Shwe San Aein Private School

Shwe San Aein Private School Think positive.Be positive.

Permanently closed.
29/03/2022
04/02/2022

တခါက လယ်သမား တစ်ယောက်ဟာ…နှစ်စဉ် သီးနှံပြိုင်ပွဲကိုဝင်ပြိုင်တာ…သူဝင်ပြိုင်တိုင်း…ပထမ ဆုပဲ…ရသတဲ့။

တစ်နှစ်တော့ သတင်းသမား တစ်ယောက် က လယ်သမားကြီးကို ဒီလို ပြောင်းဖူးအရည်အသွေး ကောင်းအောင် ဘယ်လိုစိုက်သလဲဆိုပြီး အင်တာဗျူး လာမေးသပေါ့။

ဒီလို အင်တာဗျူးရင်းနဲ့ စိတ်ဝင်စားစရာအချက် တစ်ခု ကို သိလာခဲ့မိတယ်။

လယ်သမားကြီးဟာ သူ့ပြောင်းမျိုးစေ့တွေကို ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အမြဲလိုလို ဝေမျှ ပစ်နေတယ် ဆိုတာပဲ။

တအံ့တသြနဲ့ အင်တာဗျူးလုပ်သူဟာ လယ်သမားကြီး ကိုမေးခဲ့တယ်။

"ဘာလို့ ဒီလောက် ပြောင်းမျိုးကောင်းမျိုးသန့်တွေကို ကိုယ့်စိုက်ခင်းမဟုတ်တဲ့ဘေးက စိုက်ခင်းတွေဆီ လျှောက်ဝေရသလဲခင်ဗျ။ခင်ဗျားဆုံးရှုံးတာပေါ့။"

"မဟုတ်တာဗျာ။"
လယ်သမားကြီးက ရယ်လျက် ပြန်ဖြေတယ်။

"ပြောင်းမှည့်ပြီဆိုတာနဲ့ထွက်လာတဲ့ဝတ်မှုန်တွေကို လေတိုက်တဲ့အခါ လေက သယ်ဆောင်သွားတယ် မဟုတ်လား။ ဒီတော့ ခင်ဗျား စဉ်းစားကြည့်။

ကျုပ်ပတ်ဝန်းကျင်မှာသာ မျိုးမသန့်တဲ့ပြောင်းတွေ စိုက်နေခဲ့ရင်ကျုပ်အနေနဲ့ မျိုးကောင်း ဘယ်လောက်ပဲ စိုက်စိုက် ဝတ်မှုန်ကူးတာ များလာတာနဲ့အမျှ ကျုပ် ပြောင်းအရည်အသွေးပါ မကျပေဘူးလား။ ဒီတော့
ကျုပ် ပြောင်းအရည်အသွေးကောင်းဖို့ ပတ်ဝန်းကျင် မျိုးကောင်း ဖို့လဲ လိုပြီလား မိတ်ဆွေရယ်။"

#ဒီကနေရတဲ့သင်ခန်းစာကတော့……
ကိုယ်ကောင်းဖို့အတွက် ကိုယ်တိုင်ပြုပြင် အားထုတ် ရသလို…ပတ်ဝန်းကျင်ကိုလဲ မျိုးကောင်းတွေကြဲပေး… ဖို့လိုပါလိမ့်မယ်။

ပတ်ဝန်းကျင် မျိုးညံ့နေတဲ့ အခါမှာတော့…
ကိုယ်…ဘယ်လောက်ပဲ…ကောင်းအောင်…လုပ်နေ… လုပ်နေ…ပတ်ဝန်းကျင် သတ်လို့သေတဲ့… အထိကို ဖြစ်နိုင်ပါတယ်။

#ပြောချင်တာ……
သင်…ကောင်းအောင် လုပ်ပါ။
နောက်ပြီး… သင့်ပတ်၀န်းကျင်…ကိုလည်း…
ကောင်းအောင်လုပ်ပါ။


- မူရင်း

အသီးတရာအညှာတစ်ပွင့်
22/09/2020

အသီးတရာအညှာတစ်ပွင့်

22/05/2020
နှုတ်ဆက်ကန်တော့ပွဲ
24/02/2020

နှုတ်ဆက်ကန်တော့ပွဲ

Address

No 1Quater, Sait Ta Thuka Road
Yedashe

Telephone

+959428147612

Website

Alerts

Be the first to know and let us send you an email when Shwe San Aein Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe San Aein Private School:

Share