The Creative - Graphic Design

The Creative - Graphic Design Graphic Design Service - 09769790990

26/02/2025

26/02/2025

26/02/2025

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်းSolid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (...
26/01/2025

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း

Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်

အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။

✅ SATA SSD ✅

SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။

SSD တွေထဲမှာ SATA က ဈေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။

✅ M2 SSD ✅

M2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ
Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)

M2 ကို transfer protocol အနေနဲ့ နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊ M2 SATA SSD နဲ့ M2 NVMe SSD ဆိုပီး။

M2 SATA နဲ့ M2 NVMe ဘယ်လိုတွေကွာလည်း ?

တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ

အဲ . . မတူတာက မြန်နှုန်းပါ။

M2 SATA က SATA ဆိုတဲ့အတိုင်း အမြင့်ဆုံး 600MB/s ရှိပါတယ်၊ M2 NVMe ကတော့ ထုတ်လုပ်သူအလိုက် 2100MB/s ကနေ 3500MB/s အထိရှိတတ်ပါတယ်။

အနည်းဆုံး သုံးဆလောက်တောင်ကွာတာနော်

ဈေးနှုန်းကိုကြည့်မယ်ဆိုရင်လည်း M2 ခြင်းအတူတူ NVMe က SATA ထက်ပိုများသွားပါတယ်။

✅ PCIE SSD ✅

သူကတော့ အကောင်းဆုံးနဲ့ဈေးအကြီးဆုံးပါပဲ၊

ဂရပ်ဖစ်ကတ်အသေးစားလေးနဲ့ဆင်တူပီး မားသားဘုတ်ရဲ့ PCI-E slot မှာ တပ်ဆင်အသုံးပြုရပါတယ်။

ဈေးက 2.5" SATA, M2 တွေနဲ့ယှဉ်ရင် တော်တော်ကြီးကိုကွာဟတဲ့အတွက် အတော်အသင့်အသုံးပြုလေ့မရှိကြပါဘူး။

သင်ဟာ အစဉ်အဆက် HDD ကိုသာအသုံးပြုရာကနေ အပြောင်းအလဲဖြစ်အောင် SSD နဲ့ တွဲသုံးကြည့်ချင်တယ်ဆိုရင်တော့ 2.5" SATA SSD တွေကို ပထမဆုံး စဉ်းစားရမှာပါ၊
ဈေးလည်းအသက်သာဆုံးဖြစ်သလို မားသားဘုတ်တိုင်းနဲ့လည်းအသုံးပြုလို့ရတဲ့အတွက် သူ့ကိုသာရွေးဖို့တိုက်တွန်းပါတယ်။

SSD ထဲမှာတော့ အနိမ့်ဆုံးဆိုပီး လျှော့တော့မတွက်ပါနဲ့၊ သင့်ရဲ့ ဟာ့ဒစ်ထက် လေးငါးဆလောက်မြန်ပါတယ်။

M2 ကိုတော့ မိမိရဲ့ မားသားဘုတ်မှာ M2 slot လည်းပါမယ်၊ NVMe လည်း အထောက်အပံ့ပေးတယ်ဆိုရင် တစ်ခါတည်း M2 NVMe ကိုသာသုံးပါလို့ပြောချင်ပါတယ်။
M2 SATA ကျ အပေါ်ကပြောခဲ့တဲ့ 2.5" SATA နဲ့ မြန်နှုန်းကမထူးခြားနားမို့ပါ။

ငွေဆိုတာက ကိုယ့်အတွက်အတားအဆီးမဟုတ်ဘူး၊ မျက်စိထဲမှာလည်း ဂရပ်ဖစ်ကတ်နဲ့အပြိုင် လှတပတလေးမြင်ချင်သပဆိုရင်တော့ PCIE SSD ကိုသာရွေးလိုက်ပါ။

(ပုံမှာ ဘယ်ကနေညာ SATA 2.5" / M2 / PCIE)

Solid State Drive (SSD) ဆိုတာ ဘာလည်း၊ ဘယ်လည်း ?

Solid State Drive ကို ကွန်ပျူတာ (အထူးသဖြင့် ဂိမ်းဦးစားပေး ဒက်စတော့နဲ့ လက်ပ်တော့) တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာဟာ ကာလတစ်ခုအနေနဲ့ရှိလာခဲ့ပြီ
ဖြစ်ပါတယ်။

Solid State Drive ဆိုတာ ဘာလည်း ?

Solid State Drive (SSD) ဆိုတာ လက်ရှိကွန်ပျူတာတိုင်းရဲ့ အဓိက ဒေတာအချက်အလက်တွေ၊ သီချင်း ဓာတ်ပုံ ဗွီဒီယို အစရှိတာတွေကို သိမ်းဆည်းသိုလှောင်ထားပေးတဲ့
Hard Disk Drive (HDD) နဲ့ အခြေခံသဘောတရားခြင်းအတူတူပဲဖြစ်ပါတယ်။ Hard Disk မူကွဲတစ်မျိုးပါပဲ။

ထူးခြားတာက သူ့မှာ Hard Disk ထက် ပိုမိုကောင်းမွန်တဲ့ အချက်တွေရှိပါတယ်

Hard Disk (HDD) တွေက ဒေတာတွေသိမ်းဆည်း ဖော်ပြဖို့အတွက် သူ့အတွင်းမှာရှိတဲ့ components အစိတ်အပိုင်းတွေဟာ ရွေ့လျားပေးရပါတယ်၊ ကွန်ပျူတာကနေ
သီချင်းတစ်ပုဒ်ဖွင့်လိုက်တိုင်း၊ copy/paste လုပ်ငန်းစဉ်တစ်ခု၊ ပရိုဂရမ်ဆော့ဖ်ဝဲလ် တစ်ခုခုကို ဖွင့်လိုက်တိုင်း Hard Disk ဟာ အတွင်းဖက်မှာ လှုပ်ရှားမှုတွေပြုလုပ်ရပါတယ်။
ဒီအတွက် အချိန်တစ်ခုပေးရပါတယ်. . loading time ခေါ်ပါတယ် ၊ ကွန်ပျူတာ မြင်ကွင်းမှာ ချက်ချင်းပေါ်မလာသေးပဲ အဝိုင်းလေးလည်နေတာ သုံးစက္ကန့် လေးစက္ကန့်လောက်
စောင့်နေရမယ်ပေါ့။ အတွင်းဖက်မှာ ရွေ့လျားရတဲ့ သဘောသဘာဝအရ Hard Disk တွေဟာ အသုံးပြုသက်တမ်းကြာတာနဲ့အမျှ သူ့အစိတ်အပိုင်းတွေဟာ ပုံမှန်မဟုတ်တော့ပဲ
ခါတိုင်းထက် loading ပိုကြာလာတာမျိုး၊ ကော်ပီ ကူးရာမှာ နှေးနေတာမျိုး ကြုံလာရမှာပါ။

Solid State Drive (SSD) ကတော့ HDD နဲ့ တည်ဆောက်ပုံခြင်းမတူပါဘူး။ သူ့မှာ ရွေ့လျားရတဲ့ အစိတ်အပိုင်းတွေမပါတဲ့အတွက် loading time မှာ HDD နဲ့ယှဉ်ရင်
သိသိသာသာမြန်ဆန်ပါတယ်။ SSD ရဲ့ တည်ဆောက်ပုံက ကျနော်တို့ အကုန်နီးပါး အသုံးပြုနေကြ သိနေကြတဲ့ memory sitck တွေနဲ့တူပါတယ်။ HDD တွေက လှုပ်ရှားမှု
(impact) ခံနိုင်ရည်နည်းပါးပြီး အမြင့်က လွတ်ကျတာမျိုးဆို (internal component တွေထိခိုက်ပီး) သုံးမရတော့တဲ့အထိပျက်တတ်ပါတယ်။ SSD ကတော့ impact
ခံနိုင်ရည်အား အရမ်းကောင်းပါတယ်၊ memory stick တွေကြည့်. . ဘယ်လောက် လွတ်ကျကျ ပျက်ခဲပါတယ် (တူနဲ့တော့ မထုနဲ့ပေါ့ :3 )

မိမိ desktop ကွန်ပျူတာသာ SSD တွေချည့်သုံးထား. . ကွန်ပျူတာ ပုံး ကို ဒူးနဲ့တိုက် ခြေထောက်နဲ့ ကန်မိပစေအုံး အခြားအစိတ်အပိုင်းတွေသာ လစ်ချင် လစ်သွားမယ်..
SSD က အေးဆေးပါပဲ။

(Hard Disk ကိုအဓိကထားအသုံးပြုနေတဲ့ ကွန်ပျူတာတွေမှာ Hard Disk သက်တမ်းမကြာသေးပဲပျက်ရခြင်းက casing ပုံး တင်ထားတဲ့ နေရာ စားပွဲက လှုပ်နေတာမျိုး၊
မီးအားအတက်အကျကြမ်းတာကြောင့် HDD အလုပ်လုပ်ပုံ မညိမ်တော့တာမျိုး စတာတွေပါဝင်ပါတယ်)

ကွန်ပျူတာအသုံးပြုနေတုန်း ရုတ်တရက်မီးပျက်သွားပီး UPS ကလည်း မထိမ်းတော့ပဲ shut down ဖြစ်သွားတာမျိုးမှာ Hard Disk ဟာ အထိနာပါတယ်၊ မီးပြန်လာလို့
ကွန်ပျူတာပြန်ဖွင့်ရင် Windows boot ချက်ချင်းမတက်ပဲ တောင်အီမြောက်အီအီ လုပ်နေတာမျိုးနဲ့အချိန်တွေတော်တော်ကြာတတ်ပါတယ်။

SSD ပေါ်မှာ Windows တင်ထားရင် အဆိုပါဒုက္ခတွေကင်းပါတယ် .. boot တက်တာလည်း HDD က 7~15 sec လောက်ကြာရင် SSD က 4~8 sec ဆိုတာအလွန်ဆုံးပါပဲ။
သုံးရတာ စိတ်ချမ်းသာပါတယ်

SSD ရဲ့ မကောင်းတဲ့ အချက်ကိုပြောပါဆိုရင် ဈေးကြီးတာပါပဲ။

70000ks ဝန်းကျင်မှာ HDD ဝယ်ရင် 1TB (1000GB) ရပေမယ့် SSD ဆိုရင် 120GB ပဲရပါမယ်။

120GB ဆို ဘယ်လိုလုပ်လောက်မလည်း၊ အရမ်းနည်းတာပဲ၊ ဒါဖြင့်သုံးလို့ဘယ်ဖြစ်မှာတုန်း ??

ဟုတ်ပါတယ်.. storage ပမာဏနည်းနည်းနဲ့ ပေးရတာအရမ်းများနေတယ်ဆိုတာ… (laptop တွေမှာလည်း SSD ပါဝင်တဲ့ model တွေဟာ ဈေးနှုန်းကြီးမြင့်လေ့ရှိပါတယ်)

သူ့ကိုအသုံးချသင့်တာက Partition C လို့ခေါ်တဲ့ Windows OS ရှိတဲ့ နေရာမှာပါ။

ပုံမှန် ဒေတာ သိုလှောင်ဖို့အတွက်ကတော့ HDD တွေကိုပဲ အားထားနေရအုံးမှာပါ။

Desktop ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း SSD 120/128GB လောက်ကို OS အတွက် သုံးသင့်ပါတယ်။

SSDရဲ့ ကောင်းကျိုးများကတော့

1. Boot တက်ရန် 4~7sec (Hard Disk နဲ့ဆိုပါက 7~15sec . အခန့်မသင့်ရင် ဆယ်မိနစ်ခန့်ကြာနိုင်)

2. Read/write speed သုံးဆခန့်ပိုမိုမြန်ဆန် (game များ load time တွင် ပိုမိုမြန်ဆန်)

3. Impact ခံနိုင်ရည်အား ကောင်းမွန်

4. အရွယ်အစား သေးငယ်

ဆိုးကျိုး

1. HDD နှင့်ယှဉ်လျင် ဈေးနှုန်း အတော်မြင့်မား

2. HDD များတွင် ပျက်တော့မည်ဆိုပါက အသံမမှန်တော့ခြင်း (ကလစ် ကလစ် ကြားရ) ဖြင့် သိနိုင်သော်လည်း SSD သည် မည်သည့် အရိပ်အယောင်မှမပြပဲ
ပျက်နိုင်ခြင်း/ခန့်မှန်းမရနိုင်ခြင်း (HDD မှာ အသံမမှန်တော့လျင် ကြိုတင် backup လုပ်ထားခြင်းဖြင့် data ကာကွယ်နိုင်မည်ဖြစ်သော်လည်း SSD တွင် ကြိုမခန့်မှန်းနိုင်)

3. Game များတွင် load time တွင်သာ ပိုမိုမြန်ဆန်ပီး gameplay performance တွင်မူ HDD နှင့်အတူတူသာဖြစ်ပါတယ်။

# Credit

Computer အခြေခံအားနည်းတဲ့ သူငယ်ချင်းတွေအတွက် Computer အခြေခံ Error ဖြေရှင်းနည်းများမေး   -   Window 10 မှာ My Computer ပ...
10/12/2024

Computer အခြေခံအားနည်းတဲ့ သူငယ်ချင်းတွေအတွက် Computer အခြေခံ Error ဖြေရှင်းနည်းများ

မေး - Window 10 မှာ My Computer ပျောက်နေလို့။

ဖြေ - ကွန်ပျူတာရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ

Personalize >>> Themes >>> Computer ကို အမှန်ခြစ်ပါ >>> Apply >>Ok >> နှိပ်ပါ

************************************************
မေး - ကွန်ပျူတာ အောက်ခြေ Taskbar က အပေါ်ရောက်နေတယ်။

ဖြေ - ကွန်ပျူတာ အောက်ခြေ Taskbar က အပေါ်ရောက်နေတယ်။ ဘေးဘက်တွေ ရောက်နေပါက

Taskbar အပေါ်ကို Mouse ဖြင့် အောက်ခြေကို ဖိဆွဲပါ။

ပြီးရင် Taskbar အပေါ်ကို Right Click နှိပ် Lock the taskbar ကို နှိပ်ပေးပါ။ Lock the taskbar မှာ အမှန်ခြစ်ပြပါက အဆင်ပြေပါပြီ။

************************************************

မေး - ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ ဆော့ဝဲလ်တွေ ပြန့်ကျဲ နေပါသည်။ တစ်စုတစ်စည်းထဲ ဖြစ်ချင်ပါသည်။

ဖြေ - ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ တစ်စုတစ်စည်းထဲ စီနေချင်ပါက ကွန်ပျူတာ လွတ်တဲ့နေရာ Right Click နှိပ်ပါ။

View >>> Auto arrange icons မှာ အမှန်ခြစ်ပါ

************************************************

မေး - ကွန်ပျူတာကို Screen Shot ရိုက်ချင်ပါသည်။

ဖြေ - ကွန်ပျူတာမှာ Screen Shot ရိုက်ချင်ပါက Keyboard မှ PrtSc SysRq ကို နှိပ် ရိုက်ပါ

ပြီးရင် Paint ကို ဖွင့်ပါ။ Ctrl + V နှိပ်ပါ။

လိုသလို ဆိုဒ်ဖျက် Save သိမ်းပါ။

Snipping Tool နဲ့လည်း Screen Short ရိုက်နိုင်ပါတယ်

Search box မှာ Snipping Tool လိုရိုက်ထည့်လိုက်ရင် ကတ်ကြေးပုံလေးပေါ်လာရင် ရပါပြီခင်ဗျ :-)

************************************************

မေး - ကွန်ပျူတာ ပေါ် တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါသည်။

ဖြေ - ကွန်ပျူတာပေါ်က တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါက My Computer ထဲ ဝင်ပါ။ Menu bar အောက်က Uninstall or change a program နှိပ် ဖြုတ်နိူင်ပါတယ်။

နောက်တစ်နည်း -

Start >>> Control Panel >>> Programs and Features ကို နှိပ်ပါ။ ပြီးရင် မလိုချင်သော ဆော့ဝဲလ်များကို ဆော့ဝဲလ်ပေါ် Right Click နှိပ် Uninstall ချနိုင်ပါသည်။

နောက်တစ်နည်း -

Window + R ဖြင့် Run box ခေါ် Run Box မှာ appwiz.cpl ဟုရိုက် Enter ခေါက်၍ Programs and Features ထဲ သွားရောက် Uninstall ချနိုင်ပါသည်။

Crd

08/12/2024


06/12/2024

05/12/2024






04/12/2024




04/12/2024

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Creative - Graphic Designผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์