25/07/2022
Hacking ဆိုတာ Network (or) Computer (or) System တစ်ခုခုအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းဖြစ်ပါတယ်။ Hacking လုပ်သည့်အခါတွင် တစ်ဦးတစ်ယောက်ခြင်းလုပ်ဆောင်တာထက် Teamwork နဲ့လုပ်ဆောင်ခြင်းကပိုအကျိုးရှိသည်ဟုထင်မြင်မိပါတယ်။ Hacking ကိုလုပ်ဆောင်သူများသည် အောက်ဖော်ပြပါ ပညာရပ်တစ်ခုခုကိုတတ်မြောက်ရန်လိုအပ်ပါတယ်။
➡️ Programming
➡️ Web Developing
➡️ Software Crackers
➡️ Web Hackers
➡️ Network Security
➡️ System Admin Groups
➡️ Database
ဖော်ပြပါပညာရပ်များအားလုံးကိုသိရန်မလိုအပ်ပါဘဲ ပညာရပ်တစ်ခုခုကိုတတ်မြောက်ရန်လိုအပ်ပါသည်။ Hacker တစ်ယောက်အောင်မြင်စွာပြုလုပ်နိုင်ရန်အတွက်လိုအပ်ချက်များစွာရှိပါတယ်။ မိမိဝင်ရောက်လိုသောနေရာ၏ Data အပြည့်အစုံကိုသိရှိအောင်အရင်ပြုလုပ်ရမည်။
✅Hacking ပြုလုပ်ရန်အတွက်အသုံးပြုသောTools များ
1. Google (အကြောင်းအရာများစွာကိုရှာ နိုင်သည်။)
2. Google Earth (Network ချိတ်ဆက်ခြင်းများကိုကြည့်ရှုရန်)
3. Map (IP address များကိုကြည့်ရှုရန်)
4. John the Ripper (Password များကျော်နိုင်ရန်)
5. LAN Guard (မိမိ၏ Networkကိုစောင့်ကြည့်ရန်)
6. PW dump 6 (Password များကိုပြောင်းလဲရန်)
7. Firebug (Website များမှပြင်ပြီးserver ထဲသို့၀ င်ရန်)
8. Java (MySQL ကို ပြင်ဆင်ရန်)
9. putty (တခြား Computer ထဲသို့၀င်ရောက်ရန်)
Toolsများ၏ အလုပ်လုပ်ပုံကိုသေချာ နားလည်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ Tools များ၏ အားနည်းချက်များကို သိထား ရမည်ဖြစ်သည်။ Tool များ၏ သုံးစွဲပုံအကြောင်းကို သေချာဖတ်ကြည့်ရမည်။
✳️Hacker ဆိုတာစနစ်အမျိုးမျိုး အတွင်းကို ထွင်းဖောက်ဝင်ရောက်သူ၊ အခြားသူတွေ ရဲ့Computer တွေထဲက အရေးပါတဲ့ Information တွေကို တရားမဝင်ရယူဖျက်ဆီးသူ၊ ဆက်သွယ်ရေးစနစ်အမျိုးမျိုးကို ကြားဖြတ်နားထောင်သူ စသည်တို့ဖြစ်ပါတယ်။လုပ်ဆောင်ပုံ နဲ့ ခံယူချက်တွေ ပေါ်မူတည်ပြီး Hacker တွေကို Black Hat Hacker , White Hat Hacker နဲ့ Grey Hat Hacker ဆိုပြီး အမျိုးအစားခွဲခြားကြပါတယ် ။ Black Hat Hacker တွေကတော့ Internet Security ကို Breach or Bypass တဲ့နေရာမှာ အသုံးပြုကြပါတယ် ။ Black Hacker တွေကို Cracker(or) Dark-site-hacker တွေလို့လည်း ခေါ်ဆိုကြ ပါတယ် ။Computer, Network တွေထဲကို ချိုးဖောက်ဝင်ရောက်ခြင်း၊ Computer Virus တွေကို ဖန်တီးပြန့်ပွားစေခြင်း တို့ကိုလုပ်ဆောင်ကြပါတယ်။
🌐Internet အသုံးပြုမှုတွေများပြားလာတာနဲ့အညီ Internet ဆိုင်ရာ Cyber Security တွေအရေးပါလာပါတယ်။ Hacking ကိုစိတ်မဝင်စားလျှင်တောင် မိမိတို့ Account, Computer, Server လုံခြုံရေးအတွက် Knowledge တွေရှိဖို့လိုအပ်ပါလိမ့်မည်။