ABC News & Entertainment

ABC News & Entertainment “Latest news, technology, and social updates.”

01/11/2026

လွန်ခဲ့သည့်လပိုင်းက နဂါးအဖွဲ့မှ သုဘရာဇာဆိုတဲ့တပ်ဖွဲ့ဝင်တယောက်၊ ပကဖတွေ လမ်းကြေးအခွန်ကောက်ခံတဲ့နေရာကိုသွားပြီး NUG ကို နင်ပဲငဆ ဆဲရေးတိုင်းထွာတယ်။

ထိုနယ်မြေကို ၎င်းတိုက်ခိုက်တဲ့အတွက် အခွန်ကောက်ခံခြင်းမပြုရဆိုပြီး ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြောတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်း စိတ်ကွယ်ရာအရပ်မှာ ရှင်းလင်းပြောဆိုခြင်းမပြုဘဲ အခွန်ဆောင်နေတဲ့ ကားသမားများရှေ့မှာပဲ ဂိတ်စောင့်ပကဖတွေကို မချေမငံပြောဆိုတယ်။ ကားသမားကို အခွန်မပေးနဲ့ဆိုပြီးပြောတယ်။ အနီးရှိကားသမားမှာ ဘယ်သို့ဘယ်ပုံပြုရမည်မသိ၊ ကြားညပ်နေတယ်။

အဆိုပါကားသမားက ကျနော်ကျေနပ်လို့ပေးတာပါလို့ပြောတယ်။ ထိုမျှနှင့်မပြီးသေး၊ NUG ကိုပဲ ထပ်ကာထပ်ကာ ဆဲရေးတိုင်းထွာတယ်။ စစ်မတိုက်ဘဲ ဆက်ကြေးကောက်နေတဲ့အဖွဲ့ဆိုပြီး သုဘရာဇာက ဒေါမာန်ထကာပြောတယ်။ တိုက်ရသူက ၎င်းဖြစ်ပြီး NUG က ဆက်ကြေးကောက်စားတယ်လို့ပြောတယ်။

ဒီအရာတွေကို ကိုယ်တိုင် ဗီဒီယိုရိုက်တင်ပြီး ပြည်သူအကြား ထင်ရောင်ထင်မှားဖြစ်ဖို့ လိုင်းပေါ်တင်တယ်။ သို့သော် ဘယ်ပြည်သူကမျှ အလေးထားခြင်းမရှိခဲ့ဘူး။ ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုရတဲ့အတွက် ကိုယ့်ထမင်းကိုယ်စားပြီး ဘော်လံတီယာတော်လှန်ရေးသမားဖြစ်မယ် ထင်မြင်ခဲ့မိတယ်။ ထိုသို့ဆိုလျှင် ထိုသူသုဘရာဇာပြောစကားများသည် အမှန်တရားချည်းဖြစ်တယ်။

ကိုယ်အားကိုကိုးပြီး နယ်မြေစိုးမိုးမှုရှာဖွေ တော်လှန်တိုက်ထုတ်ထားပါလျှက် သက်ဆိုင်ခြင်းမရှိတဲ့ ပကဖတွေက ဝင်ရောက်အခွန်ကောက်ခံခြင်းဆိုတာ မြစ်သင့်ဘူး။ သို့သော်လည်း ဇန်နဝါရီလ (၉) ရက်‌နေ့ဖြစ်တဲ့ ယနေ့ထွက်ရှိလာတဲ့သတင်းများကို တွေ့ရှိလိုက်သည်မှာတော့ အထင်နှင့်အမြင် အလွန်ကွဲပြားမှုရှိတယ်ဆိုတာ တွေ့မြင်လိုက်တယ်။

နဂါးရဲ့ ဝါးတားဂိတ်တွေကို NUG တပ်ဖွဲ့တွေက ဝင်ကောက်စီးနင်းခဲ့ပြီး ထိုဝါးတားဂိတ်တွေကို ဖယ်ရှားခဲ့တယ်လို့ဆိုတယ်။ ထိုသို့ဆိုလျှင် အထက်က သုဘရာဇာဆိုသူရဲ့ ပြုမူချက်များသည် နယ်မြေလုမှုဖြစ်တယ်။ ငါပဲဆက်ကြေးကောက်မယ် ၊မင်းတို့မကောက်နဲ့ပုံစံမှာရှိတယ်။ နိုင်ငံလုံးအတိုင်းအတာနှင့် စုဖွဲ့မှုပြုလုပ်ထားတဲ့ MOD PDF များနှင့် နယ်မြေလုနေကြတဲ့သဏ္ဍာန်မှာရှိတယ်။

ထိုအခြေအနေဖြစ်ပေါ်လျှင် မည်သူမှန်လဲ၊ မည်သည့်ဘက်ကမှားယွင်းလဲဆိုတဲ့ အမှန်တရားရှာဖွေဖို့ပင်မလိုတော့ဘူး။ အလုံးစုံလွတ်မြောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ဖို့ အခြားသောတော်လှန်တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး NUG က လုပ်ဆောင်နေတယ်။ ထိုသို့ဆောင်ရွက်နေတဲ့အဖွဲ့ကို ဒေသန္တရမျှအဖွဲ့အစည်းတခုက လိုက်လံနယ်မြေလုတယ်။

တိုင်းရင်းသားအချင်းချင်း နယ်မြေအငြင်းပွားမှုဖြစ်လျှင်သော်မှ ရှုမြင်တင့်တယ်ခြင်းမရှိတဲ့အခင်းအကျင်းမှာ ဒေသန္တရအဖွဲ့က ငါ့နယ်မြေဆိုပြီး ကြားကာလအစိုးရအဖွဲ့အစည်းတခုရဲ့ လက်အောက်ခံတပ်တွေကို မောင်းထုတ်ခြင်းပြုသည်ကတော့ မည်သည့်ရှုထောင့်မျှပင် လက်ခံ၍မရဘူး။ တော်လှန်ရေးရှည်ကြာမည်က ဒုတိယအချက်မျှဖြစ်ပြီး ထိုဒေသနေပြည်သူများအတွက် အတိဒုက္ခဖြစ်တယ်။ လုံခြုံရေး စိုးရိမ်မကင်းဖွယ်ဖြစ်တယ်။ သုဘရာဇာရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲက ကားသမားကဲ့သို့ မည်သူ့အဖေခေါ်ရမည်မသိ၊ လမ်းပျောက်ကြရတယ်။

ဒါကြောင့် နဂါးရဲ့ ဝါးတားဂိတ်တွေကို စီးနင်းဖျက်စီးခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆောင်ရွက်မှုဖြစ်တယ်။ ထိုထက်သာလွန်လျှင် ပူးပေါင်းတဖွဲ့တည်းဖွဲ့နိုင်လျှင်ဖွဲ့၊ မဖွဲ့နိုင်လျှင် ပုလဲနယ်အတွင်း လက်နက်ကိုင်တော်လှန်တပ်ဖွဲ့ဆိုတာ တဖွဲ့တည်းပဲရှိသင့်တယ်။ NUG မရှိစေလိုသည်လား၊ နဂါးအဖွဲ့မရှိစေလိုသည်လားဆိုသည်ကတော့ ဒေသခံပြည်သူများရဲ့ နိုင်ပွဲဆာလောင်မှုနှင့် နိုင်ငံရေးရေချိန်ပေါ်မှာ မူတည်တယ်။

ကြားကာလအစိုးရအဖြစ် တော်လှန်ရေးတပ်ဖွဲ့အားလုံး၊ အထူးသဖြင့် ERO အများစုလက်ခံထားကြပါလျှက် ပုလဲနယ်ပြည်သူများက လက်မခံဘူးဆိုလျှင်တော့ အဲဒါ ကိုယ်တိုင်သမိုင်း ရေးထိုးကြခြင်းသာလျှင်ဖြစ်တယ်ဆိုတာပဲ။

တော်လှန်ပြည်သူအားလုံးကတော့ NUG ကို ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုထားတယ်။ စစ်ဘုရင်တွေ ပေါ်ပေါက်ခြင်းမရှိဖို့ တခုတည်းသော COC ကို ယုံကြည်ထားကြတယ်ဆိုတာပဲ။ တခုတော့ရှိတယ်။ တော်လှန်ဖျက်မျဉ်းအုပ်စုကတော့ ဆန့်ကျင်ဘက်မှာရှိလိမ့်မယ်။

#မြန်မာ့သတင်း #ပုလဲနဂါး

01/11/2026

စစ်ဗိုလ်ချုပ်မှူးကြီးဟောင်း ငါးမင်းဆွေ မှ
နောင်တော်လေး၊ကျော်စိုးဦး၊သဇင်ဦး၊စနိုက်ပါဆု တို့ ၄ယောက်ကို
ဆုံးမစကားပြောချင်တဲ့ အတွက် ကျိုက်ထိုလာဖို့ ဖိတ်ခေါ်

သတင်းအပြည့်အစုံ ကြည့်ရှု့ပေးပါရန်
ABC News & Entertainment

လေးယောက်လုံးကျိုက်ထိုလာခဲ့

ကျွန်တော်ပြောတာကျော်စိုးဦး လုပ်တာ PDF အုတ်
ဂူဖြစ်နေလို့မဟုတ်ဘူး ။ Eao တွေရဲ့ အုတ်ဂူကိုလည်း အဲ့လိုမျိုးလုပ်လို့မရသလို တပ်မတော်သား
တွေရဲ့ အုတ်ဂူကိုလည်း လုပ်လို့မရဘူး။
ရန်သူဖြစ်ပေမယ့် သေသွားရင် ခုခံပြောဆိုလို့မရ
တော့တဲ့အတွက် သူတို့ရဲ့အုတ်ဂူကို မလေးစားလို့ရ
တယ် စော်ကားလို့မရဘူး။ ဟု ငါး မင်းဆွေ မှ ပြောကြားခဲ့သည်

#မြန်မာ့သတင်း #စစ်ကောင်စီသတင်း

NUG မှ မိမိအား ထိန်းသိမ်းရန် လျှိုဝှတ်အမိန့်ထုတ်ပြန်သည့်အပေါ် မိမိတို့ဘက်မှလဲ လက်ဦးမှု ရယူရန် အသင့်ရှိဟု ထုတ်ပြန်ကြေငြာ...
01/08/2026

NUG မှ မိမိအား ထိန်းသိမ်းရန် လျှိုဝှတ်အမိန့်ထုတ်ပြန်သည့်အပေါ် မိမိတို့ဘက်မှလဲ လက်ဦးမှု ရယူရန် အသင့်ရှိဟု ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်

#ပုလဲနဂါး

ကြိုတင်မဲအငြင်းပွားမှုများကို အရေးမယူဘဲ နောက်အဆင့်များမှသာ ပြင်ဆင်မည်ဟု UEC ဆို။---------------------------------Update ...
01/08/2026

ကြိုတင်မဲအငြင်းပွားမှုများကို အရေးမယူဘဲ နောက်အဆင့်များမှသာ ပြင်ဆင်မည်ဟု UEC ဆို။
---------------------------------
Update ABC News & Entertainment

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြီးမှူးကျင်းပသည့် ရွေးကောက်ပွဲ ပထမအဆင့်တွင် ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုနှင့် အငြင်းပွားဖွယ်ရာများစွာ ပေါ်ပေါက်ခဲ့သော်လည်း ယင်းဖြစ်ရပ်များကို အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ကျော်ဖြတ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပါတီကိုယ်စားလှယ်များက ကြိုတင်မဲကောက်ယူရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ နိုင်ငံရေးပါတီများကို ကြိုတင်အကြောင်းကြားမှုမရှိခြင်းနှင့် လုပ်ထုံးလုပ်နည်း ချိုးဖောက်ခြင်းများကို တင်ပြခဲ့ကြသည်။

သို့သော်လည်း ကော်မရှင်ဘက်က အဆိုပါ အမှားအယွင်းများကို လာမည့် ဒုတိယနှင့် တတိယအဆင့် ရွေးကောက်ပွဲများတွင်သာ ပြင်ဆင်ပေးမည်ဟု တုံ့ပြန်ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။

ယင်းသို့ တုံ့ပြန်မှုကြောင့် ပထမအဆင့်တွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများနှင့် အငြင်းပွားဖွယ်ရာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲ ပြီးပြီးပျောက်ပျောက်သာ ထားရှိရတော့မည့် အခြေအနေဖြစ်နေသည်ဟု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်နေကြသည်။

လက်ရှိတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် နိုင်ငံရေးပါတီများအကြား သံသယနှင့် မကျေနပ်မှုများ မြင့်တက်နေသော်လည်း ပြီးခဲ့သည့် အလွဲအချော်များကို ပြန်လည်စိစစ်ရန် လမ်းစမမြင်ရသေးကြောင်း သတင်းရရှိသည်။


#မြန်မာ့သတင်း #ရွေးကောက်ပွဲ၂၀၂၆ #ကြိုတင်မဲ

01/08/2026

ရုရှား ရေနံတင်သင်္ဘောကို အမေရိကန်တပ်ဖွဲ့ စီးနင်းမှု ရုပ်သံ
ရုရှားသမ္မတ ပူတင်ကို ခေါင်းခေါက် စိန်ခေါ်

Update New = ABC News & Entertainment

ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေး စိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီးရုရှားဆီအသည်းအသန်ပြန်လည်ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက် အိုက်စ်လန်ကျွန်းနဲ့ ဗြိတိန်နိုင်ငံကြားမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။

Marineraဟာ အစောပိုင်းတုန်းက Bella 1ဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

အမေရိကန် အစိုးရက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ စတင်လာတဲ့နောက် Marineraဟာလည်း အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ပစ်မှတ်ထားမှုကို ခံလာရပါတယ်။

ဒါပေမယ့် အမေရိကန် ကမ်းခြေစောင့်တပ်က ရေယာဉ်ပေါ် တက်ရောက်ခွင့် တောင်းဆိုတာကို Marineraက ငြင်းဆိုပြီး ရုရှားဆီ ပြန်သွားဖို့ ကြိုးစားခဲ့တာပါ။

ရုရှားအလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးတဲ့ မစ်ရှင်ကို အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ စစ်တပ်တို့ ပူးပေါင်း အကောင် အထည် ဖော်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့ M/T Sophiaဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုလည်း ကာရေဘီယန် ပင်လယ်ပြင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

Marinera သင်္ဘောနောက်ကို အမေရိကန်က အပူတပြင်း ခြေရာခံ လိုက်နေကြောင်း သိရှိခဲ့တဲ့နောက် ရုရှားဟာ အဲဒီ ရေယာဉ်ကို လုံခြုံရေး ကူညီ စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ အမေရိကန်က ကြားဖြတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ရုရှား အစိုးရကတော့ Marineraကို စီးနင်း ဟန့်တားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရုရှား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ကြေညာဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရေယာဉ်ကို ကြားဖြတ် ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း အတည်ပြု ကြေညာထားပါတယ်။

M/T Sophia သင်္ဘောကိုစီးနင်းမှု တွေ့ရခြင်း ရုပ်သံ
ကိုးကား - Independent ၊ ရုပ်သံ - SOUTHCOM
တည်ဖြတ်-CTT(USA)


🎉 နှစ်သစ် 2026 မင်္ဂလာပါ 🎉ABC News And Entertainment  မှ ကြိုဆိုပါတယ်ရှင့် 🙏ဒီ Page မှာ📰 နေ့စဉ်သတင်းအသစ်များ📰 နေ့စဉ်နိုင...
01/01/2026

🎉 နှစ်သစ် 2026 မင်္ဂလာပါ 🎉
ABC News And Entertainment မှ ကြိုဆိုပါတယ်ရှင့် 🙏

ဒီ Page မှာ
📰 နေ့စဉ်သတင်းအသစ်များ
📰 နေ့စဉ်နိုင်ငံတကာစစ်ရေးသတင်းများ
🎬 ဖျော်ဖြေရေး သတင်းများ

🔥 လူစိတ်ဝင်စားဆုံး Trending အကြောင်းအရာများ
ကို မြန်ဆန်မှန်ကန်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

နှစ်သစ်မှာ
✨ ကျန်းမာရေးကောင်းကြပါစေ
✨ အလုပ်အကိုင် အောင်မြင်ပါစေ
✨ ပျော်ရွှင်ချမ်းသာပါစေ
စီးပွားရေးများ အောင်မြင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

📌 Page ကို Follow & Share လုပ်ပြီး ကျွန်တော်တို့ရဲ့ ခရီးစဉ်အသစ်ကို အားပေးပါနော် ❤️
#နှစ်သစ်မင်္ဂလာ

Address

New York, NY
10001

Website

Alerts

Be the first to know and let us send you an email when ABC News & Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share