29/09/2026
အန်ကယ်လ် Sandars ရဲ့ မွေးနေ့ အထိမ်းအမှတ်ကျင်းပရင်း KFC မြန်မာရဲ့ Next Chapter ခရီးစဉ်ကို စတင်
ရန်ကုန်- စက်တင်ဘာ ၂၉
KFC Myanmar သည် KFC အမှတ်တံဆိပ်ကို စတင်တည်ထောင်သူ အန်ကယ်လ် Sanders၏ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် Junction Square Promotion Area တွင် သုံးရက်ကြာ အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနား ဖွင့်ပွဲသို့ KFC Myanmar ၏ ခေါင်းဆောင်မှုအဖွဲ့ဝင်များ၊ KOL များ၊ KFC ပရိသတ်များနှင့် စားသုံးသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး အန်ကယ်လ် Sanders ၏ နှစ်ပေါင်းများစွာသော အောင်မြင်မှုများကို ဂုဏ်ပြုရင်း KFC ၏ အမှတ်တံဆိပ် "Next Chapter" သို့ ကူးပြောင်းမှုကိုလည်း မိတ်ဆက်ခဲ့ကြပါသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် အန်ကယ်လ် Sanders ၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာလအတွင်း ကျင်းပသည့် အဆိုပါအခမ်းအနားတွင် အန်ကယ်လ် Sanders ၏ ဘဝဇာတ်ကြောင်း၊ KFC အမွေအနှစ်များနှင့် ကမ္ဘာကျော် Original Recipe ကို အခြေခံကာ ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းခဲ့ပါသည်။ ထို့အပြင် KFC ၏ တစ်ကမ္ဘာလုံးဆိုင်ရာ Brand Identity အသစ်ကို မြန်မာနိုင်ငံအတွက်ပါ မိတ်ဆက်ခဲ့ပြီး အဆိုပါ ပုံစံအသစ်သည် ခေတ်နှင့်အညီ ပိုမိုဆီလျော်မှုရှိစေရန်၊ ပိုမိုသက်ဝင်လှုပ်ရှားနိုင်စေရန်နှင့် ယနေ့ခေတ် လူနေမှုဘဝယဉ်ကျေးမှုနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
အန်ကယ်လ် Sanders သာ ယနေ့တိုင် အသက်ရှင်နေမည်ဆိုပါက ယခုနှစ်တွင် ၁၃၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပရမည်ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် (၇) ခုကျော်ကတည်းက ထင်ရှားကျော်ကြားခဲ့သည့် လျို့ဝှက်ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုးဖြင့် ဖန်တီးထားသော Original Recipe သည် ယနေ့တိုင် KFC ၏ အဓိကအမွေအနှစ်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ KFC သည် "Next Chapter" သို့ ဝင်ရောက်လာသည်နှင့်အမျှ ၎င်း၏ အမှတ်တံဆိပ်ပုံစံအသုံးပြုမှုများကို ခေတ်နှင့်အညီ ပြန်လည်မွမ်းမံဖန်တီးနေသော်လည်း KFC ၏ အမွေအနှစ်နှင့် “Finger Lickin’ Good” ဟူသည့် မူလခံစားချက်ကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။
"အန်ကယ်လ် Sanders က ကျွန်တော်တို့ လုပ်သမျှ အရာရာတိုင်းအတွက် လမ်းပြကြယ်အဖြစ် အမြဲတည်ရှိနေပါတယ်။ ကြက်ကြော်တွေ ပြင်ဆင်ချက်ပြုတ်တာကနေ နေ့စဉ် စံချိန်စံညွှန်းတွေ ထိန်းသိမ်းတဲ့အထိ အရည်အသွေးအပေါ် သူပေးထားခဲ့တဲ့ ကတိကဝတ်က ကျွန်တော်တို့ကို ဆက်ပြီး လမ်းပြနေဆဲ ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုတွေနဲ့ တိုးတက်ပြောင်းလဲမှုတွေ ဘယ်လိုပဲ ရှိလာပါစေ၊ KFC ရဲ့ မူလစံနှုန်းဖြစ်တဲ့ Original Recipe နဲ့ အရာရာကို မှန်ကန်တဲ့နည်းလမ်းအတိုင်း လုပ်ဆောင်သွားဖို့ကို အမြဲတမ်း လက်ကိုင်ထားမှာ ဖြစ်ပါတယ်။ KFC ရဲ့ Visual Identity အသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးပြီး ကျွန်တော်တို့ရဲ့ ခရီးစဉ်အသစ်၊ အခန်းကဏ္ဍသစ်ဆီကို စားသုံးသူတွေကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်" ဟု Yoma F&B ၏ Head of Marketing ဖြစ်သူ ကိုကျော်စွာထူးက ပြောကြားခဲ့သည်။
KFC ၏ အမှတ်တံဆိပ်ပုံစံအသစ်တွင် လိုဂို (Logo)၊ စာလုံးပုံစံ (Typography) နှင့် ရုပ်ပုံစနစ်များ (Visual Systems) ကို ပြန်လည်မွမ်းမံထားပြီး KFC ၏ အထင်ကရ Bucket၊ Stripes နှင့် အန်ကယ်လ် Sanders တို့ကဲ့သို့သော Classic Brand Assets များကိုလည်း ခေတ်သစ်ပုံစံနှင့် ပိုမိုလျော်ညီအောင် ပြန်လည်ဖန်တီးထားပါသည်။ အဆိုပါ အမှတ်တံဆိပ်ပုံစံအသစ် မိတ်ဆက်မှုခရီးစဉ်တွင် Brand Identity အပြောင်းအလဲများအပြင် စားသုံးသူများ၏ အတွေ့အကြုံများကိုပါ တဖြည်းဖြည်း တိုးမြှင့်သွားမည် ဖြစ်ပါသည်။
KFC Myanmar အနေဖြင့် Junction Square တွင် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားမှတစ်ဆင့် အန်ကယ်လ် Sanders ၏ မွေးနေ့အမှတ်တရနှင့် အောင်မြင်မှုမှတ်တိုင်များကို ဂုဏ်ပြုနိုင်ခဲ့သလို KFC ၏ “Next chapter” အမှတ်တံဆိပ်ပုံစံအသစ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း မြန်မာနိုင်ငံရှိ KFC ပရိသတ်များနှင့် စားသုံးသူများထံ မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ အမှတ်တံဆိပ်ပုံစံသစ်သို့ အသွင်ကူးပြောင်းခြင်းသည် KFC Myanmar ၏ အနာဂတ်ခရီးစဉ်အတွက် "New era"ကို စတင်ဖွင့်လှစ်ပေးမည့် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။