Bee in Digi

Bee in Digi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bee in Digi, Graphic designer, Metro Prima, Kepong, Kuala Lumpur.

Bluetooth အကြောင်းBluetooth ဆိုတာ Personal Electronic Device တွေကို အချင်းချင်း ကြိုးမဲ့ဆက်သွယ်ပေးတဲ့နည်းပညာ ဖြစ်ပါတယ်။ ...
26/03/2026

Bluetooth အကြောင်း

Bluetooth ဆိုတာ Personal Electronic Device တွေကို အချင်းချင်း ကြိုးမဲ့ဆက်သွယ်ပေးတဲ့
နည်းပညာ ဖြစ်ပါတယ်။ ၎င်းကိုPersonal Area Network (PANs) ချိတ်ဆက်တယ်လို့လည်း ခေါ်ပါတယ်။
Bluetooth ဆိုတဲ့ နည်းပညာကိုမူလပထမ Developed လုပ်ခဲ့တာကတော့ Swedish Telecom ပဲ
ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဖြစ်သူKing Harold Bluetooth ရဲ့ နာမည်ထဲက Bluetooth ကိုအလေးအမြတ်ပြု
ယူသုံးထားတာ ဖြစ်ပါတယ်။ အဲဒီဘုရင်ကြီးက ဆွီဒင်နိုင်ငံရယ်၊ နော်ဝေးနိုင်ငံရယ်၊ ဒိန်းမတ်နိုင်ငံရယ်အစရှိတဲ့
မတူညီတဲ့ နိုင်ငံတွေက ပြည်သူတွေကို စစ်ပွဲဆင်နွှဲပြီး ပေါင်းစည်းနိုင်ခဲ့တယ်။ အဲ့သလိုပါပဲ။ Bluetooth
Technology ဟာလည်း အဲ့ဒီလိုမတူညီတဲ့ Personal Electronic Devices တွေကို
ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။

ဒီတော့Bluetooth Technology အကြောင်းကိုဆက်လေ့လာကြရအောင်။
Bluetooth Network တွေဟာ 2.45 GHz ရှိတဲ့ Radio Frequency ကို အသုံးပြုပါတယ်။
ပြောရမယ်ဆိုလျင်ဒါဟာ WiFi Network တွေ၊ Cordless Phone တွေ၊ Microwave Oven တွေမှာသုံးတဲ့
Frequency နှင့်အတူတူပဲ ဖြစ်ပါတယ်။ Bluetooth ပစ္စည်းတွေဟာ ပုံမှန်အားဖြင့် ၁၀ မီတာ (၃၂

ပေ)အတွင်းသာ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်Sensitivity နှင့်Transmission အရမ်းမြင့်တဲ့
Bluetooth တွေမှာတော့မီတာ ၁၀၀ လောက်အထိချိတ်ဆတ်အသုံးပြုနိုင်ပါတယ်။ Data Rate အနေနဲ့ 300
Kbps လောက်အထိ ရပါတယ်။ 2.45 GHz Radio Wave က နံရံတွေကို
ဖောက်ထွက်ဖြတ်သန်းသွားနိုင်တာကြောင့် မိမိအသုံးပြုနေတဲ့ PANs ဟာ ဟင်းလင်းပြင်ကြီး
ဖြစ်နေစရာမလိုပါဘူး။ ဥပမာ- Device တစ်ခုက ဧည့်ခန်းမှာ အခြား Device တစ်ခုက အခန်းထဲမှာ
ဒါဆိုလျင်လည်း ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ အခန်းထဲမှာ မိမိရဲ့ Phone နှင့်ဓာတ်ပုံရိုက်ပြီး ဧည့်ခန်းထဲက
ကွန်ပျူတာကိုလှမ်းချိတ်ပြီး ဓာတ်ပုံတွေကို ကွန်ပျူတာထဲပို့ထားလိုက်လို့ရတယ်။ ဒါပေမယ့် အဲဒီ Device
တွေက Bluetooth တပ်ဆင်ထားဖို့တော့လိုတာပေါ့။

Bluetooth Network တွေဟာ Ad Hoc Network တွေ ဖြစ်ကြပါတယ်။ ဆိုလိုတာက Bluetooth
Device တွေဟာ Bluetooth Network Range အတွင်းမှာရှိတဲ့ Device တွေကို အလိုအလျှောက် Auto
Detect လုပ်ပြီး ရှာဖွေပေးနိုင်ပါတယ်။ Bluetooth ကိုဖွင့်ထားဖို့တော့လိုတာပေါ့။
Bluetooth Network ထဲက ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု Bridge နှင့်ကြားခံပြီး တစ်ခုနှင့်တစ်ခု
ချိတ်ဆက်ထားကြပါတယ်။ နားလည်လွယ်အောင်ရှင်းပြရမယ်ဆိုလျင် Conference Hall ကြီးအတွင်းထဲမှာ
Bluetooth Network ရဲ့ သတ်မှတ်ချက်အတိုင်း ၁၀ မီတာ အဝန်းထဲမှာ Bluetooth ပစ္စည်းများနှင့် Local
Bluetooth Network တစ်ခုရှိနေမယ်။ အဲ့ဒီမှတဆင့် အခြား Bluetooth ပစ္စည်းတစ်ခုက ၎င်း Network ထဲက
ပစ္စည်းတစ်ခုကို ချိတ်ဆက်မိမယ်။ အဲ့ဒီလိုနဲ့ တခြားပစ္စည်းတစ်ခုကလည်း နောက်ထပ် Bluetooth
ပစ္စည်းတစ်ခုကိုချိတ်ဆက်မိမယ်။
အဲ့ဒီလိုနဲ့ နဂို၁၀ မီတာအဝန်းရှိတဲ့ Bluetooth Network ကြီးက တဖြည်းဖြည်း ကြီးလာမယ်။ ဒီတော့
Conference Hall ကြီးအတွင်းထဲမှာရှိနေကြတဲ့ Bluetooth ပစ္စည်းတွေက တစ်ခုမှတစ်ခုချိတ်ဆက်မိရင်း
အားလုံးချိတ်ဆက်မိသွားတယ်။ ဒီနေရာမှာ ကျွန်တော်ခုနက Bluetooth ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု
ချိတ်ဆက်ရာမှာ Bridge ကိုကြားခံပြီးချိတ်ဆက်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီBridge ဆိုတာ သီးခြား Device

တစ်ခု မဟုတ်ပါဘူး။ ၎င်း Bluetooth ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Bluetooth Device တစ်ခုဟာ
အခြား Bluetooth Device တစ်ခုကိုBridge အဖြစ်အသုံးပြုပြီး Bluetooth Network ကိုချိတ်ဆက်တာပဲ
ဖြစ်ပါတယ်။

Bluetooth ဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာမှာ လိုအပ်တဲ့ Low-Level Radio Communication
Protocols ကိုသာ သတ်မှတ်ပေးခြင်း မဟုတ်ဘဲ တစ်ခုနှင့်တစ်ခုအတွင်း အကြောင်းအရာများကို ဖလှယ်ရာမှာ
လိုအပ်တဲ့ High-Level Protocols ကိုပါ သတ်မှတ်ပေးပါတယ်။ ၎င်း High-Level Protocols ကိုProfiles လို့
ခေါ်ပါတယ်။ Bluetooth ပစ္စည်းနှစ်ခုဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန်အကြောင်းအရာတွေကိုဖလှယ်ကြဖို့
တူညီတဲ့ Profiles တစ်ခုကိုပဲ အသုံးပြုကြပါတယ်။ ဥပမာ- Mobile Phone နှင့် သူ့ရဲ့ ကြိုးမဲ့ Audio Headset
တို့အချင်းချင်း ဆက်သွယ်ဖို့ Headset Profiles ကိုအသုံးပြုပါတယ်။ Bluetooth ပါဝင်တဲ့ Digital Camera
တွေမှာဆိုလျင်လည်း ၎င်း Camera တွေကနေ ဓာတ်ပုံတွေကိုPrint ထုတ်ရန်အတွက်Portable Bluetooth
Printer တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုတဲ့အခါမှာ Printing Profiles ကို အသုံးပြုပါတယ်။ ဖိုင်တွေကို
အချင်းချင်းဖလှယ်ကြမယ့် ပစ္စည်းတွေဖြစ်တဲ့ Smartphone၊ PDA၊ Camera၊ Computer တွေမှာဆိုလျင်တော့
File Transfer Profiles ကိုအသုံးပြုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Bluetooth ပစ္စည်းရဲ့ Manual
တွေမှာလည်း ဖော်ပြထားပါတယ်။


ြောင်း

Graphic Design အတန်းခွဲသစ် (မလေးရှား)အပြင်မှာပဲဖြစ်ဖြစ် online ပေါ်မှာပဲဖြစ်ဖြစ် ထောင်နဲ့သောင်းချီတဲ့ကြော်ညာတွေကိုနေ့တို...
25/01/2026

Graphic Design အတန်းခွဲသစ် (မလေးရှား)

အပြင်မှာပဲဖြစ်ဖြစ် online ပေါ်မှာပဲဖြစ်ဖြစ် ထောင်နဲ့သောင်းချီတဲ့ကြော်ညာတွေကိုနေ့တိုင်းမြင်တွေ့ကြရမှာပါ။ အဲ့လိုကြောညာတွေဖန်တီးနိုင်ဖို့
လာမယ့် February လ (4) ရက်နေ့မှာ Graphic Design အတန်းခွဲသစ် စတော့မှာဖြစ်ပါတယ်။

📌ဘယ်သူတွေတတ်ရောက်သင့်လဲ
- Graphic Designer အဖြစ်အသက်မွေးဝမ်း‌ေကျာင်းအဖြစ်လုပ်ကိုင်ချင်သူ
- ကိုယ်ပိုင်လုပ်ငန်းမှာ မိမိကိုယ်တိုင် စိတ်တိုင်းကျ Design ဆွဲပြီးကြော်ညာချင်သူ
- Freelancer အဖြစ်လုပ်ကိုင်ချင်သူ
- နည်းပညာအသစ်သစ်တွေလေ့လာရတာစိတ်ဝင်စားသူ

📌ဘယ်သူသင်ကြားပေးမှာလဲ
သင်ကြားပေးမယ့်ဆရာကတော့ Graphic Design UK Diploma ကို A+ နဲ့ပြီးမြှောက်အောင်မြင်ထားတဲ့အပြင် Graphic Designerအဖြစ် နာမည်ကြီး Company တွေမှာ 5နှစ်ကျော်ကြာလုပ်ကိုင်ခဲ့သူဖြစ်လို့ စာတွေ့မဟုတ်ပဲ လက်တွေ့ကျကျလုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

📌သင်တန်းခွဲ

- Metro Prima, Kepong
- Aman Suria, PJ
- အိမ်တိုင်ရာရောက်

👉မှတ်ချက်
Bee in Digi မှာ အခြေခံကွန်ပျူတာ တတ်ရောက်ထားသူများအတွက် 10% discount အနေနဲ့တတ်ရောက်ခွင့်ရအုံးမှာပဲဖြစ်ပါတယ်။

whatsapp : https://wa.link/s8at53
Contact : + 60 111 650 9502

21/01/2026

📌ဒီအတန်းကတော့ အခြေခံကွန်ပျူတာအတန်း‌လေးပဲဖြစ်ပါတယ်။

📌ညနေပိုင်းအချိန်တွေမှာသင်တာဖြစ်လို့ အလုပ်လုပ်ရင်း သင်တန်းတတ်ချင်တဲ့သူတွေအတွက်အရမ်းကိုအဆင်ပြေပါတယ်နော်

📌လက်ရှိသင်ကြားပေးနေတဲ့သင်တန်းခွဲကတော့
ကေပုန်းနဲ့ အမန်စူရီးယားတွေမှာသင်ကြားပေးနေပြီး နောက်ပိုင်း ‌နေရာတော်တော်များများသင်ကြားပေးသွားဖို့လည်းရှိတာဖြစ်ပါတယ်။

ဖုန်း - 0111 6509502



#မလေးရောက်ရွှေမြန်မာ
#ကွန်ပျူတာသင်တန်း
#မလေးရှားကွန်ပျူတာသင်တန်း

25/11/2025

ကွန်ပျူတာအခြေခံအတန်းရဲ့ သင်ခန်းစာထဲမှာပါဝင်တဲ့ Microsoft Excel ကိုသင်ယူနေတဲ့ Suiza Sung (Sang Sang Nu) ဖြစ်ပါတယ်။

Office တစ်ခုမှာ အလုပ်သစ်ရသွားတဲ့ သင်တန်းသူ Mai Cinthi Glory အတွက် Bee in Digi မှ ဝမ်းသာဂုဏ်ယူပါတယ်။ 🥰☺️
23/10/2025

Office တစ်ခုမှာ အလုပ်သစ်ရသွားတဲ့ သင်တန်းသူ Mai Cinthi Glory အတွက် Bee in Digi မှ ဝမ်းသာဂုဏ်ယူပါတယ်။ 🥰☺️

23/09/2025

ကွန်ပျူတာသန့်ရှင်းရေးလုပ်နည်း
-------------------------------

Window Key + R ကိုနှိပ်ပြီး ပေါ်လာတဲ့ Box ထဲမှာ
1. recent
2. temp
3. %temp%
4. prefetch
တွေကို တစ်ခေါက်စီဝင်ပြီး အသုံးမဝင်တော့တဲ့ file တွေကိုဖျက်ပေးပါ။




27/06/2025

- ဈေးလည်းအများကြီးမသုံးချင်သေးဘူး
- အိမ်မှာလည်းမ‌ေမ့‌ေအာင်လေ့ကျင့်ချင်တယ်
- ဝယ်ပြီးမှသုံးလို့အဆင်မပြေမှာလည်းစိုးရိမ်ရတယ်
- RM500 အောက်ဆိုရင် Window OS ရှာရခက်နေ. တယ်

အထက်ပါပြသာနာတွေနဲ့ကြုံနေရတယ်ဆိုရင်
အခုစိတ်ပူစရာမလိုတော့ပါဘူး

‌Video မှာပြထားတဲ့အတိုင်း
✅ Window 10 သုံးလို့ရသွားမယ်
✅Touch screen နဲ့လည်းသုံးလို့ရမယ်
✅ mobile tablet ပုံစံလည်းသုံးလို့ရ
✅Microsoft word သုံးလို့ရ
✅Microsoft excel သုံးလို့ရ
✅Microsoft PowerPoint သုံးလို့ရ
✅Zoom သုံးလို့ရ
✅ Photoshop လည်းသုံးလို့ရ ( လေ့ကျင့်လို့ရရုံ)
✅ Typing စိတ်ကြိုက်လေ့ကျင့်လို့ရပြီး သင်တန်းသားတွေသာမက ရုံးသမားတွေပါသံုးလို့ အဆင်ပြေတဲ့ ပေါ့ပါးသွပ်လပ်နေတဲ့အောက်ပါlaptop လေးတစ်လုံးကို RM420တည်းနဲ့ဝယ်ယူလို့ရသွားပြီဖြစ်ပါတယ်။

Lenovo Intel Celeron
4GB ram/ 128GB SSD/ Window10/ 11.6"in/Touch display/360°flip

ဝယ်သူများလို့မကုန်ခင်အမြန်ဆုံးဝယ်ယူရအောင် နော်

Ph- 0111 650 9502(Whatsapp)



#မလေးရောက်မြန်မာ
ောင်း

အတန်း 2မျိုးတတ်ပြီး 1မျိုးကို Free ဖြင့်တတ်ရောက်လိုက်ပါ။..….…….…...............…..................မလေးရှားကိုအ‌ေခြ‌ေနအမျ...
10/04/2025

အတန်း 2မျိုးတတ်ပြီး 1မျိုးကို Free ဖြင့်တတ်ရောက်လိုက်ပါ။..….…….…...............…..................

မလေးရှားကိုအ‌ေခြ‌ေနအမျိုးမျိုး‌ေကြာင့် ရောက်လာခဲ့ပြီး ငွေရ‌ေနပေမယ့် တတ်လမ်းပျောက်နေတယ်လို့ခံစားနေရတဲ့လူငယ်တွေအတွက် Graphic Design class ကိုလူတွေ့သင်ကြားခွင့်ရနေပြီပဲဖြစ်ပါတယ်။

👉ဘယ်သူသင်ကြားပေးမှာလဲ👈

Executive Diploma in Graphic Design (UK) ကို
(A+) အမှတ်နဲ့ထူးချွန်စွာပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး Company တွေမှာ Graphic Designer အဖြစ်လုပ်ကိုင်ခဲ့ပြီး အခုမလေးရှားမှာ Graphic Designer အဖြစ်လုပ်ကိုင်နေတဲ့သူကိုတိုင်
လုပ်ငန်းအတွေ့အကြံု‌ေတွနဲ့အတူ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

အတန်းကို
- Adobe Photoshop
- Adobe illustrator
- Graphic Design ဆိုပြီး 3 ပိုင်း ခွဲထားပါတယ်။

2မျိုးတတ်မယ်ဆိုရင် 1မျိုးကို အခမဲ့တတ်ရောက်ခွင့်ရမှာပဲဖြစ်ပါတယ်။

👉ဘယ်သူတွေတတ်ရောက်သင့်လဲ?👈

- Graphic Designer အဖြစ်ဘယ်နိုင်ငံမှာမဆိုအသက်မွေးဝမ်းကြောင်းအ‌ေနနဲ့လုပ်ကိုင်ချင်သူများ

- Freelancer အနေနဲ့ အပိုဝင်ငွေရှာချင်သူများ

- အရင်က သင်တန်းတတ်ဖူးခဲ့ပေမယ့် လုပ်ငန်းအတွေ့အကြုံလက်တွေ့ဘဝကိုဆက်ပြီးလေ့လာချင်သူများ

- ဝါသနာအရ လေ့လာချင်သူများ

- အသစ်အဆန်းလေ့လာသင်ယူခြင်းကိုနှစ်သက်သူများ

- ကွန်ပျူတာအခြေခံပြီးမြောက်ထားသူတိုင်း မည်သူမဆို တတ်ရောက်နိုင်တဲ့အတန်းဖြစ်ပါတယ်။

👉မှတ်ချက်
Bee in Digi မှာ အခြေခံကွန်ပျူတာ တတ်ရောက်ထားသူများအတွက် 10% discount အနေနဲ့တတ်ရောက်ခွင့်ရအုံးမှာပဲဖြစ်ပါတယ်။

whatsapp : https://wa.link/q9m63t
Contact : + 60 111 650 9502

#မလေးရှား #မလေးရောက်ရွှေမြန်မာ

Graphic Designer တိုင်းသိထားသင့်တဲ့ Photoshop Shortcut (10)ခု(1) Ctrl + J -Duplicate LayerLayer ပွားချင်တဲ့အခါမှာ အသုံးပ...
13/03/2025

Graphic Designer တိုင်းသိထားသင့်တဲ့ Photoshop Shortcut (10)ခု

(1) Ctrl + J -Duplicate Layer
Layer ပွားချင်တဲ့အခါမှာ အသုံးပြုတာဖြစ်ပါတယ်။
Ctrl+ J တစ်ချက်နှိပ်တိုင်းမှာ Layer တစ်ခုပွားပေးသွားမှာဖြစ်ပါတယ်။

(2) Ctrl + T - Free Transform
မိမိလိုချင်တဲ့ Subject တစ်ခုကို အကြီး/အသေးလုပ်ဖို့အတွက် Ctrl + T ကိုအရင်နှိပ်ပေးရတာဖြစ်ပါတယ်။

(3) Ctrl + Shift + I - Invert Selection
မိမိ selection ပေးထား subject တစ်ခုက Ctrl + Shift + I ကိုနှိပ်လိုက်မယ်ဆိုရင် Selection က ထို subject မှာမရှိတော့ပဲ ဆန့်ကျင်ဖက်ဖြစ်သွားမှာပါ။

(4) Ctrl + Alt + Shift + E - Merge Layers into a New One
Layer တွေအားလုံးကို Layer သီးသန့်တစ်ခုအနေနဲ့ပေါင်းချင်တဲ့အခါမှာအသုံးပြုပါတယ်။

(5) Ctrl + Shift + U - Desaturate ( Black & White)
Color အဖြူနဲ့အမဲသီးသန့်လုပ်ချင်တဲ့အခါမျိုးမှာအသုံးပြုပါတယ်။

(6) Ctr + D - Deselect Selection
Selection ပေးထားတာကိုပြန်ဖြုတ်ချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်။

(7) Alt + Backspace - Fill with Foreground Color
Color ဖြည့်ချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်။

(8) Ctrl + Shift + Alt + S - Save for web ( Optimized)
Design ဆွဲလို့ပြီးသွားပြီဆိုရင် jpg, png, gif, wbmp file တေ‌ွအဖြစ် save ချင်တဲ့အခါမှာအသုံးပြုပါတယ်။

(9) Shift + Click Layer Mask - Disable Mask
Layer Mask ကိုခဏ‌ေဖျာင့်ချင်တဲ့အခါမှာအသုံးပြုပါတယ်။ ပြန်လိုချင်တဲ့အခါပထမနှိပ်ခဲ့သလိုပဲနှိပ်ပေးလိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပြန်ရသွားမှာဖြစ်ပါတယ်။

(10) Ctrl + G - Group Selected Layers
Layer တွေကို Group ဖွဲချင်တဲ့အခါမှာ အသုံးပြုပါတယ်။ Group ဖွဲချင်တဲ့ Layer တွေကို Select အရင်ပေးထားဖို့လိုအပ်ပါတယ်။

အခုမှ Photoshop ကိုလေ့လာသင်ယူနေတဲ့သူတွေအတွက် အကျိုးရှိမယ်လို့မျော်လင့်ပါတယ်။ မိတ်ဆွေတို့အားလုံးအဆင်ပြေကြပါစေ။ May God bless you all.

Crd;

Computer အသုံးပြုတာမကြာသေးလို့သော်လည်း‌ေကာင်း၊ သိထားပေမယ့်မေ့သွားလို့သော်လည်းကောင်း၊Window မှ Mac OS ကိုပြောင်းသုံးလိုက်...
06/03/2025

Computer အသုံးပြုတာမကြာသေးလို့သော်လည်း‌ေကာင်း၊ သိထားပေမယ့်မေ့သွားလို့သော်လည်းကောင်း၊
Window မှ Mac OS ကိုပြောင်းသုံးလိုက်လို့ ဒါမှမဟုတ် Mac OS မှ Window OS ကိုပြောင်းလိုက်တာ ဒါမှမဟုတ် Chrome OS ကိုပြောင်းသုံးလိုက်လို့သော်လည်းကောင်း Screenshot ရိုက်တဲ့နည်းကမိမိအသံုးပြုတဲ့ OS ပေါ်မူတည်ပြီး ပြောင်းသွားတဲ့အတွက်အခု Screenshot ကို Window OS, Mac OS, Chrome OS သုံးမျိုးလုံးမှာ ဘယ်လိုရိုက်ရလဲဆိုတာကိုမျှ‌ေဝပေးလိုက်ပါတယ်ခင်ဗျ

👉Window OS👈
(1) ပထမနည်းအနေနဲ့ Keyboard ပေါ်က Print Screen Key ( Prt Sc) ကိုနှိပ်ပြီး ကိုယ်ထည့်ချင်တဲ့နေရာ(ဥပမာ paint, Microsoft word သို့မဟုတ် တစ်နေရာရာ)မှာ Ctr+V နှိပ်ပြီးအသုံးပြုလို့ရပါတယ်။

(2) Window + Print Screen ကိုနှိပ်ပြီး Picture folder ထဲသွားကြည့်မယ်ဆိုရင် မိမိရိုက်ထားတဲ့ Screenshot ရောက်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်ပြသာနာတစ်ခုရှိတာက တစ်ချို့ Keyboard တွေမှာ Print Screen Key (Prt Sc) မပါတာမျိုးကြုံရတတ်ပါတယ်။

(3) တတိယနည်းအနေနဲ့
Snipping Tool ကိုအသုံးပြုပြီး Screen Shot ရိုက်တဲ့နည်းဖြစ်ပါတယ်။ Shortcut Key အနေနဲ့ Window Key + Shift + S ကိုနှိပ်ပြီး ကိုယ်ရိုက်ချင်တဲ့ Area ကို Draft ဆွဲပြီးရိုက်ပါ။ ပြီးရင် Paint သို့မဟုတ် Microsoft Word သို့မဟုတ် မိမိPast လုပ်ချင်တဲ့နေရာတစ်ခုခုမှာ Ctrl+ V နှိပ်ပြီးအသုံးပြုလို့ရပါတယ်။

…….…...........................

👉Mac OS👈
Mac OS ကိုအသုံးပြုတဲ့သူတွေအနေနဲ့
(1) Screenအပြည့်ရိုက်ချင်တယ်ဆိုရင် Command + Shift + 3 ကိုနှိပ်ပါ။ Desktopမှာသွားကြည့်မယ်ဆိုရင် မိမိရိုက်ခဲ့တဲ့ Screenshot ကိုတွေ့ရမှာဖြစ်ပါတယ်။

(2) ကိုယ်လိုချင်တဲ့အပိုင်းလေးကိုပဲရိုက်ချင်တယ်ဆိုရင် Command + Shift + 4 ကိုနှိပ်ပါ။

(3) Command + Shift +4 + Space bar ကိုနှိပ်ပြီးတော့လည်းရိုက်လို့ရမှာဖြစ်ပါတယ်။

…….…...........................

👉Chrome OS👈
(1) Screen အပြည့်လိုချင်တယ်ဆိုရင် Ctrl + Show Windows key ကိုနှိပ်ပါ။ မိမိရိုက်ထားတဲ့ Screenshot ပုံကို download folderထဲမှာရှိနေမှာဖြစ်ပါတယ်။

(2) မိမိလိုတဲ့နေရာသီးသန့်ရိုက်ချင်တယ်ဆိုရင်တော့ Ctrl + Shift + Show Window Key ကိုနှိပ်ပြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေဗျ။ May God bless you all.

Crd;

Address

Metro Prima, Kepong
Kuala Lumpur
52100

Telephone

+601116509502

Website

Alerts

Be the first to know and let us send you an email when Bee in Digi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share