Skillful Success SS

  • Home
  • Skillful Success SS

Skillful Success SS မင်္ဂလာပါ skillful Success SS မှ ကြိုဆိုပါတယ်။သိရှိလိုသည်များကို page messangerမှဆက်သွယ်စုံစမ်းနိုင်ပါတယ်။

03/08/2025
_________________ကျွန်တော်က Austin ပါယခု ကျနော်နဲ့အတူ Domestika က Instructor Patricio Betteo သင်ထားတဲ့Illustrated Charac...
18/07/2021

_________________
ကျွန်တော်က Austin ပါ
ယခု ကျနော်နဲ့အတူ Domestika က
Instructor Patricio Betteo သင်ထားတဲ့
Illustrated Character Factory ဆိုတဲ့ Course
ကိုလေ့လာမှာပါ

-------
-ဒီ Course ဟာ ကာတွန်းဆွဲချင်သူတွေ
Character ဖန်တီးချင်သူတွေအတွက် အဓိကဖြစ်ပါတယ်
-ပုံဆွဲတတ်နေဖို့လိုပါမယ်
-ဒီ Course ရဲ့တစ်ဝက်လောက်က Digital သုံးထားပေးမယ့် အဲ့တာတွေမရှိရင် စာရွက်ခဲတံတွေ
သုံးလို့ရပါတယ်

-------
-သင်ခန်းစာတွေကို နှစ်ရက်လျှင် ဆယ်မိနစ်စာ
တစ်ခုစီ တင်ပေးသွားမှာပါ
-သင်ခန်းစာတွေကို လိုက်လုပ်ပေးပြီး Comment မှာလာပြလို့ရပါတယ် လိုအပ်ချက်တွေ ပြင်ပေးသွားမှာပါ
-ဒီ Course ပြီးခါနီးမှာ ပြိုင်ပွဲတစ်ခုချမှာဖြစ်ပြီး
ဆုရရှိသူနှစ်ဦးကို ထုတ်ဖော်သွားမှာပါ

အလှူငွေ ကောက်ခံခြင်း
-------------
*ကျွန်နော်တို့ Platform ဟာ စလုပ်ခါစဖြစ်တဲ့အတွက် ငွေကြေးလည်ပတ်မှုအားနည်းနေပါတယ်
*ကျွန်တော်တို့ကို စေတနာပါသလောက်(သုံးထောင်မှ တစ်သောင်းထိ) အလှူငွေထည့်နိုင်ပြီး
*ရရှိလာတဲ့ ငွေများထဲမှ အရင်းကိုဖယ်ထုတ်ကာ
မြန်မာနိုင်ငံထဲမှ Covid 19 နှိုင်နှင်းရေးအတွက် လှူဒါန်းသွားမှာပါ
*လှူဒါန်းသူတွေကို Manga Drawing From Scratch Spanish Course ကို လက်ဆောင်ပေးသွားဦးမှာပါ
*Course ပြီးခါနီးကျင်းပမယ့်ပြိုင်ပွဲကိုလည်း
လှူဒါန်းသူတွေကသာ ဝင်ရောက်ရှင်ပြိုင်နိုင်မှာပါ

မေတ္တာရပ်ခံချက်
______________
-ကျွန်တော်တို့ Platform မှာ စတင်ကာစဖြစ်သဖြင့် နည်းပညာပိုင်း၊ စက်ပစ္စည်းပိုင်းဆိုင်ရာလိုအပ်ချက်များကြောင့် အသံ အရည်းအသွေးမကောင်းဖြစ်နေခြင်းကို အနူးအညွတ်တောင်းပန်ပါတယ်
-ယခု Channel တွင်တင်မည့် Resolution မှာ 720p သာရရှိနိုင်သေးသည့်အတွက် အဆင်မပြေပါက 1080p တို့ကို Cloud Drive မှာ Share ပေးသွားရန်လည်း စီစဥ်ထားပါတယ်

Let's Study မှာ Foreign Courses တွေဖြစ်တဲ့ Domestika နှင် Skillshare မှ Courses များကို ​ကျွန်တော်တို့နဲ့အတူ လေ့လာရမှာပါ

19/06/2021

Elon Musk ရဲ့ Motivation အဖြစ် အင်တာဗျူးအပိုင်းတွေကို တင်ဆက်ထားတာပါ

22/05/2021

ဂျက်မားဟာ တရုပ်ပြည်မှာ အောင်မြင်တဲ့သူတစ်ဦးပါ သူရဲ့ဘဝဖြန်သန်းမှုတွေက စိတ်ဝင်စားစရာကောင်းပါတယ်

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အား skillful success မှ ကြိုဆိုဂုဏ်ပြုပါ၏။
04/01/2021

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အား skillful success မှ ကြိုဆိုဂုဏ်ပြုပါ၏။

31/12/2020

🥰 နှစ်သစ်ဆုတောင်း 🥰

🙏2021 နှစ်သစ်အခါသမယမှာ skillful Successရဲ့ ချစ်ခင်ရပါ
သောမိတ်ဆွေများ အားလုံးပျော်ရွှင်ကြည်နူးစရာ
​တွေကိုနေ့ရက်တိုင်းမှာပိုင်ဆိုင်
နိုင်ကြပါစေ။
🙏 2021 နှစ်သစ်မှာ စိတ်သစ်၊လူသစ် ၊ခွန်အားသစ်တွေနဲ့ စိန်ခေါ်မှု့တွေ့ကို လွယ်ကူအောင်မြင်စွာကျော်လွှားနိုင်ပါစေ ကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

♦️skillful Success family

29/12/2020

♦️ whiteboard animation မှာ Morph effect(moving object from one place to another place) ထည့်‌နည်းလေးကို ဒီ video လေးမှာ လေ့လာ နိုင်ပါတယ်။

♦️နောက်ထပ် effect ထည့်နည်း video လေးတွေကိုလည်း knowledge sharing လုပ်ပေးသွားမာမို့ စိတ်၀င်စားတယ်ဆိုရင် page ကို like and follow လုပ်ပေးဖို့ ပြောချင်ပါတယ် ။

♦️ကျေးဇူးတင်ပါတယ်။

♦️ဘ၀ရဲ့စိန်ခေါ်သံတွေကို အောင်မြင်မှု့တေးသွားအဖြစ်သို့ ပြောင်းလဲခဲ့သူ (သို့) ဆွိုင်ချီရိုဟွန်ဒါ♦️ဒီနေ့မှာတော့ အနောက်တိုင်...
26/12/2020

♦️ဘ၀ရဲ့စိန်ခေါ်သံတွေကို အောင်မြင်မှု့တေးသွားအဖြစ်
သို့ ပြောင်းလဲခဲ့သူ (သို့) ဆွိုင်ချီရိုဟွန်ဒါ

♦️ဒီနေ့မှာတော့ အနောက်တိုင်းက သတင်းစာ‌‌တွေ၊မဂ္ဂဇင်းတွေမှာ "အခက်အခဲဘယ်လောက်ကြုံ ကြုံ ဘယ်တော့မှ အရှူံးမပေးတတ်တဲ့လူ "လို့ တင်စားခေါ်ဝေါ် ချီးကျူးခြင်းခံရတဲ့ Honda ကားကုမ္ပဏီ ကို စတင်တည်ထောင်ခဲ့တဲ့ ဂျပန်လူမျိုး ဆွိုင်ချီရိုဟွန်ဒါ ရဲ့ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

‌♦️ဆွိုင်ချီယိုဟွန်ဒါ အကြောင်းမပြောခင်မှာ သူစတင်တည်ထောင်ခဲ့တဲ့ Honda car Company အကြောင်းအနည်းငယ်ပြောပြလ်ိုပါတယ်။

♦️ဆွိုင်ချီယိုဟွန်ဒါစတင်တည်‌ထောင်ခဲ့တဲ့ Honda car Company ဟာ ဂျပန်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခု ဖြစ်သလို ကမ္ဘာပေါ်မာလူသိများတဲ့ နာမည်ကျော်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။နိုင်ငံတကာကို မော်တော်ကား၊မော်တော်ဆိုင်ကယ်၊ electric generator အပါအ၀င် လေယာဉ်အင်ဂျင်(jet engine)တွေ အထိ ထုတ်လုပ်တင်ပို့ရောင်းချနေတဲ့ company ကြီးတစ်ခုဖြစ်ပါတယ်။1959 ခုနှစ်လောက်ကတည်းက ကမ္ဘာမှာ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု့အများဆုံးဖြစ်ခဲ့ပြီး 2019 နှစ်ကုန်ပိုင်းလောက်မှာဆိုရင် စီးရေ 400 millions ခန့်ထိ ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ကားနဲ့ပတ်သက်လာရင်လည်း ဂျပန်မာ Toyota ပြီးရင် ဒုတိယမြောက် အကြီးဆုံးကားထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ တစ်ခုပဲဖြစ်ပါတယ်။ 2019 ranking တွေအရ‌တော့ ကမ္ဘာပေါ်မာ ဆဌမ မြောက်အကြီးဆုံး ကားကုမ္ပဏီ တစ်ခုလဲ ဖြစ်ပါတယ်။သာမန်စက်ပြင်ဆရာတစ်ယောက်အဖြစ်ဘ၀ကိုစတင်ခဲ့တဲ့ ဆွိုင်ချီယိုဟွန်ဒါ ဟာ ဒီလိုကြီးမားတဲ့ Honda Company ကြီးကိုဘယ်လိုတည်ထောင်ခဲ့သလဲ ၊ သူ့အနေနဲ့ ဘယ်လို စိန်ခေါ်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ ၊စိန်ခေါ်သံတွေကို အောင်မြင်မှု့တေးသံသာ အဖြစ်ဘယ်လိုပြောင်းလဲခဲသလဲ ဆိုတာကို‌ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

♦️ဟွန်ဒါကို 1906 ခုနှစ်၊ နို၀င်ဘာလ 17 ရက်နေ့မှာ ဟာမာမတ်စု(Hamamatsu)မြို့ အနီးရှိ ဖူဂျီတောင်ခြေနားမှာရှိတဲ့ ရွာလေးတစ်ရွာမာဖွားမြင်ခဲ့ပါတယ်။အဖေဖြစ်သူမှာ ပန်းပဲဆရာ တဖြစ်လဲ စက်ဘီးပြင်သူ တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကတော့ ယက္ကန်းသမ တစ်ဦးဖြစ်ပါတယ်။ဟွန်ဒါဟာငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့စက်ဘီးပြင်လုပ်ငန်းမှာ ၀င်ရောက်ကူညီခဲ့ရပြီးစက်ပစ္စည်းတွေအကြာင်းကို စိတ်၀င်စားခဲ့ပါတယ်။စက်မှု့ပညာနဲ့ နီးစပ်စွာမွေးဖွားလာခဲ့တဲ့
ဟွန်ဒါဟာ ငယ်စဉ်ကတည်းကပင် သူ့ရဲ့ပါရမီအလျှောက် စက်မှု့၊လက်မှု့ပညာတွေကိုကျွမ်းကျင်စွာတတ်မြောက်ခဲ့ပါတယ်။ငယ်စဉ်ကပင် တံဆိပ်တုံးအတုတွေကို စက်ဘီးလက်ကိုင် ရာဘာတုံးတွေနဲ့ ဖန်တီးတတ်နေခဲ့ပါပြီ။သူ့ရဲ့ဘ၀မှာပထမဆုံးမြင်တွေ့ခဲ့တဲ့ကားကိုသူဟာအင်မတန်သဘောကျခဲ့ပါတယ်။အဲဒီကားရဲ့အင်ဂျင်က လောင်ကျွမ်းပြီးထွက်လာတဲ့ဓာတ်ဆီငွေ့ရဲ့ရနံ့ ကို တသက်လုံးမေ့မှာမဟုတ်ဘူးလို့ အမြဲလိုလို ပြန်ပြောပြလေ့ရှိပါတယ်။

♦️ဟွန်ဒါ ဟာ အသက် 15 နှစ်မှာကျောင်းထွက်ခဲ့ပြီး သူစိတ်၀င်စားတဲ့ စက်မှု့ပညာကို လက်တွေ့လေ့လာနိုင်ဖို့ Tokyo မှာအလုပ်သင်စက်ပြင်ဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ 6 နှစ်ကြာပြီးတဲ့နောက်မှာတော့အသက် 22 အရွယ်သူဟာ ရွာပြန်ပြီးတော့ကိုယ်ပိုင်၀ပ်ရှော့‌တစ်ခု တည်ထောင်ခဲ့ပါတယ်။လူငယ်လေးဟွန်ဒါဟာ မော်တော်ကားအင်ဂျင်မှာသုံးတဲ့ ပစ္စတင်ကွင်း(piston ring)တွေကို Toyota မော်တော်ကား ကုမ္ပဏီကို တင်သွင်းဖို့ရည်ရွယ်ပြီး သူ့ရဲ့၀ပ်ရှော့လေးမှာစမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။အခက်အခဲတွေရှိခဲ့ပေမဲ့ နောက်ဆုံးမှာသူဟာ ပစ္စတင်ကွင်း(piston ring)တွေ ထုတ်လုပ်လို့ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ Toyota မော်တော်ကား ကုမ္ပဏီကို တင်သွင်းတဲ့အခါ စမ်းသပ်ရင်းတချို့ကျိုးကုန်တာတွေရှိတဲ့အတွက် Quality အရည်အသွေးမမှီဘူးဆိုပြီး Toyota မော်တော်ကား ကုမ္ပဏီက ပယ်ချခဲ့ပါတယ်။ အဆိုပါကုမ္ပဏီက သူ့ရဲ့ ပစ္စတင်ကွင်းတွေကို ပယ်ချခံရမှု့အပေါ် ဟွန်ဒါဟာ စိတ်ပျက်အားငယ်ခြင်းမရှိဘဲ သူ့ရဲ့ ကျရှူံးမှု့ကို အဖြေရှာခဲ့ပါတယ်။ဒါဟာ သတ္တုစပ်နည်းကိုစနစ်တကျ မကျွမ်းကျင်တာကြောင့်ဆိုတဲ့အဖြေကို သိရှိသွားတဲ့ဟွန်ဒါဟာ အင်ဂျင်နီယာကျောင်းတစ်ခုမှာကျောင်းသားတွေရဲ့ နှိမ့်ချလှောင်ပြောင်မှု့တွေကို ဉပေက္ခာပြုပြီး ကျွမ်းကျင်စွာတတ်မြောက်အောင်သင်ယူနိုင်ခဲ့ပါတယ်။ Toyotacompany ကို နောက်ထပ်ပစ္စည်းတွေထပ်တင်သွင်းတဲ့အခါမှာတော့ စစ်ဆေးမှု့အောင်မြင်ခဲ့တဲ့အတွက် ပစ္စည်းတင်သွင်းဖို့အတွက်စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။

♦️၁၉၃၇ ခုနှစ်မှာ ဟွန်ဒါက တိုကိုင်ဆီကီ ကုမ္ပဏီ ကိုတည်ထောင်ပြီး Toyota ကုမ္ပဏီအတွက် ပစ္စတင်ကွင်း(piston ring)တွေကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်စတင်လာချိန်မှာ ဂျပန်စစ်တပ်ဟာနိုင်ငံတွင်းသံထည်ပစ္စည်းတွေကို ထိန်းချုပ်ထားတာကြောင့် ဟွန်ဒါ အနေနဲ့ ပစ္စတင်ကွင်း(piston ring)ထုတ်လုပ်ဖို့ အတွက်သံထည်မရှိသလောက်ရှားပါးခဲ့ပါတယ်။အခက်အခဲနဲ့တွေ့တိုင်းမကြောက်မရွံ့ရင်ဆိုင်ခဲ့တဲ့ ဟွန်ဒါဟာသူ့ရဲ့လုပ်ငန်းအတွက်သံထည်တွေကိုမရရဲ့နည်းနဲ့ရှာဖွေခဲ့ပါတယ်။သူဟာ အမေရီကန်စစ်လေယာဉ်တွေပစ်ချထားခဲ့တဲ့ ဓာတ်ဆီတိုင်ကီအလွတ်တွေကို‌ ကောက်ယူထားသူတွေဆီကနေ၀ယ်ယူပြီး သံရည်ကျိုချက်ကာသူ့လုပ်ငန်းကိုဆက်လက်လည်ပတ်စေခဲ့ပါတယ်။ဒါပေမဲ့ကံဆိုးစွာနဲ့ပဲ သူပိုင်တဲ့စက်ရုံနှစ်ခုအနက်တစ်ခုဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်လေယာဉ် B-29 ဗုံးကြဲလေယာဉ်က ၁၉၄၄ ခုနှစ်မှာ ဗုံးကြဲခဲ့ပြီး ၊ နောက်စက်ရုံတစ်ခုကတော့ ၁၉၄၅ ခုနှစ် မီကာဝါ ငလျင်မှာ ပြိုကျ ပျက်စီးခဲ့တာဖြစ်ပါတယ်။

♦️စတင်အောင်မြင်ခါစမှာ စစ်ပွဲနဲ့ ‌သဘာ၀‌ဘေးရဲ့ရိုက်ခတ်မှု့ကြောင့်အစက နေပြန်စခဲ့ရ‌‌ပေမဲ့ အားလျှော့မသွားတဲ့ဟွန်ဒါဟာ စစ်ပြီးချိန်မှာ၊ လက်ကျန်ရှိနေတဲ့ပစ္စည်းတွေကို Toyota Company ဆီရောင်းချခဲ့ပြီး ဟွန်ဒါသုတေသနစင်တာကိုတည်ထောင်ခဲ့ပါတယ်။ စစ်ပြီးကာစကာလ အတွင်းမှာ ကမ္ဘာ‌ပေါ်မှာဓာတ်ဆီရှားပါးမှု့ပြဿနာကို ကြုံတွေ့လာခဲ့ပါတယ်။ ဓာတ်ဆီရှားပါးမှု့ကြောင့် ဓာတ်ဆီအသုံးပြုစက်ပစ္စည်းတွေအသုံးမပြုရဘဲရပ်တန့်နေချိန် 1948 မှာ ဟွန်ဒါ ဟာ စက်တပ်စက်ဘီးကို အောင်မြင်စွာထုတ်လုပ်‌ ရောင်းချနိုင်ခဲ့ပါတယ်။ စက်တပ်စက်ဘီးကို သဘောကျသူများပြားခဲ့တာကြောင့် ဟွန်ဒါဟာ အော်ဒါပေါင်းများစွာရရှိခဲ့ပြီး အောင်မြင်လာခဲ့ပါတယ်။

♦️အဲဒီနောက် 1949 ခုနှစ်ရောက်လာတဲ့ အချိန်မှာတော့ ဟွန်ဒါဟာ ဆိုင်ကယ်ကိုစတင်ထုတ်လုပ်‌ ၊ရောင်းချခဲ့ပြီး Honda Dream စီးရီးရဲ့ ပထမဆုံး generation အဖြစ် ထင်ရှားခဲ့ပါတယ်။ 1958 ရောက်လာခဲ့ချိန်မှာတော့စူပါကပ် (super cub)ဆိုင်ကယ် မျိုးဆက် ကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီးတော့လူကြိုက်များမှု့ကြောင့် အမေရီကန်အထိ တင်ပို့ရောင်းချခဲ့ရပြီးဟွန်ဒါ ကုမ္ပဏီ ဟာလည်း နာမည်ကျော်ကြားကာဈေးကွက်ခိုင်မာလာခဲ့ပါတယ်။ 1963 မှာတော့သူ့ရဲ့ ပထမဆုံးကားအဖြစ် T 360 မီနီပစ်ကပ်(mini pickup truck) ကားလေးတွေကို ထုတ်လုပ်လာနိုင်ခဲ့ပြီး ကားအတန်းအစားမျိုးစုံကို ဆက်လက်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဆီစားနှုန်းသက်သာပြီး Quality ကောင်းတဲ့အတွက် Honda မော်တော်ကားဈေးကွက် ဟာ အာရှမှာသာမက အနောက် ဉရောပနိုင်ငံတွေအထိ ဖြန့်ကျက်လာနိုင်ခဲ့ပါတယ်။ ဟွန်ဒါ ဟာ သူ့ကုမ္ပဏီကို တဖြည်းဖြည်းစက်ပစ္စည်းတွေတိုးချဲ့ထုတ်လုပ်လာနိုင်အောင် ချဲ့ထွင်ခဲ့ပြီး ယနေ့ခေတ်မှာတော့ သူ့ရဲ့ Honda ကားကုမ္ပဏီဟာ မိခင်ဂျပန်နိုင်ငံမှာသာမက အမေရီကန် နဲ့ အနောက်နိုင်ငံတွေမှာပါ ကားနဲ့အပိုပစ္စည်းထုတ်လုပ်တဲ့စက်ရုံပေါင်းများစွာ တည်ထောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးနိုင်လျှက်ရှိနေပြီဖြစ်ပါတယ်။

♦️1973 ခုနှစ်မာတော့ ဟွန်ဒါဟာ ကုမ္ပဏီဉက္ကဌတာ၀န် ကနေအနားယူခဲ့ပြီးတော့ 1983 ခုနှစ်ထိ အကြံပေးချုပ်အနေနဲ့ ဆက်လက်ရှိနေခဲ့ပါတယ်။1988 မာ ဟွန်ဒါဟာ အမေရီကန်ရဲ့ Automotive Hall of Fame ပြတိုက်မှာ မော်တော်ကားလောကရဲ့ သမိုင်း၀င်ပုဂ္ဂိုလ်တစ်ဦး အဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သာမန် စက်ပြင်ဆရာဘ၀ကနေ ယနေ့ကမ္ဘာမှာအောင်မြင်နေတဲ့ Honda Company ကိုစတင်ပုံဖော်ထုဆစ်ခဲ့သူ ဆွိုင်ချီရိုဟွန်ဒါ ဟာ သူ့ရဲ့အသက် 84နှစ် 1991 ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

♦️သူဟာကျရှူံးမှု့တွေရဲ့ကြားမှာ စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ လဲကျတိုင်းပြန်ထခဲ့ပြီး သူရဲ့အောင်မြင်မှု့အတွက် မရပ်မနားကြိုးစား အားထုတ်ခဲ့သူ အာဂ လူသားတစ်ဦးဖြစ်ပါတယ်။

♦️*မျိုးစေ့မှန်ရင်အပင်သန်တယ်* ဆိုတဲ့ စကားအတိုင်း သူကွယ်လွန်တာ နှစ်ပေါင်း 125 နှစ်ကျော်လွန်လာခဲ့သည့်တိုင် သူတည်ထောင်ခဲ့တဲ့ Honda Company ကတော့ သန်ဆဲ မြန်ဆဲ ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။

♦️လူသားတိုင်း စီးပွားရေး သမားတိုင်းရဲ့ အတုယူစရာ စံပြလူသားတစ်ဦးဖြစ်တဲ့ ဟွန်ဒါရဲ့ မှတ်သားစရာ စကားတစ်ခုကတော့ -
" အောင်မြင်မှု့တစ်ခုမှာ ကျရှုံးမှု့ဟာ 99% ပါတယ်" ဆိုတာပဲဖြစ်ပါတယ်။
ဒီစကား ဟာ ဘ၀စိန်ခေါ်မှုတွေမှာ တစ်ခါ မဟုတ်တစ်ခါ ကျရှုံးတတ်တဲ့ လူသားတွေအတွက် မှတ်သား အားယူ ထိုက်တဲ့ စကားတစ်ခွန်းဖြစ်ကြောင်းတင်ပြရင်း ဆွိုင်ချီရိုဟွန်ဒါ အားဂုဏ်ပြုလိုက်ရပါတယ်။

♦️အဆုံးထိဖတ်ပေးလို့ တစ်‌ယောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။

ဘ၀ရဲ့စိန်ခေါ်သံတွေကို အောင်မြင်မှု့တေးသွားအဖြစ်သို့ ပြောင်းလဲခဲ့သူ (သို့) ဆွိုင်ချီရိုဟွန်ဒါ

Address

Zay Dum Street

07141

Telephone

+959252934947

Website

Alerts

Be the first to know and let us send you an email when Skillful Success SS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Skillful Success SS:

Shortcuts

  • Want your business to be the top-listed Advertising & Marketing Company?

Share