Pyit Taing Htaung

Pyit Taing Htaung 🇲🇲🇹🇭 Empowering Myanmar Students to Succeed in Bangkok: Education, Guidance, and Community ✨🚀

AKKHAYA Tea House ဘန်ကောက်မှာလည်း လာဖွင့်ပြီ 🎉မေလ ၁၄ရက်နေ့က soft opening အနေနဲ့ စတင်ဖွင့်လှစ်ထားတာပါ။ လဘက်ရည်ကြိုက်တဲ့သူ...
17/05/2026

AKKHAYA Tea House ဘန်ကောက်မှာလည်း လာဖွင့်ပြီ 🎉

မေလ ၁၄ရက်နေ့က soft opening အနေနဲ့ စတင်ဖွင့်လှစ်ထားတာပါ။ လဘက်ရည်ကြိုက်တဲ့သူဆိုတော့ မြန်မာကဆိုင်တွေ အသစ်လာဖွင့်ရင် သဘောကျလို့ ဖွင့်ဖွင့်ချင်း သွားကြည့်ဖြစ်တယ်။

ဘန်ကောက်ရောက်တော့ ဘန်ကောက်စတိုင်လ်ပေါ့နော်။ ခမ်းနားတဲ့ ဆိုင်အပြင်အဆင်နဲ့ ဝိုင်းပေါင်း ၂၅ဝိုင်းအထိရှိတယ် မိုးမရွာတဲ့နေ့တွေဆို အပြင်ဝိုင်းလေးတွေလည်း ထုတ်ပေးလို့ရတယ်လို့ သိခဲ့ရတယ်။ အေးအေးဆေးဆေးဖြစ်ပြီး မိတ်ဆုံစားပွဲတွေ၊ အလုပ်ကိစ္စဆွေးနွေးချင်တာတွေအတွက် ထိုင်လို့ကောင်းတဲ့ပုံစံမျိုး၊ အပေါ်ထပ်မှာ ပိုအဆင်ပြေသွားတယ်။

ရောက်သွားတဲ့အချိန်က ညနေဘက်ထမင်းလည်းစားပြီးချိန်ဆိုတော့ လဘက်ရည်ပဲ အရင်စမ်းသောက်ခဲ့သေးတယ်။ နောက်တခေါက်ထပ်သွားမှ စားစရာတွေလည်းမှာစားဦးမယ် 😇

ဆိုင်နေရာကတော့ မြန်မာ ဆိုင်ကောင်းကောင်းတွေဖွင့်ထားတဲ့ Phra Khanong Station အနီး Sukhumvit လမ်းမကြီးပေါ်မှာပါ။ **ကားနဲ့လာတဲ့သူတွေအတွက် parking တော့နည်းနည်းခက်မယ်*

📍 https://maps.app.goo.gl/JGpAopXKZzCM5riYA?g_st=ic

Grand Opening လည်းလုပ်ဖြစ်မယ်ပြောပါတယ်။ သွားဖြစ်ခဲ့ရင် အမြင်လေး ကွန်မန့်မှာပြောခဲ့ပါဦး။

12/05/2026

ဘန်ကောက်မှာ Language School တက်ရင်း 🇹🇭Ed Visa နဲ့ တစ်နှစ်နေထိုင်ချင်တယ်ဆိုရင် 💡

မင်္ဂလာနှစ်သစ် ၁၃၈၈ ပါ။ ဘန်ကောက်ကို Ed Visa နဲ့ ထွက်လာခဲ့ပြီး ဗီဇာသက်တမ်း တစ်နှစ်အတွင်းမှာ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစ...
17/04/2026

မင်္ဂလာနှစ်သစ် ၁၃၈၈ ပါ။ ဘန်ကောက်ကို Ed Visa နဲ့ ထွက်လာခဲ့ပြီး ဗီဇာသက်တမ်း တစ်နှစ်အတွင်းမှာ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရတာ၊ တကယ်တမ်းအလုပ်ရတော့ ပြီးသွားပြီးလားဆိုတော့လည်းမဟုတ်ပါဘူး လုပ်ငန်းခွင်အတွင်း အဆင်ပြေပြေလုပ်နိုင်ဖို့အတွက် ဆက်လျှောက်ရင်းနဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲ။

ပုံမှန်လစာရတဲ့ အလုပ်လုပ်တာအပြင် ဝါသနာက ညွှန်းတာလို့ပြောရမလား ပိုပြီးတိတိကျကျဆိုရရင် ကောင်းတာလေးတွေ့ရင် ညွှန်းချင်တာမျိုးပေါ့ အစားအသောက်၊ လည်ပတ်စရာ၊ ဘဝရှေ့ရေးအတွက် အလုပ်အကိုင် ပညာရေး စတာတွေကို ကိုယ်တိုင်ကြုံခဲ့ လေ့လာခဲ့ ဖတ် မှတ်ခဲ့သမျှတွေကို ကိုယ့်အသိုင်းအဝိုင်းထဲက နီးစပ်တဲ့အပေါင်းအသင်း၊ သူငယ်ချင်းရဲ့သူငယ်ချင်း၊ ဆွေမျိုးတွေ စသဖြင့် လာမေးရင် ညွှန်းပေးလေ့ရှိတယ်။

ရန်ကုန်မှာတုန်းကလည်း လုပ်ငန်းခွင်ဝင်ရာကနေ ခုချိန်ထိ ကိုယ့်ကိုချစ်ခင်နေဆဲ လူရင်းတွေက တခုခုဆို သူ့ကိုမေးလိုက် သူညွှန်းရင် အဆင်ပြေတာပဲပေါ့။ အမြဲတော့လည်းမဟုတ်ပါဘူး လွဲတဲ့အခါတွေလည်းရှိမယ်။ ဘန်ကောက်ရောက်တော့လည်း ခုထိ ကိုယ့်စကားဟာ အရာဝင်နေဆဲ။

မနှစ်က full-time အလုပ်မရခင် professional career အတွက် အခြေခိုင်အောင် တက်ခဲ့တဲ့ Strategy First က ဘန်ကောက်မှာ language school လာဖွင့်တော့ ကိုယ်တိုင်လည်း သွားလေ့လာပြီး ညွှန်းပေးဖြစ်တာ ကျောင်းသား အယောက် ၅၀ကျော်ရှိခဲ့တယ်။ ဘန်ကောက်ကို Ed Visa နဲ့ လာနှင့်ပြီးနေပြီ Liberty ကိုသာ အရင်သိရင် အဲ့လိုပဲလာဖြစ်မှာသေချာတာ၊ Strategy First ရဲ့ ကျောင်းသားတွေကိုပေးတဲ့ ဝန်ဆောင်မှုကို ကိုယ်သိပ်သဘောကျခဲ့တာကိုး။

အဲ့လိုနဲ့ အလုပ်ရရချင်း ငလျင်နဲ့ကြုံရာကနေ ရပ်တည်ရေးအတွက် ရုန်းကန်ရင်း ကျောင်းကို မရောက်ဖြစ်ခဲ့တော့တာပါပဲ ရေစက်ရှိနေသေးတော့ ဒီလအစ seminar တခု သွားတက်ရင်း တစ်နှစ်အတွင်းမှာ ကျောင်းရဲ့ တိုးတက်သွားမှုက အချိန်တိုလေးအတွင်း အံ့မခန်း။

ကျောင်းအပ်ရင်တပါတည်းရတဲ့ ဗီဇာကိစ္စ စာရွက်စာတမ်းချောမွေ့မှု၊ အတန်းအသစ်တွေ၊ course အသစ်တွေအပြင်ကိုမှ ကျောင်းတက်ရတဲ့ တာဝါမှာ မုန့်ဆိုင်အသစ်တွေတောင် တိုးနေတော့ အတော်လေးသဘောခွေ့မိတယ်။ မရောက်တာကြာလည်း ကျောင်းကကိုယ့်ကို အရင်လိုနွေးထွေးနေဆဲ အတန်းသစ်တွေကို သိချင်ရင် သေချာရှင်းလင်းပြောပြပေးတဲ့ အခွင့်အရေးပေးနေဆဲ။

ကောင်းတာတခုက အရင်လိုပဲ ကိုယ့်ဆီကတဆင့် ကျောင်းသွားအပ်မယ့် မိတ်ဆွေတွေကို လျှော့စျေးပေးနိုင်တဲ့ လက်ဆောင်လည်း အခုချိန်ထိ ရှိနေဆဲဆိုတော့ ဘန်ကောက်မှာ ဘာသာစကားသင်ရင်း နေထိုင်ခွင့်အတွက် အချိန်ကာလတခုကြာ စိတ်အေးနိုင်မယ့် ကိစ္စကို ကုန်ကျစားရိတ်အသင့်တင့်နဲ့ ရယူချင်တယ်ဆိုရင် ပစ်တိုင်းထောင် ပေ့ချ်လေး ပုံမှန်လည်ပတ်နိုင်ပြီမလို့ သိချင်တာတွေရှိရင် လာမေးနိုင်ပါပြီ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pyit Taing Htaungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์