06/08/2024
ဘာကို အမက်မောဆုံးလဲမေးရင်...
စိတ်အေးချမ်းစွာနေရတာကို မက်မောပါတယ် ။
ဘာကို အလိုချင်ဆုံးလဲမေးရင်...
စစ်မှန်သော ချစ်ခြင်းမေတ္တာကိုသာ အလိုရှိပါတယ် ။
ဘယ်လောက်ပဲ သေးငယ်တဲ့ကမ္ဘာမှာပဲ နေရပါစေ
ရှင်းပြမှ နားလည်ပေးတဲ့ ရပ်ဝန်းမှာလည်း
ကိုယ်မရှင်သန်ခဲ့ဘူး ။
ငိုမပြလည်း ကိုယ်တကယ်ဝမ်းနည်းနေကြောင်း
ရှင်းမပြလည်း ကိုယ်မမှားကြောင်း
သိပေး ခံစားပေးတဲ့ ရပ်ဝန်းမှာသာ
ကိုယ်စိုက်တဲ့ပန်းတွေ ပွင့်စေချင်ခဲ့ပါတယ်။ ။