Hein Thant - Human Bridge

Hein Thant - Human Bridge I am a human bridge, dedicated to supporting, developing, and transforming people's careers and lives

🎉 CONGRATULATIONS to myself — I Completed First Month of Professional Diploma in Digital PR & Brand Marketing Strategy a...
08/12/2025

🎉 CONGRATULATIONS to myself — I Completed First Month of Professional Diploma in Digital PR & Brand Marketing Strategy at Digital Face - Business Learning Academy

Secrect တစ်ခုကို နောက်ဆုံးမှာ ပြောပြထားပါတယ်။

1️⃣ ပထမတစ်လမှာ ဘာတွေ သင်ယူလိုက်ရလဲဆိုရင်...

ဆရာ ကျော် ဇင် လတ် ကြုံခဲ့ရတဲ့ Case Study တွေကို သေချာလေး မှတ်သားခဲ့ရတယ်။ Digital Marketing နဲ့ ပတ်သက်တဲ့ Skill Set တွေအပြင် ဘဝအတွက် အကျိုးရှိတဲ့ Mindset တွေကိုပါ ဆရာက ဆရာ စားမချန် သင်ကြားပေးခဲ့ပါတယ်။ ဆရာက Strategy ကို သေချာ တာဝန်ယူထားပြီးဖြစ်တဲ့အတွက် ကျွန်တော့်ဘက်က Speed ကို တာဝန်ယူဖို့ပဲ လိုပါတော့တယ်။

ကိုယ်လုပ်ချင်တဲ့ Digital Marketing Agency ဆိုတာကလည်း Digital Speed Up ဖြစ်နေတော့ ပိုပြီး လုပ်မှ ဖြစ်တော့မှာပါ။

2️⃣ အကြီးမားဆုံး “Aha!” moment အနေနဲ့ဆိုရင်...

Alex Hormozi ရဲ့ 100 M Offer ကို ပထမဆုံး ကြားဖူးပြီး ဘယ်လို အဆင့်ဆင့် လုပ်ဆောင်ရမလဲဆိုတာ ပိုနားလည်လာတယ်။

လူတွေ/လုပ်ငန်းတွေရဲ့ Close Rate မတူဘူးဆိုတာ မှတ်မှတ်ရရပါပဲ။ ကိုယ် လိုချင်တဲ့ ရလဒ်ထိ ရောက်ဖို့အတွက် Keep Going လုပ်ရမယ်ဆိုတာ နားလည်လာတယ်။ မသိခင်တုန်းကတေ့ ကြိုးစားတာ လုံလောက်နေရဲ့သားနဲ့ ဘာလို့ မရတာလဲဆိုပြီး လက်‌လျှော့လိုက်တာပဲ။ (ဒီမေးခွန်းကို မေးတဲ့ သင်တန်းသူကိုလည်း ကျေးဇူးတင်ရမယ်။)

စကားလုံးတွေရဲ့ ပညာသားပါမှုဆိုရင် "2 ယောက်အပ် 1 ယောက် Free" ဆိုတဲ့ မရှင်းမလင်း ဖြစ်နေတာကနေ "2 ယောက်အပ် 3 ယောက် တက်" လို့ ပြောင်းသုံးလိုက်တာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

3️⃣Digital Face - Business Learning Academy ကို ဘာလို့ Join ဖြစ်တာလဲဆိုရင်...

2021 လောက်မှာ ထင်တယ်။
ဒီနေ့က ဘာနေ့လဲ? Digital Marketing စ ပြီး လေ့လာတဲ့နေ့ ဆိုပြီး တင်ခဲ့တဲ့ Content ကနေ သတိထားမိတာပဲ။ ဘယ်လိုတွေများ သင်လဲဆိုပြီး Video တွေ လိုက်ကြည့်တော့ Mindmap တွေနဲ့ သင်တာပဲဆိုပြီး ပိုတက်ချင်သွားတယ်။ ခက်တာက အဲ့တုန်းက ရတဲ့လစာ နဲ့ မရင်းရဲသလို ဒီပညာရပ်ပေါ်မှာ သိပ်စိတ်မဝင်စားတဲ့အပြင် ခုလောက်ထိ စိတ်အားထက်သန်မှု မရှိခဲ့ဘူး။ အရှင်းဆုံး ပြောရရင် သင်တန်းကြေးထက် များတဲ့ ပိုက်ဆံတွေ ရှာနိုင်လာမယ်ဆိုတာ မသိခဲ့၊ မယုံခဲ့တာပေါ့။ ခု ထိုင်းရောက်တော့ သင်တန်းကြေးလည်း ရင်းရဲ၊ တတ်လည်း တတ်နိုင်လာတော့ ခုမှ တက်ဖြစ်တော့တာပါပဲ။

နောက်တစ်ခုက သင်တန်းဆင်းပြီး တကယ် ကြိုးစားပြီး တကယ် ရလဒ်တွေ ထွက်နေတဲ့ ဆရာ Ko Raja တို့ မမအေမီ Amy Thant တို့ကို မြင်တော့ ဆုံးဖြတ်ချက်က ပိုခိုင်မာသွားတော့တာပါပဲ။

ဆရာ ရာဂျား နဲ့ မိတ်ဆက်ပေးပြီး Marketing ပညာရပ်ကို လေ့လာခွင့်ပေးခဲ့တဲ့ မဝေ Wai Wai Lin ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Digital Face - Business Learning Academy မှာ သင်တန်းတက်ဖို့အတွက် အစစ အရာရာ ကူညီပေးခဲ့တဲ့ ဆရာ ရာဂျား Htet Naing Win Thu ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

4️⃣ အရင်က မသိခဲ့ပြီး အခုမှ သိလာရတာတွေအနေနဲ့ဆိုရင်...

Meta Business Suite ကို ပုံမှန် သုံးနေကြပဲ သုံးနေတော့ A/B Testing တို့ Lead Center တို့ကို လုပ်ကြည့်ရကောင်းမှန်း မသိခဲ့ဘူး။ အခုတော့ အဲဒါတွေရဲ့ အရေးပါပုံကို သေချာလေး နားလည်သွားတာပါပဲ။

ကောင်းမွန်ပြည့်စုံတဲ့ SMART GOALS တစ်ခုကို အတန်းထဲမှာတင် ပထမဆုံး ချမှတ်နိုင်ခဲ့တယ်။

အဲဒါကလည်း အရှေ့မှာ Join ထားတဲ့ သင်တန်းအခံတွေ၊ ကိုယ်ဖြစ်ချင်တာ ကိုယ်ပြန်မေးနေတာကြောင့်လည်း ပါတာပေါ့။

ဒါပေမယ့် ဆရာ ပြောလိုက်တဲ့ထဲမှာ သတိထားစရာ ကောင်းတာလေးရှိတယ်။

SMART GOALS က လူတွေကို အပြောင်းအလဲ မလုပ်ပေးဘူး။ လုပ်ပေးနိုင်တာက လုပ်ဆောင်ချက် ( SYSTEM ) ပါပဲတဲ့။

5️⃣ Beginner တွေကို ပြောပြချင်တာကတော့...

စောစောတက်နိုင်လေ၊ ကောင်းလေပါပဲနော်။ ကျွန်တော် လည်း နောက်ကျနေတာမျိုး မဟုတ်ပေမယ့် ဒီထက် စောစော တက်ဖစ်ခဲ့ရင် ပိုကောင်းမယ်။ စောစော ပိုက်ဆံရှာနိုင်တာပေါ့လေ။

Secrect တစ်ခုအနေနဲ့ဆိုရင် လူတိုင်းအတွက်တော့ မဟုတ်ပေမယ့်လို့ပေါ့။

ဆရာ ကျော် ဇင် လတ် က လောဘ သိပ်ကြီးတယ်...

တပည့်တွေပေါ် စာသင်တဲ့နေရာမှာ ပြောတာပါ။ တကယ် တတ်စေချင်တဲ့ စေတနာပေါ့။

သင်တန်းချိန်ပြီးသွားရင်လည်း အချိန်ရတဲ့သူတွေ အတွက် ဆရာက သိချင်တာ အကုန် ဖြေပေးပါတယ်။ One on one Coaching ယူနေရသလိုပါပဲ။

ကျွန်တော့်လို သိချင်တာများတဲ့သူတွေ အတွက်တော့ အဲ့အချိန်က ဆရာ နဲ့ အပြန်အလှန် ဆွေးနွေးပြီး အပျော် ရ ဆုံးပါပဲ။

အဲဒီအတွက်လည်း ဆရာ့ ကို ကျေးဇူးအများကြီးတင်ရပါတယ်။

ကိုယ့်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်က Marketing လုပ်နေလို့ အကြံတွေ လိုအပ်နေတာပဲ ဖြစ်ဖြစ် မေးခွန်းတွေ ကြိုပြင်ထားပြီး သင်တန်းသာ လာတက်လိုက်တော့။

ပြသနာတွေ၊ မေးခွန်းတွေများလေ ကျွန်တော်တို့လို Batch အဟောင်းသမားတွေအတွက် ပညာပိုရလေ ပါပဲ (Lifetime Recording ရှိတာဆိုတော့လေ)

ကျွန်တော်လည်း နေ့တိုင်း Markeing Theory Note တွေ၊ Case Study တွေ အစ ရှိသဖြင့် ပြန်ပြီး Sharing လုပ်သွားဖို့ ကြိုးစားပါဦးမယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

09 December, 2025 Tuesday
12:30 AM (Bangkok Time)









Digital Face - Business Learning Academy

08/12/2025

ကိုယ် လိုချင်တာ ရအောင် လုပ်နိုင်တာ Power ပဲ 🔥🔥

09 December, 2025 Tuesday
12:25 AM (Bangkok Time)




ကျွန်တော် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်...အဲဒီ ပုံပြင်ကို တော်‌တော်များများ ကြားဖူးကြပေမယ့် သတိမပြုမိ၊ သင်ခန်းစာ မယူမိကြတ...
22/11/2025

ကျွန်တော် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်...

အဲဒီ ပုံပြင်ကို တော်‌တော်များများ ကြားဖူးကြပေမယ့် သတိမပြုမိ၊ သင်ခန်းစာ မယူမိကြတဲ့အထဲမှာ ကျွန်တော်လည်း အပါအဝင်ပေါ့‌နော်...

သစ်ခုတ် သမား ပုံပြင်ပါပဲ။ ရေထဲကျသွားလို့ နတ်က ပုဆိန် ပြန်ပေးတဲ့ တစ်ခုတော့ မဟုတ်ဘူး။

ဒီတခါ နတ်မင်းကြီးက သစ်ခုတ် သမား ၂ ယောက်ကို အချက် ၁၀၀ ခုတ်လို့ရတဲ့ ပုဆိန် ၁ ယောက် ၁ လက် ပေးပြီး တောအုပ်ထဲက ကြိုက်တဲ့ အပင်ကို ခုတ်၊ လဲသွားတဲ့ သစ်ပင် ပိုင်တယ် ဆိုပြီး ခုတ်ခိုင်းတဲ့အကြောင်းပေါ့။

တိုတိုပြောရရင်

ပထမ ၁ ယောက်က ၁ပင်ဆို ၁ ပင်ပဲ သေချာခုတ်တယ်။

ဒုတိယ ၁ ယောက်က အပင် ၁ ပင်ပြီး ၁ ပင် လျှောက်ခုတ်တယ်။

အချိန်တစ်ခု ရောက်တဲ့ချိန်မှာ နောက်ဆုံးတော့ ၁ ပင်ဆို ၁ ပင်ပဲ Focus ထားပြီး ခုတ်တဲ့ ပထမ သစ်ခုတ်သမားကပဲ အပင် အများဆုံး ရခဲ့တာပေါ့။

ဒီအကြောင်းအရာလေးကတော့ ဆရာ ကျော် ဇင် လတ် ရဲ့ Digital Face - Business Learning Academy Batch 34 Day 1 Week 1 မှာ အတန်းသားတွေ အားလုံးအတွက် သတိပေးသွားတဲ့ Message လေးကို ပြန်လည်မျှဝေလိုက်တာပါ။

ကျွန်တော် ခုလက်ရှိ အသက် ၂၈ ဆိုတဲ့ အတိုင်းအတာမှာ လုပ်ငန်းခွင်ဝင်တဲ့ ၁၀ နှစ်လောက်က ဒုတိယ သစ်ခုတ်သမားလို လုပ်နေခဲ့မိနေတာချည်းပါပဲ။

တချ်ု့နှစ်တွေမှာဆို သစ်တောင် မခုတ်မိပဲ နေမိခဲ့တာတွေ ရှိသလို ကိုယ်က OCD သမားဆိုတော့ တချို့ အချိန်မကုန်သင့်တဲ့နေရာတွေမှာ အချိန်တော်‌တော် လေး သုံးခဲ့မိတာလည်း ရှိပြန်ပါတယ်။

ဒီနေ့ကလည်း ကျွန်တော် မြန်မာလို အသက် ၂၈ ပြည့်တဲ့နေ့လေးဆိုတော့ ဖြစ်ခဲ့သမျှတွေကို ကိုယ့်ကိုကိုယ် အပြစ်မတင်ပဲ ခွင့်လွှတ်ရင်း ပြောင်းလဲသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

23 November, 2025 Sunday
12:23 AM (Bangkok time)









Digital Face - Business Learning Academy

Saved 1st Day MemoLearning at Digital Face  - Business Learning Academy23 November, 2025 Sunday12:22 AM (Bangkok time)  ...
22/11/2025

Saved 1st Day Memo
Learning at Digital Face - Business Learning Academy

23 November, 2025 Sunday
12:22 AM (Bangkok time)









Digital Face - Business Learning Academy

22/11/2025

"I've been on this earth for 28 years."

Happy Birthday to me.

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hein Thant - Human Bridgeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์