Yuzana's Tech Spark

Yuzana's Tech Spark ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yuzana's Tech Spark, บริการการตลาดออนไลน์, Mae Tao Mai, Mae Sot Tak, Tak.

💻 Welcome to Yuzana's Tech Spark Learning Center
✨ Exploring the world of programming, technology, and motivation
🌟 Inspiring learning, creativity, and personal growth
🚀 Let’s code, create, and conquer together!

25/05/2025

My fri: နင် Englishသီချင်းတွေပဲနားထောင်နေတာ ရလို့လား
Me:👇👇👇

18/05/2025

ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ကြောင်နဲ့ကြွက် အသစ်ထွက်တာလေး ကြည့်လို့ကောင်းနေရော🥰🥰 character တွေကတော့အရင်လောက်မိုက်မနေဘူး

ဖုန်းမှာ သုံးနေတဲ့ software တချို့ကို ကွန်ပျူတာ မှာ သုံးလို့မရဘူးဆိုတဲ့ အမေးများတဲ့ မေးခွန်းကို ဖြေပေးပါမေ။ ဖုန်းမှာသုံး...
08/05/2025

ဖုန်းမှာ သုံးနေတဲ့ software တချို့ကို ကွန်ပျူတာ မှာ သုံးလို့မရဘူးဆိုတဲ့ အမေးများတဲ့ မေးခွန်းကို ဖြေပေးပါမေ။
ဖုန်းမှာသုံးတဲ့ Application တွေကို ကွန်ပျူတာမှာ သုံးလို့မရနိင်ပါဘူး။ အဓိကအကြောင်းအရင်းကတော့ Operating System (OS) မတူညီကြလို့ပါ။
ဖုန်းတွေမှာ အများအားဖြင့် Android OS ကို အသုံးပြုကြပြီး၊ Android Application တွေဟာ APK (Android Application Package) ဖိုင်အမျိုးအစားနဲ့ အလုပ်လုပ်ပါတယ်။ ကွန်ပျူတာတွေမှာတော့ Windows OS ကို အဓိကအားဖြင့် အသုံးပြုကြပြီး၊ Windows Application တွေဟာ EXE (Executable) ဖိုင်အမျိုးအစားနဲ့ အလုပ်လုပ်ပါတယ်။
APK နဲ့ EXE ဖိုင်အမျိုးအစားတွေဟာ မတူညီတဲ့ programming language တွေနဲ့ တည်ဆောက်ထားတာကြောင့် တစ်ခုနဲ့တစ်ခု အပြန်အလှန် အလုပ်လုပ်လို့ မရပါဘူး။ ဒါကြောင့် Android Application တွေကို Windows မှာ တိုက်ရိုက် run လို့ မရတာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းလမ်းအချို့ကို သုံးပြီး ဖုန်းမှာသုံးတဲ့ Application တွေကို ကွန်ပျူတာမှာ သုံးလို့ရအောင် လုပ်နိင်ပါတယ်။
Emulator
Android Emulator တွေကို အသုံးပြုခြင်းအားဖြင့် Windows မှာ Android OS ကို virtual environment တစ်ခုအနေနဲ့ တင်ပြီး ဖုန်း Application တွေကို run နိုင်ပါတယ်။ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင် Emulator တွေက ကွန်ပျူတာရဲ့ resources တွေကို အများကြီးယူတာကြောင့် ကွန်ပျုတာဟာ Performance ကောင်းဖို့လိုပါတယ်။ ဒါမှသာ အစဉ်ပြေပြေနဲ့ အလုပ်လုပ်နိင်မှာ ဖြစ်ပါတယ်။
WSA Feature
နောက်ထပ် နည်းလမ်းတစ်ခုကတော့ Windows 11 မှာပါဝင်တဲ့ Windows Subsystem for Android (WSA) feature ကို အသုံးပြုခြင်းအားဖြင့် Android Application တွေကို Windows မှာ တိုက်ရိုက် run နိုင်ပါတယ်။ ဒါပေမယ့် WSA က အားလုံးသော Android Application တွေကို support မပေးသေးပါဘူး။
ဒီလောက်ဆို နားလည်သဘောပေါက်ကြမေလို့မျှော်လင့်ပါတေ။
နောက်ထပ် သိချင်တာတွေလည်း မေးခဲ့လို့ရပါတေ Technical Knowledge တွေကိုသိသလောက် ပြန်လည် မျှဝေပေးပါမေနော်။

Summer Computer Class က ချစ်စရာကလေးတွေ စိတ်ဝင်တစား ကြိုးစားကြတော့ သင်ရတဲ့ဆရာမ ပီတိတွေဖြာ🥰🥰🥰
06/05/2025

Summer Computer Class က ချစ်စရာကလေးတွေ စိတ်ဝင်တစား ကြိုးစားကြတော့ သင်ရတဲ့ဆရာမ ပီတိတွေဖြာ🥰🥰🥰

Windows User တိုင်း သိထားသင့်သော Run Commands (၁၀)ခု==========လိုအပ်လာရင် ပြန်ကြည့်လို့ရအောင် Like & Share လုပ်ထားလိုက်ပ...
05/05/2025

Windows User တိုင်း သိထားသင့်သော Run Commands (၁၀)ခု
==========
လိုအပ်လာရင် ပြန်ကြည့်လို့ရအောင် Like & Share လုပ်ထားလိုက်ပါဦးနော်။
Run Commands များကို အသုံးပြုတက်ခြင်းအားဖြင့် ကွန်ပျုတာတွင် လုပ်ဆောင်ချက်များကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိင်မှာ ဖြစ်ပါတယ်။
1. appwiz.cpl
software တွေကို uninstall လုပ်ခြင်သည့်အခါ (သို့မဟုတ်) Windows နှင့်ပတ်သတ်သော Feature တွေကို ဖွင့်ခြင်သည့်အခါတွင် Run box တွင် appwiz.cpl ရိုက်ထည့်ပြီး လုပ်နိင်ပါသည်။
2. calc
ကွန်ပြုတာတွင် Calculator ကို အသုံးပြုချင်သည့်အခါတွင် Run box ထဲတွင် calc ရိုက်ပြီး အသုံးပြုနိုင်ပါသည်။
3. control
Control Panel ကိုခေါ်ချင်သည့်အခါတွင် Run box ထဲတွင် control ရိုက်ပြီးခေါ်နိုင်ပါသည်။
4. logoff
ကွန်ပြုတာကို logoff လုပ်ချင်သည့်အခါတွင် Run box ထဲတွင် logoff ရိုက်ပြီး သုံးနိုင်ပါသည်။
5. timedate.cpl
ကွန်ပြုတာထဲတွင် Date, Time များပြင်ချင်သည့်အခါတွင် Run box ထဲတွင် timedate.cpl ရိုက်ပြီးပြောင်းနိုင်ပါသည်။
6. desk.cpl
Screen resolution ချိန်ချင်သည့်အခါတွင် Run box ထဲတွင် desk.cpl ရိုက်ပြီးသုံးနိုင်ပါသည်။
7. dfrgui
ကွန်ပြုတာကို Defragment လုပ်ချင်သည့်အခါတွင် Run box ထဲတွင် dfrgui ရိုက်ပြီးသုံးနိုင်ပါသည်။
8. chkdsk
ကွန်ပြုတာကို Disk Cleanup လုပ်ချင်သည့်အခါတွင်Run box ထဲတွင် chkdsk ရိုက်ပြီးသုံးနိင်ပါသည်။
9. msinfo32
ကွန်ပြုတာတစ်ခုလုံးတွင် ရှိနေသော information တွေကိုကြည့်ချင်သည့်အခါတွင် Run box ထဲတွင် msinfo32 ရိုက်ပြီးကြည့်
နိင်ပါသည်။
10. taskmgr
Task Manager ခေါ်ချင်သည့်အခါတွင် Run box ထဲတွင် taskmgr ရိုက်ပြီးခေါ်နိုင်ပါသည်။

AWS, Microsoft, CISCO, CompTIA တို့ရဲ့ exam တွေကို ဖြေဖို့ ပြင်နေတဲ့သူတွေအခု Pearson VUE Free exam retake ပေးနေပါတယ်။ စာ...
04/05/2025

AWS, Microsoft, CISCO, CompTIA တို့ရဲ့ exam တွေကို ဖြေဖို့ ပြင်နေတဲ့သူတွေအခု Pearson VUE Free exam retake ပေးနေပါတယ်။ စာမေးပွဲကိုတော့ ဇွန်လ ၁၂ ရက် ၂၀၂၅ မတိုင်ခင်ဖြေရမှာပါ။ ဖြေလို့ကျခဲ့ရင်လည်း ဇူလိုင် ၇ ရက် ၂၀၂၅ ကနေ ဇန်နဝါရီ ၂၀ ရက် ၂၀၂၆ အတွက် ဒီ code ( VUERetake2025 ) ကိုသုံးပြီး free exam retake ဖြေခွင့်ရှိပါမယ်။

https://www.pearsonvue.com/us/en/test-takers/free-retake.html

လျှပ်စစ်မလိုတဲ့ ရေခဲသေတ္တာ နည်းပညာများ — ၂၀၂၅တွင် ပိုမိုလူသိများလာ!![Eco-friendly fridge](ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ရ...
27/04/2025

လျှပ်စစ်မလိုတဲ့ ရေခဲသေတ္တာ နည်းပညာများ — ၂၀၂၅တွင် ပိုမိုလူသိများလာ!

![Eco-friendly fridge]
(ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ရေခဲသေတ္တာ)

၂၀၂၅ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်တွင် များစွာအသိအမှတ်ပြုခံရသော နည်းပညာတစ်ခုကတော့
လျှပ်စစ်မလိုအပ်ပဲ အေးမြမှုရရှိစေနိုင်သော နည်းပညာများ ဖြစ်သည်။

Salt-based cooling (ဥပမာ - Ammonium Nitrate၊ Sodium နှင့် ရေ) အစရှိသော ဓာတုပစ္စည်းများကို တိကျစွာပေါင်းစပ်ခြင်းဖြင့် အေးမြမှုကို ဖန်တီးနိုင်သည်ဟု သိပ္ပံပညာရှင်များက အစောပိုင်းမှ သိရှိခဲ့သည်။
ယနေ့အချိန်တွင်တော့ Clay-based, Solar-powered နှင့် Salt-based Cooling နည်းပညာများကို ပိုမိုတိုးတက်ကောင်းမွန်စွာ ဖန်တီးနိုင်ခဲ့ပြီး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသော ရေခဲသေတ္တာအသစ်များ စတင်ထွန်းကားလာသည်။

၂၀၂၅ တွင် သဘာဝအေးမြမှုနည်းပညာများအတွက် "Ozone Layer Protection" ဆုများကို ချီးမြှင့်ခြင်းဖြင့် ကမ္ဘာ့အဆင့်မှာလည်း အသိအမှတ်ပြုခံရခဲ့သည်။

သဘာဝကိုချစ်သူများအတွက် သတင်းကောင်း —
အနာဂတ်တွင်လည်း လျှပ်စစ်မလိုအပ်ဘဲ အစားအသောက်များကို ထိန်းသိမ်းနိုင်မည့် အစွမ်းထက်သော နည်းပညာများ ပိုမိုမြှင့်တင်လာမည်ဖြစ်သည်။

20/04/2025

နွေရာသီမှာ အရမ်းပူတော့ မဲဆောက်မှာ နေရာအေးပြီး မိသားစု သူငယ်ချင်းတွေနဲ့ အလည်သွားမယ်ဆိုရင် Pha Daeng Waterfall လေးလည်း အရမ်းမိုက်ပါတေနော်
နေရာလည်းကျယ်ဝန်းပြီး တောတောင်ဒေသဖြစ်တော့ တိတ်ဆိတ်ပြီးအရမ်းအေးချမ်းတေ waterfallရေကလည်းစိမ့်ပြီးတော့ ရေစိမ်ရတာလည်းအရမ်းမိုက် အစားအသောက်တွေတော့ ကိုယ့်ဘာသာပြင်ဆင်ယူသွားလို့လည်းရပါတေ အဲ့နေရာကဆိုင်တွေကနည်းနည်းစျေးကြီးတေ😁😁

သွားလည်ချင်တဲ့သူတွေအတွက် ‌Location လေးကို shareပေးထားပါတေနော်
Pha Daeng Waterfall, MM84+P3V, Phra That Pha Daeng, Mae Sot District, Tak 63110
https://maps.app.goo.gl/Hk2u2RPt9Ld6Qunb9?g_st=ac

အောင်မြင်ဖို့အတွက်ရယ်လို့ ကြိုးစားနေတဲ့ လူတိုင်းမှာ အတားအဆီး အခက်အခဲဆိုတာ အများကြီးရင်ဆိုင်ရတတ်တေ။ ကြိုးစားရင်းနစ်လေဆိုတ...
18/04/2025

အောင်မြင်ဖို့အတွက်ရယ်လို့ ကြိုးစားနေတဲ့ လူတိုင်းမှာ အတားအဆီး အခက်အခဲဆိုတာ အများကြီးရင်ဆိုင်ရတတ်တေ။ ကြိုးစားရင်းနစ်လေဆိုတဲ့ အခြေနေတွေရှိနိုင်သလို အောင်မြင်မှု အသီးအပွင့်တွေကို ခံစားရတဲ့ အချိန်အခါတွေလည်းရှိလာနိုင်ပါတေ။
ကျရှုံးမှာကြောက်လို့ ဘာဆိုဘာမှ မစတင်နိုင်သရွေ့ကတော့ ဘာမှ ဖြစ်မလာနိုင်တာကတော့ အသေအချာပါပဲ
အလွန်လျှင်မြန်စွာ ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ မအောင်မြင်နိုင်ဘူးလို့အာမခံနိုင်တဲ့ တစ်ခုတည်းသော မူဝါဒကတော့ မအောင်မြင်မှာကိုကြောက်ပြီး ဘာမှရှေ့မတိုးရဲတာပါပဲ"


IT နဲ့ပတ်သက်တဲ့ moviesတွေ ကြည့်ရတာကြိုက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ IT ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Ex Machina က 2015 ...
18/04/2025

IT နဲ့ပတ်သက်တဲ့ moviesတွေ ကြည့်ရတာကြိုက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ IT ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့
sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7
အထိရရှိထားတဲ့ ကားဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့
ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး

ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ်

Programmer ကယ်လက်ဟာ CEO ဖြစ်သူ

နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ

စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန်

မဲနှိက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်…..

စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ

အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက

ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး

စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင်

မကွဲပြားနိုင်တော့တဲ့အခါ……..

ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော

ရုပ်ရှင်ဖြစ်ပြီး n**e scene အနည်းငယ်ပါဝင်သောကြောင့်

18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်….😁😁
https://t.me/+g05YDEhXoQA4YWU1

ที่อยู่

Mae Tao Mai, Mae Sot Tak
Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yuzana's Tech Sparkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์