Htet Yan Oo "How you do anything is how you do everything."

***အားကိုးရတယ်ဆိုတဲ့ ဝန်ထမ်းတွေထွက်သွားမှာကြောက်တယ်****ကျွန်တော်လုပ်ငန်းစလုပ်ကာစက ဝန်ထမ်းတွေခန့်ရမှာလည်း ကြောက်သလို ခန့်...
01/07/2025

***အားကိုးရတယ်ဆိုတဲ့ ဝန်ထမ်းတွေထွက်သွားမှာကြောက်တယ်****

ကျွန်တော်လုပ်ငန်းစလုပ်ကာစက ဝန်ထမ်းတွေခန့်ရမှာလည်း ကြောက်သလို ခန့်ထားတဲ့ အားကိုးရတယ်ဆိုတဲ့ ဝန်ထမ်းတွေထွက်သွားမှာလည်းကြောက်တယ်

ဘာလို့ကြောက်တာလဲဆိုတော့ ဝန်ထမ်းတစ်ယောက်ကို အစကနေပြန်သင်ပေးနေရပြီး အလုပ်မတွင်မှာကြောက်တာ။ ပြီးရင် အားကိုးရတဲ့ ဝန်ထမ်းလည်းဖြစ်တော့ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်းကို ယိမ်းယိုင်သွားမှာ ကြောက်တာ။

အဲ့တော့ ဝန်ထမ်းကို အုပ်ချုပ်တဲ့အခါ ရင်းနှီးမှုတွေနဲ့ နားလည်မှုတွေနဲ့ အုပ်ချုပ်တယ်။ အဓိကက အချိန်တန်ရင် သူ့တာဝန်လေး သူကျေနေရင်ပြီးရောပေါ့။

နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ ဝန်ထမ်းတွေက လုပ်ငန်းကို တာဝန်ကျေဖို့ပဲ လုပ်လာတော့တယ်... ကိုယ့်လုပ်ငန်းကလည်း ရှေ့မရောက်တော့ဘူး။

ကိုယ်ကလည်း ဝန်ထမ်းမြဲစေချင်တော့ တော်ရုံအမှားဆို ခွင့်လွှတ်တာတို့ ကိုယ်တိုင်ပဲလိုက်လုပ်လိုက်တာတို့တွေရှိတော့ အဲ့အခါမှာ နောက်တဆင့်အနေနဲ့ သူတို့က အလုပ်ကိုပါ မလေးစားတော့ဘူး။

အဲ့တော့ ဝန်ထမ်းမြဲစေချင်တဲ့ ပြဿနာကနေ လုပ်ငန်းတိုးတက်ဖို့အတွက် အဟန့်အတားတွေဖြစ်လာတယ်။
သူတို့ကလည်း သက်သာရင်ပြီးရော ပိုမကြိုးစားတော့သလို သူတို့ရပိုင်ခွင့် အခွင့်အရေးတွေ ဘာတွေလည်းတိုးမတောင်းတော့ဘူး။ ကိုယ်ကလည်း အချိန်တန်အလုပ်လေးလုပ်ရင်ပြီးရော ဘာမှမပြောပဲလွှတ်ထားလိုက်တယ်။ သူတို့ရော ကိုယ်တွေရော Comfort Zone ထဲမှာ တဝဲလည်လည်ဖြစ်နေတယ်။

တကယ်တော့ ကျွန်တော်တို့ လုပ်ငန်းရှင် အများစုမှားတာက ရင်းနှီးမှု နားလည်မှုတွေနဲ့ပဲ အလုပ်လုပ်ပြီး စနစ်မချတာပဲ။

အမှားသိလို့ ၂၀၂၅ မှာ စပြီး တဖြည်းဖြည်းစနစ်ချလိုက်တဲ့အချိန်မှာ လုပ်ငန်းက အရင်ထက်သိသိသာသာတိုးတက်လာတယ်။

အဲ့အပြင် ဝန်ထမ်းတစ်ယောက်ထွက်သွားလို့ စိတ်မပူတော့ဘူး။ စနစ်တခုထဲထည့်လိုက်ရုံပဲ။ အခု အလုံးစုံစနစ်ကျသွားပြီလားဆိုတော့ မကျသေးပါဘူး။ ကိုယ်တိုင်လည်း Professional Business Owner အတန်းတက်ခဲ့တုန်းက စနစ်တစ်ခုကျဖို့ကို နှစ်ပေါင်းများစွာကြာတယ်ဆိုတာကို သင်ယူခဲ့ရဖူးတယ်။

ဒါကြောင့်ပြောချင်တာတစ်ခုက စနစ်ကို အချိန်ယူပြီးချပါ ... ဝန်ထမ်းတွေ ထွက်သွားမှာ မကြောက်ပါနဲ့။

၁.၇.၂၀၂၅

#အတွေ့အကြုံနဲ့ရေးတဲ့စာ

ที่อยู่

Bangkok
550000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htet Yan Ooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์