Burma Info Queen's memories ❤️
(4)

အလေးအနက် တောင်းဆိုပါတယ် 🙏🙏🙏စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံထားရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံး ...
27/05/2026

အလေးအနက် တောင်းဆိုပါတယ် 🙏🙏🙏

စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံထားရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံး လွှတ်မြောက်ရေးအတွက် ဆက်လက်ပါဝင်ပေးဖို့ တောင်းဆိုပါတယ်။

နောက်လ ၁၉ ရက်နေ့ဟာ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအသီးသီးက ပြုလုပ်နေတဲ့ ကမ်ပိမ်းတွေမှာ ပါဝင်နိုင်သလို မိမိတို့ရဲ့ အကောင့်တွေကနေလည်း တင်နိုင်ပါတယ်။ RCS လုပ်ပြီးလည်း ပါဝင်နိုင်ကြပါတယ်။

အရေးကြီးတာကတော့ ဒီရှေ့တစ်လျှောက် ကမ္ဘာနဲ့ နိုင်ငံတကာအစည်းအဝေးတွေ ရှိနေပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်ဖို့ ဟာ ပြည်သူအများက ယုံကြည်လေးစားရတဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကသာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတေးလျ (၄) နိုင်ပါတဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မတရားဖမ်းဆီးသူများ လွှတ်မြောက်ရေးကို ထည့်သွင်းတောင်းဆိုထားပါတယ်။ အဲဒီအစည်းအဝေးကို အခုလ ၂၆ ရက်နေ့က နယူးဒေလီမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းပါတယ်ဆိုတဲ့ အိန္ဒိယလည်း ပါဝင်ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ ရှိပေမယ့် ကမ္ဘာအဖွဲ့အစည်းတွေမှာတော့ အိန္ဒိယဟာ အခြား မဟာမိတ်တွေနဲ့အတူ ရပ်တည်ရပါတယ်။

တောင်းဆိုနေရုံနဲ့ မလွှတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လွှတ်တော်ကြီးခေါ်ပြီး အစိုးရဖွဲ့ပြထားရတဲ့ စစ်အုပ်စုအတွက် တရားဝင်မှုကို ရဖို့ သေလုနီးပါး လိုအပ်နေချိန်မှာ နိုင်ငံတကာက အပေးအယူသဘော သူတို့ရဲ့ ရပ်တည်ချက်ကို ပြောနေခြင်း ဖြစ်ပါတယ်။ အာဆီယံဘုံသဘောတူညီချက်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်မှာ စစ်တပ်ရဲ့ အတုအယောင်အစိုးရကို အသိအမှတ်ပြုဖို့ လုံးဝ (လုံးဝ) မပါပါ။

ဒါကြောင့် ပိုပြီးတာဝန်ရှိတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ခေါင်းဆောင် လွှတ်မြောက်ရေးကို ကျယ်ကျယ်လောင်လောင် အသံထုတ်ဖို့ လိုပါတယ်။ မြန်မာပြည်တွင်းရေး တည်ငြိမ်သယောင်၊ ပုံမှန်ဖြစ်သယောင် စစ်အုပ်စုက စနစ်တကျ လုပ်နေပါတယ်။

ဒါကြောင့် အခုကာလတွေမှာ အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးကို စနစ်တကျ ပြန်လည် ကြိုးစားကြဖို့ ထပ်ပြီး နှိုးဆော်ပါတယ်။ ဒီပို့အောက်မှာ အောက်ပါ # နဲ့ စာသားတွေ ကူးပြီး ပြန်မန့်ပေးကြပါနော်။

အမေစုနဲ့ မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွှတ်မြောက်ပါစေ 🙏🙏🙏



27/05/2026

တစ်ချိန်က ဒီမိုကရေစီအကူးအပြောင်းမှာ အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ကဏ္ဍစုံမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့်လဲ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲအတွက်၊ စစ်မှန်တဲ့ ဖြေရှင်းမှုအတွက် အမေစုဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ တိုက်တွန်းနေကြတာ ဖြစ်တယ် ✅

ဒီအမေအိုကြီးကပဲ ဘာမှ မလုပ်တတ်၊ မကိုင်တတ်တဲ့ စစ်တပ်ကို ပြည်သူ့မျက်နှာကြည့်ပြီး အစွမ်းကုန် သည်းခံ၊ ကူညီပေးခဲ့တာ သမိုင်းက သက်သေပါ။ မသိ၊ နားမလည်ကြသူတွေ ဘယ်လို တိုက်ခိုက်နေပါစေ ပြည်သူအများစုကတော့ အမေစု မေတ္တာ၊ စေတနာကို နက်နက်ရှိုင်းရှိုင်း ခံစားမိခဲ့ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒါကြောင့် ဘယ်အချိန် ရွေးကောက်ပွဲလုပ်လုပ် NLD ဟာ အမြဲတမ်း အနိုင်ရခဲ့တယ်၊ အမေစုက အမြဲတမ်း အနိုင်ရခဲ့ပါတယ်။

26/05/2026

ကျွန်မတို့ ဒီနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ကြိုးစားနေတယ် နှစ် ၃၀ ကျော်ပြီ 💪

ပြည်ထောင်စုမိခင် အမေစု ကျန်းမာအသက်ရှည်ပါစေ၊ မတရားဖမ်းဆီးခံထားရခြင်းက အမြန်ဆုံး လွှတ်မြောက်ပါစေ 🙏🙏🙏

အရပ်သားဒီမိုကရေစီအစိုးရလက်ထက် ပထမဆုံး နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာရှ-ဥရောပ အစည်းအဝေး (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ) တက်ရောက်ခ...
25/05/2026

အရပ်သားဒီမိုကရေစီအစိုးရလက်ထက် ပထမဆုံး နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာရှ-ဥရောပ အစည်းအဝေး (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ) တက်ရောက်ခဲ့စဉ်က ❤️

24/05/2026

မင်္ဂလာနံနက်ခင်းပါ။

အမေစုနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွှတ်မြောက်ပါစေ။ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းမှုအစစ်ကို အမြန်ဆုံး ရရှိခံစားနိုင်ကြပါစေ 🙏🙏🙏

23/05/2026

အဂတိလိုက်စားမှုပပျောက်ဖို့ ပြည်သူတွေမှာလည်း တာဝန်ရှိတယ် ✅❤

အမြန်ဆုံး လွှတ်မြောက်ပါစေ အမေ 🙏🙏🙏

23/05/2026

ဒီမိုကရေစီမှာ အခွင့်အရေးနဲ့ တာဝန်ကြားမှာ ထိန်းညှိမှု အမြဲရှိပါ့တယ် ✅

ကျန်းမာ အသက်ရှည်ပါစေ အမေ 🙏🙏🙏

22/05/2026

ပြည်သူကို မလှည့်ဖြားရဘူး ✅

ပြည်သူ့ခေါင်းဆောင် အမေစု ကျန်းမာ အသက်ရှည်ပါစေ၊ မတရားဖမ်းဆီးခံရခြင်းကနေ အမြန်ဆုံး လွှတ်မြောက်ပါစေ 🙏🙏🙏

22/05/2026

တရားဥပဒေစိုးမိုးမှုမရှိရင် ဘယ်တော့မှ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲမှာ မဟုတ်ဘူး။

အာဏာသိမ်းမှုကို ဥပဒေနဲ့ ညီညွတ်ပါတယ်လုပ်နေတဲ့ စစ်တပ်ရှိနေသရွေ့၊ စစ်တပ် အာဏာသိမ်းတာကို အားပေးနေသရွေ့၊ ပူးပေါင်းနေသရွေ့ ငြိမ်းချမ်းရေး အစစ်အမှန်ဆိုတာလည်း ဘယ်တော့မှ ရနိုင်မယ် မထင်ဘူး 💔

21/05/2026

ကျွန်မတို့အတိတ်ဟာ လက်ရှိနဲ့ အနာဂတ်အတွက် ခွန်အားကိုပဲ ပေးသင့်တယ်၊ အတားအဆီး မဖြစ်သင့်ဘူး ✅

အမေစု အမြန်ဆုံးလွှတ်မြောက်ပါစေ။ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နိုင်ပါစေ 🙏🙏🙏

ที่อยู่

Amphoe Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Infoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์