Precious by Nandar

Precious by Nandar 🇺🇸 Sharing meaningful business journeys, empowering mindsets for a better life, and the everyday activities that shape my path.

09/12/2026

It's Ok 🆗

လူတစ်ယောက်မှာ အားပေးမှု နားလည်မှု ကိုယ်ချင်းစာမှု အသိအမှတ်ပြုမူ လိုအပ်မြဲပါ...တကယ်လည်း ထိုအရာတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်...
09/12/2026

လူတစ်ယောက်မှာ အားပေးမှု နားလည်မှု ကိုယ်ချင်းစာမှု အသိအမှတ်ပြုမူ လိုအပ်မြဲပါ...

တကယ်လည်း ထိုအရာတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုပိုင်းဆိုင်ရာမှာ တိုးတက်အရမ်းရှိပါတယ်...

09/12/2026

How will you feel when you succeed?
အောင်မြင်တဲ့ အချိန်ရောက်ရင် ဘယ်လို ခံစားရမလဲ

* ကျေနပ်ပီတိဖြစ်ခြင်းနှင့် မိမိကိုယ်ကို ပိုမိုယုံကြည်လာခြင်း (Satisfaction & Confidence)
ပန်းတိုင်တစ်ခုကို အောင်မြင်အောင် လျှောက်လှမ်းနိုင်ခဲ့သည့်အတွက် စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ကျေနပ်ဂုဏ်ယူမိပြီး၊ မိမိ၏ စွမ်းဆောင်ရည်နှင့် ကြိုးစားမှုအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာပါသည်။

* စိတ်ပေါ့ပါးသွားခြင်းနှင့် စိတ်အေးချမ်းမှုရရှိခြင်း (Relief & Peace of Mind)
အောင်မြင်မှု မတိုင်မီက ကြုံတွေ့ခဲ့ရသည့် ဖိအားများ၊ စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများ ကင်းစင်သွားပြီး စိတ်လက် ပေါ့ပါးအေးချမ်းသွားသည့် ခံစားချက်ကို ရရှိလာပါသည်။

* တက်ကြွမှုနှင့် ခွန်အားသစ်များ ရရှိခြင်း (Motivation & Energy)
အောင်မြင်မှု၏ အရသာသည် စိတ်ဓာတ်ကို အားသစ်လောင်းပေးပြီး နောက်ထပ် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများနှင့် ပန်းတိုင်များကို ဆက်လက်ကျော်ဖြတ်ရန် ခွန်အားနှင့် တက်ကြွမှုများကို တိုးပွားစေလာပါသည်။

🔥 လုပ်ငန်းတိုးတက်ချင်ရင် Business ကိုပဲ တိုးတက်အောင်မလုပ်ပါနဲ့… ကိုယ့်ကိုယ်ကိုပါ တိုးတက်အောင်လုပ်ပါ။Marketing ဆိုတာ Prod...
09/11/2026

🔥 လုပ်ငန်းတိုးတက်ချင်ရင် Business ကိုပဲ တိုးတက်အောင်မလုပ်ပါနဲ့… ကိုယ့်ကိုယ်ကိုပါ တိုးတက်အောင်လုပ်ပါ။

Marketing ဆိုတာ Product တစ်ခုကို ရောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ Value ကို လူတွေသိလာအောင်၊ ယုံကြည်လာအောင်နဲ့ ကိုယ်ပေးနိုင်တဲ့ Solution ကို မြင်လာအောင် ပြောပြခြင်းလည်း Marketing ပါ။

💼 Business Development

လုပ်ငန်းတစ်ခုရှိတာနဲ့ မပြီးသေးပါဘူး။
Customer ရဲ့ Problem ကို နားလည်ပြီး ကိုယ့် Product / Service က ဘယ်လို Solution ပေးနိုင်လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့လိုပါတယ်။

🌱 Personal Development

Business တိုးတက်ဖို့အတွက် ကိုယ့်ရဲ့ Knowledge, Skills, Communication, Mindset နဲ့ Confidence တွေကိုလည်း တိုးတက်အောင်လုပ်ဖို့လိုပါတယ်။

နေ့တိုင်း လေ့လာ → ကိုယ်တိုင်အသုံးချ → အတွေ့အကြုံရ → တခြားသူတွေနဲ့ ပြန်မျှဝေခြင်းက Knowledge ကို Trust အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

✨ ဒါကြောင့်…

Business Development က လုပ်ငန်းကို တည်ဆောက်ပေးတယ်။
Personal Development က ကိုယ့်ကိုယ်ကို တည်ဆောက်ပေးတယ်။
Marketing ကတော့ ကိုယ့်ရဲ့ Value ကို လူတွေဆီ ရောက်အောင် ပို့ပေးတယ်။

တစ်ခုတည်းကိုပဲ အာရုံစိုက်မနေဘဲ
Learn. Grow. Share. Build. 🌱

ဒီ ၄ ခုကို တစ်နေ့ချင်းစီ ဆက်လုပ်သွားတဲ့အခါ
ကိုယ့်ရဲ့ Business လည်း တိုးတက်လာမယ်၊ Personal Brand လည်း တန်ဖိုးရှိလာမယ်။ 💻✨

Digital Business
www.soenandardigitalmarketing.com

09/11/2026

#သူစိမ်း

09/10/2026

✈️ ကိုယ်လိုချင်တဲ့ဘဝကို “တစ်နေ့နေ့ကျရင်…” ဆိုပြီး စောင့်နေဖို့ မလိုဘူးဆိုရင်ရော?

နေရာသစ်တွေကို သွားချင်တယ်။ 🌎
ချစ်ရသူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ အမှတ်တရတွေ ဖန်တီးချင်တယ်။ ❤️
အနာဂတ်မှာ ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်တွေ ပိုများချင်တယ်။

ဒါပေမယ့် တစ်ခါတလေမှာ ဘဝရဲ့တာဝန်တွေက ကိုယ့်အိပ်မက်တွေကို နောက်ဆုတ်စေတတ်ပါတယ်။

💰 ဘေလ်တွေက အရင်ပေးရတယ်။
🏠 နေ့စဉ်အသုံးစရိတ်တွေက တဖြည်းဖြည်းများလာတယ်။
✈️ သွားချင်တဲ့ခရီးတွေ၊ လုပ်ချင်တဲ့အစီအစဉ်တွေကလည်း “နောက်မှပဲ” ဆိုပြီး ရွှေ့ရွှေ့သွားရတတ်တယ်။

ဒါပေမယ့် အရာအားလုံး ပြည့်စုံတဲ့အချိန်ကို စောင့်နေဖို့ မလိုပါဘူး။

ဒီနေ့ကစပြီး Digital Skill အသစ်တွေကို လေ့လာပြီး ကိုယ့်လက်ရှိဘဝနဲ့အတူ လိုက်လျောညီထွေဖြစ်မယ့် အခွင့်အလမ်းတစ်ခုကို တဖြည်းဖြည်းတည်ဆောက်နိုင်ပါတယ်။ 👩🏻‍💻

အရာအားလုံးကို အစကတည်းက သိနေဖို့ မလိုပါဘူး။

စတင်ဖို့ ဆုံးဖြတ်ချက်လေးတစ်ခုသာ လိုပါတယ်။ 🌱

တစ်လှမ်းချင်းစီ လျှောက်ပါ။
ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ဘဝကို တည်ဆောက်ပါ။ ✨

💛 ပိုကောင်းတဲ့အနာဂတ်အတွက် ကြိုးစားနေသူတစ်ယောက်ကို ဒီစာလေး Share လုပ်ပေးလိုက်ပါ။

“FUTURE” လို့ Comment ချန်ခဲ့ပါ။
ကိုယ့်အနာဂတ်အတွက် ဘယ်လိုစတင်နိုင်မလဲဆိုတာ အတူတူစကားပြောကြရအောင်။ 🚀

09/10/2026

Dear Self... Yourself...

09/10/2026

ဘာကြောင့် Digital နှင့် ပတ်သက်သော် Online Business နှင့် ပတ်သက်သော် လုပ်ငန်းကို Nandar ရှာဖွေခဲ့ရတာလဲဆိုတာ ဒီLive လေးမှာ ဝေမျှထားသလို တစ်ခြားသော် သူများကလည်း မတူညီသော် Background မျိုးစုံကနေ ဘာကြောင့်ဝင်ရောက်လုပ်ကိုင်ကြတာလဲဆိုသော် အဖြေလေးတွေကို ဝေမျှထားပါတာ်ရှင်...

Digital Business ကို စတင်ရန် Leading ဘာကြောင့် လုပ်သွားနိုင်တာလဲဆိုတော့...

1️⃣ Financial Freedom ကို ပိုလိုချင်လာတာ

Full-time job တစ်ခုတည်းနဲ့ ဘဝကို ရေရှည်တည်ဆောက်ဖို့ဆိုတာ တစ်ခါတလေ ကိုယ့်အတွက် အကန့်အသတ်ရှိသလို ခံစားလာရတယ်။ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်အတွက် နောက်ထပ် income source တစ်ခု တည်ဆောက်ချင်လာတာက ဒီ Digital Business ကို စတင်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။

2️⃣ ကိုယ့်အချိန်ကို ကိုယ်တိုင်ပိုပြီး ထိန်းချုပ်ချင်တာ

ဘဝမှာ အလုပ်တစ်ခုတည်းအတွက် အချိန်ကုန်သွားတာမျိုးမဖြစ်ချင်တော့ဘူး။ မိသားစုအတွက် အချိန်ပိုပေးနိုင်ချင်တယ်၊ ခရီးသွားချင်တယ်၊ ကိုယ်ဝါသနာပါတာတွေ လုပ်ချင်တယ်။ ဒါကြောင့် အချိန်နဲ့နေရာကို ပိုပြီး Flexible ဖြစ်စေမယ့် အလုပ်မျိုးကို ရှာဖွေခဲ့တာပါ။

3️⃣ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ချင်တာ

အစပိုင်းမှာ ငွေကြေးအတွက် စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Digital Marketing, Communication, Content Creation နဲ့ Business Skills တွေကို သင်ယူရင်း ကိုယ့်ကိုယ်ကိုယ်ပါ တိုးတက်လာတာကို တွေ့ရတယ်။ အဲ့ဒါကြောင့် ဒီ Business က ဝင်ငွေတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့ Future အတွက် တည်ဆောက်နေတဲ့ Journey တစ်ခုလို့ မြင်လာတယ်။

မိမိရဲ့အတွေးအမြင် အတွေ့အကြုံ ယုံကြည်မှုဖြင့်သာ ဝေမျှထားခြင်းဖြစ်ပါသည်။ ကိုယ့်ရဲ့ Goal ကို ပိုမို သေချာသိနိုင်လာခဲ့တယ်...

Sharing Our Special Live Talk. Don't Miss Our Precious Talk. If You Want To Change Your Life, Health, Beauty and Financi...
09/10/2026

Sharing Our Special Live Talk.
Don't Miss Our Precious Talk.
If You Want To Change Your Life, Health, Beauty and Financial...
Today Topic Is Sharing Business Journey and What Things Leading Me To Start Digital Business!

🌿 ကျန်းမာမှ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မှာပါ… ❤️“ဖြစ်ချင်ရာဖြစ်၊ မောင်ဘချစ်” ဆိုပြီး ကိုယ့်ကျန်းမာရေးကို လျစ်လျ...
09/09/2026

🌿 ကျန်းမာမှ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မှာပါ… ❤️

“ဖြစ်ချင်ရာဖြစ်၊ မောင်ဘချစ်” ဆိုပြီး ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုနေမယ်ဆိုရင် ခဏတာတော့ အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးရနိုင်ပါတယ်။

ဘဝကို အနှစ်သာရရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ဖို့ မမေ့ကြပါနဲ့။ 🌸

အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ PAP Smear Test ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကို မပျက်မကွက် ပြုလုပ်သင့်ပါတယ်။ ကိုယ်ခန္ဓာမှာ ဘာပြဿနာမှ မခံစားရသေးဘူးဆိုပြီး စစ်ဆေးမှုတွေကို မလျစ်လျူရှုသင့်ပါဘူး။

ဒီနေ့ Nandar လည်း အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 🩷

USA 🇺🇸 မှာ နေထိုင်ကြတဲ့သူတွေအနေနဲ့ Health Insurance ရှိတယ်ဆိုရင် ကိုယ့် Insurance Plan မှာ ဘယ်လို Preventive Care တွေ Cover လုပ်ပေးထားလဲ၊ Copay ဘယ်လောက်ရှိလဲ ဆိုတာ စစ်ဆေးကြည့်ပြီး အခွင့်အရေးကို အသုံးချကြပါနော်။

Nandar လည်း ကိုယ့်ကျန်းမာရေးအတွက် Insurance ထားရှိထားပြီး ပုံမှန်စစ်ဆေးမှုတွေကို အလေးထားပါတယ်။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဟာ ကိုယ့်ကိုယ်ကို ချစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ 🌷

💗 ကျန်းမာခြင်းက ချမ်းသာခြင်းထက်တောင် တန်ဖိုးရှိပါတယ်။
💗 ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။
💗 ကျန်းမာမှ မိသားစုနဲ့ အချိန်ကောင်းတွေ ဖန်တီးနိုင်မယ်။
💗 ကျန်းမာမှ ကိုယ်လိုချင်တဲ့ အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်မယ်။

ကျန်းမာ၊ ပြုံးပျော်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🌿❤️

#ကျန်းမာရေး #အမျိုးသမီးကျန်းမာရေး

Address

Boston, MA

Alerts

Be the first to know and let us send you an email when Precious by Nandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Precious by Nandar:

Shortcuts

Share