People's Radio Myanmar

People's Radio Myanmar Independent community radio born out of Myanmar's Spring Revolution, supporting a democratic and pluralistic Myanmar.

Listen to us on the Simple radio app, available on the App store and Google Play, or on our website (below).

မင်းအောင်လှိုင် အိန္ဒိယသို့ အရင်သွားခြင်းသည် တရုတ်အတွက် သတင်းစကားတစ်ခုလားBy- PRMနိုင်ငံရေးတွင် ခရီးစဉ်များသည် ခရီးသွားခြ...
31/05/2026

မင်းအောင်လှိုင် အိန္ဒိယသို့ အရင်သွားခြင်းသည် တရုတ်အတွက် သတင်းစကားတစ်ခုလား

By- PRM

နိုင်ငံရေးတွင် ခရီးစဉ်များသည် ခရီးသွားခြင်းသက်သက် မဟုတ်ကြပေ။ အထူးသဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းရန်၊ နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရန်နှင့် အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှုကို လိုအပ်နေသည့် အာဏာသိမ်းခေါင်းဆောင်များအတွက်တော့ နိုင်ငံခြားခရီးစဉ်တိုင်းသည် နိုင်ငံရေးသတင်းစကားတစ်ခု ဖြစ်လေ့ရှိသည်။

ယခု မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကိုလည်း ထိုအမြင်ဖြင့် ကြည့်ရန် လိုအပ်သည်။ မေးခွန်းမှာ မင်းအောင်လှိုင် အိန္ဒိယကို ဘာကြောင့် သွားသလဲ မဟုတ်။ တရုတ်ထက် အိန္ဒိယကို ဘာကြောင့် အရင်သွားသလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။

မင်းအောင်လှိုင်အနေဖြင့် မေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့်လည်း အိန္ဒိယခရီးစဉ်က အရင်ထွက်ပေါ်လာခဲ့သည်။ အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး သာမန်အစီအစဉ်တစ်ခုထက် ပိုမိုနက်ရှိုင်းသော မဟာဗျူဟာ ရည်ရွယ်ချက်များ ပါဝင်နေနိုင်သည်။

ပေကျင်းသို့ မသွားမီ နယူးဒေလီသို့
++++++++++++++++++++++
တရုတ်သည် ယနေ့ မြန်မာစစ်အစိုးရအတွက် အရေးကြီးဆုံး နိုင်ငံခြားအင်အားကြီး နိုင်ငံဖြစ်နေသည်။ စီးပွားရေးအရလည်းကောင်း၊ သံတမန်ရေးအရလည်းကောင်း၊ နယ်စပ်လုံခြုံရေးအရလည်းကောင်း ပေကျင်း၏ သဘောထားသည် နေပြည်တော်အတွက် အရေးပါလာနေသည်။

တရုတ်၏ ထောက်ခံမှုကို လိုအပ်နေသူတစ်ဦးသည် တရုတ်ကို မသွားမီ အိန္ဒိယသို့ သွားရောက်ခြင်းအားဖြင့် "ကျွန်ုပ်တွင် ရွေးချယ်စရာများ ရှိနေသေးသည်" ဆိုသည့် သတင်းစကားကို ပို့ဆောင်လိုခြင်း ဖြစ်နိုင်သလို ကုလာတန်စီမံကိန်းအပါအဝင် မလ္လကာရေလက်ကြား၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် သတင်းစကားပေးလိုသည့် မဟာဗျူဟာလည်းဖြစ်နိုင်သည်။ ဤသည်မှာ နိုင်ငံငယ်များက အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုကို အသုံးချလေ့ရှိသည့် ရိုးရာနိုင်ငံရေး နည်းဗျူဟာတစ်ခု ဖြစ်သည်။

မလက္ကာရေလက်ကြား၏ အရိပ်
+++++++++++++++++++++
တရုတ်အတွက် မြန်မာနိုင်ငံ၏ တန်ဖိုးသည် နယ်စပ်ချင်း ထိစပ်နေခြင်းကြောင့်သာ မဟုတ်ပေ။ တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် ရေရှည် မဟာဗျူဟာတွက်ချက်မှုများထဲတွင် မြန်မာနိုင်ငံသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။

တရုတ်စီးပွားရေး၏ အသက်သွေးကြော အများစုသည် မလက္ကာရေလက်ကြားကို ဖြတ်သန်းရသည်။ ထိုလမ်းကြောင်း ပိတ်ဆို့ခံရနိုင်သည့် အန္တရာယ်ကို ပေကျင်းက နှစ်ပေါင်းများစွာ စိုးရိမ်လာခဲ့သည်။ ထို့ကြောင့် ကျောက်ဖြူဆိပ်ကမ်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် စီးပွားရေးစင်္ကြံစီမံကိန်းများသည် စီးပွားရေးစီမံကိန်းများသာ မဟုတ်ကြပေ။ ၎င်းတို့သည် တရုတ်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ၏ အစိတ်အပိုင်းများ ဖြစ်သည်။ မြန်မာနိုင်ငံကို ပေကျင်းက စိတ်ဝင်စားနေခြင်းမှာ မြန်မာကို ချစ်သောကြောင့် မဟုတ်ဘဲ မြန်မာ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို လိုအပ်နေသောကြောင့် ဖြစ်သည်။

နေပြည်တော်၏ တွက်ချက်မှု
+++++++++++++++++++
ဤနေရာတွင် နေပြည်တော်၏ တွက်ချက်မှုကို မြင်နိုင်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံကို ဆုံးရှုံးမခံလိုသလို၊ တရုတ်သည်လည်း မြန်မာနိုင်ငံကို လက်လွှတ်မခံလိုပေ။ ထို့ကြောင့် မြန်မာခေါင်းဆောင်များအတွက် အကောင်းဆုံး အနေအထားမှာ မည်သည့်ဘက်ကိုမျှ အပြည့်အဝ မရွေးချယ်ဘဲ နှစ်ဖက်စလုံးထံမှ အကျိုးအမြတ် ထုတ်ယူနိုင်သော အနေအထား ဖြစ်သည်။

အိန္ဒိယသို့ သွားရောက်ခြင်းသည် ပေကျင်းအတွက် ဖိအားတစ်ခု ဖြစ်နိုင်သလို၊ ပေကျင်းသို့ သွားရောက်ခြင်းသည် နယူးဒေလီအတွက်လည်း ဖိအားတစ်ခု ဖြစ်နိုင်သည်။ ဤသည်မှာ မဟာဗျူဟာ ဟန်ချက်ညီရေး (Strategic Balancing) ၏ ဥပမာတစ်ခု ဖြစ်သည်။

တရုတ်ထံမှ ဘာကို ရယူလိုသနည်း
++++++++++++++++++++++
အဓိကမေးခွန်းမှာ တရုတ်ထံမှ ဘာကို ရယူလိုသနည်း ဆိုခြင်း ဖြစ်သည်။ နိုင်ငံရေးအရ ကြည့်မည်ဆိုပါက အရေးကြီးဆုံးအရာမှာ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် တရားဝင်မှု ဖြစ်နိုင်သည်။ လုံခြုံရေးအရ ကြည့်မည်ဆိုပါက နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တရုတ်သြဇာရှိသည့် အဖွဲ့အစည်းများအပေါ် ဩဇာသက်ရောက်မှုများ ဖြစ်နိုင်သည်။ စီးပွားရေးအရ ကြည့်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် အိန္ဒိယခရီးစဉ်သည် တရုတ်ထံမှ ပိုမိုကောင်းမွန်သော သဘောတူညီချက်တစ်ခု ရရှိရန် ကြိုတင်ပြင်ဆင်ထားသည့် နိုင်ငံရေးအခင်းအကျင်း ဖြစ်နိုင်သည်။

နိဂုံး
+++
နိုင်ငံရေးတွင် အရေးကြီးဆုံးသည် ခရီးစဉ်မဟုတ်၊ ခရီးစဉ်၏ အချိန်နှင့် အစီအစဉ် ဖြစ်သည်။ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ယခုအချိန်တွင် တိကျသေချာစွာ အဓိပ္ပာယ်ဖော်ရန် မဖြစ်နိုင်သေးပေ။ သို့သော် ပေကျင်းသို့ မသွားမီ နယူးဒေလီသို့ အရင်သွားရောက်ခြင်းသည် သာမန် တိုက်ဆိုင်မှုတစ်ခုထက် ပိုမိုအဓိပ္ပာယ်ရှိနိုင်သည်။ နိုင်ငံရေး၏ အမှန်တရားတစ်ခုမှာ နိုင်ငံများတွင် အမြဲတမ်း မိတ်ဆွေမရှိသလို အမြဲတမ်း ရန်သူလည်း မရှိကြပေ။ ရှိသည်မှာ အကျိုးစီးပွားသာ ဖြစ်သည်။

ယနေ့ မြန်မာ၊ တရုတ်နှင့် အိန္ဒိယတို့ကြား လှုပ်ရှားနေသည့် နိုင်ငံရေးကစားကွက်၏ အဓိကမောင်းနှင်အားသည်လည်း အယူဝါဒများ မဟုတ်ဘဲ အကျိုးစီးပွားများသာ ဖြစ်နေသည်။

အာဆင်နယ်ကိုအနိုင်ယူပြီး ၂နှစ်ဆက်ချန်ပီယံလိဒ်ချန်ပီယံဖြစ်လာတဲ့ PSG
30/05/2026

အာဆင်နယ်ကိုအနိုင်ယူပြီး ၂နှစ်ဆက်ချန်ပီယံလိဒ်ချန်ပီယံဖြစ်လာတဲ့ PSG

30/05/2026

အာဏာရှင် ယန္တယားအောက်က ခွဲခြားခံနေရဆဲ လူနည်းစုများ
----------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

မြန်မာ့နိုင်ငံရေးအခင်းအကျင်း တော်လှန်ရေးခရီးကြမ်းမှာ အမျိုးသားရေးလက္ခဏာကို ရှေ့တန်းတင်ကာ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းပြီး ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေးနည်းနာအဖြစ်နဲ့ မြန်မာ့နိုင်ငံရေးဦးဆောင်သူများက အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့် မရိုးဖြောင့်မသမာသူ စစ်အာဏာရှင်များဟာ မွန်မြတ်လှတဲ့ အမျိုးသားရေးလက္ခဏာကို အလွဲသုံးစားပြုလုပ်ကာ မိမိတို့အာဏာတည်မြဲရေး လူထုကိုနိုင်ငံရေးမှာ အာရုံလွှဲရန်ရည်သန်ပြီး တလွဲအသုံးချခဲ့ကြသလို အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့ကြပါတယ်။

အဆိုပါလွဲမှားသော အတွေးအမြင်အယူအဆများကြောင့် လူနည်းစုတိုင်းရင်းသားများ၊ လူနည်းစု မျိုးနွယ်ဝင်များ၊ လူနည်းစုဘာသာဝင်များအပေါ် ပေါ်ပေါ်တင်တင် ခွဲခြားဆက်ဆံမှုများ၊ အခွင့်အရေးချိုးဖောက်မှုများ၊ ပစ်မှတ်ထားတိုက်ခိုက်မှု ရာဇဝတ်မှုများအထိ ရက်စက်စွာကျူးလွန်ခဲ့ကြရုံသာမက ထိုသို့ကျူးလွန်ပြုလုပ်မှုများကိုလည်း ကိုယ့်အမျိုးဘာသာထိန်းသိမ်းမှုဟု နာမည်လှလှတပ်ကာ လှည့်စားအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလို ခွဲခြားဖိနှိပ် အကြမ်းဖက်မှုများ တနေ့တခြား ပိုမိုဆိုးရွာလာခဲ့တာကြောင့် လူနည်းစုများရဲ့ ပြန်လည်တုန့်ပြန်မှုများဟာလည်း အပြုသဘောမဆောင်မှုများရှိလာခဲ့ပါတယ်။

အထက်ဖော်ပြပါ အာဏာရှင်တို့ရဲ့ ဖိနှိပ်နေမှု ယန္တယားများအကြောင်းကို ပညာရှင်ရှုထောင့် လူငယ်ရှုထောင့်တို့ကနေ အဖိနှိပ်ခံများရဲ့ အသံအဖြစ် ဒီတစ်ပတ် Burma Human rights Network ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးတင်ပြသွားကြမှာလည်းဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

- ဒေါက်တာသန်းလွင်ဦး

- လိုည်းမွမ့်နွန်း @ နွန်း
(တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ)

- ခွန်ဟိဏ်း

- ကိုထက်ခိုင်စိုး
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

Breaking news!လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြ အာနေးစလော့ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။
30/05/2026

Breaking news!

လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြ အာနေးစလော့ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။

30/05/2026

Tv||- တပတ်အတွင်း ထူးခြားမှုရှိခဲ့တဲ့ သတင်းများ

စစ်အုပ်စုက ကျားဖြန့် ငွေလိမ်ဂိုဏ်းနေရာတွေကို ကရင်လက်နက်ကိုင်အဖွဲတွေနဲ့ ညှိနှိင်းပြီးဟန်ပြနှိမ်နင်းပြနေရတဲ့သတင်း

အုတ်ဖိုမြိုနယ်ထဲက စစ်ဘေးရှောင် ၃ ထောင်ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲ ကြုံတွေ့နေရတဲ့သတင်း

ရေးဘီလူးတပ်စခန်းကို စစ်တပ်လေကြောင်းက ဗုံးကြဲလို ရဲဘော် ၅ ဦးကျဆုံးသွားတယ်လိုကနဦးသိရတဲ့သတင်း

ကျိုက်ဒုံမြို အဝင်နေရာကို စစ်အုပ်စုလေကြောင်း ဗုံးကြဲလို ဒေသခံအမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတဲ့သတင်း

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား(၂)ကို ထိုင်းဘက်က အစမ်းပြန်ဖွင့်ပြီး မြဝတီဘက်ကပြောင်းဖူးစေ့ သယ်ယူတဲ့သတင်းကိုတွေကို တင်ပြပေးပါမယ်

30/05/2026

Tv||- မင်းတပ်မြို့မှာ အိမ်တွေဖောက်ခွင်းခံနေရလို့ ညမထွက်ရ အမိန့်ထုတ်ပြန်ထား

ဝပြည်မှာ သားအဖ ၂ ဦး လူမြင်ကွင်းနေရာ ဓါးနဲ့ ထိုးသတ်ခံရBy - ချယ်ရီနွေဦးရှမ်းပြည်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဝကိုယ်ပိုင်အုပ...
30/05/2026

ဝပြည်မှာ သားအဖ ၂ ဦး လူမြင်ကွင်းနေရာ ဓါးနဲ့ ထိုးသတ်ခံရ

By - ချယ်ရီနွေဦး

ရှမ်းပြည်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းမောမြိုမှာ မနေ့ (မေ ၂၉) မနက်ပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ပြီး သားအဖ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း ခိုလှုံနေထိုင်သူတွေက ပြောပါတယ်။

မိုင်းမောမြိုနယ်၊ ယင်ပန်(ယောင်ပန်)ရွာ လူစည်ကားတဲ့ ဈေးဆိုင်တန်းတစ်နေရာမှာ လူတစ်ဦး ဓါးရှည်ကိုင်ဆောင်ကာ ရုတ်တရက် ဝင်ရောက်လာပြီး သားအဖ ၂ ဦးကို ဝင်ရောက် သတ်ဖြတ်သွားတာပါ။

ဈေးသည်တစ်ဦးက “သူ့အဖေကို အရင်ထိုးတာ။ သူ့သားက ဝင်လုံးတော့ ပြန်ထိတယ်။ သူလည်း မပြေးဘူးလေ။ အဲတော့ ၂ ယောက်သားလဲနေတဲ့အချိန် ဓါးနဲ့ ထပ်ထိုးတော့ သေတာပဲ” လို့ ပြောပါတယ်။

ကျူးလွန်သတ်ဖြတ်သူဟာ အခင်းဖြစ်နေရာကနေ ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားပြီး လက်ရှိမှာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး ဆောင်ရွက်နေပေမယ့် တရားခံနဲ့ ပတ်သက်တော့ အသေးစိတ် အချက်အလက်ကိုတော့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝပြည်အတွင်း ခိုလှုနေထိုင်သူ တစ်ဦးက “ဒီမှာက လောင်းကစားများတော့ ခဏခဏ လူသတ်မှု ဖြစ်တယ်။ မိရင်တော့ အသေပဲဆိုတော့ လွတ်အောင် ပြေးကြတာပေါ့” လို့ ပြောပါတယ်။

ဝဒေသမှာ ကာစီနို လောင်းကစားရုံတွေ အမြောက်အမြား ဖွင့်လှစ်ထားတာကြောင့် မကြာခဏ ကြွေးနွံနစ်သူတွေ များလာပြီး ကိုယ့်ကိုယ် အဆုံးစီရင်မှု၊ လူသတ်မှု၊ ဖောက်ထွင်းမှုတွေတွေ ကျူးလွန်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

မိုင်းမောမြိုဟာ အရင် လားရှိးခရိုင်အတွင်း ပါဝင်ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်ခရိုင်တွင်းကို လွှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

30/05/2026

Tv||- ဒုံးကျည်တွေသယ်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ကားကိုတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၃ ယောက် ဖမ်းမိ

ဂျပန်မှာ ၅ နှစ်အတွင်း လူဦးရေ အများဆုံး ကျဆင်းဂျပန်နိုင်ငံရဲ့ လူဦးရေဟာ  ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သိသိသာသာ လျော့နည...
30/05/2026

ဂျပန်မှာ ၅ နှစ်အတွင်း လူဦးရေ အများဆုံး ကျဆင်း

ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သိသိသာသာ လျော့နည်းသွားကြောင်း နောက်ဆုံးကောက်ယူထားတဲ့ လူဦးရေသန်းခေါင်စာရင်း (Census) အချက်အလက်များအရ
သိရပါတယ်။

သန်းခေါင်စာရင်းရလဒ်များအရ ၅ နှစ်တာကာလအတွင်း ၉ သိန်းခန့် လျော့နည်းသွားခဲ့ပြီး အရင်ကာလများနှင့် နှိုင်းယှဉ်ပါက အကြီးမားဆုံး ကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

အခုလို လူဦးရေကျဆင်းလာခြင်းဟာ ဂျပန်တွေအနေနဲ့ ကလေးမွေးဖွားနှုန်းနည်းပါးလာခြင်းနဲ့အတူ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာခြင်းကြောင့် ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူများက ဆိုပါတယ်။

တိုကျိုမြို့အပါအဝင် မြို့ပြဒေသအချို့မှာ လူဦးရေ တိုးပွားမှုများရှိနေပေမယ့်လည်း နိုင်ငံတစ်ဝန်း စုစုပေါင်း လူဦးရေမှာ ဆက်လက်လျော့ကျနေဆဲဖြစ်ပါတယ်၊

လူဦးရေ လျော့နည်းလာမှုဟာ အလုပ်သမားအင်အား၊ လူမှုဖူလုံရေးစနစ်နဲ့ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများအပေါ် ပိုမိုဖိအားများ ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက သတိပေးထားပါတယ်။
ဂျပန်အစိုးရကတော့ မွေးဖွားနှုန်းမြှင့်တင်ဖို့အတွက် မိသားစုတွေကို ပံ့ပိုးကူညီနေပြီး မူဝါဒအမျိုးမျိုး ချမှတ်ဆောင်ရွက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားသော ရလဒ်များ မတွေ့ရသေးလို့ ဆိုပါတယ်။

ဒါအပြင် ကျေးလက်ဒေသရှိ လူငယ်တွေဟာ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိနိုင်ဖို့အတွက် မြို့ကြီးများဆီ ရွှေ့ပြောင်းနေထိုင်မှုတွေ လည်း မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

30/05/2026

Tv||- ပခုက္ကူက တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ က တပ်သားသစ်တစ်ဦး COBRA ONE ထံ အလင်းဝင်


ที่อยู่

Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ People's Radio Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง People's Radio Myanmar:

แชร์