03/09/2026
ရုပ်ရည်တင်မက စိတ်ဓာတ်ပါ လှပလွန်းတဲ့ အိစိကွေးရဲ့ ရန်ကုန်မြို့တွင်း ပရဟိတ လုပ်အားဒါန...
ရန်ကုန်မြို့ရဲ့ နောက်ဘေးလမ်းကြားတွေကို သန့်ရှင်းလှပသွားစေဖို့အတွက် မင်းသားချော အိစိကွေးကတော့ စိတ်ရောကိုယ်ပါ တက်ကြွစွာနဲ့ အမှိုက်ရှင်းလင်းရေး ပရဟိတလုပ်အားဒါန ပါဝင်ပြုလုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနဲ့ စိမ်းလန်းစိုပြည်ရေးအတွက် အခြားပရဟိတအဖွဲ့ဝင်တွေနဲ့အတူ မညည်းမညူ ဘက်စုံပါဝင်ကူညီပေးခဲ့တဲ့ အိစိကွေးရဲ့ အလန်းစား ပုံရိပ်အချို့ဟာ လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကြား ရေပန်းစားလျက်ရှိပါတယ်။
ရုပ်ရည်ချောမောရုံတင်မကဘဲ အများအကျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ပါဝင်ပေးခဲ့တဲ့ သရုပ်ဆောင် အိစိကွေးရဲ့ စံနမူနာယူဖွယ် လှုပ်ရှားမှုတွေကိုမြင်တွေ့ရပြီး ပရိသတ်အပေါင်းကလည်း ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆိုကာ တခဲနက် ချီးကျူးအားပေးနေကြပါတယ်။