နွေဦးမေတ္တာ ထောက်ပို့အဖွဲ့

  • Home
  • နွေဦးမေတ္တာ ထောက်ပို့အဖွဲ့

နွေဦးမေတ္တာ ထောက်ပို့အဖွဲ့ Republic of Myanmar it will be in the future
Federal Democracy country .

we fight for all of the military system Myanmar people don't never ever want f**kof systems.we must to change liberal Democracy system.we fight for that the hole of our life.Thanks

နီသော အတွေးတွေ ရဲပါစေ၊လျှောက်သော လမ်းတွေဆုံးပါစေ၊တွဲသော လက်တွေ မြဲပါစေ၊ဒီ ဂုဏ်ပြုမှတ်တမ်းလွှာ နှစ်ခုကိုပြောတာပါဗျာ။
26/02/2026

နီသော အတွေးတွေ ရဲပါစေ၊
လျှောက်သော လမ်းတွေဆုံးပါစေ၊
တွဲသော လက်တွေ မြဲပါစေ၊
ဒီ ဂုဏ်ပြုမှတ်တမ်းလွှာ နှစ်ခုကိုပြောတာပါဗျာ။

တစ်လ ၃၀၀ဘတ် လစဥ် မှန်မှန်ထည့်ဝင်ပေးကြတဲ့၊...နိုင်ငံချစ်ရှိကြတဲ့၊...စစ်အာဏာရှင် လက်အောက်မှာ မနေလိုကြတဲ့၊...လူသားအချင်းချင...
19/12/2025

တစ်လ ၃၀၀ဘတ် လစဥ် မှန်မှန်ထည့်ဝင်ပေးကြတဲ့၊...နိုင်ငံချစ်ရှိကြတဲ့၊...စစ်အာဏာရှင် လက်အောက်မှာ မနေလိုကြတဲ့၊...လူသားအချင်းချင်း စာနာစိတ်ရှိကြတဲ့၊...ကိုယ်ကျိုးရှာနေတဲ့ လူတွေကို ရှင်းထုတ်တဲ့ ပွဲမှာ ပါဝင်ကြတဲ့၊...မြန်မာပြည်ရဲ့ အနာဂတ်ကို ထုဆစ်ပုံဖေါ်နေကြတဲ့ လူငယ် လူရွယ်များ အားလုံးကို ဦးညွတ် ဂါရဝပြုပါ၏။

အရင်လက လှူခဲ့တာပါ။ တော်လှန်သူ မိဖပြည်သူများ အားလုံး စိတ်၏ ကျမ်းမာခြင်း ကိုယ်၏ ကျမ်းမာခြင်းနှင့် ပြည့်စုံပါစေ။🥰🥰💪💪
13/10/2025

အရင်လက လှူခဲ့တာပါ။ တော်လှန်သူ မိဖပြည်သူများ အားလုံး စိတ်၏ ကျမ်းမာခြင်း ကိုယ်၏ ကျမ်းမာခြင်းနှင့် ပြည့်စုံပါစေ။🥰🥰💪💪

Dawei Defense Team- DDT.ကို ထိုင်းဘတ်ငွေ 5000 တိတိကို ပါ၀င်အားဖြည့်ထားကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
21/08/2025

Dawei Defense Team- DDT.
ကို ထိုင်းဘတ်ငွေ 5000 တိတိကို ပါ၀င်အားဖြည့်ထားကြောင်း
မှတ်တမ်းတင်အပ်ပါတယ်။

ဟုတ်ကဲ့ပါ။နွေဦးမေတ္တာ ထောက်ပို့အသင်းဟာ သူ့ရှိတဲ့ အားနဲ့ သူနိုင်တဲ့ ဝန်ကို ထမ်းဆောင် နေဆဲပါ။ ဒီတော်လှန်ရေးကြီး မအောင်မခြင...
09/08/2025

ဟုတ်ကဲ့ပါ။နွေဦးမေတ္တာ ထောက်ပို့အသင်းဟာ သူ့ရှိတဲ့ အားနဲ့ သူနိုင်တဲ့ ဝန်ကို ထမ်းဆောင် နေဆဲပါ။ ဒီတော်လှန်ရေးကြီး မအောင်မခြင်းပေါ့ဗျာ။
ဒီနိုင်ငံ ဒီလူမျိုး ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင်။
ဒီနိုင်ငံ ဒီလူမျိုး တခြားနိုင်ငံ အသီးသီးမှာ ပင်ပန်းဆင်းရဲစွာ အလုပ်တွေ မလုပ်ရအောင်။ ကျနော်တို့ မျိုးဆက်မှာ ဒီအာဏာရှင်ကို အမြစ်ဖြတ်မှကို ရမှာပါ။

11/07/2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းကျခံခဲ့ရပြီး တစ်ရက်တည်း လွတ်မြောက်ခဲ့ကြသလို တစ်ရက်တည်းတွင်ပင် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/10/07/2025/115134/

Dawei Watch Telegram > https://t.me/daweiwatch

ရွှေ့ပြောင်းလုပ်သားများသတင်း > https://migrantdaweiwatch.com

နောက်ထပ် ကျန်တဲ့ အစောင်၂၀ပါ။
07/07/2025

နောက်ထပ် ကျန်တဲ့ အစောင်၂၀ပါ။

Hello.မဲမရောင်းပါဘူးနော်၊😊 ကျွန်တော် တို့ နွေဦးမေတ္တာ ထောက်ပို့အဖွဲ့ ကနေ ၀ယ်ထားတဲ့ မဲတွေပါ။ အစောင် ၁၀၀ပါ။ တစ်စောင်ကို ၇၅...
07/07/2025

Hello.မဲမရောင်းပါဘူးနော်၊😊 ကျွန်တော် တို့ နွေဦးမေတ္တာ ထောက်ပို့အဖွဲ့ ကနေ ၀ယ်ထားတဲ့ မဲတွေပါ။ အစောင် ၁၀၀ပါ။ တစ်စောင်ကို ၇၅ဘတ်ဖြစ်ပါသည်။ စုစုပေါင်း ၇,၅၀၀ဘတ်ဖိုး အသင်းက ပိုက်ဆံနဲ့ ၀ယ်လိုက်တာဖြစ်ပါတယ်။ TPLF တပ်တော်က မဲဖြစ်ပါတယ်။
အသင်းသူ အသင်းသားများ အားလုံး.တော်လှန် မိဘပြည်သူများ အားလုံး အထူးကျေးဇူးတင်ပါသည်။🥰🥰🥰

17/06/2025

လိုင်းပေါ် ဇော်ဘုန်းဟိန်း တစ်ယောက်မရှိတာ
ပျင်းသလိုပဲ😆😆😂🤣🤣😂

17/06/2025

အဖမ်းခံရသူများအထဲတွင် လသားကလေးမှစပြီး အသက်ကြီးပိုင်းအထိ အမျိုးသား၊ အမျိုးသမီးများ ပါဝင်ကြောင်း ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/17/06/2025/113814/

Dawei Watch Telegram > https://t.me/daweiwatch

ရွှေ့ပြောင်းလုပ်သားများသတင်း > https://migrantdaweiwatch.com

(ထားဝယ်ဆိုတာ မြို့အမည်ပါ မြို့အမည်ကိုယူထားတာပါကွာဆိုပြီး လာပြောနေကြလို့ ထားဝယ်လူမျိုးဆိုတာ မြို့အမည်ကိုယူထားခြင်းမဟုတ်။ ...
02/06/2025

(ထားဝယ်ဆိုတာ မြို့အမည်ပါ မြို့အမည်ကိုယူထားတာပါကွာဆိုပြီး လာပြောနေကြလို့ ထားဝယ်လူမျိုးဆိုတာ မြို့အမည်ကိုယူထားခြင်းမဟုတ်။
ထားဝယ်လူမျိုးဆိုပြီး ပထမအရင်ရှိနေပြီးမှ ထားဝယ်မြို့ဆိုပြီးနောက်မှဒေသအမည်ဖြစ်လာတယ်ဆိုတာကို ယခု ဆရာထားဝယ်ကျော်မင်းစာအုပ်မှဖော်ပြလိုက်ပါတယ်။)

ထားဝယ်လူမျိုးသမိုင်းကို သုတေသနပြုပြန်လျှင် ထားဝယ် လူမျိုး အစပဌမဖြစ်ပေါ်ခဲ့ပြီး ထားဝယ်မြို့ ထားဝယ်အရပ် စ သော ဒေသဌာနများမှာ ဒုတိယလိုက်ပြီး နောက်မှ ဖြစ်ပေါ်ခဲ့ ကြောင်း အထောက်အထားများ ရှိပေသေးသည်။

ထားဝယ်မြို့ဟု မတည်ခဲ့ဘူးခြင်း။

ဒေသဌာန ထားဝယ်ဖြစ်ပေါ်ခဲ့ပြီးမှ နေထိုင်ကြသူများကို ထားဝယ် လူမျိုးဟု ခေါ်တွင်ခဲ့မည်ဆိုလျှင် ထားဝယ်မြို့
သို့မဟုတ် ထားဝယ်ရပ်ရွာစသည်တို့ကို မည်သည့်မင်း မည်သည့်ခုနှစ် မည်သည့်နေရာတို့တွင် တည်ထောင်ခဲ့သည်ကို လေ့လာရှာဖွေက တွေ့ရှိရမည်ဖြစ်သည်။ သို့သော် ထားဝယ်မြို့ အမည်နာမဖြင့် ဤ ခရိုင်အတွင်း ရှေးအတိတ်မှ ယခုပစ္စု ပ္ပန် အချိန်တိုင်အောင် တည် ထောင်ထားခဲ့ခြင်း အလျင်းမရှိ၊ ရှာဖွေ၍လည်း မတွေ့ရသေးပေ၊ ထားဝယ်မြို့မှအပ နာမည်အမျိုးမျိုးနှင့် အခြားသော မြို့များကို သာ တည်ထောင်သောမင်း တည်ထောင်သောခုနှစ် အချိန်နှင့်တ က္ခ တည်သောနေရာဌာနများပါ ထားဝယ်ရာဇဝင်သမိုင်း မှတ် တမ်းများ၌ တွေ့ရှိရပေသည်။ ထားဝယ်ခရိုင်အတွင်း နေရာဝေး နီးအနှံ့ မြို့ဟောင်းနေရာများကို ယနေ့တိုင် ထင်ထင်ရှားရှား တွေ ရပေသည်။ သို့ကြောင့် ထားဝယ်လူမျိုး ပဌမစ၍ ဖြစ်ပေါ်ခဲ့ ကြောင်း အထောက်အထား ခိုင်လုံစေရန် တည်ထောင်ခဲ့ဘူး သော မြို့ဟောင်းများကို အောက်တွင် ရှေးဦးစွာ ဖော်ပြပါသည်။

ထားဝယ်လူမျိုးသည်
ပဌမ စ၍ဖြစ်ပေါ်လာခဲ့ပြီး
ထားဝယ်မြို့၊ ထားဝယ်အရပ် စသော
ဒေသဌာနများမှာ ဒုတိယ လိုက်၍
နောက်မှဖြစ်ပေါ်လာခဲ့ကြောင်း
အောက်ပါအထောက်အထားများကို
ဆက်လက်လေ့လာကြည့်ကြစို့-

(၁) သာသနာသက္ကရာဇ် ၁၇ ခုနှစ်တွင်
နရုတိမင်းသည် ဒူကရတိုင်း
အောင်သာဝတီမြို့ကို
တည်ထောင်စိုးစံခဲ့လေသည်။

ဤအောင်သာဝတီမြို့သည်
ယခုကလိန်အောင် ရွာငယ်အဖြစ်မှ
ကလိန်အောင်မြို့အဖြစ်သို့ ရောက်ရှိနေလေပြီး
ထားဝယ်- ရေး ကားလမ်းမကြီးပေါ်
ထားဝယ်မြို့မှ မြောက်ဘက် ၄၇ မိုင်အကွာတွင်
တည်ရှိလေသည်။

(၂) သာသနာသက္ကရာဇ် ၂၃၈ ခုနှစ်တွင်
အောင်သာဝတီမြို့မှ ဓမ္မသေနမင်း၊
တနင်္သာရီမြို့မှ ကောရမ္ဘမင်း၊ နဂါးမင်း စသော
မင်းတို့သည် ထားဝယ်ကျွန်းဆွယ်အငူ ရှင်မော်၌
အံတော်စေတီတော်မြတ်ကို ပေါင်းဆုံတည်ကြရာ
ဘုရားစေတီတည်ရန်ကြွရောက်လာသော
ကောရမ္ဘမင်းသည် ကနက်သီရိမြို့ကို
တည်ထောင်ပြီး ခေတ္တစိုးစံသွားခဲ့သည်။

၎င်းကနက်သီရိမြို့သည်
ယခုအခါကနပ်ဆိ ခေါ် ရွာကြီးတစ်ရွာအဖြစ်
တည်ရှိနေလေသည်။
ထားဝယ်မြစ်ဝ ရှင်မော်အငူစွန်းမှ
အရှေ့တည့်တည့် အရှေ့ဘက်ကမ်းတွင်ရှိပြီး
ထားဝယ်မြို့မှတောင်ဘက် မိုင် ၄၀ နီးပါး
ဝေးကွာလေသည်။

(၃) ကောဇာသက္ကရာဇ်အစလောက်တွင်
တည်ခဲ့သည်ဟု ယူဆရသောရန္တပိုမင်း
တနည်းအားဖြင့် နရိန္ဒမင်းစိုးစံခဲ့သည့်
အောင်သာဝရမြို့
(ယခုအခါ အောင်သာဝရရွာငယ် အဖြစ်
တည်ရှိနေပေသည်။)
ထားဝယ်မြို့အရှေ့ဘက် ၄၂ မိုင်အကွာ
သတ္တုတွင်း နေရာမေတ္တာရွာမှ တနင်္သာရီ
မြစ်ဖျားအတိုင်း တောင်ဘက်သို့
၃ ရက်ခန့် စုန်သွားလျှင်
ထိုအောင်သာဝရမြို့ဟောင်းကို
တွေ့ရှိနိုင်ပေသည်။

(၄) ကောဇာသက္ကရာဇ် ၉၄ ခုနှစ်တွင်
အောင်သာဝရမြို့မှ ရန္တပိုမင်းသည်
တဖန် ရွှေ့ပြောင်းပြီး ဘုမ္မိဒေဝနဂရမြို့ကို
အသစ်တည်ထောင်စိုးစံလေသည်။

ဤဘုမ္မိဒေဝနဂရမြို့သည်
ယခုအခါ မောင်မယ်ရှောင် ရွာကြီးအဖြစ်
ထားဝယ်- ရေး ကားလမ်းမကြီးပေါ်က
ထားဝယ်မြို့မှမြောက်ဘက်
၇ မိုင် အကွာတွင် တည်ရှိလေသည်။

(၅) ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ်တွင်
သမန္တမင်း(ရန္တပိုမင်း၏ သားတော်)သည်
ထားဝယ်မြစ်အနောက်ဘက်ကမ်း
ဘုမ္မိဒေဝနဂရမြို့(မောင်မယ်ရှောင်ရွာ)နှင့်
တဘက်ကမ်း နေရာတွင်
သာဂရမြို့ကို တည်ထောင်စိုးစံလေသည်။

ယခုအခါ သာဂရမြို့သည်
သာမန်ကျေးရွာမျှရှိပြီး
မြို့ဟောင်းရွာ၊ ဆင်ပုနစ်ရွာ ဟု
ခေါ်တွင်လေသည်။

(၆) သာဂရမြို့နှင့်ခေတ်ပြိုင်လောက်တွင်
ထားဝယ်မြို့မှ အရှေ့ဘက်သတ္တုတွင်းသွား
မော်တော်ကားလမ်းပေါ် ၁၀ မိုင်အကွာ၌
ရှမ်းမြို့စားမင်းများ တည်ထားစိုးစံသည့်
မှိုင်းကာရီမြို့ရှိလေသည်။

ယနေ့သတ္တုတွင်းနေရာ ပကာရီရွာအဖြစ်
တည်ရှိလေသည်။

(၇) မှိုင်းကာရီမြို့နှင့်မရှေးမနှောင်း
တခေတ်တည်းလောက်မှာပင်
တကူမင်းကြီးသည် တကူမြို့ကို
တည်ထောင်စိုးစံလေသည်။

ယခုအခါ ထားဝယ်မြို့နှင့် တဆက်တည်း
လက်ဝဲကျွန်းကျေးရွာကြီးအဖြစ်
ထားဝယ်မြို့မှ မြောက်ဘက် ၃ မိုင်ခန့်အကွာ
တည်ရှိလေသည်။

(၈) ကောဇာသက္ကရာဇ် ၂၇၆ ခုနှစ်တွင်
ဒွါရဝတီမှ ရှမ်းအမတ် ကြီး ဩရာဂဠုန်သည်
သာဂရမြို့ကို လာရောက်တိုက်ဖျက်လျက်
ယခုထားဝယ်မြို့မှ မြောက်ဘက်
၃ မိုင် ခန့်အကွာ ထားဝယ်မြစ်၏
အရှေ့ဘက်ကမ်းနေရာတွင်
ညောင်ခရားမြို့ကို တည်လေသည်။

ထိုညောင်ခရားမြို့ကို ယခုအခါ
ဆင်ဆိပ်ရွာ ဟု ခေါ်တွင်လေသည်။

(၉) ကောဇာသက္ကရာဇ် ၃၅၇ခုနှစ်တွင်
ဟံသာဝတီမှ ဗညားဦး စစ်ချီလာကာ
ညောင်ခရားမြို့ကို တိုက်ဖျက်သည်။

၎င်းနောက်ဇလွန်မြို့ဟု
ယခင် သာဂရမြို့ဟောင်းကို ပြန်လည်ပြီး
မြို့တည်အုပ်စိုးပြန်လေသည်။

(၁၀) ကောဇာသက္ကရာဇ် ၄၃၈ ခုနှစ်တွင်
တနင်္သာရီမြို့မှ ရှမ်းအမတ်ကြီး
ဩရာစက္ကတံသည် ဇလွန်မြို့ကို
လာရောက်တိုက်ဖျက်ပြီး
ယခင်မြို့ဟောင်း ညောင်ခရားမြို့ကို
အသစ်တည်အုပ်စိုးပြန်လေသည်။

(၁၁) ကောဇာသက္ကရာဇ် ၅၁၇ ခုနှစ်တွင်
ပုဂံပြည်ရှင် အလောင်း စည်သူမင်းတရား
ဤထားဝယ်ဒေသသို့ ရောက်လေသောအခါ
ယခုလေယာဉ်ကွင်းပြုလုပ်ထားသောနေရာတွင် သုခနဂရံမြို့ဟု မြို့တည်ထားခဲ့ဖူးသည်။

(၁၂) ကောဇာသက္ကရာဇ် ၅၆၆ ခုနှစ်တွင်
ပုဂံပြည်ရှင်အလောင်းစည်သူ၏မြေး
နရပတိစည်သူမင်းသည်
ထားဝယ်ကျွန်း ဆွယ်အငူနှင့်
ခရီးအသင့်အတင့်အကွာ အနောက်ဘက်
ပင်လယ်ကမ်းတစ်နေရာတွင် ထောင့်ကွယ်မြို့
တည်ထားခဲ့လေသည်။

ဤနေရာတွင် ယခုအခါမြို့ရွာမရှိ၊
မြို့ဟောင်းရာသာ ရှိလေသည်။

(၁၃) ကောဇာသက္ကရာဇ် ၅၉၀ ခုနှစ်တွင်
နရပတိစည်သူမင်းမှ နွယ်ဆက်လျက်
ထောင့်ကွယ်မြို့ကို အုပ်စိုးခဲ့သော
၄ ဆက်မြောက် မင်းဆုသည်
ဝေဒီမြို့သစ်ကို တည်ထောင်ပြောင်းရွှေ့
စိုးစံခဲ့လေသည်။

ဝေဒီမြို့သည် ယခုအခါ
သာမည ကျေးရွာမျှဖြစ်
ရှိနေလေသည်။

ထားဝယ်မြို့မှ တောင်ဘက် ၄ မိုင်အကွာ
ထားဝယ်မစ်အနောက်ဘက်ကမ်း
လောင်းလုံးမြို့နယ်အတွင်း တည်ရှိလေသည်။

(၁၄) ကောဇာသက္ကရာဇ် ၇၇၉ ခုနှစ်တွင်
(ပဌမ အင်းဝမင်း ခေါင်ကြီးဖြစ်မည့် မင်းဆွေ
အိမ်နိမ့်စံဘဝတွင် ဤဒေသ ဆံရှည်သူမ ယခုအခါ ဆန်းချီရွာမှ ရွာသူကြီးသမီးနှင့် အကြောင်းပါ၍ရသောသား)
မင်းတရားသည်
မုတ္တသုခ မြို့ကို တည်ထောင်စိုးစံခဲ့လေသည်။

ယနေ့ ထားဝယ်- မြိတ်
ကားလမ်းမကြီးပေါ် ၆ မိုင်အကွာ
တန်ခိုးကြီးသော ရှင်မုတ္ထီးဘုရားတည်ရှိ
လေသော ရွာဖြစ်လေသည်။

(၁၅) မြို့သက်မရှည်များစွာလည်း
မထင်ရှားလှသော ကနိုင်း ငယ်မြို့၊
ကမြောမြို့တို့ကဲ့သို့ တည်ထားခဲ့ဖူးသော
မြို့များလည်း များစွာရှိခဲ့ပေလေသည်။

(၁၆) ကောဇာသက္ကရာဇ် ၁၁၀၂ ခုနှစ်တွင်
ဟံသာဝတီပါ အင်းဝဘုရင်၏လက်အောက်ခံ
(သာဂရ)ဇလွန်မြို့စား မင်းနဲလှ သည်
မွန်နှင့်မြန်မာအရေးတော်ပုံဖြစ်နေခိုက်
အင်းဝဘုရင်လည်း ဟံသာဝတီသို့
ပါသွားချိန်တွင် မည်သူ့လက် အောက်မျှ
ဩဇာခံမဟုတ်ဟု ကြေညာပြီး
တသီးတခြားမင်းအဖြစ် အုပ်ချုပ်နေလေသည်။

ထိုအခါ မုတ္တမမှ မွန်များ
လာတိုက်သော်လည်းမရ၊
မွန်တို့လည်းရွှေဘိုမှ ဦးအောင်ဇေယျ
ရန်ကိုဖြိုရန် လုံးပန်းရချိန်တွင်
ယခု ထင်ရှားရှိနေသော ထားဝယ်မြို့
ကြက်စားပြင်နေရာ၌

ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင်
သစ်လုံးကာရံပြီး ယာယီမြို့အဖြစ်
တလိုင်းရှောင်မြို့ကို တည်ခဲ့လေသည်။

(၁၇) ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်
ရောက်သောအခါ မင်းနဲလှသည်
ယခုထင်ရှားရှိနေသော
ထားဝယ်မြို့နေရာတွင်
အုတ်မြို့ရိုးနှင့် အခိုင်အခန့်ပြုလုပ်၍

ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်
တပေါင်းလဆန်း ၁၃ ရက် စနေနေ့တွင်
မြို့သစ်တည်ခဲ့သည်။

ဤမြို့ကား မြို့တည်စဉ်က သာယာဝတီမြို့ ဟု
သမုတ်ခဲ့လေသည်။ ၎င်းတည်နေရာသည်
ရှေးအခါက ပင်လယ်တိမ် နေရာသာဖြစ်ခဲ့၍
မြို့တည်ခဲ့ဖူးသေသည်မဟုတ်ပေ။

မြို့တည်စဉ်အခါမှာ ကုန်းမြေပေါ်ထွန်းစကြောင့်
မြို့၏ မြေအနေအထားမှာ အသက်နုသောမြေ
ဖြစ်နေသေးသည်။

ဤသို့မြို့များတည်ထားခဲ့ပုံများကိုလေ့လာလျှင်
ထားဝယ်ခရိုင်အတွင်း မည်သည့် အချိန်ကမှ
ထားဝယ် ဟု တည်ထားခြင်း မရှိခဲ့သေးပေ။

ယခုနောက်ဆုံး
ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်
မင်းနဲလှ တည်သောမြို့ပင်လျှင်
ထားဝယ်မြို့ဟု အမည်သမုတ်ခြင်းမပြုဘဲ
သာယာဝတီမြို့ ဟုသာ သမုတ်ခဲ့သော
မြို့ဖြစ်သည်။

သို့သော်ထားဝယ်လူမျိုး
တနည်းအားဖြင့် ထားဝယ်သူ၊ထားဝယ်သားများ
နေထိုင်သည်ကိုအကြောင်းပြု၍
မူလအမည်ပျောက်ပြီး ထားဝယ်မြို့ဟု
ခေါ်တွင် အသိအမှတ်ပြုလာကြပေသည်။

သို့ဖြစ်၍
မွန်၊မြန်မာ၊ ယိုးဒယားသမိုင်းများ၌
ဖော်ပြပါရှိထားခဲ့သော ထားဝယ်မြို့
ထားဝယ်ဒေသ ဆိုသည်တို့ကား
အထက်တွင်အထောက်အထားအမည်များဖြင့်
တည်ထားခဲ့သည့် မြို့တစ်ခုခုကိုပင်
သူ့အချိန်နှင့်သူ ရှိနှင့်သောမြို့ကို
မြို့အမည်ကို အဓိကမထားဘဲ
နေထိုင်ခဲ့ကြသောထားဝယ်လူမျိုးများအား
အကြောင်းပြုပြီး ထားဝယ်မြို့ဟုသာ
အသိအမှတ်ပြုကြသည်။

ထို့ကြောင့်ထားဝယ်လူမျိုးသည်
မူလအစကတည်းကရှိခဲ့၍
နေရာဌာန ထားဝယ် သည်
ဒုတိယလိုက်ခဲ့သည်မှာ အထင်အရှား
အမှန်ဖြစ်ခဲ့ပေမည်။

အထက်တွင်ဖော်ပြထားသော
မြို့ဟောင်းများသည်လည်း
သမိုင်းအထောက်အထားများအရ
ဖြစ်သည်။

မြို့ဟောင်းများဆိုသည့်အတိုင်းလည်း
မြို့ရိုးမြို့တာများ၊ကျုံးများတဝက်တပျက်
ရှိကြသေးပေသည်။

ကောက်နုတ်။ မီးပုံးပျံဦးကျော်ရင်၏သား ထားဝယ်ကျော်မင်း၏ "ထားဝယ်ယဉ်ကျေးမှုအမြုတေ"(၁၉၆၈)စာအုပ်မှ။

Address


Telephone

+66949474438

Website

Alerts

Be the first to know and let us send you an email when နွေဦးမေတ္တာ ထောက်ပို့အဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နွေဦးမေတ္တာ ထောက်ပို့အဖွဲ့:

  • Want your business to be the top-listed Advertising & Marketing Company?

Share