ်လိုက်ပါ။

ပလိုင်းပေါက်နဲ့ ဖားကောက်သလို အကျိုးမဲ့ နေရာတွေမှာ ငွေကုန်မခံဘဲ Data Analysis သေချာလုပ်ဖို့ လိုအပ်နေပါပြီ။

Analysis လုပ်ခြင်းအားဖြင့် ဘယ်ကြော်ငြာက အရောင်းတက်လဲ၊ ဘယ် Content က လူကြိုက်များလဲ တိတိကျကျ သိလာရမယ်။

Engagement ကျနေတာလား? Reach မရှိတာလား? ဒါမှမဟုတ် ဝယ်သူတွေက စုံစမ်းရုံပဲ စုံစမ်းပြီး ဝယ်မသွားကြတာလား? အဖြေကို Analysis မှာပဲ ရှာတွေ့နိုင်ပါတယ်။

ပြဿနာကို စောစောစီးစီးသိရင် ဆုံးရှုံးမှု မကြီးမားခင် အချိန်မီ ပြုပြင်နိုင်ပါတယ်။

Analysis လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ Customer တွေဟာ ဘယ်နေရာမှာ ရှိနေလဲ၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားလဲဆိုတာကို နားလည်လာပြီး Marketing Strategy ကို ပိုမိုထိရောက်အောင် ပြင်ဆင်နိုင်ပါတယ်။

ကိုယ်ကိုတိုင်က အချိန်မပေးနိုင်ဘူး၊ နားမလည်ဘူးဆိုရင်တော့ Verse Creative Collective ဆီ စိတ်ချလက်ချ လွှဲထားလိုက်ပါ။

ခိုင်မာတဲ့ Strategic Plan နဲ့ သွားတဲ့အတွက် လုပ်ငန်းဟာ Brand Awareness ပိုမိုကျန်းမာသန်စွမ်းလာပါလိမ့်မယ်။

မိတ်ဆွေလုပ်ငန်းကရော... အခုချိန်မှာ ဘယ်လိုအခြေအနေရှိနေလဲ? အဖြေကို သေသေချာချာ မသိသေးရင်တော့ လုပ်ငန်း မနာဖျားခင် အချိန်မီ ကုသနိုင်ဖို့ VERSE Creative Collective ကို ဆက်သွယ်လိုက်ပါ။

ကျွန်တော်တို့က မိတ်ဆွေလုပ်ငန်းရဲ့ Digital Performance တွေကို အသေးစိတ် Analysis လုပ်ပေးပြီး အကောင်းဆုံးသော Marketing Strategy တွေနဲ့ ဖေးမကူညီပေးဖို့ အသင့်ရှိနေပါတယ်။

"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ။"

📞 Phone - 09 263 986 885, 09 795 729 793
💬 Telegram -
📧 Gmail - [email protected]


Hello Hello, Verse Team နဲ့အတူ Creative တွေ ဖန်တီးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် . . . 1️⃣ Social Media Executive (Male) ☯...
15/05/2026

Hello Hello, Verse Team နဲ့အတူ Creative တွေ ဖန်တီးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် . . .

1️⃣ Social Media Executive (Male)

☯️ Key Responsibilities

- Facebook, TikTok, Google နှင့် LinkedIn စသည့် Platform အသီးသီးအတွက် Marketing Campaign များ ရေးဆွဲအကောင်အထည်ဖော်ရမည်

- Platform တစ်ခုချင်းစီ၏ Algorithm နှင့် အသုံးပြုသူများ၏ အလေ့အထပေါ်မူတည်၍ Strategy များ ချမှတ်ရမည်

- Facebook Ads Manager နှင့် အခြား Platform များတွင် Campaign များအား Setup ပြုလုပ်ခြင်း၊ Target Audience ရွေးချယ်ခြင်းနှင့် Budget များအား ထိရောက်စွာ စီမံခန့်ခွဲရမည်

- Strategy နှင့် ကိုက်ညီသော Creative Content Calendar များကို ရေးဆွဲပြီး စနစ်တကျ စီမံခန့်ခွဲရမည်

- ဆွဲဆောင်မှုရှိသော Social Media Copy/Captions များကို ရေးသားနိုင်ရမည်

- Content များ ဖန်တီးရာတွင် လိုအပ်ပါက Photoshop, Adobe Illustrator အခြေခံများကို လေ့လာအသုံးပြုရမည်

- Social Media Performance များအား Analysis လုပ်ပြီး လိုအပ်သော Optimization များ ပြုလုပ်ရမည်

- Communication ကောင်းမွန်ပြီး Team နှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်

☯️Job Requirement

- Social Media Marketing နှင့် ပတ်သက်၍ အတွေ့အကြုံ (၁) နှစ်နှင့်အထက် ရှိသူဖြစ်ရမည်။

-Creative ဖြစ်သော Content Idea များနှင့် Campaign များအား စဉ်ဆက်မပြတ် ဖန်တီးနိုင်ရမည်။

-Marketing ဆိုင်ရာ Certificate, Diploma (သို့မဟုတ်) သက်ဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။

-Trend များကို အစဉ်တစိုက် လေ့လာနေသူဖြစ်ပြီး Research ပိုင်းတွင် အားကောင်းသူဖြစ်ရမည်။

1️⃣Junior Digital Marketing (Male)
(Internship လျှောက်ထားသူများကိုလည်း ကြိုဆိုပါသည်)

☯️ Key Responsibilities

- ချမှတ်ထားသော Marketing Plan များအတိုင်း Project များ အချိန်မီပြီးမြောက်အောင် Senior များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်

- ချမှတ်ထားသော Marketing Plan များအတိုင်း Project များ အချိန်မီပြီးမြောက်အောင် Senior များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်

- လုပ်ဆောင်နေသော Digital Campaign များ၏ ရလဒ်များကို နေ့စဉ် Monitoring လုပ်ပြီး ဒေတာများကို စုဆောင်းရမည်

- ပြိုင်ဘက်များ၏ အခြေအနေနှင့် Market Trend များကို Research လုပ်ပြီး Team သို့ တင်ပြရမည်

☯️Job Requirement

- Digital Marketing နယ်ပယ်တွင် စိတ်ပါဝင်စားမှုရှိပြီး လုပ်ငန်းအတွေ့အကြုံ (၆)လ ဝန်းကျင်ရှိသူ (သို့မဟုတ်) Fresh Graduate / Intern များ လျှောက်ထားနိုင်သည်။

- Digital Marketing Platform များ (Ads Manager, Google Analytics) ကို အခြေခံသဘောတရား နားလည်ထားသူ ဖြစ်ရမည်။

- အသစ်အသစ်သော Marketing Tools များနှင့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာလိုစိတ် ရှိရမည်။

- Microsoft Excel, Gmail, Outlook, Google Sheets အခြေခံ အသုံးပြုနိုင်ရမည်။

- Team နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်

1️⃣Graphic Designer (Work From Home) (Project Base)

☯️ Key Responsibilities

- Adobe Photoshop နှင့် Illustrator တို့ကို အသုံးပြုပြီး Client များ၏ Brand Identity နှင့် ကိုက်ညီသော Creative Social Media Design (Single Posts, Carousels, Stories & Covers) များ ဖန်တီးရမည်

- Content Team မှ ပေးသော Idea များကို ဆွဲဆောင်မှုရှိသော Visual များအဖြစ် ပြောင်းလဲဖန်တီးပေးရမည်

- Design တစ်ခုချင်းစီ၏ Quality ကို ထိန်းသိမ်းပြီး သတ်မှတ်ထားသော Deadline အတွင်း အပြီးသတ်ပေးပို့နိုင်ရမည်

-Feedback များအပေါ် မူတည်၍ လိုအပ်သော Design ပြုပြင်မှု (Revisions) များကို စိတ်ရှည်စွာဖြင့် ပြုလုပ်ပေးနိုင်ရမည်

☯️Job Requirement

- Graphic Design နယ်ပယ်တွင် အတွေ့အကြုံရှိသူဖြစ်ပြီး မိမိ၏ အရည်အချင်းကို သက်သေပြနိုင်သည့် Portfolio တင်ပြနိုင်ရမည်

-Layout, Typography နှင့် Color Theory ဆိုင်ရာ အခြေခံဗဟုသုတ ကောင်းမွန်ရမည်

- Work From Home ဖြစ်သည့်အတွက် အချိန်တိကျမှုရှိပြီး Social Media/Telegram မှတစ်ဆင့် Communication ကောင်းမွန်စွာ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်

- Creative ဖြစ်သော Idea အသစ်များကို အစဉ်တစိုက် လေ့လာနေသူ ဖြစ်ရမည်

To Apply

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ google form မှတစ်ဆင့်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

https://forms.gle/WemehvGY2wWqqeDc6

ချစ်တယ် မေမေ 💛အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကျမ်းမာ ချမ်းသာကြပါစေ  🙏💛အမေတို့ ကကျန်းမာ ချမ်းသာ၊ သားသမီးတွေက ...
10/05/2026

ချစ်တယ် မေမေ 💛

အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကျမ်းမာ ချမ်းသာကြပါစေ 🙏💛

အမေတို့ ကကျန်းမာ ချမ်းသာ၊ သားသမီးတွေက မုန့်ဖိုး များများ ရ 😁 စိတ်ရင်းလေးတစ်ခုပါ

ယုံကြည်မူနဲ့ ခိုင်မာတဲ့ ရလဒ်တွေ အပေါ်မှာ လက်တွဲနေဆဲ အိမ်သုံးရေသန့်စက်တွေ အပြင်တစ်နိုင်တစ်ပိုင် လုပ်ငန်းသုံးရေသန့်စက်တွေက...
06/05/2026

ယုံကြည်မူနဲ့ ခိုင်မာတဲ့ ရလဒ်တွေ အပေါ်မှာ လက်တွဲနေဆဲ

အိမ်သုံးရေသန့်စက်တွေ အပြင်တစ်နိုင်တစ်ပိုင် လုပ်ငန်းသုံးရေသန့်စက်တွေကနေ လီတာ ၁၀၀၀၀ကျော်ထိ မြန်မာပြည်ရဲ့ ဘယ်ဒေသမဆို တပ်ဆင်ပြီး ဝန်ဆောင်မူကောင်း တွေပေးနေတဲ့ SOLUTION Water Treatment and Service နဲ့ ၂၀၂၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီခရီးလမ်းဟာ အခုဆိုရင် အောင်မြင်မှုမှတ်တိုင်များစွာနဲ့ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်✨

မြန်မာပြည်အနှံ့ ခြေဆန့်နေတဲ့ SOLUTION ရဲ့ ခြေလှမ်းတိုင်းမှာ Verse က အနီးကပ် ရှိနေခဲ့ပါတယ် 💛

မြန်မာပြည် နေရာအနှံ့ Service and Installing ပေးနေတဲ့ လုပ်ငန်း ဖြစ်​တာကြောင့် Market ထဲမှာ Strategy တွေ၊ Planning တွေနဲ့ Market Lead ဖြစ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့သလို . . .

🎯 Branding ပိုင်း အတွက် ဆွဲဆောင်မှုရှိ တဲ့ Rebranding Logo‌ တွေအပြင် Marketing Material Design များ ဖန်တီးပေးခဲ့သလို

📈 Digital Marketing ပိုင်း အတွက် ဈေးကွက်ကို ဦးဆောင်နို င်ဖို့ လိုအပ်တဲ့ Creative Design နဲ့ Contents တွေ

💡 Result ကောင်းတဲ့ Campaign Plan တွေ

📊 Target အထိရောက်ဆုံး Media Buying Service တွေ နဲ့ SOLUTION ရဲ့ အောင်မြင်မှုကို အတူတူ ပုံဖော်ခဲ့ကြပါတယ်။

စျေးကွက်ထဲကို ထိုးဖောက်ဖို့ ဆန်းသစ်ပြီး အလုပ်ဖြစ်တဲ့ Ideas တွေကို အကြံပေး ဆောင်ရွက်နေတာကြောင့် ယုံကြည်မှုနဲ့ ရလဒ်ပေါ် မူတည်ပြီးလက်တွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

fb page link
https://www.facebook.com/solutionwaterengineering
https://www.facebook.com/waterengineeringservices

စျေးကွက်ထဲကို စတင်​ခြေလှမ်းတဲ့အခါ Digital Marketing ပိုင်းဆိုင်ရာမှာ အကူအညီရချင်တယ်ဆို Verse Creative Collective ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်လို့ရပါတယ်။

လုပ်ငန်းအမျိုးအစားတွေ ပေါ်မူတည်ပြီး မတူညီတဲ့ Ideas တွေနဲ့ ထိုးဖောက်ပေးဖို့အတွက် Verse Creative Collective နဲ့ Free Consultation ရယူပြီး တိုင်ပင်နိုင်ပါပြီခင်ဗျာ

Verse Creative Collective မှာ ကျွန်တော် တို့ရဲ့ ၇ နှစ်ကျော် အတွေ့ အကြုံ ရှိတဲ့ လူငယ် Team Memberတွေက ခေတ်မီဆန်း သစ်တဲ့ Ideas တွေ ၊ ရိုး ရှင်း ထိရောက်တဲ့ နည်းလမ်းတွေ နဲ့ သင့်လုပ်ငန်း အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးဖို့ အသင့်ရှိ နေပါတယ်🤝🤝

‎DM - m.me/vesrsecreativecollective
For Inquiry - 09 795 729 793, 09 263 986 885
‎Email - [email protected]
‎‎

တစ်နေ့ကို ကြော်ငြာပေါင်း သောင်းနဲ့ချီ မြင်တွေ့နေရတဲ့ကြားမှာ... ကိုယ့် Brand ကို 'အထာကျကျ' ရှိနေစေဖို့ ဆိုရင်. . . 🤯Socia...
02/05/2026

တစ်နေ့ကို ကြော်ငြာပေါင်း သောင်းနဲ့ချီ မြင်တွေ့နေရတဲ့ကြားမှာ... ကိုယ့် Brand ကို 'အထာကျကျ' ရှိနေစေဖို့ ဆိုရင်. . . 🤯

Social Media Platform တွေပေါ်မှာ မိတ်ဆွေရဲ့ Brandကို သေချာလေး ရပ်ကြည့်သွားစေဖို့ဆိုတာ သာမန်ထက်ထူးကဲတဲ့ Creativeဖြစ်နေဖို့ လိုအပ်ပါတယ် 💡

လူတွေရဲ့ မျက်စိကို ပထမဆုံး ဖမ်းစားနိုင်တာက ခေတ်မီတဲ့ Brand Color၊ ဆန်းသစ်တဲ့ Design နဲ့ ထိရောက်တဲ့ Content Strategy တွေပါပဲ . . . 🚀

အောင်မြင်တဲ့ Brand တစ်ခုဖြစ်ဖို့ Facebook တစ်ခုတည်းတင် မဟုတ်ဘဲ လုပ်ငန်းအမျိုးအစားအလိုက် Instagram, TikTok, YouTube စတဲ့ Platform အစုံမှာ Identity တစ်ခုတည်း ရှိနေဖို့က အဓိက အသက်သွေးကြောပါပဲ။

ဒါကြောင့်မိတ်ဆွေ လုပ်ငန်းရဲ့ Digital Growth အတွက် ခေါင်းခဲနေရတာတွေကို Verse Creative Collective (VCC) ဆီ စိတ်ချလက်ချ လွှဲထားလိုက်ပါ 😊

အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့ရဲ့ Marketing Team က မိတ်ဆွေ လုပ်ငန်း အတွက် -

- ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာစေမယ့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှု (Competitor Analysis)
- လုပ်ငန်းရဲ့ တိုးတက်မှုကို အချက်အလက် (Data) နဲ့တကွ အတွင်းကျကျ သိရှိနိုင်စေမယ့် Performance Monitoring
- Brand နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Strategy-led Content Plan တွေနဲ့ အစအဆုံး အကောင်းဆုံး ဖန်တီး ပုံဖော်ပေးသွားမှာပါ ✨

ခေါင်းကိုက်နေရတဲ့ Marketing အခက်အခဲတွေကို ဖြေရှင်းဖို့
Verse Creative Collective နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ! ✨🤝

Verse Creative Collective
"ချစ်ခြင်းမေတ္တာဖြင့် Brand တစ်ခုကို ဖန်တီးတည်ဆောက်ပါ"
📞 09 263 986 885 , 09 795 729 793

ညောင်ရေသွန်းလို့ ကုသိုလ်နှောစိတ်နှလုံးကို အေးမြကြပါစေ . . .
30/04/2026

ညောင်ရေသွန်းလို့ ကုသိုလ်နှော

စိတ်နှလုံးကို အေးမြကြပါစေ . . .

ညောင်ရေသွားသွန်းချင်လို့ပါ 😁May 2 ရက်နေ့မှ ပြန်တွေ့ကြပါမယ်  . . . 👋
29/04/2026

ညောင်ရေသွားသွန်းချင်လို့ပါ 😁
May 2 ရက်နေ့မှ ပြန်တွေ့ကြပါမယ် . . . 👋

Address

Ward 1, No13/320 Shwe Oo Daung Road, Hlaing Thar Yar Township
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Verse Creative Collective posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share