Contents Bucket

  • Home
  • Contents Bucket

Contents Bucket Content writing Service, Copy writing Service, & Free Marketing Knowledge Resources!

🔥 လူတွေ ကျော်မသွားနိုင်တဲ့ ခေါင်းစီး ကောင်းတခု ဖြစ်မဖြစ် စစ်ဖို့ အချက် (၄)ချက် 🔥(ခေါင်းစီး နဲ့ ကြော်ငြာဆောင်းပါး တွေအတွက...
08/09/2020

🔥 လူတွေ ကျော်မသွားနိုင်တဲ့ ခေါင်းစီး ကောင်းတခု ဖြစ်မဖြစ် စစ်ဖို့ အချက် (၄)ချက် 🔥
(ခေါင်းစီး နဲ့ ကြော်ငြာဆောင်းပါး တွေအတွက် ညှို့အားပြင်း 4U Formula၊ ဥပမာများ ပါဝင်)

👋 ဒီစာဖတ်နေပီဆိုရင်တော့ စာဖတ်သူ အနေနဲ့ Facebook ပေါ်မှာ ပိုစ့်တွေ တင်ဖူးတယ်၊ စာတွေရေးဖူးမယ် လို့ ယူဆပါတယ်။
🌎 Internet မှာ လူတွေ စိတ်ဝင်စားတဲ့ content တွေရှိသလို ကျော်သွားခံရတဲ့ ဆောင်းပါးတွေ ကြော်ငြာတွေလဲ မြင်ဖူးမှာပါ။ လူတွေ စိတ်ဝင်စားဖို့ဆိုတာ သူတို့ရဲ့ attention ကို မြင်မြင်ချင်းမှာ ဆွဲဆောင်နိုင်ဖို့ ခေါင်းစီးကောင်းတခု လိုပါတယ်။
{ ဆွဲဆောင်နိုင်စွမ်းမြင့်တဲ့ ခေါင်းစီးတွေ ကိုရေးတဲ့ နည်းလမ်း (၅)သွယ် ကို တော့ အရင်ဆောင်းပါး မှာဖတ်ပါ။ }

🍪 ဒီဆောင်းပါးမှာတော့ လူတွေ ကျော်မသွားနိုင်တဲ့ ခေါင်းစီးကောင်းတခု အတွက် လိုအပ်တဲ့ အချက်တွေနဲ့ တိုက်စစ်ဖို့ အတွက် 4U formula ကိုပြောပြပေးသွားမှာပါ။ 4U formula ကိုတော့ Michael Masterson ဆိုတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် တယောက်က စတင်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

❄️ 4U formula ဟာ တကယ့် အသုံးဝင်တဲ့ formula တခုဖြစ်ပီး 🪁 ခေါင်းစီး headline တွေသာမက၊🪁ကြော်ငြာစာရေးတာတွေ၊ 🪁email subject line တွေ၊ 🪁 YouTube video title တွေ နဲ့ စာ ရေးသားတဲ့အခါ မှာပဲ ဖြစ်ဖြစ်၊ 🪁 video ကြော်ငြာလေးမှာပဲ ဖြစ်ဖြစ်၊ 🪁 ကိုယ်ပိုင် vlog မှာ တင်မဲ့ video ဖြစ်ဖြစ် စသည်ဖြင့် အသုံးချ နိုင်ပါတယ်။

🪐 4U ဆိုတာကတော့ Urgent, Unique, Useful, Ultra-Specific ဆိုတဲ့ (U) ၄ လုံးကို ဆိုလိုပါတယ်။ 🪐

🔥 Urgent အရေးတကြီး လုပ်ဖို့လိုတဲ့ အကြောင်းကိုထဲ့စဉ်းစားပါ။ 🔥
ဥပမာ- ပရိုမိုးရှင်း ပြီး ဖို့ (၂)ရက်ပဲ လိုတော့တယ်နော်။ နက်ဖန် အထိပဲရတော့မဲ့ ပိုးပုဆိုး လက်ဆောင်။
သင့်အနေနဲ့ U ၄ခု လုံးကို ခေါင်းစီးထဲ ထဲ့ဖို့ အမြဲတမ်း မဖြစ်နိုင်ပါဘူး၊ တကယ်လို့ တချို့အချက်တွေကို ဖြုတ်ဖို့လိုလာရင်တော့ Urgent ဖြစ်စေတဲ့ အချက်အလက် ကို ဖြုတ်ပစ်နိုင်ပါတယ်။ ပီးမှ copy ထဲမှာ ထဲ့သွင်းရေးသားလို့လဲရပါတယ်။

🔥 Unique - အခြားနဲ့မတူ တမူထူးခြား တဲ့ အချက်ကို အသားပေးရေးပါ။ 🔥
တွန်းရောင်းတဲ့ ပုံမဟုတ်ပဲ ကိုယ့် product ရဲ့ ထူးခြားတဲ့ အချက်တွေပါအောင်ရေးပါ။ ဒါမှမဟုတ် သင့်ရဲ့ ပင်ကိုယ်ရေးဟန် ကိုယ်ပိုင်စာရေးဟန် ကို ထဲ့ရေးတာမျိုး လုပ်လို့ရပါတယ်။ ဒီလိုလုပ်တာက ပုံမှန်မြင်နေကျ ကနေ ခွဲထွက်နေလို့ စာဖတ်မဲ့သူတွေ သတိထားမိတာမျိုး၊ ဒါမှမဟုတ် သူတို့ စောင့်ပီး ဖတ်လေ့ရှိတဲ့ သင့်ရဲ့ ရေးဟန်ကို သတိပြုမိပီး ကျော်မသွားပဲ သတိပြုမိတာမျိုး ဖြစ်လာစေပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဟိုးအရင်က မနက်စောစော ဆိုရင် ပဲပြုတ်သည် ၃ယောက် ၄ယောက်လောက် ရပ်ကွက်ထဲ လှည့်လေ့ရှိပါတယ်။ တယောက်နဲ့ တယောက် ရောင်းတဲ့ ပစ္စည်းတူပေမဲ့ အော်တဲ့ အသံမတူတာကြောင့် ဝယ်သူတွေက ဝယ်နေကြ ပဲပြုတ်သည် ရဲ့ unique အော်သံကိုစောင့်ပီး ထွက်ဝယ်လေ့ရှိပါတယ်။
Headline ဥပမာ တွေဆိုရင်တော့ - Covid-19 က ခွဲခြားပေးမဲ့ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားသစ် ၅ ခု

🔥 Useful - ဒါကတော့ ပြောစရာမလိုတဲ့အချက်အလက် တခု ဖြစ်ပါတယ်။ 🔥
လူတွေ တခုခုကိုစိတ်ဝင်စားဖို့ ဆိုတာ သူ့အတွက် အသုံးဝင်မယ် လို့ယူဆတဲ့ အရာတွေကိုပြပေးနိုင်မှဖြစ်မှာပါ။ ရွေးစရာတွေ အရမ်းများလာတဲ့ ခေတ်မှာ လူတွေက ကိုယ့်အတွက် အသုံးဝင်မယ် ထင်တာကို လွယ်လွယ်ရွေးချယ် တတ်နေပါပြီ။ နောက်တချက်ကတော့ ကိုယ်ပေးတဲ့ information ကို အသုံးမချ နိုင်တဲ့ သူတွေ ကျော်သွားစေဖို့လဲ ကိုယ့် audience ကိုစစ်ထုတ်နိုင်ပါတယ်။ ဘာမှန်းမသိတဲ့ လူ ၁သိန်းမြင်ပီး လူ ၁၀၀ ဝယ်အောင် နဲ့ ကိုယ့်လုပ်ငန်းကို စိတ်ဝင်စားတဲ့ လူ ၁ထောင်မြင်ပီး လူ ၁၀၀ ဝယ် အောင် လုပ်ရတာ ကုန်ကျစရိတ် ပိုသက်သာစေသလို ကိုယ့် လုပ်ငန်း အတွက် ရေရှည်လဲ ပို အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် ကိုယ် target ထားတဲ့ audience အတွက် အသုံးဝင်ကြောင်း၊ အသုံးဝင်မှု ကို ထဲ့ရေးပါ။
ဥပမာ - ဒီနှစ်အတွင်း စဉ်းစားသင့်တဲ့ သိန်း ၅၀၀ အောက် salon ကား ၄မျိုး သင့် ဦးရေပြား အမြဲတမ်း ကျန်းမာနေဖို့ ဒါတွေ ရှောင်ပါ။

🔥 နောက်ဆုံး တခုကတော့ Ultra-specific ဖြစ်ပြီး အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ 🔥
အချက်အလက် ပေါင်းစုံကို နေရာ တကာမှာ ရှာလို့ ရလာတာကြောင့် လူတွေက quality နဲ့ ကိစ္စတခု ချင်းစီအတွက် သီးသန့် ရေးထားတာတွေကို ပိုတောင့်တ လာကြပါပြီ။ သင့် နှဖူးပေါ်က ဝက်ခြံတွေ အကြောင်း ဆိုတာကို သင့်မှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေ အကြောင်း ဆိုတာ ထက် ပိုစိတ်ဝင်စားပါတယ်။ ကိုယ့်ပါးမှာ ဝက်ခြံ ပေါက်တယ် ဆိုရင် ပါးမှာပေါက်တဲ့ ဝက်ခြံရဲ့ ဆိုးကျိုး၊ ကုသမှု စတာတွေကို ပုံမှန် ဝက်ခြံ ဘလို ကုပါ ဆိုတဲ့ ဆောင်းပါးတွေထက် ပိုဖတ်လိုကြပါတယ်။ ဒါကြောင့် ကိုယ်ကျွမ်းကျင်ရာ၊ သို့မဟုတ် ကိုယ့် target audience နဲ့ပတ်သတ် တဲ့ အခြေအနေ တခု အပေါ် တည် ပြီး ရေးလို့ရပါတယ်။ ဒီလိုရေးခြင်းက လုပ်ငန်းတွေအတွက် တကယ့်စိတ်ဝင်စားသူ သီးသန့်ကိုစစ်ထုတ်ပေးနိုင်သလို လူစိတ်ဝင်စား ခြင်းကနေ ဝယ်ဖြစ်သွားတဲ့ အထိ အကျိုးပြုပါတယ်။
ဥပမာ - PC Gamer တွေအတွက် သီးသန့် Mouse Trick ၅ ခု အခု ဥပမာ ပေးခဲ့တာတွေက 4U formula ကို တခုခြင်းစီ ပေါ်လွင်အောင် ဥပမာ ပေးတာသာ ဖြစ်ပါတယ်။ တကယ်တန်း ရေးဖို့ ဆိုရင်တော့ "U" ၄ ခု စလုံး ပါဝင်အောင် စပ်ဆက် ပြီး ရေးသားဖို့ပဲ ဖြစ်ပါတယ်။
ဥပမာ - စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ရဲ့ လက်ရှိကြော်ငြာနေတဲ့ ကြော်ငြာတွေ (Facebook ကြော်ငြာများ)

အတိုချုပ်အနေ နဲ့
🌠 စာဖတ်သူ အတွက် အကျိုးရှိတဲ့ အကြောင်း အရာဖြစ်ပါစေ။
🌠 ခုဖတ် ဖို့လိုတဲ့၊ အမြန် တခုခု လုပ်ဖို့ လိုတဲ့ စိတ်လေး ဖြစ်ပေါ်လာပါစေ။
🌠 တနည်းနည်း အားဖြင့် အခြားသူတွေ ထဲက ကွဲပြားနေပါစေ။
🌠 သီးသန့် အကြောင်းအရာ၊ တိကျ တဲ့ အကြောင်း အရာ ဖြစ်ပါစေ။

4U formula နဲ့ ကိုက်ညီတဲ့ ခေါင်းစီး ဥပမာ တချို့ ကို အောက်မှာ ဆက်လက် ဖတ်ကြည့်ပါ။
🌊 ဥပမာ- ရောင်းခံရမှန်း မသိအောင် ဘလိုရောင်းမလဲ။
🌊 ဥပမာ- FAB Formula နဲ့ လူတိုင်းရင်ကို ထိမဲ့ ကြော်ငြာစာ တခု ဘလိုရေးမလဲ။
🌊 ဥပမာ- Crush လေး က သင့်ကို ပြန် Crush လာ အောင် ဒီနည်းလမ်း ၆သွယ် ကိုသုံးပါ။

🪐 အခု ဥပမာ နဲ့ တကွ ရှင်းပြပြီးပီ ဆိုတော့ ကိုယ့် စိတ်ထဲ တကယ်ရောက်သွားပြီလား သိရအောင် 4U နဲ့ ကိုက်ပြီး ကိုယ့်လုပ်ငန်း မိတ်ဆက် ဖြစ်စေ၊ တွေးမိတဲ့ ခေါင်းစဉ် တခုခု ဖြစ်စေ Comment ထဲမှာ ရေးခဲ့ ကြပါအုံး။ 🪐

Content writing, copywriting နဲ့ ဆိုင်တဲ့ tips တွေ knowledge တွေ article တွေဖတ်ဖို့အတွက် contents bucket ကို follow, save လုပ်ထားလို့ရပါတယ်။
www.contentsbucket.com မှာ content resources တွေနဲ့ marketing resources တွေ ဆက်လက်တင်ပေးသွားမှာပါ။

တခု၊ နှစ်ခု လား၊ တစ်ခု၊ နှစ်ခု လား။မြန်မာစာ နဲ့ စကားပြေ စကားပြော ဆောင်းပါး ရေးဖို့အတွက် သဒ္ဒါအမှန်က ဘာလဲ။🚩 မြန်မာ့သမိုင်...
29/08/2020

တခု၊ နှစ်ခု လား၊ တစ်ခု၊ နှစ်ခု လား။
မြန်မာစာ နဲ့ စကားပြေ စကားပြော ဆောင်းပါး ရေးဖို့အတွက် သဒ္ဒါအမှန်က ဘာလဲ။

🚩 မြန်မာ့သမိုင်း တလျောက် ရေတွက်တဲ့အခါမှာ “တခု၊ တကောင်၊ တယောက်” ဆိုတာမျိုးနဲ့ သုံးခဲ့ကြပါတယ်။
🚩 ၁၉၈၁ ခုနှစ်မှာ အစိုးရအနေနဲ့ မြန်မာစာအဖွဲ့ကို ဖွဲ့စည်းပီးတဲ့ နောက် မြန်မာစာအသုံးအနှုံး၊ သတ်ပုံတွေကို တနိုင်ငံလုံးတပြေးညီ ဖြစ်စေဖို့ သတ်မှတ်တဲ့အထဲမှာ “တစ်ခု၊ တစ်ကောင်၊ တစ်ယောက်” ဆိုတဲ့ “တစ် —” အသုံးအနှုံးပါဝင်လာခဲ့ပါတယ်။ နဝတ ခေတ်မှာ ရေးထုံးအသစ်လို့ သတ်မှတ်ပီး ရုံးသုံး၊ ကျောင်းသုံးမှာ “တစ် —” ၊ တစ်ခု၊ နှစ်ခု စသည်ဖြင့် သုံးနှုံးစေခဲ့တာပါ။ ဒီတော့ တစ်ခုလို့ သုံးရင်လဲ မမှားပါဘူး၊ သို့သော် တခု၊ တကောင်၊ တယောက်လို့ ရေးခဲ့ကြတဲ့ စာပေပညာရှင်တွေကတော့ မူရင်းအသုံးအတိုင်းသာ ရေးသားထုတ်ဝေကြပါတယ်။

🚩 ဒါကြောင့် သတ်မှတ်ထားတဲ့ အသုံးအနှုံးဟာ တစ်ခု၊ တစ်ကောင် ဆိုတာဖြစ်ပြီး မြန်မာ့မူရင်း အမှန်အသုံးကတော့ တခု၊ တကောင် ဆိုတာ ဖြစ်ပါတယ်။
🚩 ၁၀၀ ဆို တရာ၊ ၁၀ ဆို တဆယ်၊ ၁ ဆို တစ် ဆိုတဲ့ အသုံးဟာ အမှန်ဖြစ်ပီး မြန်မာစာ အမှန်ကို ထိမ်းသိမ်းရာရောက်ပါတယ်။

🧭 ဒီဆောင်းပါး ကို ဒေါက်တာတင့်ဆွေ နဲ့ အခြား ပညာရှင်များ ရဲ့ ရေးသားချက်များကို ကိုးကားထားပါတယ်။

ကျနော်လဲ မှားရေးမိတဲ့ စာလုံးတွေ သဒ္ဒါတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အမှန်ကိုသိပီဆိုရင်တော့ သိတဲ့အလျောက်ပြင်ရေးဖို့ စိတ်ကူးရှိပါတယ်။ စာဖတ်သူ စာရေးသူတို့လဲ အမှန်အတိုင်းရေးကြရင်းနဲ့ မြန်မာစာကို တဖက်တလမ်းက ထိမ်းသိမ်းကြမယ်လို့ ယုံကြည်မိပါတယ်။

Content writing, copywriting နဲ့ ဆိုင်တဲ့ tips တွေ knowledge တွေ article တွေဖတ်ဖို့အတွက် contents bucket ကို follow, save လုပ်ထားလို့ရပါတယ်။
www.contentsbucket.com မှာ content resources တွေနဲ့ marketing resources တွေ ဆက်လက်တင်ပေးသွားမှာပါ။

မြန်မာစာ နဲ့ စကားပြေ စကားပြော ဆောင်းပါး ရေးဖို့အတွက် သဒ္ဒါအမှန်က ဘာလဲ။

(မြန်မာနိုင်ငံမှာ ကြော်ငြာနေကြတဲ့ ကုမ္ပဏီတွေရဲ့ Facebook ကြော်ငြာ ပေါင်း ၁၀၀ ကျော်)  🔶 သင်က စီးပွားရေးလုပ်ငန်းရှင် တယောက...
29/08/2020

(မြန်မာနိုင်ငံမှာ ကြော်ငြာနေကြတဲ့ ကုမ္ပဏီတွေရဲ့ Facebook ကြော်ငြာ ပေါင်း ၁၀၀ ကျော်)

🔶 သင်က စီးပွားရေးလုပ်ငန်းရှင် တယောက်လား? လုပ်ငန်း တခု စချင်လို့ လေ့လာနေသူလား? Marketing နယ်ပယ်က လေ့လာနေတဲ့သူ တယောက်လား?
🔶 Content writing နမူနာတွေ၊ copy writing နမူနာတွေ ရှာဖတ်ချင်လား? ဘယ် content တွေက ဘယ်လို response တွေရသလဲဆိုတာတွေ လေ့လာချင်လား?
🔶 လက်ရှိ ပြည်တွင်းမှာ မတူညီတဲ့ audience တွေက Design တွေ Content တွေ Headline တွေကို ဘလိုတုံ့ပြန်နေကြသလဲ၊ ကိုယ်ရေးတဲ့အခါကျရင် ဘာတွေ အတုယူရမလဲ ဘာတွေရှောင်သင့်သလဲ?

🗺️ ဒါတွေ လေ့လာဖို့အတွက် ကျနော်လဲ လေ့လာရင်းနဲ့ တနေ့က ဒီလို library တခုလောက်ရှိရင် တခါတခါ သွားရိုက်ရှာတာထက် category လေးနဲ့ လုပ်ငန်းတွေကို စုပေးထားတာမျိုး ဆိုကောင်းမှာပဲတွေးမိပါတယ်။ တဆက်ထဲပဲ တခြား လေ့လာချင်တဲ့သူတွေကိုလဲ မျှဝေလို့ရတယ် ဆိုတာ တွေးမိလို့ အခု library sheet တခု လုပ်လိုက်ပါတယ်။
👉 #အခမဲ့ download လုပ်ယူနိုင်သလို google drive ထဲကိုလဲ ကူးယူနိုင်ပါတယ်။ Library ထဲကို ပါဝင်ကူညီချင်သူတွေ၊ data တွေ ထပ်ထဲ့ပေးချင်သူတွေ အတွက်လဲ editor version တခုလုပ်လိုက်ပါတယ်။ အဲ့ဒီ version မှာ ဝိုင်းပီး စုပေါင်း Add ပေးကြတယ် ဆိုရင် Main library sheet ကိုလဲ တလ တခါ update လုပ်ပေးသွားပါမယ်။
စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ရဲ့ လက်ရှိကြော်ငြာနေတဲ့ ကြော်ငြာတွေ (link: https://manychat.com/l2/contentsbucket)

Content writing, copywriting နဲ့ ဆိုင်တဲ့ tips တွေ knowledge တွေ article တွေဖတ်ဖို့အတွက် ကို follow, save လုပ်ထားလို့ရပါတယ်။
www.contentsbucket.com မှာ content resources တွေနဲ့ marketing resources တွေ ဆက်လက်တင်ပေးသွားမှာပါ။

လူတွေရဲ့ အင်တာနက်မှာ တခုခု ရှာတတ်တဲ့ပုံစံ ၃ မျိုး ရှိတယ်လို့ B2C blog က Andre Bourque က ရေးထားပါတယ်။အဲ့တာတွေက...1️⃣ 𝑰𝒏𝒇𝒐...
22/08/2020

လူတွေရဲ့ အင်တာနက်မှာ တခုခု ရှာတတ်တဲ့ပုံစံ ၃ မျိုး ရှိတယ်လို့ B2C blog က Andre Bourque က ရေးထားပါတယ်။

အဲ့တာတွေက...
1️⃣ 𝑰𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏𝒂𝒍
ကျနော်တို့ ဟာ အချက်အလက်တွေ အဖြေတွေ အတွက်ရှာကြပါတယ်။
ဥပမာ - how to fix tap ဆိုတာမျိုးတွေ၊ necktie types ဆိုတာမျိုးတွေ short keyword တွေသုံးရှာသလို long keyword တွေလဲ သုံးပီးရှာကြပါတယ်။

2️⃣ 𝑵𝒂𝒗𝒊𝒈𝒂𝒕𝒊𝒐𝒏𝒂𝒍
နောက်တခုကတော့ စောစောကလို အချက်အလက်တွေကိုပဲ ကိုသိတဲ့ website, blog တွေကနေ ရှာတာမျိုးပါ။
ဥပမာ - Official Nike store ဆိုတာမျိုး Netflix ဆိုတာလိုမျိုး ဖြစ်ပါတယ်။

3️⃣ 𝑻𝒓𝒂𝒏𝒔𝒂𝒄𝒕𝒊𝒐𝒏𝒂𝒍
နောက်ဆုံးတခုကတော့ တခုခုလုပ်ချင်လို့ ဝယ်ချင်လို့ လိုအပ်လို့ ရှာတာပဲ ဖြစ်ပါတယ်။
ဥပမာ - Aliexpress sales ဆိုတာမျိုးတွေ၊ Myanmar traditional dress event this week ဆိုတာမျိုးတွေပါပါတယ်။

🎯 မတူညီတဲ့ ရှာဖွေမှုတွေအတွက် အဆင်သင့်အောင် SEO တခုချင်းစီလိုက်ပြီးပြင်ဆင်ထားသင့်ပါတယ်။

✌ ကိုယ့် လုပ်ငန်း၊ ပေးနေတဲ့ ဝန်ဆောင်မှု၊ ရောင်းနေတဲ့ ပစ္စည်း နဲ့ တူတာတွေကို ရှာနေတဲ့ လူတွေကို ဘယ်လို content တွေပြမလဲ၊
ကိုယ့် ပစ္စည်း ကိုရှာနေတဲ့ လူတွေကို ကြော်ငြာတွေ စွတ်မပြပဲ ဝယ်ချင်လာအောင် ဘယ်လို content တွေပြမလဲ၊
ဝယ်ဖို့ပဲ တန်းလာတဲ့ လူတွေ ပြန်မထွက်သွားအောင်၊ ထပ်ဝယ်အောင် ဘယ်လို page တွေပြမလဲ ဘယ်လို promotion တွေသုံးမလဲ ဆိုတာမျိုးတွေစဉ်းစားရမှာဖြစ်ပါတယ်။

ိုတာ

SEO ဆိုတာ လူတယောက်က အင်တာနက်မှာ တခုခုရှာတဲ့ အခါ ကိုယ့် website, blog post, facebook post စတာတွေကို ကြော်ငြာမဟုတ်ပဲ နဲ့ G...
22/08/2020

SEO ဆိုတာ လူတယောက်က အင်တာနက်မှာ တခုခုရှာတဲ့ အခါ ကိုယ့် website, blog post, facebook post စတာတွေကို ကြော်ငြာမဟုတ်ပဲ နဲ့ Google Search Result Page ရဲ့ ထိပ်ဆုံးမှာ ပေါ်အောင် လုပ်တာပါ။
ကိုယ့် ပစ္စည်း၊ website, blog, social media စတာတွေဆီကို quality traffic တွေ အရေအတွက် များများ ရအောင်လုပ်တဲ့ လုပ်ငန်းစဉ်ထဲက တခုလဲ ဖြစ်ပါတယ်။

ရှုပ်သွားပီလား? တကယ်က ရှင်းရှင်းလေးပါ။

🌎 Internet မှာ လူတွေက ကိုယ့် website ဒါမှမဟုတ် ကိုယ့် website နဲ့ဆိုင်တာတွေကို လူတွေရှာကြတဲ့အခါ ကိုယ့် website က search result တွေရဲ့ ထိပ်ဆုံးမှာပေါ်နေအောင်လုပ် တာပါပဲ။ ကျနော်တို့ဟာ အင်တာနက်မှာ တခုခု ရှာကြတဲ့ အခါ လူအမျိုးမျိုးမတူ သလို ရှာဖွေရတဲ့ ရည်ရွယ်ချက်တွေကလဲမတူပါဘူး။
(လူတွေရဲ့ ရှာဖွေမှု ပုံစံ ၃မျိုးကို နောက် ဆောင်းပါး မှာဖတ်ပါ )။
အဲ့ဒီလို မတူတဲ့ ရှာဖွေမှုတွေမှာမှ ကိုယ်နဲ့ လိုချင်တဲ့ စာလုံး၊ စာစု တွေ သုံးလာခဲ့ရင် ကို့ content တွေအရင် ပေါ်စေတာမျိုးပါ။

(ယေဘုယျ အားဖြင့်ဆွေးနွေးထားတာ ဖြစ်ပါတယ်၊ SEO ဟာကျယ်ပြန့်လွန်းတာမို့ အသေးစိတ်တွေ ကို နောက်မှ ထပ်ရေးပေးပါမယ်။ )

🐾 𝗦𝗘𝗢 ဘလိုအလုပ်လုပ်သလဲ။

နံမယ်အတိုင်းပဲ Google လို search engine တွေဟာ internet ပေါ်က website တွေကို သူ့ရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ပြီး အဆင့်စီပါတယ်။
သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ website တွေကို ရှာဖွေရလဒ် page ရဲ့ ထိပ်ပိုင်း မှာပြပေးပါတယ်။

လက်ရှိ ဒီ ဆောင်းပါးရေးချိန်မှာတော့ Google ဟာ search engine market မှာ (70% ကျော်) [ https://www.netmarketshare.com/search-engine-market-share.aspx ] နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Google အသုံးပြုသူ (90% ကျော်) [https://gs.statcounter.com/search-engine-market-share/all/myanmar] ဖြစ်ပါတယ်။

🦘 𝗦𝗘𝗢 ဘာကြောင့်အရေးကြီးသလဲ။

👩‍💻 လူတွေဟာ တခုခု ရှာကြပီဆိုတာနဲ့ Search Result Page (SRP) ရဲ့အပေါ်ဆုံးနားမှာပေါ်တဲ့ website link တွေကို အများဆုံးသွားကြည့်ကြပါတယ်။

ကိုယ်က ပစ္စည်း တခုခု ရောင်းနေပြီး ကိုယ့် ပြိုင်ဘက်ရဲ့ page က SRP ရဲ့ ထိပ်ဆုံးမှာ ပေါ်နေပီး သူ့ဆီကို လူတွေ ပိုသွားကြည့်မယ်ဆိုရင် သူ့ဆီမှာလဲ ရောင်းရနိုင်ခြေ ပိုမြင့်သွားမှာပါ။

ဒါကြောင့် SRP ရဲ့ ထိပ်ဆုံးနားရောက်လေလေ သင့်ဆီ လူတွေလာကြည့်ဖို့ အခွင့်အရေးများလေပါပဲ။

🎯 တနည်းအားဖြင့် potential customer တွေကို တခြားလူတွေ မရောက်သွားစေပဲ ကိုယ့် ဆီရောက်လာအောင် လုပ်နိုင်လို့အရေးကြီးတာပါ။

👩‍💻 𝗦𝗘𝗢 leads တွေဆိုတာ တခုခု ကိုရှာပြီဆိုတာနဲ့ အဲ့ဒီ တခုခု အပေါ် စိတ်ဝင်စားမှု ရှိပီးသားဖြစ်ပါတယ်။
ဒီတော့ Marketing စကားနဲ့ဆိုရင် MOFU ဆိုတဲ့ funnel အလယ်ရောက်နေတဲ့ leads တွေကို BOFU ဆိုတဲ့ ဝယ်တဲ့ အဆင့် ထပ်ပေါင်းဝယ်တဲ့အဆင့်တွေထိရောက်အောင် ခေါ်သွားနိုင်တဲ့ နေရာလဲ ဖြစ်ပါတယ်။

🎯 စိတ်ဝင်စားနေတဲ့ သူကို ဝယ်ဖြစ်သွားအောင်၊ action တခုခု လုပ်ဖြစ်သွားအောင် ဆွဲဆောင်နိုင်တာ မို့လို့လဲ အရေးကြီးရတာပါ။

🧐 𝗦𝗘𝗢 ဘယ်လိုလုပ်ရမလဲ။

✈ 𝗦𝗘𝗢 အတွက် အရေးအကြီးဆုံးဟာ စာလုံးတွေ စာစုတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို လူတွေက စာလုံးတွေ စာစုတွေသုံးပြီးရှာကြတာမို့ပါ။

🧠 ဥပမာ - Yangon Coffee လို့ရိုက်ရှာရင် ကိုယ့်ရဲ့ website ကိုအရင်ဆုံးပြဖို့အတွက် Yangon Coffee ဆိုတဲ့ စာလုံးကို အခြေခံပီး ကိုယ့် content မှာ Tag ထဲ့တာ၊ Page Category နဲ့ FAQ တွေထဲ့တာစတဲ့ Page Optimization, Website Optimization တွေလုပ်လို့ရပါတယ်။
𝗦𝗘𝗢 tools တွေလဲအသုံးပြုလို့ရပါတယ်။

✈ နောက်ပြီး Google က သတ်မှတ်ထားတဲ့ SEO သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီအောင် လုပ်ရပါတယ်။ ဒါတွေကလဲ ရှာဖွေကြတဲ့ လူတွေ အဆင်ပြေစွာ ဖတ်ရှု နိုင်ဖို့ပဲ အဓိကထားတာပါပဲ။

🧠 ဥပမာ - Mobile နဲ့ဖတ်ရင်အဆင်ပြေအောင် လုပ်ထားရတာမျိုး၊ Preview Links တွေထုတ်ပေးထားတာမျိုး၊ Questions and Answers တွေ ထုတ်ပေးထားတာမျိုး တွေ နဲ့ အခြားသော နည်းပညာ သတ်မှတ်ချက်တွေရှိပါတယ်။

👾 အချို့ကတော့ 𝗦𝗘𝗢 ကောင်းဖို့သာ အဓိက လုပ်ကြပြီး ကိုယ့် website ထဲဝင်ကြည့်တဲ့အခါ မှာ လူတွေစိတ်မဝင်စားတော့ပဲ ပြန်ထွက်သွားကြတာမျိုးတွေလဲရှိပါတယ်။
SEO ကို စိတ်ဝင်စားပီး အသေအချာ လေ့လာချင်ရင် [https://yoast.com/academy/] လို နေရာမျိုးတွေမှာလဲ လေ့လာလို့ရပါတယ်။

🦄 နောက်ဆုံးမှာတော့ 𝗦𝗘𝗢 ဆိုတာ နည်းပညာပါပဲ၊ တကယ်တန်း ဂရုစိုက်ရမှာက ကိုယ့်ဆီလာဝယ်မဲ့ ဖောက်သည်၊ စားသုံးသူတွေဖြစ်ပါတယ်။ သူတို့အဆင်ပြေချောမွေ့အောင်၊ စိတ်ဝင်စားအောင်၊ အကျိုးရှိအောင်လဲ ဆောင်ရွက်ထားပီး နည်းပညာ နဲ့ပေါင်းစပ်ခြင်းကသာ တကယ်ထိရောက်တဲ့ 𝗦𝗘𝗢 နည်းလမ်းဖြစ်ပါတယ်။

✌ 𝗦𝗘𝗢 ဆိုတာ ကိုယ့်ဆိုင် လာနိုင်ခြေရှိတဲ့ ဧည့်သည် တယောက်အတွက် ကိုယ့်ဆိုင် ပြတင်း၊ တံခါး နဲ့တူပါတယ်။
🎈 တံခါးပေါက်က သေသပ်လှပ ပြီး အထဲမှာဘာတွေရှိတယ်ဆိုတာကို လှမ်းမြင်ရအောင် အချက်အလက်တွေပေးထားမယ်။
ဝင်ချင်စဖွယ်ဖြစ်အောင်လဲ ပြင်ဆင်ထားမယ် ဆိုရင် တံခါးတွေ လိုက်ပြပေးတဲ့ Google ကလဲ ဒီ ဆိုင်တံခါးလေးကို အရင်ပြပေးမှာပါပဲ။

🙋‍♂️ ဆိုင်ထဲဝင်ပြီးသွားရင် လဲ ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပြီး action တခုခု (ဥပမာ ပစ္စည်းဝယ်တာမျိုး၊ account ဖွင့်တာမျိုး) ဖြစ်လာအောင် ဆက်ပီး ကြိုးစားရမှာဖြစ်ပါတယ်။

ိုတာ

Address


Alerts

Be the first to know and let us send you an email when Contents Bucket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share